အရက်မူးကာ လျှပ်စစ်စကူတာမောင်းနှင်မှုအတွက် ဒဏ်ငွေရိုက်ခံခဲ့ရတဲ့ BTS အဖွဲ့ဝင် Suga

 322

ဂျန်ဇက် (NP News) - အောက်တိုဘာ ၈

တောင်ကိုရီးယားနာမည်ကျော်အမျိုးသား အဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ BTS သည် အရက်မူးနေစဉ်အချိန်အတွင်း လျှပ်စစ်စကူတာစီးခဲ့မိသည့်လုပ်ရပ်အတွက် အမေရိကန် ဒေါ်လာ (၁၁၀ဝဝ)ကျော် ဒဏ်ငွေရိုက်ခံခဲ့ရကြောင်း Yonhap သတင်းအေဂျင်စီက စက်တင်ဘာလ (၃၀)ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အသက် (၃၁)နှစ်အရွယ် Suga သည် ပြီးခဲ့သည့် ဩဂုတ်လ(၆)ရက်နေ့ညပိုင်းက အရက်မူးကာ လျှပ်စစ်စကူတာဘေးရှိ မြေပြင်တွင်လဲကျနေသည်ကို ရဲတပ်ဖွဲ့ကရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါအချိန်တွင် ၎င်း၏သွေးတွင်းရှိ အရက်ပမာဏကို ဆရာဝန်များက တိုင်းတာခဲ့ ရာ သွေးတွင်းအရက်ပမာဏမှာ ပုံမှန်ကန့်သတ်ထားသည့်အတိုင်းအတာထက် ကျော်လွန်နေခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ လက်ရှိအချိန်တွင် စစ်မှုထမ်း တာဝန်ထမ်းဆောင်နေသော Suga သည် အဆိုပါ ဖြစ်ရပ်ကြောင့် ၎င်း၏ယာဉ်မောင်းလိုင်စင်ကိုရုတ်သိမ်းခံလိုက် ရပြီဖြစ်ကြောင်းလည်းသိရသည်။

Yonhap က “ဆိုးလ်အနောက်ပိုင်းခရိုင်တရားရုံးဟာ နာမည်ကျော်အဆိုတော် Suga ကို အရက်မူးကာ ယာဉ်မောင်းနှင်မှုအတွက် ဝမ်(၁၅)သန်းဒဏ် ရိုက်ခဲ့ပါတယ်။ ဆိုးလ်အနောက်ပိုင်း ခရိုင်တရားရုံး ဟာ အဲ့ဒီတရားစီရင်ချက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၇) ရက်နေ့က ချမှတ်ခဲ့တာဖြစ်ပါတယ်” ဟု ရေးသား ဖော်ပြထားသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် BTS အဖွဲ့၏ ဂုဏ်သတင်းကို ညှိုးနွမ်းစေမှုအတွက် တောင်း ပန်ကြောင်း စာတစ်စောင်ကို ပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်းတွင် Suga ကရေးသားခဲ့ကြောင်းလည်း သိရသည်။ Suga က “ ကျွန်တော့်ရဲ့အဖွဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်လုပ်ဆောင်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ပြီးတော့ ကျွန်တော့်ကိုချစ်ကြတဲ့ပရိသတ်တွေကို စိတ်ပျက်အောင်လုပ်မိလို့လည်း တောင်းပန်ပါတယ် ” ဟု ရေးသားဖော်ပြခဲ့သည်။

zawgyi version
အရက္မူးကာ လွ်ပ္စစ္စကူတာေမာင္းႏွင္မႈအတြက္ ဒဏ္ေငြ႐ိုက္ခံခဲ့ရတဲ့ BTS အဖြဲ႕ဝင္ Suga
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၈

ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသား အဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ BTS သည္ အရက္မူးေနစဥ္အခ်ိန္အတြင္း လွ်ပ္စစ္စကူတာစီးခဲ့မိသည့္လုပ္ရပ္အတြက္ အေမရိကန္ ေဒၚလာ (၁၁၀ဝဝ)ေက်ာ္ ဒဏ္ေငြ႐ိုက္ခံခဲ့ရေၾကာင္း Yonhap သတင္းေအဂ်င္စီက စက္တင္ဘာလ (၃၀)ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။

အသက္ (၃၁)ႏွစ္အ႐ြယ္ Suga သည္ ၿပီးခဲ့သည့္ ဩဂုတ္လ(၆)ရက္ေန႔ညပိုင္းက အရက္မူးကာ လွ်ပ္စစ္စကူတာေဘးရွိ ေျမျပင္တြင္လဲက်ေနသည္ကို ရဲတပ္ဖြဲ႕ကရွာေဖြ ေတြ႕ရွိခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ အဆိုပါအခ်ိန္တြင္ ၎၏ေသြးတြင္းရွိ အရက္ပမာဏကို ဆရာဝန္မ်ားက တိုင္းတာခဲ့ ရာ ေသြးတြင္းအရက္ပမာဏမွာ ပုံမွန္ကန႔္သတ္ထားသည့္အတိုင္းအတာထက္ ေက်ာ္လြန္ေနခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ စစ္မႈထမ္း တာဝန္ထမ္းေဆာင္ေနေသာ Suga သည္ အဆိုပါ ျဖစ္ရပ္ေၾကာင့္ ၎၏ယာဥ္ေမာင္းလိုင္စင္ကို႐ုတ္သိမ္းခံလိုက္ ရၿပီျဖစ္ေၾကာင္းလည္းသိရသည္။

Yonhap က “ဆိုးလ္အေနာက္ပိုင္းခ႐ိုင္တရား႐ုံးဟာ နာမည္ေက်ာ္အဆိုေတာ္ Suga ကို အရက္မူးကာ ယာဥ္ေမာင္းႏွင္မႈအတြက္ ဝမ္(၁၅)သန္းဒဏ္ ႐ိုက္ခဲ့ပါတယ္။ ဆိုးလ္အေနာက္ပိုင္း ခ႐ိုင္တရား႐ုံး ဟာ အဲ့ဒီတရားစီရင္ခ်က္ကို ၿပီးခဲ့တဲ့ စက္တင္ဘာလ(၂၇)ရက္ေန႔က ခ်မွတ္ခဲ့တာျဖစ္ပါတယ္” ဟု ေရးသား ေဖာ္ျပထားသည္။ အဆိုပါ ျဖစ္ရပ္ေၾကာင့္ BTS အဖြဲ႕၏ ဂုဏ္သတင္းကို ညႇိဳးႏြမ္းေစမႈအတြက္ ေတာင္း ပန္ေၾကာင္း စာတစ္ေစာင္ကို ၿပီးခဲ့သည့္ ဩဂုတ္လေႏွာင္းပိုင္းတြင္ Suga ကေရးသားခဲ့ေၾကာင္းလည္း သိရသည္။ Suga က “ ကြၽန္ေတာ့္ရဲ႕အဖြဲ႕ဂုဏ္သိကၡာကို ညႇိဳးႏြမ္းေအာင္လုပ္ေဆာင္မိခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကိုခ်စ္ၾကတဲ့ပရိသတ္ေတြကို စိတ္ပ်က္ေအာင္လုပ္မိလို႔လည္း ေတာင္းပန္ပါတယ္ ” ဟု ေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.