နိုင်ငံရေးအကျဉ်းသားတစ်ဦးရသင့်ရထိုက်တဲ့ အခွင့်အရေးထက် အများကြီးပိုပြီးရခဲ့ပါတယ်… သို့သော်….

 1272

ထွန်းမင်း (NP News) - အောက်တိုဘာ ၉

အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းက သွေးကင်ဆာရောဂါနဲ့ ကွယ် လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ရုပ်ကလပ်ကို အောက်တိုဘာလ ၈ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် ၃ လမ်း နေအိမ်ကနေ တောင်အင်းမြောင်အင်း သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့တာ တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ဒေါက်တာဇော်မြင့်မောင် ရောဂါအခြေအနေနဲ့ သေဆုံးခဲ့ရတာဟာ အကျဉ်းထောင်အတွင်းမှာ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု မရခဲ့လို့ဆိုပြီး သတင်းမီဒီယာတွေနဲ့သံရုံးအချို့ရဲ့ ကြေညာချက်တွေမှာ စွပ်စွဲပြောဆိုထားတာတွေကို စိတ်မကောင်းဖွယ် ရာ တွေ့လိုက်ရပါတယ်။ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေ အနေနဲ့ပတ်သက်ပြီး အင်တာနက်စာမျက်နှာမှာ သွားပုပ်လေလွင့်ပြောဆိုနေကြတာတွေကိုမြင်တော့ အဖြစ်မှန်ကို ပြည်သူတွေ သိအောင်ပြောပြချင်ပါတယ်။

တကယ်တော့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်အာဏာအားထိန်းခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ်ထိခိုက်စေမည့် ရေးသားထုတ်ပြန်မှုများပြုလုပ်ခြင်း၊ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်ကာလ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း လူစုလူဝေးပြုလုပ်၍ Stay at home အမိန့်များအားဆန့်ကျင်ခြင်း၊ အဂတိနှင့် မလွတ်ကင်းသည့်လုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်ခဲ့ခြင်းတို့ကြောင့် မန္တလေးတိုင်းတရားလွှတ်တော်ရုံး၏ ရာဇဝတ်ကြီးမှုအမှတ်၊ ၆/၇/၈/၉/၁၀/ ၂၀၂၁၊ အဂတိ-၅၅ ပါ ၁၀ မှုဖြင့် ပြစ်ဒဏ် ၂၉ နှစ်ချမှတ်ခံခဲ့ရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်တွင်းသို့ရောက်ရှိချိန်မှစတင်ပြီး နစကအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ခံစားခွင့် အခွင့်အရေးထက်ပိုလွန်၍ သက်သာစွာနေထိုင်စေရေးအတွက် အကျဉ်း ထောင် သီးသန့်တိုက်တွင်ထားရှိခြင်း၊ အစားအသောက်အနေဖြင့် ထောင်မှ ကျွေးမွေးသော ထမင်း/ဟင်းများအပြင် ၎င်း၏ မိသားစုဆွေမျိုးများပေးပို့သော ထောင်ဝင်စာနဲ့ စားသောက်ဖွယ်ရာများအား ဒေါက်တာ ဇော်မြင့်မောင်ထံ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်မှုမရှိစေရန်လည်း မိသားစုမှ ရေးသားပေးပို့သော ထောင်ဝင်စာများအား ဒေါက်တာဇော်မြင့်မောင်ထံ ပေးပို့ခဲ့သလို၊ ဒေါက်တာ ဇော်မြင့်မောင်ဆီမှ စာများကိုလည်း သူ့ရဲ့မိသားစုထံ အကြောင်း ကြားပြီး လက်ဝယ်သို့ရောက်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။

တကယ်တော့ ဒေါက်တာ ဇော်မြင့်မောင်ဟာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကတည်းက သွေးကင်ဆာရောဂါကို ခံစားနေရပြီး ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှုခံယူခဲ့ဖူးပါတယ်။ အကျဉ်းထောင်သို့ ရောက်ရှိချိန်မှာလည်း သူ့ရဲ့ကျန်းမာရေး အခြေအနေကို အကျဉ်းထောင်ဆေးရုံအုပ် ဒေါက်တာမိုးဟိန်းက အနီးကပ်ကြပ်မတ်စောင့် ရှောက်ပြီးလိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ဂရုတစိုက်ပြုလုပ်ပေးခဲ့လို့ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်းမွန်လာခဲ့ပါသေးတယ်။ ဒါ့ပြင် မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးစီးပြီး သွေးကင်ဆာဌာနက ပါမောက္ခတွေကလည်း (၂၃)ကြိမ်တိုင်တိုင် အကျဉ်း ထောင်ထဲထိ လာရောက်ကုသပေးခဲ့သလို အထွေထွေရောဂါကုဆေးရုံကြီးသို့ နေ့ချင်းပြန်အနေဖြင့် (၈)ကြိမ် သွားရောက်ကုသမှုခံယူခဲ့ပါတယ်။

ဒါ့ပြင် ၆-၈-၂၀၂၁ ရက်မှ ၂၇-၈-၂၀၂၁ ရက်ထိ မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးမှာ အထူးကုဆရာဝန်များရဲ့ အနီးကပ်ကြပ်မတ်မှုနဲ့ ကောင်းမွန်စွာ ဆေးဝါးကုသမှု များပြုလုပ်ပေးခဲ့ပြီး ၁၇-၉-၂၀၂၄ ရက်တွင် ဒေါက်တာ ဇော်မြင့်မောင် အနေဖြင့် အသက်အရွယ် ကြီးရင့်ခြင်း၊ သွေးကင် ဆာရောဂါဖြင့် ကိုယ်ခံအားနည်းလာခြင်းတို့ကြောင့် အကျဉ်းထောင်မှ မန္တ လေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကာ အထူးကုသဆောင်မှာထားရှိပြီး သက်ဆိုင်ရာ ဆရာဝန်ကြီးများ၊ သမားတော်ကြီးများက ဆေးဝါးကုသမှုများပြုလုပ်ပေးခဲ့ပါတယ်။ ဆေးရုံတက်ရောက်ကုသမှုခံယူနေချိန်မှာလည်း သူ့ရဲ့မိသားစုဝင်တွေနဲ့ချိတ်ဆက်ပေးပြီး လိုအပ်သောဆေးဝါးများ၊ စားသောက်ဖွယ်ရာများအား ပို့ဆောင်ရန်ခွင့်ပြုပေးခဲ့ပါတယ်။ တာဝန်ရှိသူများအနေနဲ့လည်း ထောင်တွင်းမှာရောပြင်ပမှာပါ ဆေးကုသမှုခံယူနေတဲ့အချိန် ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့ပါတယ်။

၁၇-၉-၂၀၂၄ ရက်နေ့မှာတော့ ဆေးရုံတက်ရောက်ပြီး ဆေးဝါးကုသမှုခံယူနေစဉ်အတွင်း နိုင်ငံတော်အစိုးရအနေနဲ့ သူ့အားအသက်အရွယ်ရသော်လည်းကောင်း၊ ခံစားနေရသော သွေးကင်ဆာ ရောဂါအားလွတ်လပ်စွာ ဆေးဝါးကုသမှုခံနိုင်ရန်အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ၎င်းကျခံရမည့် ပြစ်ဒဏ်များအား လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုပေးခဲ့ပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်ပြုပေးတာဟာ ဒေါက်တာဇော်မြင့်မောင် သေဆုံးမယ်မှန်း မသိခင်ကတည်းက သူ့ရဲ့ကျန်း မာရေးကို ပိုမိုဂရုစိုက်နိုင်ရန်အတွက်ပေးခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ဒေါက်တာဇော်မြင့်မောင်အပေါ် နစကအစိုးရအနေဖြင့် တရားဥပဒေအရသာပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ချမှတ်ပေးခဲ့ပေမယ့် သူ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးထက်ပိုမိုပြီး ဆောင်ရွက်ပေးခံခဲ့ရတယ်။ အသက်အရွယ်အရ ပြစ်ဒဏ် ကျခံရန်ကျန်ရှိသည့် (၂၆)နှစ်၊ (၁၁)လခန့်ကို ဖြေလျှော့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ကို ခွင့်ပြုဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလို ထောင်တွင်းကျန်းမာရေးအရ ကြပ်မတ်ကုသမှုတွေနဲ့အတူ အထူးအခွင့်အရေးရရှိခဲ့ပေမယ့် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ကံမကောင်းစွာနဲ့ပဲ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၃ နာရီတွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အထူးကြပ် မတ်ဆောင်(ICU)ခန်းမှာ သေဆုံးသွားခဲ့ရပါတယ်။ ဒါဟာ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး နစကအစိုးရအနေ နဲ့ နောက်ဆုံးအချိန်အထိ လစ်ဟင်းမှုမရှိအောင် ဂရုတစိုက်နဲ့လုပ် ဆောင်ပေးခဲ့တာတွေပဲဖြစ်ပါတယ်။

အဲဒီတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာဖော်ပြနေတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဆေးကုသမှုအလုံ အလောက် မရရှိခဲ့ဘူးဆိုတာတွေဟာ နစကအစိုးရကို နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ချင်လို့ အပုပ်ချပြီး စွပ်စွဲပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ တကယ်တော့ အသက်အရွယ်အားဖြင့် (၇၃)နှစ်ရှိပြီး သွေးကင်ဆာရောဂါ ခံစားနေရသူ တစ်ယောက်ဟာ ထောင်တွင်းအကျဉ်းကျခံနေရသူ မဟုတ်ဘဲ တခြားသူဆိုရင်လည်း ဒီရောဂါရဲ့ဒဏ်ကြောင့် အနှေးနဲ့အမြန်တော့ ဒီခရီးကို သွားကြရမှာပဲဆိုတာ တရားသဘောနဲ့ပဲကြည့်ကြည့်၊ ဆေးပညာသဘောနဲ့ပဲကြည့်ကြည့် သိနိုင်ပါတယ်။

zawgyi version
ႏိုင္ငံေရးအက်ဥ္းသားတစ္ဦးရသင့္ရထိုက္တဲ့ အခြင့္အေရးထက္ အမ်ားႀကီးပိုၿပီးရခဲ့ပါတယ္… သို႔ေသာ္….
ထြန္းမင္း (NP News) - ေအာက္တိုဘာ ၉

ေအာက္တိုဘာလ ၇ ရက္ေန႔ မနက္ပိုင္းက ေသြးကင္ဆာေရာဂါနဲ႔ ကြယ္ လြန္ခဲ့တဲ့ ေဒါက္တာ ေဇာ္ျမင့္ေမာင္ရဲ႕ ႐ုပ္ကလပ္ကို ေအာက္တိုဘာလ ၈ ရက္ နံနက္ ၁၀ နာရီက မႏၲေလးၿမိဳ႕ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ကြၽဲဆည္ကန္ ၃ လမ္း ေနအိမ္ကေန ေတာင္အင္းေျမာင္အင္း သုသာန္ကို ပို႔ေဆာင္သၿဂႋဳဟ္ခဲ့တာ ေတြ႕ရပါတယ္။ တစ္ဖက္မွာလည္း ေဒါက္တာေဇာ္ျမင့္ေမာင္ ေရာဂါအေျခအေနနဲ႔ ေသဆုံးခဲ့ရတာဟာ အက်ဥ္းေထာင္အတြင္းမွာ လုံေလာက္တဲ့က်န္းမာေရးေစာင့္ေရွာက္မႈ မရခဲ့လို႔ဆိုၿပီး သတင္းမီဒီယာေတြနဲ႔သံ႐ုံးအခ်ိဳ႕ရဲ႕ ေၾကညာခ်က္ေတြမွာ စြပ္စြဲေျပာဆိုထားတာေတြကို စိတ္မေကာင္းဖြယ္ ရာ ေတြ႕လိုက္ရပါတယ္။ ေဒါက္တာ ေဇာ္ျမင့္ေမာင္ရဲ႕ က်န္းမာေရးအေျခ အေနနဲ႔ပတ္သက္ၿပီး အင္တာနက္စာမ်က္ႏွာမွာ သြားပုပ္ေလလြင့္ေျပာဆိုေနၾကတာေတြကိုျမင္ေတာ့ အျဖစ္မွန္ကို ျပည္သူေတြ သိေအာင္ေျပာျပခ်င္ပါတယ္။

တကယ္ေတာ့ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေဇာ္ျမင့္ေမာင္ကို ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာအားထိန္းခဲ့မႈႏွင့္ပတ္သက္ၿပီး ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အေပၚထိခိုက္ေစမည့္ ေရးသားထုတ္ျပန္မႈမ်ားျပဳလုပ္ျခင္း၊ ဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္စဥ္ကာလ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားေနစဥ္ကာလအတြင္း လူစုလူေဝးျပဳလုပ္၍ Stay at home အမိန႔္မ်ားအားဆန႔္က်င္ျခင္း၊ အဂတိႏွင့္ မလြတ္ကင္းသည့္လုပ္ငန္းမ်ား လုပ္ကိုင္ေဆာင္ ႐ြက္ခဲ့ျခင္းတို႔ေၾကာင့္ မႏၲေလးတိုင္းတရားလႊတ္ေတာ္႐ုံး၏ ရာဇဝတ္ႀကီးမႈအမွတ္၊ ၆/၇/၈/၉/၁၀/ ၂၀၂၁၊ အဂတိ-၅၅ ပါ ၁၀ မႈျဖင့္ ျပစ္ဒဏ္ ၂၉ ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ အက်ဥ္းေထာင္တြင္းသို႔ေရာက္ရွိခ်ိန္မွစတင္ၿပီး နစကအစိုးရအေနနဲ႔ ႏိုင္ငံေရးအက်ဥ္းသားတစ္ဦး၏ခံစားခြင့္ အခြင့္အေရးထက္ပိုလြန္၍ သက္သာစြာေနထိုင္ေစေရးအတြက္ အက်ဥ္း ေထာင္ သီးသန္႔တိုက္တြင္ထားရွိျခင္း၊ အစားအေသာက္အေနျဖင့္ ေထာင္မွ ေကြၽးေမြးေသာ ထမင္း/ဟင္းမ်ားအျပင္ ၎၏ မိသားစုေဆြမ်ိဳးမ်ားေပးပို႔ေသာ ေထာင္ဝင္စာနဲ႔ စားေသာက္ဖြယ္ရာမ်ားအား ေဒါက္တာ ေဇာ္ျမင့္ေမာင္ထံ ေရာက္ရွိေအာင္ ပို႔ေဆာင္ေပးခဲ့ပါတယ္။ ဒါ့အျပင္ မိသားစုနဲ႔ အဆက္အသြယ္ ျပတ္ေတာက္မႈမရွိေစရန္လည္း မိသားစုမွ ေရးသားေပးပို႔ေသာ ေထာင္ဝင္စာမ်ားအား ေဒါက္တာေဇာ္ျမင့္ေမာင္ထံ ေပးပို႔ခဲ့သလို၊ ေဒါက္တာ ေဇာ္ျမင့္ေမာင္ဆီမွ စာမ်ားကိုလည္း သူ႔ရဲ႕မိသားစုထံ အေၾကာင္း ၾကားၿပီး လက္ဝယ္သို႔ေရာက္ေအာင္ ေဆာင္႐ြက္ေပးခဲ့ပါတယ္။

တကယ္ေတာ့ ေဒါက္တာ ေဇာ္ျမင့္ေမာင္ဟာ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္စဥ္ကတည္းက ေသြးကင္ဆာေရာဂါကို ခံစားေနရၿပီး ထိုင္းႏိုင္ငံသို႔ သြားေရာက္ ေဆးကုသမႈခံယူခဲ့ဖူးပါတယ္။ အက်ဥ္းေထာင္သို႔ ေရာက္ရွိခ်ိန္မွာလည္း သူ႔ရဲ႕က်န္းမာေရး အေျခအေနကို အက်ဥ္းေထာင္ေဆး႐ုံအုပ္ ေဒါက္တာမိုးဟိန္းက အနီးကပ္ၾကပ္မတ္ေစာင့္ ေရွာက္ၿပီးလိုအပ္တဲ့ ေဆးဝါးကုသမႈေတြကို ဂ႐ုတစိုက္ျပဳလုပ္ေပးခဲ့လို႔ က်န္းမာေရး အေျခအေနမွာ တိုးတက္ေကာင္းမြန္လာခဲ့ပါေသးတယ္။ ဒါ့ျပင္ မႏၲေလးအေထြေထြေရာဂါကု ျပည္သူ႔ေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီးဦးစီးၿပီး ေသြးကင္ဆာဌာနက ပါေမာကၡေတြကလည္း (၂၃)ႀကိမ္တိုင္တိုင္ အက်ဥ္း ေထာင္ထဲထိ လာေရာက္ကုသေပးခဲ့သလို အေထြေထြေရာဂါကုေဆး႐ုံႀကီးသို႔ ေန႔ခ်င္းျပန္အေနျဖင့္ (၈)ႀကိမ္ သြားေရာက္ကုသမႈခံယူခဲ့ပါတယ္။

ဒါ့ျပင္ ၆-၈-၂၀၂၁ ရက္မွ ၂၇-၈-၂၀၂၁ ရက္ထိ မႏၲေလးအေထြေထြေရာဂါ ကုေဆး႐ုံႀကီးမွာ အထူးကုဆရာဝန္မ်ားရဲ႕ အနီးကပ္ၾကပ္မတ္မႈနဲ႔ ေကာင္းမြန္စြာ ေဆးဝါးကုသမႈ မ်ားျပဳလုပ္ေပးခဲ့ၿပီး ၁၇-၉-၂၀၂၄ ရက္တြင္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ အေနျဖင့္ အသက္အ႐ြယ္ ႀကီးရင့္ျခင္း၊ ေသြးကင္ ဆာေရာဂါျဖင့္ ကိုယ္ခံအားနည္းလာျခင္းတို႔ေၾကာင့္ အက်ဥ္းေထာင္မွ မႏၲ ေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ကာ အထူးကုသေဆာင္မွာထားရွိၿပီး သက္ဆိုင္ရာ ဆရာဝန္ႀကီးမ်ား၊ သမားေတာ္ႀကီးမ်ားက ေဆးဝါးကုသမႈမ်ားျပဳလုပ္ေပးခဲ့ပါတယ္။ ေဆး႐ုံတက္ေရာက္ကုသမႈခံယူေနခ်ိန္မွာလည္း သူ႔ရဲ႕မိသားစုဝင္ေတြနဲ႔ခ်ိတ္ဆက္ေပးၿပီး လိုအပ္ေသာေဆးဝါးမ်ား၊ စားေသာက္ဖြယ္ရာမ်ားအား ပို႔ေဆာင္ရန္ခြင့္ျပဳေပးခဲ့ပါတယ္။ တာဝန္ရွိသူမ်ားအေနနဲ႔လည္း ေထာင္တြင္းမွာေရာျပင္ပမွာပါ ေဆးကုသမႈခံယူေနတဲ့အခ်ိန္ က်န္းမာေရးအတြက္ လိုအပ္ေသာေဆးဝါးမ်ားကို ျပည့္ျပည့္စုံစုံ ျဖည့္ဆည္းေပးခဲ့ပါတယ္။

၁၇-၉-၂၀၂၄ ရက္ေန႔မွာေတာ့ ေဆး႐ုံတက္ေရာက္ၿပီး ေဆးဝါးကုသမႈခံယူေနစဥ္အတြင္း ႏိုင္ငံေတာ္အစိုးရအေနနဲ႔ သူ႔အားအသက္အ႐ြယ္ရေသာ္လည္းေကာင္း၊ ခံစားေနရေသာ ေသြးကင္ဆာ ေရာဂါအားလြတ္လပ္စြာ ေဆးဝါးကုသမႈခံႏိုင္ရန္အတြက္ ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၆ ရက္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ ၎က်ခံရမည့္ ျပစ္ဒဏ္မ်ားအား ေလွ်ာ့ေပါ့ကာ လြတ္ၿငိမ္းခြင့္ျပဳေပးခဲ့ပါတယ္။ ဒီလြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳေပးတာဟာ ေဒါက္တာေဇာ္ျမင့္ေမာင္ ေသဆုံးမယ္မွန္း မသိခင္ကတည္းက သူ႔ရဲ႕က်န္း မာေရးကို ပိုမိုဂ႐ုစိုက္ႏိုင္ရန္အတြက္ေပးခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ ေဒါက္တာေဇာ္ျမင့္ေမာင္အေပၚ နစကအစိုးရအေနျဖင့္ တရားဥပေဒအရသာျပစ္မႈထင္ရွားလို႔ ျပစ္ဒဏ္ခ်မွတ္ေပးခဲ့ေပမယ့္ သူ႔အေနနဲ႔ ႏိုင္ငံေရးအက်ဥ္းသားတစ္ေယာက္ ရသင့္ရထိုက္တဲ့ အခြင့္အေရးထက္ပိုမိုၿပီး ေဆာင္႐ြက္ေပးခံခဲ့ရတယ္။ အသက္အ႐ြယ္အရ ျပစ္ဒဏ္ က်ခံရန္က်န္ရွိသည့္ (၂၆)ႏွစ္၊ (၁၁)လခန႔္ကို ေျဖေလွ်ာ့ၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္ကို ခြင့္ျပဳေဆာင္႐ြက္ေပးခဲ့တာျဖစ္ပါတယ္။ ဒီလို ေထာင္တြင္းက်န္းမာေရးအရ ၾကပ္မတ္ကုသမႈေတြနဲ႔အတူ အထူးအခြင့္အေရးရရွိခဲ့ေပမယ့္ ေဒါက္တာေဇာ္ျမင့္ေမာင္အေနျဖင့္ ကံမေကာင္းစြာနဲ႔ပဲ ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္ေန႔ နံနက္ ၃ နာရီတြင္ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီး အထူးၾကပ္ မတ္ေဆာင္(ICU)ခန္းမွာ ေသဆုံးသြားခဲ့ရပါတယ္။ ဒါဟာ ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ က်န္းမာေရး အေျခအေနနဲ႔ပတ္သက္ၿပီး နစကအစိုးရအေန နဲ႔ ေနာက္ဆုံးအခ်ိန္အထိ လစ္ဟင္းမႈမရွိေအာင္ ဂ႐ုတစိုက္နဲ႔လုပ္ ေဆာင္ေပးခဲ့တာေတြပဲျဖစ္ပါတယ္။

အဲဒီေတာ့ အင္တာနက္စာမ်က္ႏွာေတြေပၚမွာေဖာ္ျပေနတဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ က်န္းမာေရးအေျခအေနနဲ႔ပတ္သက္ၿပီး ေဆးကုသမႈအလုံ အေလာက္ မရရွိခဲ့ဘူးဆိုတာေတြဟာ နစကအစိုးရကို ႏိုင္ငံေရးအရ ထိုးႏွက္တိုက္ခိုက္ခ်င္လို႔ အပုပ္ခ်ၿပီး စြပ္စြဲေျပာဆိုေနၾကတာပဲ ျဖစ္ပါတယ္။ တကယ္ေတာ့ အသက္အ႐ြယ္အားျဖင့္ (၇၃)ႏွစ္ရွိၿပီး ေသြးကင္ဆာေရာဂါ ခံစားေနရသူ တစ္ေယာက္ဟာ ေထာင္တြင္းအက်ဥ္းက်ခံေနရသူ မဟုတ္ဘဲ တျခားသူဆိုရင္လည္း ဒီေရာဂါရဲ႕ဒဏ္ေၾကာင့္ အေႏွးနဲ႔အျမန္ေတာ့ ဒီခရီးကို သြားၾကရမွာပဲဆိုတာ တရားသေဘာနဲ႔ပဲၾကည့္ၾကည့္၊ ေဆးပညာသေဘာနဲ႔ပဲၾကည့္ၾကည့္ သိႏိုင္ပါတယ္။

Picture

ko zaw min

09/10/2024 11:46

မြန်မာပြည်ရဲ့ မင်ဒဲလား လို ပြောတာ အသားမဲ တာတူလို့ နေမှာ

Related news

© 2021. All rights reserved.