2NE1 က ဆိုးလ်မြို့မှာ အကြီးကျယ်ဆုံး Reunion ဖျော်ဖြေပွဲ "WELCOME BACK" ပြုလုပ်ခဲ့

 143

ရောင်နီ (NP News) - အောက်တိုဘာ ၈

တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ 2NE1 ဟာ အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ အတွင်း ၎င်းတို့ရဲ့ ၁၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ "WELCOME BACK” ဖျော်ဖြေပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ အိုလံပစ်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

2NE1 အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိအတွင်း သူတို့ရဲ့တမူထူးခြားတဲ့စတိုင်တွေနဲ့ ဖျော်ဖြေမှုပုံစံတွေ၊ သီချင်း ကောင်းတွေကြောင့် အားပေးသူပရိသတ်များစွာရရှိထားတာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ CL၊ Park Bom၊ Dara နဲ့ Minzy တို့ ပါဝင်ပြီး ၄ ယောက်လုံးက တစ်ယောက်ချင်းစီအနေနဲ့လည်း အောင်မြင်ကြသူတွေ ဖြစ်ကြပါ တယ်။

2NE1 အဖွဲ့ဟာ ၂၀၁၇ ခုနှစ်လောက်ကစ ပရိသတ်ရှေ့ အဖွဲ့လိုက်အနေနဲ့ပေါ်ထွက်လာခြင်း၊ အဖွဲ့လိုက်သီချင်းသစ် တွေ ထွက်ပေါ်လာခြင်း မရှိခဲ့ပေမယ့် အခုထိ Disband မဖြစ်သေးတဲ့ အံ့ဩစရာ အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ နှစ်တွေကြာမြင့်မှ ပြန်ပေါ်လာတဲ့ အခု "Welcome Back" ဖျော်ဖြေပွဲဟာ 2NE1 ရဲ့ လူကြိုက်များတဲ့သီချင်းများစွာနဲ့ အတိတ်ကို ပြန်လွမ်းဆွတ်ဖွယ်ရာ ဖျော်ဖြေတင်ဆက်မှုဖြစ်ခဲ့ပြီး ကြည့်ရှုသူ လူဦးရေ သန်းပေါင်းများစွာထိ ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
2NE1 က ဆိုးလ္ၿမိဳ႕မွာ အႀကီးက်ယ္ဆုံး Reunion ေဖ်ာ္ေျဖပြဲ "WELCOME BACK" ျပဳလုပ္ခဲ့
ေရာင္နီ (NP News) - ေအာက္တိုဘာ ၈

ေတာင္ကိုရီးယား အမ်ိဳးသမီး K Pop အဖြဲ႕ 2NE1 ဟာ ေအာက္တိုဘာ ၄ ရက္မွ ၆ ရက္အထိ အတြင္း ၎တို႔ရဲ႕ ၁၅ ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ "WELCOME BACK” ေဖ်ာ္ေျဖပြဲကို ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ အိုလံပစ္ခန္းမမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

2NE1 အဖြဲ႕ဟာ ၂၀၀၉ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္ထိအတြင္း သူတို႔ရဲ႕တမူထူးျခားတဲ့စတိုင္ေတြနဲ႔ ေဖ်ာ္ေျဖမႈပုံစံေတြ၊ သီခ်င္း ေကာင္းေတြေၾကာင့္ အားေပးသူပရိသတ္မ်ားစြာရရွိထားတာျဖစ္ပါတယ္။ အဖြဲ႕ဝင္ေတြအေနနဲ႔ CL၊ Park Bom၊ Dara နဲ႔ Minzy တို႔ ပါဝင္ၿပီး ၄ ေယာက္လုံးက တစ္ေယာက္ခ်င္းစီအေနနဲ႔လည္း ေအာင္ျမင္ၾကသူေတြ ျဖစ္ၾကပါ တယ္။

2NE1 အဖြဲ႕ဟာ ၂၀၁၇ ခုႏွစ္ေလာက္ကစ ပရိသတ္ေရွ႕ အဖြဲ႕လိုက္အေနနဲ႔ေပၚထြက္လာျခင္း၊ အဖြဲ႕လိုက္သီခ်င္းသစ္ ေတြ ထြက္ေပၚလာျခင္း မရွိခဲ့ေပမယ့္ အခုထိ Disband မျဖစ္ေသးတဲ့ အံ့ဩစရာ အဖြဲ႕တစ္ဖြဲ႕လည္းျဖစ္ပါတယ္။ ႏွစ္ေတြၾကာျမင့္မွ ျပန္ေပၚလာတဲ့ အခု "Welcome Back" ေဖ်ာ္ေျဖပြဲဟာ 2NE1 ရဲ႕ လူႀကိဳက္မ်ားတဲ့သီခ်င္းမ်ားစြာနဲ႔ အတိတ္ကို ျပန္လြမ္းဆြတ္ဖြယ္ရာ ေဖ်ာ္ေျဖတင္ဆက္မႈျဖစ္ခဲ့ၿပီး ၾကည့္ရႈသူ လူဦးေရ သန္းေပါင္းမ်ားစြာထိ ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.