အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသားတစ်ဦး ၁၁ လသား ကလေးငယ်ကို အွန်လိုင်းမှာ ရောင်းစားခြင်းကြောင့် ဖမ်းဆီးခံရ

 322

ရောင်နီ (NP News) - အောက်တိုဘာ ၈

အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ ရူပီး ၁၅ သန်း (အမေရိကန်ဒေါ်လာ ၉၅၅) နဲ့ ၁၁ လသားကလေးကို အွန်လိုင်းမှာ ရောင်းချခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့အမျိုးသားတစ်ဦးကို အနောက်ဂျာကာတာမှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်အရွယ် အမျိုးသားဟာ အွန်လိုင်းလောင်းကစားမှာ ရှုံးတဲ့ငွေတွေနဲ့ ၄င်းရဲ့ကိုယ်ရေးကိုယ်တာ ငွေလိုအပ်ချက်တွေအတွက် လသားအရွယ်ကလေးကို ရောင်းစားခဲ့တာဖြစ်ပါတယ်။ အဲဒီ လူကုန်ကူးမှုကွန်ရက်မှာ ပါဝင်ပတ်သက်တဲ့ သံသယရှိသူတွေကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

ကလေးရဲ့မိခင်က အလုပ်မှ ပြန်လာချိန် ကလေးပျောက်နေတာသိခဲ့ပြီး ရဲစခန်းကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ခြေရာခံရှာဖွေမှုကြောင့် ကလေးငယ်ကိုပြန်တွေ့ခဲ့ပြီး ဖခင်ဖြစ်သူကို ဖမ်းဆီးမေးမြန်းရာမှာတော့ ဖခင်က ၎င်းရဲ့ငွေကြေးဝန်ထုပ်ဝန်ပိုးသက်သာစေဖို့ ကလေးကို ရောင်းဖြစ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ အင်ဒိုနီးရှား ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (KPAI) က ဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ အဆိုပါလူကုန်ကူးမှုကွန်ရက်မှာ ပါဝင်ပတ်သက်မှုအတွက် သံသယရှိသူတွေကိုလည်း စုံစမ်းစစ်ဆေးနေပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

အင်ဒိုနီးရှားဥပဒေအရ လူကုန်ကူးမှုရဲ့အမြင့်ဆုံးပြစ်ဒဏ်ဟာ ထောင်ဒဏ် ၁၅ နှစ်နဲ့ ဒဏ်ငွေ ရူပီယာ သန်း ၆ဝဝ ထိ ချမှတ်ခံရနိုင်ပြ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေကို ဖောက်ဖျက်ကျူးလွန်သူတွေကတော့ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်နဲ့ ဒဏ်ငွေ ရူပီယာသန်း ၃၀၀ ထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံမွ အမ်ိဳးသားတစ္ဦး ၁၁ လသား ကေလးငယ္ကို အြန္လိုင္းမွာ ေရာင္းစားျခင္းေၾကာင့္ ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၈

အင္ဒိုနီးရွားႏိုင္ငံမွာ အမ်ိဳးသားတစ္ဦးဟာ ႐ူပီး ၁၅ သန္း (အေမရိကန္ေဒၚလာ ၉၅၅) နဲ႔ ၁၁ လသားကေလးကို အြန္လိုင္းမွာ ေရာင္းခ်ခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့အမ်ိဳးသားတစ္ဦးကို အေနာက္ဂ်ာကာတာမွာ ဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ အြန္လိုင္းေလာင္းကစားမွာ ရႈံးတဲ့ေငြေတြနဲ႔ ၄င္းရဲ႕ကိုယ္ေရးကိုယ္တာ ေငြလိုအပ္ခ်က္ေတြအတြက္ လသားအ႐ြယ္ကေလးကို ေရာင္းစားခဲ့တာျဖစ္ပါတယ္။ အဲဒီ လူကုန္ကူးမႈကြန္ရက္မွာ ပါဝင္ပတ္သက္တဲ့ သံသယရွိသူေတြကိုလည္း အာဏာပိုင္ေတြက ဖမ္းဆီးအေရးယူထားတယ္လို႔ သိရပါတယ္။

ကေလးရဲ႕မိခင္က အလုပ္မွ ျပန္လာခ်ိန္ ကေလးေပ်ာက္ေနတာသိခဲ့ၿပီး ရဲစခန္းကို တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕ေျခရာခံရွာေဖြမႈေၾကာင့္ ကေလးငယ္ကိုျပန္ေတြ႕ခဲ့ၿပီး ဖခင္ျဖစ္သူကို ဖမ္းဆီးေမးျမန္းရာမွာေတာ့ ဖခင္က ၎ရဲ႕ေငြေၾကးဝန္ထုပ္ဝန္ပိုးသက္သာေစဖို႔ ကေလးကို ေရာင္းျဖစ္ခဲ့တယ္လို႔ ထြက္ဆိုခဲ့ပါတယ္။ အင္ဒိုနီးရွား ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရးေကာ္မရွင္ (KPAI) က ဒီျဖစ္ရပ္ကို ရႈတ္ခ်ခဲ့ပါတယ္။ အဆိုပါလူကုန္ကူးမႈကြန္ရက္မွာ ပါဝင္ပတ္သက္မႈအတြက္ သံသယရွိသူေတြကိုလည္း စုံစမ္းစစ္ေဆးေနၿပီး အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။

အင္ဒိုနီးရွားဥပေဒအရ လူကုန္ကူးမႈရဲ႕အျမင့္ဆုံးျပစ္ဒဏ္ဟာ ေထာင္ဒဏ္ ၁၅ ႏွစ္နဲ႔ ဒဏ္ေငြ ႐ူပီယာ သန္း ၆ဝဝ ထိ ခ်မွတ္ခံရႏိုင္ျပ ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္သူေတြကေတာ့ အျမင့္ဆုံး ေထာင္ဒဏ္ ၁၅ ႏွစ္နဲ႔ ဒဏ္ေငြ ႐ူပီယာသန္း ၃၀၀ ထိ ခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.