ထိုင်း ဒူးရင်းသီးများ၌ ကက်ဒ်မီယမ်ဓါတ် ပါဝင်နေဟု တရုတ်သတိပေး

 3701

Htay Oung (NP News) - အောက်တိုဘာ ၇

ထိုင်းနိုင်ငံက တင်ပို့လိုက်တဲ့ ဒူးရင်းသီးအချို့မှာ ကက်ဒ်မီယမ်ဓါတ်သင့်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။ ဒီအတွက် သက်ဆိုင်တဲ့ ဌာနနဲ့ ဥယျာဉ်ခြံများမှ တင်ပို့မှုကို ပေကျင်းက ဆိုင်းငံ့လိုက်တယ်လို့ ဗီယက်နမ်သတင်းဌာနတစ်ခုဖြစ်တဲ့ “ဗွီအင် အိတ်စ်ပရက်စ်”က အောက်တိုဘာ ၄ ရက်မှာ ရေးသားပါတယ်။

ကက်ဒ်မီယမ် ပါဝင်မှုအဆင့်ဟာ တရုတ်နိုင်ငံမှာ စံနှုန်းသတ်မှတ်ထားတဲ့ တစ်ကီလိုဂရမ်လျှင် ကန့်သတ်ချက် ဝ.၀၅ မီလီဂရမ်ထက် ကျော်လွန်နေဖွယ်ရှိကြောင်း “ဆောက်သ်ချိုင်းနား မောနင်းပို့စ်” ပါသတင်းအရ သိရှိရပါတယ်။ ထိုင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေးနဲ့ သမဝါယမ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပရာယွန်အင်ဆာကူကတော့ ကနဦး စုံစမ်းမှုများအရ ညစ်ညမ်း ဒူးရင်းသီးတွေဟာ သီးနှံဆွတ်ခူးနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှ တင်ပို့လိုက်ခြင်း မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပုံမှန်တင်ပို့ရောင်းချခွင့် အပြည့်အ၀ ပိတ်ပင်တဲ့ ထိုင်းဒူးရင်းသီးများမှာ အားလုံးပါဝင်ခြင်းတော့ မရှိပါဘူး။ ဒါပေမဲ့ ထိုင်းအာဏာပိုင်များအနေနဲ့ ကက်ဒ်မီယမ် ပါဝင်မှုစမ်းသပ်ရန်အတွက် ဒူးရင်းသီးများ၊ မြေ၊ ရေနဲ့ ထုတ်လုပ်မှုဆိုင်ရာ သွင်းအားစု နမူနာများကို စုဆောင်းပြီး စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ လောလောဆယ် ရလဒ်များအရ တရုတ်နိုင်ငံရဲ့ ဘေးကင်းရေး စံနှုန်းကန့်သတ်ချက်ပမာဏ ဘောင်အတွင်းမှာပဲ တွေ့ရှိရတယ်လို့ ထိုင်းသတင်းအေဂျင်စီများက ရေးသားကြပါတယ်။ ကက်ဒ်မီယမ် ညစ်ညမ်း ဒူးရင်းသီးတွေဟာ အခြားနိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်တယ်လို့ သတင်းရင်းမြစ်များက ပြောပါတယ်။ အာဏာပိုင်များအနေနဲ့ ပို့ကုန်များ အနှောက်အယှက်မဖြစ်စေပဲ ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်း နေကြောင်း အမြဲတမ်းအတွင်းဝန် ပရာယွန်က မှတ်ချက်ပေးပါတယ်။

တရုတ်အာဏာပိုင်တွေဟာ စိုက်ပျိုး ၁၅ ခြံ၊ ထုပ်ပိုးမှု စက်ရုံ ၁၂ ရုံထက်မနည်းတို့ ပါဝင်တဲ့ စုစုပေါင်း တင်ပို့မှု ၁၆ ခုတို့မှာ ကက်ဒ်မီယမ်ညစ်ညမ်းမှုများ တွေ့ရှိခဲ့ကြောင်း အသိပေးထားတယ်လို့ စိုက်ပျိုးမွေးမြူရေးနဲ့ သမဝါယမ ဝန်ကြီး သာမန်နတ် ပရွန်ပိုက ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက သြဂုတ်လကုန်မှာ ဖော်ပြခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံ စိုက်ပျိုးရေးဌာနဟာ သူတို့တိုင်းပြည် သစ်သီးများရဲ့ ဈေးနှုန်းနဲ့ အရည်အသွေးစံနှုန်းများအပေါ် ခြိမ်းခြောက်နေတဲ့ အိမ်နီးချင်းနိုင်ငံမှ တရားမဝင် ဒူးရင်းသီး တင်သွင်းမှုကို တားဆီးရန် ကြိုးပမ်းလျက်ရှိတယ်လို့ ဆိုပါတယ်။ တင်သွင်းလာတဲ့ ဒူးရင်းသီးများကို ထိုင်းထုတ်ကုန်များအဖြစ် တုပ တံဆိပ်ကပ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့နေ ခြင်းမှ တားဆီးရန် တင်းကျပ်တဲ့ အစီအမံများကို ချမှတ်ထားကြောင်း အဆိုပါဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

တရားမဝင် မှောင်ခိုကုန်ကူးမှုကြောင့် ထုတ်ကုန်ဈေးနှုန်းနဲ့ ထိုင်းလယ်သမားတွေရဲ့ဝင် ငွေတည်ငြိမ်ဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် နိုင်ငံတော် စီးပွားရေးမှာ အရေးကြီး စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ ထိုင်းဒူးရင်းသီးများ လတ်ဆတ်နေဖို့ ရည်ရွယ်တယ်လို့ သိရှိရပါတယ်။ စစ်ဆေးခြင်းနဲ့ အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်များ အရှိန်အဟုန် မြှင့်တင်ခြင်း၊ ပို့ကုန်စွမ်းရည်မြှင့်တင်ခြင်းနဲ့ တင်သွင်းလာတဲ့ ဒူးရင်းသီးအားလုံး ကြေငြာစေခြင်း- စစ်ဆေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ အရည်အသွေးမြင့် ဒူးရင်းသီးများထုတ်လုပ်ရန် ရေးဆွဲထားတဲ့ မူဝါဒများကို အကောင်အထည်ဖော် ကြီးကြပ်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။ စိုက်ပျိုးရေးဌာန အဆိုအရ ယခုနှစ် ထိုင်းနိုင်ငံဟာ အနည်းဆုံး ဘတ် ၉၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၈၄ ဘီလျံ) တန်ဖိုးရှိ ဒူးရင်းသီး တန်ချိန် ၇၁၄,၃၃၄ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။ လောလောဆယ် ဒူးရင်းသီး အပါအဝင် သစ်သီးဝလံအချို့ကို တရုတ်နိုင်ငံသို့ တင်ပို့ရာမှာ လိုအပ်တဲ့ “အစဉ်အ လာကောင်း စိုက်ပျိုးမှု” Good Agriculture Practices (GAP) ထောက်ခံချက်ရ လယ်ယာ ၂၁၈,၉၂၂ နဲ့ ထုပ်ပိုး စက်ရုံ ၂,၀၃၈ ခု ရှိနေပါတယ်။

(VN Express News., 04 October 2024, “China issues alert, halts some durian shipments from Thailand over cadmium fears” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

zawgyi version
ထိုင္း ဒူးရင္းသီးမ်ား၌ ကက္ဒ္မီယမ္ဓါတ္ ပါဝင္ေနဟု တ႐ုတ္သတိေပး
Htay Oung (NP News) - ေအာက္တိုဘာ ၇

ထိုင္းႏိုင္ငံက တင္ပို႔လိုက္တဲ့ ဒူးရင္းသီးအခ်ိဳ႕မွာ ကက္ဒ္မီယမ္ဓါတ္သင့္မႈနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံမွာ စိုးရိမ္မႈေတြျဖစ္ေပၚေနပါတယ္။ ဒီအတြက္ သက္ဆိုင္တဲ့ ဌာနနဲ႔ ဥယ်ာဥ္ၿခံမ်ားမွ တင္ပို႔မႈကို ေပက်င္းက ဆိုင္းငံ့လိုက္တယ္လို႔ ဗီယက္နမ္သတင္းဌာနတစ္ခုျဖစ္တဲ့ “ဗြီအင္ အိတ္စ္ပရက္စ္”က ေအာက္တိုဘာ ၄ ရက္မွာ ေရးသားပါတယ္။

ကက္ဒ္မီယမ္ ပါဝင္မႈအဆင့္ဟာ တ႐ုတ္ႏိုင္ငံမွာ စံႏႈန္းသတ္မွတ္ထားတဲ့ တစ္ကီလိုဂရမ္လွ်င္ ကန႔္သတ္ခ်က္ ဝ.၀၅ မီလီဂရမ္ထက္ ေက်ာ္လြန္ေနဖြယ္ရွိေၾကာင္း “ေဆာက္သ္ခ်ိဳင္းနား ေမာနင္းပို႔စ္” ပါသတင္းအရ သိရွိရပါတယ္။ ထိုင္းႏိုင္ငံ လယ္ယာစိုက္ပ်ိဳးေရးနဲ႔ သမဝါယမ ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ပရာယြန္အင္ဆာကူကေတာ့ ကနဦး စုံစမ္းမႈမ်ားအရ ညစ္ညမ္း ဒူးရင္းသီးေတြဟာ သီးႏွံဆြတ္ခူးေနတဲ့ ထိုင္းႏိုင္ငံေတာင္ပိုင္းမွ တင္ပို႔လိုက္ျခင္း မဟုတ္ဘူးလို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တ႐ုတ္ရဲ႕ ပုံမွန္တင္ပို႔ေရာင္းခ်ခြင့္ အျပည့္အ၀ ပိတ္ပင္တဲ့ ထိုင္းဒူးရင္းသီးမ်ားမွာ အားလုံးပါဝင္ျခင္းေတာ့ မရွိပါဘူး။ ဒါေပမဲ့ ထိုင္းအာဏာပိုင္မ်ားအေနနဲ႔ ကက္ဒ္မီယမ္ ပါဝင္မႈစမ္းသပ္ရန္အတြက္ ဒူးရင္းသီးမ်ား၊ ေျမ၊ ေရနဲ႔ ထုတ္လုပ္မႈဆိုင္ရာ သြင္းအားစု နမူနာမ်ားကို စုေဆာင္းၿပီး စုံစမ္းစစ္ေဆးမႈမ်ား စတင္လုပ္ေဆာင္ေနၿပီ ျဖစ္ပါတယ္။ ေလာေလာဆယ္ ရလဒ္မ်ားအရ တ႐ုတ္ႏိုင္ငံရဲ႕ ေဘးကင္းေရး စံႏႈန္းကန႔္သတ္ခ်က္ပမာဏ ေဘာင္အတြင္းမွာပဲ ေတြ႕ရွိရတယ္လို႔ ထိုင္းသတင္းေအဂ်င္စီမ်ားက ေရးသားၾကပါတယ္။ ကက္ဒ္မီယမ္ ညစ္ညမ္း ဒူးရင္းသီးေတြဟာ အျခားႏိုင္ငံမွ ဝင္ေရာက္လာျခင္းျဖစ္တယ္လို႔ သတင္းရင္းျမစ္မ်ားက ေျပာပါတယ္။ အာဏာပိုင္မ်ားအေနနဲ႔ ပို႔ကုန္မ်ား အေႏွာက္အယွက္မျဖစ္ေစပဲ ျပႆနာကို ေျဖရွင္းရန္ ႀကိဳးပမ္း ေနေၾကာင္း အၿမဲတမ္းအတြင္းဝန္ ပရာယြန္က မွတ္ခ်က္ေပးပါတယ္။

တ႐ုတ္အာဏာပိုင္ေတြဟာ စိုက္ပ်ိဳး ၁၅ ၿခံ၊ ထုပ္ပိုးမႈ စက္႐ုံ ၁၂ ႐ုံထက္မနည္းတို႔ ပါဝင္တဲ့ စုစုေပါင္း တင္ပို႔မႈ ၁၆ ခုတို႔မွာ ကက္ဒ္မီယမ္ညစ္ညမ္းမႈမ်ား ေတြ႕ရွိခဲ့ေၾကာင္း အသိေပးထားတယ္လို႔ စိုက္ပ်ိဳးေမြးျမဴေရးနဲ႔ သမဝါယမ ဝန္ႀကီး သာမန္နတ္ ပ႐ြန္ပိုက ေျပာဆိုေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းစာက ၾသဂုတ္လကုန္မွာ ေဖာ္ျပခဲ့ဖူးပါတယ္။ ထိုင္းႏိုင္ငံ စိုက္ပ်ိဳးေရးဌာနဟာ သူတို႔တိုင္းျပည္ သစ္သီးမ်ားရဲ႕ ေဈးႏႈန္းနဲ႔ အရည္အေသြးစံႏႈန္းမ်ားအေပၚ ၿခိမ္းေျခာက္ေနတဲ့ အိမ္နီးခ်င္းႏိုင္ငံမွ တရားမဝင္ ဒူးရင္းသီး တင္သြင္းမႈကို တားဆီးရန္ ႀကိဳးပမ္းလ်က္ရွိတယ္လို႔ ဆိုပါတယ္။ တင္သြင္းလာတဲ့ ဒူးရင္းသီးမ်ားကို ထိုင္းထုတ္ကုန္မ်ားအျဖစ္ တုပ တံဆိပ္ကပ္ၿပီး တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ေန ျခင္းမွ တားဆီးရန္ တင္းက်ပ္တဲ့ အစီအမံမ်ားကို ခ်မွတ္ထားေၾကာင္း အဆိုပါဌာန လက္ေထာက္ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာပါတယ္။

တရားမဝင္ ေမွာင္ခိုကုန္ကူးမႈေၾကာင့္ ထုတ္ကုန္ေဈးႏႈန္းနဲ႔ ထိုင္းလယ္သမားေတြရဲ႕ဝင္ ေငြတည္ၿငိမ္ဖို႔ လိုအပ္ေၾကာင္း၊ အထူးသျဖင့္ ႏိုင္ငံေတာ္ စီးပြားေရးမွာ အေရးႀကီး စိုက္ပ်ိဳးေရးထြက္ကုန္ျဖစ္တဲ့ ထိုင္းဒူးရင္းသီးမ်ား လတ္ဆတ္ေနဖို႔ ရည္႐ြယ္တယ္လို႔ သိရွိရပါတယ္။ စစ္ေဆးျခင္းနဲ႔ အသိအမွတ္ျပဳျခင္း လုပ္ငန္းစဥ္မ်ား အရွိန္အဟုန္ ျမႇင့္တင္ျခင္း၊ ပို႔ကုန္စြမ္းရည္ျမႇင့္တင္ျခင္းနဲ႔ တင္သြင္းလာတဲ့ ဒူးရင္းသီးအားလုံး ေၾကျငာေစျခင္း- စစ္ေဆးျခင္းတို႔ကို စနစ္တက် ေဆာင္႐ြက္ေပးလွ်က္ရွိေၾကာင္း၊ အရည္အေသြးျမင့္ ဒူးရင္းသီးမ်ားထုတ္လုပ္ရန္ ေရးဆြဲထားတဲ့ မူဝါဒမ်ားကို အေကာင္အထည္ေဖာ္ ႀကီးၾကပ္လ်က္ရွိတယ္လို႔ သတင္းရရွိပါတယ္။ စိုက္ပ်ိဳးေရးဌာန အဆိုအရ ယခုႏွစ္ ထိုင္းႏိုင္ငံဟာ အနည္းဆုံး ဘတ္ ၉၄ ဘီလီယံ (အေမရိကန္ေဒၚလာ ၂.၈၄ ဘီလ်ံ) တန္ဖိုးရွိ ဒူးရင္းသီး တန္ခ်ိန္ ၇၁၄,၃၃၄ တန္ကို တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ခဲ့ေၾကာင္း သိရွိရပါတယ္။ ေလာေလာဆယ္ ဒူးရင္းသီး အပါအဝင္ သစ္သီးဝလံအခ်ိဳ႕ကို တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ရာမွာ လိုအပ္တဲ့ “အစဥ္အ လာေကာင္း စိုက္ပ်ိဳးမႈ” Good Agriculture Practices (GAP) ေထာက္ခံခ်က္ရ လယ္ယာ ၂၁၈,၉၂၂ နဲ႔ ထုပ္ပိုး စက္႐ုံ ၂,၀၃၈ ခု ရွိေနပါတယ္။

(VN Express News., 04 October 2024, “China issues alert, halts some durian shipments from Thailand over cadmium fears” ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.