နစကအစိုးရလက်ထက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး (၈၀ဝ)ကျော် လုပ်ကြံသတ်ဖြတ်ခံထားရ

 363

သန့်ဇင် (NP News) - အောက်တိုဘာ ၈

နစကအစိုးရလက်ထက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး (၈၀ဝ)ကျော်လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။ (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ (၂၀၂၄) ခုနှစ် စက်တင် ဘာ(၅)ရက်အထိ အကြမ်းဖက်အဖွဲ့အစည်းများ၏သတ်ဖြတ်မှုကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး (၈၃၃) ဦးအထိ သေဆုံးခဲ့ရကြောင်း သိရသည်။

ထိုသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက အကြမ်းဖက် သတ်ဖြတ်မှုများသည် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် ၎င်းတို့အဖွဲ့အစည်း အားသာ လာစေ ရန် ဆွဲဆောင်နေသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက NP News မှတစ်ဆင့် သုံးသပ်ပြောကြားသည်။

“ သတ်ဖြတ်တဲ့လူတွေဘက်က တွေးတာက ဒီလိုလူတွေသာမရှိတော့ရင် အစိုးရယန္တရားကို ကူမဲ့သူ မရှိဘူး။ ဒါဆိုရင် အစိုးရယန္တရားပျက်မယ်။ အစိုးရယန္တရားပျက်သွားမယ်ဆိုရင် အစိုးရကိုဖြုတ်ချဖို့ လွယ်မယ်ဆိုတဲ့ စိတ်ကူးမျိုးနဲ့သတ်ကြတာ။ အဲဒီတော့ သတ်ဖြတ်မှုများလာလေလေ သူတို့ဘက်က အကြမ်းဖက်မှု လုပ်ငန်းစဉ်ပေါ်လာလေလေ ဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးတွင် PDF အဖွဲ့၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရပ်ကွက်အုပ် ချုပ်ရေးမှူး(၂၇၂)ဦးဖြင့် အများဆုံးသေဆုံးခဲ့ရပြီး ပဲခူးတိုင်းဒေသကြီးတွင် (၁၂၂) ဦးဖြင့် ဒုတိယအများဆုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၁၈) ဦးဖြင့် တတိယ အများဆုံး သေဆုံးခဲ့ရသည်။ “ နယ်စပ်ဒေသတွေ ထက်စာရင် တိုင်းဒေသကြီးတွေမှာက လူတွေကကိုယ် အမြဲတမ်း ကျင်လည်ကျက်စားပြီး နေထိုင်ရာ နေရာတွေမှာ လှုပ်ရှားသွားလာနေတာ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်က မျက်နှာသိတွေ။ အဲဒီမှာ ဘာထင်ရှားလဲဆိုတော့ ဒီနေရာမှာ ကိုယ့်အတွက် ပိုပြီး လုံခြုံမှုရှိတယ်။ ပြဿနာက မဖြစ်လောက်ဘူးလို့ ထင်တဲ့အချိန်မှာ စောစောကပြောသလို လုပ်ကြံသတ်ဖြတ်မှုတွေ ခံလိုက်ရတာများတယ်” ဟု ဦးသိန်း ထွန်းဦးက ဆိုသည်။

ထိုသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစွာကို PDF အဖွဲ့က သတ်ဖြတ်နေခြင်းကို လက်ရှိနစကအစိုးရ ၏ ကာကွယ်နိုင်မှုအပေါ် မေးခွန်းထုတ်ခံရနိုင်ပြီး ဂုဏ်သိက္ခာပိုင်း ထိခိုက်မှု ရှိနိုင်ကြောင်း၎င်းကဆိုသည်။ “ဒေါက်တိုင်လေးတစ်ခုနဲ့သွားတာမျိုးပါ။ ပြိုလဲသွားတာမျိုး၊ ဝုန်းခနဲဆိုပြီး ပြိုလဲသွားတာမျိုးတော့ မဖြစ်နိုင်ဘူး။ ဥပမာ- ကိုဗစ်ကာလတုန်းက အစိုးရရုံးဌာနတွေ တစ်ဝက်ထား၊ တစ်ဝက်ဆင်း ပုံစံမျိုးနဲ့ သွားကြတယ် မလား။ အဲဒီတုန်းက အကုန်လုံးကိုချုံ့ပြီးတော့ ဖြစ်သလို လည်ပတ်သွားကြတယ်။ အစိုးရ လုပ်ငန်းစဉ် တစ်ခုက အပြောင်းအလဲပေါ်မူတည်ပြီး လှုပ်ရှားလို့ရတာတွေအများကြီးရှိတယ်။ ဒါပေမဲ့ သတ်ဖြတ်ခံရလွန်း အားကြီးလို့ ဘယ်သူမှမလုပ်နိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုးနဲ့ ဒီနစကပြိုလဲသွား မယ်။ သူ့အနေနဲ့ ဘာမှအုပ်ချုပ်နိုင်စွမ်းရှိတော့မှာမဟုတ်ဘူးလို့ တွေးရင်တော့ အင်မတန်မှားပါတယ်” ဟု ဦးသိန်းထွန်းဦးက ဆိုသည်။

အလားတူ ရန်ကုန်မြို့တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရပ် ကွက်အုပ်ချုပ်ရေးမှူးများကို ပစ်မှတ်ထားတိုက်ခိုက်မှု(၃)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် အရပ်သား ထိခိုက်မှုများလည်းရှိခဲ့သည်။ အနီးစပ်ဆုံး ဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ (၂၀) ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက် (၆၀)ကျော် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ကို PDF အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သည့် ဖြစ်စဉ် ဖြစ် ပွားခဲ့သည်။

zawgyi version
နစကအစိုးရလက္ထက္၌ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး (၈၀ဝ)ေက်ာ္ လုပ္ႀကံသတ္ျဖတ္ခံထားရ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၈

နစကအစိုးရလက္ထက္၌ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး (၈၀ဝ)ေက်ာ္လုပ္ႀကံသတ္ျဖတ္ခံခဲ့ရေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။ (၂၀၂၁) ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစတင္၍ (၂၀၂၄) ခုႏွစ္ စက္တင္ ဘာ(၅)ရက္အထိ အၾကမ္းဖက္အဖြဲ႕အစည္းမ်ား၏သတ္ျဖတ္မႈေၾကာင့္ ရပ္ကြက္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး (၈၃၃) ဦးအထိ ေသဆုံးခဲ့ရေၾကာင္း သိရသည္။

ထိုသို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားကို PDF လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ားက အၾကမ္းဖက္ သတ္ျဖတ္မႈမ်ားသည္ ျပည္သူလူထုအေပၚ အေၾကာက္တရားျဖင့္ ၎တို႔အဖြဲ႕အစည္း အားသာ လာေစ ရန္ ဆြဲေဆာင္ေနသည့္ လုပ္ငန္းစဥ္ျဖစ္ေၾကာင္း ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက NP News မွတစ္ဆင့္ သုံးသပ္ေျပာၾကားသည္။

“ သတ္ျဖတ္တဲ့လူေတြဘက္က ေတြးတာက ဒီလိုလူေတြသာမရွိေတာ့ရင္ အစိုးရယႏၲရားကို ကူမဲ့သူ မရွိဘူး။ ဒါဆိုရင္ အစိုးရယႏၲရားပ်က္မယ္။ အစိုးရယႏၲရားပ်က္သြားမယ္ဆိုရင္ အစိုးရကိုျဖဳတ္ခ်ဖို႔ လြယ္မယ္ဆိုတဲ့ စိတ္ကူးမ်ိဳးနဲ႔သတ္ၾကတာ။ အဲဒီေတာ့ သတ္ျဖတ္မႈမ်ားလာေလေလ သူတို႔ဘက္က အၾကမ္းဖက္မႈ လုပ္ငန္းစဥ္ေပၚလာေလေလ ျဖစ္တာေပါ့” ဟု ၎ကဆိုသည္။

ထို႔ျပင္ မႏၲေလးတိုင္းေဒသႀကီးတြင္ PDF အဖြဲ႕၏ အၾကမ္းဖက္သတ္ျဖတ္မႈေၾကာင့္ ရပ္ကြက္အုပ္ ခ်ဳပ္ေရးမႉး(၂၇၂)ဦးျဖင့္ အမ်ားဆုံးေသဆုံးခဲ့ရၿပီး ပဲခူးတိုင္းေဒသႀကီးတြင္ (၁၂၂) ဦးျဖင့္ ဒုတိယအမ်ားဆုံး၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ (၁၁၈) ဦးျဖင့္ တတိယ အမ်ားဆုံး ေသဆုံးခဲ့ရသည္။ “ နယ္စပ္ေဒသေတြ ထက္စာရင္ တိုင္းေဒသႀကီးေတြမွာက လူေတြကကိုယ္ အၿမဲတမ္း က်င္လည္က်က္စားၿပီး ေနထိုင္ရာ ေနရာေတြမွာ လႈပ္ရွားသြားလာေနတာ။ ၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္က မ်က္ႏွာသိေတြ။ အဲဒီမွာ ဘာထင္ရွားလဲဆိုေတာ့ ဒီေနရာမွာ ကိုယ့္အတြက္ ပိုၿပီး လုံၿခဳံမႈရွိတယ္။ ျပႆနာက မျဖစ္ေလာက္ဘူးလို႔ ထင္တဲ့အခ်ိန္မွာ ေစာေစာကေျပာသလို လုပ္ႀကံသတ္ျဖတ္မႈေတြ ခံလိုက္ရတာမ်ားတယ္” ဟု ဦးသိန္း ထြန္းဦးက ဆိုသည္။

ထိုသို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားစြာကို PDF အဖြဲ႕က သတ္ျဖတ္ေနျခင္းကို လက္ရွိနစကအစိုးရ ၏ ကာကြယ္ႏိုင္မႈအေပၚ ေမးခြန္းထုတ္ခံရႏိုင္ၿပီး ဂုဏ္သိကၡာပိုင္း ထိခိုက္မႈ ရွိႏိုင္ေၾကာင္း၎ကဆိုသည္။ “ေဒါက္တိုင္ေလးတစ္ခုနဲ႔သြားတာမ်ိဳးပါ။ ၿပိဳလဲသြားတာမ်ိဳး၊ ဝုန္းခနဲဆိုၿပီး ၿပိဳလဲသြားတာမ်ိဳးေတာ့ မျဖစ္ႏိုင္ဘူး။ ဥပမာ- ကိုဗစ္ကာလတုန္းက အစိုးရ႐ုံးဌာနေတြ တစ္ဝက္ထား၊ တစ္ဝက္ဆင္း ပုံစံမ်ိဳးနဲ႔ သြားၾကတယ္ မလား။ အဲဒီတုန္းက အကုန္လုံးကိုခ်ဳံ႕ၿပီးေတာ့ ျဖစ္သလို လည္ပတ္သြားၾကတယ္။ အစိုးရ လုပ္ငန္းစဥ္ တစ္ခုက အေျပာင္းအလဲေပၚမူတည္ၿပီး လႈပ္ရွားလို႔ရတာေတြအမ်ားႀကီးရွိတယ္။ ဒါေပမဲ့ သတ္ျဖတ္ခံရလြန္း အားႀကီးလို႔ ဘယ္သူမွမလုပ္ႏိုင္ေတာ့ဘူးဆိုတဲ့ အေနအထားမ်ိဳးနဲ႔ ဒီနစကၿပိဳလဲသြား မယ္။ သူ႔အေနနဲ႔ ဘာမွအုပ္ခ်ဳပ္ႏိုင္စြမ္းရွိေတာ့မွာမဟုတ္ဘူးလို႔ ေတြးရင္ေတာ့ အင္မတန္မွားပါတယ္” ဟု ဦးသိန္းထြန္းဦးက ဆိုသည္။

အလားတူ ရန္ကုန္ၿမိဳ႕တြင္လည္း ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ရပ္ ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားကို ပစ္မွတ္ထားတိုက္ခိုက္မႈ(၃)ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့ၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားအပါအဝင္ အရပ္သား ထိခိုက္မႈမ်ားလည္းရွိခဲ့သည္။ အနီးစပ္ဆုံး ျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ စက္တင္ဘာ (၂၀) ရက္က ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ အသက္ (၆၀)ေက်ာ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉးတို႔ကို PDF အဖြဲ႕က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္း ဝင္ေရာက္ပစ္ခတ္သတ္ျဖတ္သည့္ ျဖစ္စဥ္ ျဖစ္ ပြားခဲ့သည္။

Related news

© 2021. All rights reserved.