ရခိုင်နှင့်ကယားတွင် သံဃာသတ်ဖြတ်ခံရမှုမရှိဘဲ ဗမာ PDF ရှိရာ စစ်ကိုင်း၌ အများဆုံးဖြစ်နေ

 822

မြူနစ် (NP News) - အောက်တိုဘာ ၈

ကယား နှင့် ရခိုင်ပြည်နယ်တို့တွင် သာသနာ့ဝန်ထမ်းအကြမ်းဖက် သတ် ဖြတ်ခံရမှုဖြစ်စဉ်မရှိခဲ့ဘဲ PDF အဖွဲ့ပေါင်းများစွာရှိရာ စစ်ကိုင်းတိုင်း၌ အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် လက်ရှိ နစကအစိုးရလက်ထက် (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှစ၍ (၂၀၂၄) ခုနှစ်၊ စက်တင်ဘာ (၅) ရက်နေ့အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသော သာသနာ့ဝန်ထမ်း ရဟန်းသံဃာ (၈၆)ပါး အထိရှိကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

ယခု နစကအစိုးရလက်ထက်တွင် နေပြည်တော် ကောင်စီနယ်မြေ၌ သာသနာ့ဝန်ထမ်းဖြစ်သည့် ဘုန်းကြီး (၁)ပါး၊ ကချင်ပြည်နယ်၌ ဘုန်းကြီး (၃)ပါး၊ ချင်း ပြည်နယ်၌ ဘုန်းကြီး(၁)ပါးနှင့် သီလရှင်(၁)ပါး၊ ကရင်ပြည် နယ်၌ သီလရှင်(၁)ပါး၊ မွန်ပြည်နယ်တွင် ဘုန်းကြီး (၅)ပါးနှင့် ရှမ်းပြည်နယ်တွင် ဘုန်းကြီး (၁)ပါး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။ NUG လက်အောက်ခံ PDF အဖွဲ့အစည်းပေါင်းများစွာရှိသော စစ်ကိုင်းတိုင်းအတွင်း၌ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် သာသနာ့ ဝန်ထမ်းဘုန်းကြီးအပါးရေမှာ (၃၁)ပါးအထိရှိပြီး နိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်အားလုံး အနက် အများဆုံး အကြမ်းဖက်သတ်ဖြတ်မှုဖြစ်ပွားခဲ့ရာ တိုင်းတစ်ခုလည်း ဖြစ်သည်။

သာသနာ့ဝန်ထမ်း အကြမ်းဖက်သတ်ဖြတ်ခံရမှုဖြစ်စဉ် ဒုတိယအများဆုံးဖြစ်ပွားခဲ့သော မကွေးတိုင်း၌ ဘုန်းကြီး(၁၉)ပါးအထိ သတ်ဖြတ်ခံခဲ့ရကာ တတိယအများဆုံးမှာ မန္တလေးတိုင်း ဖြစ်သည်။ မန္တလေးတိုင်းအတွင်း၌ ဘုန်းကြီး(၁၂)ပါးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည်။ ထို့ပြင် တနင်္သာရီ တိုင်း၌ ဘုန်းကြီး (၅)ပါး၊ ပဲခူးတိုင်းတွင် ဘုန်းကြီး(၃)ပါး၊ ရန်ကုန်တိုင်း၌ ဘုန်းကြီး(၂)ပါးနှင့် ဧရာဝတီတိုင်း၌ ဘုန်းကြီး (၁)ပါး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ်(၁၄)ခုရှိသည့်အနက် ရခိုင်ပြည် နယ်နှင့် ကယားပြည်နယ်တို့တွင် သာသနာ့ဝန်ထမ်း အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်မရှိခဲ့ကြောင်း တွေ့ရှိရသည်။ “၂၀၂၁ ကနေပြီးတော့ ဒီနေ့အထိပေါ့နော် ရဟန်းသံဃာတွေ သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်၊ အချက်အ လက်တွေကို ပြန်ကြည့်မယ်ဆိုရင် စစ်ကိုင်း၊ မန္တလေး၊ မကွေး အစရှိတဲ့ ဗမာတိုင်းရင်းသားတွေနေတဲ့နေရာ၊ ဗုဒ္ဓဘာသာဝင်တွေ အများစုနေတဲ့ ဒေသတွေမှာ ဖြစ်ခဲ့တာများတယ်။ ဒီဖြစ်စဉ်တွေကို ကြည့်ရတာက ဗမာတိုင်းရင်းသား ဗုဒ္ဓဘာသာတွေ ဖြစ်တယ်ဆိုပေမယ့် သူတို့(PDF) သည် နိုင်ငံရေးအရ တစ်ဖက်အစွန်းကို ရောက်သွားတယ်။ ဘက်တစ်ဖက်ကိုပဲ အစွန်းရောက်သွားတဲ့အတွက် သူတို့ဘက်က မပါတဲ့သူ မှန်သမျှကို သူတို့က ဒလန်ရှင်းလင်းရေးဆိုပြီး လုပ်တဲ့အခါမှာ ရဟန်းသံဃာရယ်၊ ဘာရယ်မသိတော့တဲ့ အထိကို မျက်ကန်း တစ္စေမကြောက် ဖြစ်သွားကြတယ်ပေါ့နော်။ အဲဒါကြောင့် အဲဒီလို လုပ်တယ်လို့ ထင်မြင်ယူဆရတယ်” ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်မင်းက NP Nerws ကို သုံးသပ်ပြောကြားသည်။

သာသနာ့ဝန်ထမ်းများဖြစ်သည့် ရဟန်းသံဃာ နှင့် သီလရှင်များ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ ရသော ဖြစ်စဉ်များသည် ဗမာလူမျိုးအများစုနေထိုင်ရာ တိုင်းဒေသကြီးများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားဒေသများဖြစ်သည့် ပြည်နယ်များတွင် ဖြစ်ပွားမှုနည်းပါးခဲ့သည်ကို တွေ့ရှိရသည်။

“ အဓိကအကြောင်းအရင်းကတော့ နိုင်ငံရေးအရ တစ်ဖက်အစွန်းရောက်သွားတယ်။ နိုင်ငံရေး မျက်ကန်းဖြစ်သွားတယ်။ အဲဒီဟာမှာ ဘာသာတရားဆိုတာ မမြင်တော့ဘူး။ နိုင်ငံရေးနဲ့မဆိုင်တဲ့သူတွေ မှန်းလည်း အဲဒါကို လက်ခံနိုင်စွမ်းမရှိတော့ဘူး။ ဆိုတော့ သူတို့ လုပ်ရပ်တွေဟာ ရှင်းရှင်းပြောရရင်တော့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်လို့ပဲပြောရမှာပေါ့” ဟု ဦးခိုင်မင်းက သုံးသပ်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း ရဟန်းသံဃာတော်များအပါအဝင် အရပ်သားပြည်သူများကို အကြမ်းဖက်သတ် ဖြတ်မှုများမပြုလုပ်ရန် တောင်းဆိုမှုများရှိနေသော်လည်း ဆက်လက်ဖြစ် ပွားနေဆဲ ဖြစ်သည်။

zawgyi version
ရခိုင္ႏွင့္ကယားတြင္ သံဃာသတ္ျဖတ္ခံရမႈမရွိဘဲ ဗမာ PDF ရွိရာ စစ္ကိုင္း ၌ အမ်ားဆုံးျဖစ္ေန
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၈

ကယား ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ သာသနာ့ဝန္ထမ္းအၾကမ္းဖက္ သတ္ ျဖတ္ခံရမႈျဖစ္စဥ္မရွိခဲ့ဘဲ PDF အဖြဲ႕ေပါင္းမ်ားစြာရွိရာ စစ္ကိုင္းတိုင္း၌ အမ်ားဆုံးျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ လက္ရွိ နစကအစိုးရလက္ထက္ (၂၀၂၁) ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁) ရက္မွစ၍ (၂၀၂၄) ခုႏွစ္၊ စက္တင္ဘာ (၅) ရက္ေန႔အထိ ႏိုင္ငံတစ္ဝန္း အၾကမ္းဖက္ သတ္ျဖတ္ခံခဲ့ရေသာ သာသနာ့ဝန္ထမ္း ရဟန္းသံဃာ (၈၆)ပါး အထိရွိေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ယခု နစကအစိုးရလက္ထက္တြင္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၌ သာသနာ့ဝန္ထမ္းျဖစ္သည့္ ဘုန္းႀကီး (၁)ပါး၊ ကခ်င္ျပည္နယ္၌ ဘုန္းႀကီး (၃)ပါး၊ ခ်င္း ျပည္နယ္၌ ဘုန္းႀကီး(၁)ပါးႏွင့္ သီလရွင္(၁)ပါး၊ ကရင္ျပည္ နယ္၌ သီလရွင္(၁)ပါး၊ မြန္ျပည္နယ္တြင္ ဘုန္းႀကီး (၅)ပါးႏွင့္ ရွမ္းျပည္နယ္တြင္ ဘုန္းႀကီး (၁)ပါး အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ေၾကာင္း နစကဘက္က ထုတ္ျပန္ထားသည္။ NUG လက္ေအာက္ခံ PDF အဖြဲ႕အစည္းေပါင္းမ်ားစြာရွိေသာ စစ္ကိုင္းတိုင္းအတြင္း၌ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္ သာသနာ့ ဝန္ထမ္းဘုန္းႀကီးအပါးေရမွာ (၃၁)ပါးအထိရွိၿပီး ႏိုင္ငံအတြင္းရွိ တိုင္းႏွင့္ျပည္နယ္အားလုံး အနက္ အမ်ားဆုံး အၾကမ္းဖက္သတ္ျဖတ္မႈျဖစ္ပြားခဲ့ရာ တိုင္းတစ္ခုလည္း ျဖစ္သည္။

သာသနာ့ဝန္ထမ္း အၾကမ္းဖက္သတ္ျဖတ္ခံရမႈျဖစ္စဥ္ ဒုတိယအမ်ားဆုံးျဖစ္ပြားခဲ့ေသာ မေကြးတိုင္း၌ ဘုန္းႀကီး(၁၉)ပါးအထိ သတ္ျဖတ္ခံခဲ့ရကာ တတိယအမ်ားဆုံးမွာ မႏၲေလးတိုင္း ျဖစ္သည္။ မႏၲေလးတိုင္းအတြင္း၌ ဘုန္းႀကီး(၁၂)ပါးအထိ အၾကမ္းဖက္ သတ္ျဖတ္ခံခဲ့ရသည္။ ထို႔ျပင္ တနသၤာရီ တိုင္း၌ ဘုန္းႀကီး (၅)ပါး၊ ပဲခူးတိုင္းတြင္ ဘုန္းႀကီး(၃)ပါး၊ ရန္ကုန္တိုင္း၌ ဘုန္းႀကီး(၂)ပါးႏွင့္ ဧရာဝတီတိုင္း၌ ဘုန္းႀကီး (၁)ပါး အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည္။

ျမန္မာႏိုင္ငံတြင္ တိုင္းႏွင့္ျပည္နယ္(၁၄)ခုရွိသည့္အနက္ ရခိုင္ျပည္ နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ သာသနာ့ဝန္ထမ္း အၾကမ္းဖက္သတ္ ျဖတ္ခံခဲ့ရသည့္ျဖစ္စဥ္မရွိခဲ့ေၾကာင္း ေတြ႕ရွိရသည္။ “၂၀၂၁ ကေနၿပီးေတာ့ ဒီေန႔အထိေပါ့ေနာ္ ရဟန္းသံဃာေတြ သတ္ျဖတ္ခံရတဲ့ျဖစ္စဥ္၊ အခ်က္အ လက္ေတြကို ျပန္ၾကည့္မယ္ဆိုရင္ စစ္ကိုင္း၊ မႏၲေလး၊ မေကြး အစရွိတဲ့ ဗမာတိုင္းရင္းသားေတြေနတဲ့ေနရာ၊ ဗုဒၶဘာသာဝင္ေတြ အမ်ားစုေနတဲ့ ေဒသေတြမွာ ျဖစ္ခဲ့တာမ်ားတယ္။ ဒီျဖစ္စဥ္ေတြကို ၾကည့္ရတာက ဗမာတိုင္းရင္းသား ဗုဒၶဘာသာေတြ ျဖစ္တယ္ဆိုေပမယ့္ သူတို႔(PDF) သည္ ႏိုင္ငံေရးအရ တစ္ဖက္အစြန္းကို ေရာက္သြားတယ္။ ဘက္တစ္ဖက္ကိုပဲ အစြန္းေရာက္သြားတဲ့အတြက္ သူတို႔ဘက္က မပါတဲ့သူ မွန္သမွ်ကို သူတို႔က ဒလန္ရွင္းလင္းေရးဆိုၿပီး လုပ္တဲ့အခါမွာ ရဟန္းသံဃာရယ္၊ ဘာရယ္မသိေတာ့တဲ့ အထိကို မ်က္ကန္း တေစၥမေၾကာက္ ျဖစ္သြားၾကတယ္ေပါ့ေနာ္။ အဲဒါေၾကာင့္ အဲဒီလို လုပ္တယ္လို႔ ထင္ျမင္ယူဆရတယ္” ဟု အမ်ိဳးသားဒီမိုကေရစီပါတီသစ္မွ ဒုတိယဥကၠ႒ ဦးခိုင္မင္းက NP Nerws ကို သုံးသပ္ေျပာၾကားသည္။

သာသနာ့ဝန္ထမ္းမ်ားျဖစ္သည့္ ရဟန္းသံဃာ ႏွင့္ သီလရွင္မ်ား အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ ရေသာ ျဖစ္စဥ္မ်ားသည္ ဗမာလူမ်ိဳးအမ်ားစုေနထိုင္ရာ တိုင္းေဒသႀကီးမ်ားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး တိုင္းရင္းသားေဒသမ်ားျဖစ္သည့္ ျပည္နယ္မ်ားတြင္ ျဖစ္ပြားမႈနည္းပါးခဲ့သည္ကို ေတြ႕ရွိရသည္။

“ အဓိကအေၾကာင္းအရင္းကေတာ့ ႏိုင္ငံေရးအရ တစ္ဖက္အစြန္းေရာက္သြားတယ္။ ႏိုင္ငံေရး မ်က္ကန္းျဖစ္သြားတယ္။ အဲဒီဟာမွာ ဘာသာတရားဆိုတာ မျမင္ေတာ့ဘူး။ ႏိုင္ငံေရးနဲ႔မဆိုင္တဲ့သူေတြ မွန္းလည္း အဲဒါကို လက္ခံႏိုင္စြမ္းမရွိေတာ့ဘူး။ ဆိုေတာ့ သူတို႔ လုပ္ရပ္ေတြဟာ ရွင္းရွင္းေျပာရရင္ေတာ့ အၾကမ္းဖက္သမားေတြရဲ႕ လုပ္ရပ္လို႔ပဲေျပာရမွာေပါ့” ဟု ဦးခိုင္မင္းက သုံးသပ္ေျပာၾကားသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနသည့္ ပဋိပကၡမ်ားအတြင္း ရဟန္းသံဃာေတာ္မ်ားအပါအဝင္ အရပ္သားျပည္သူမ်ားကို အၾကမ္းဖက္သတ္ ျဖတ္မႈမ်ားမျပဳလုပ္ရန္ ေတာင္းဆိုမႈမ်ားရွိေနေသာ္လည္း ဆက္လက္ျဖစ္ ပြားေနဆဲ ျဖစ္သည္။

Related news

© 2021. All rights reserved.