ထိုင်ဝမ်ပြည်သူအများစုက တရုတ်ရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ဆန္ဒရှိနေ

 480

Pika (NP News) - အောက်တိုဘာ ၁ဝ

ထိုင်ဝမ်ကျွန်းပြည်သူအများစုဟာ တရုတ်ရဲ့ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ဆန္ဒရှိနေကြပေမယ့်လည်း အများစုကတော့ တရုတ်ဟာ လာမယ့်(၅)နှစ်အတွင်း ထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေကြတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်ကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ်ရှုမြင်ထားတဲ့ တရုတ်အစိုးရဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်ဝမ်အပေါ် စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးမှုတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လကပြုလုပ်ခဲ့တဲ့စစ်တမ်းကို အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးသုတေသနအင်စတီကျုက တာဝန်ပေးအပ်ခဲ့တာဖြစ်ပြီး ထိုင်ဝမ်သမ္မတလိုင်ချန်တေးရဲ့ အကြိုမိန့်ခွန်းပြောကြားမယ့် ထိုင်ဝမ်အမျိုးသားနေ့မတိုင်မီ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် တင်းမာမှုတွေမြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ၂၀၂၇ ခုနှစ်မှာ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ဖို့အတွက် တရုတ်စစ်တပ်ကို တရုတ်သမ္မတရှီကျင့်ဖျင်က အမိန့်ပေးခဲ့တယ်လို့ စီအိုင်အေဒါရိုက်တာဝီလျံဘမ်းစ်က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။စစ်တမ်းကို ဖြေဆိုခဲ့တဲ့လူ(၁၂၁၄)ဦးမှာ (၆၇ ဒသမ ၈)ရာခိုင်နှုန်းက တရုတ်ရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ဆန္ဒရှိနေကြပြီး (၂၃ ဒသမ ၆) ရာခိုင်နှုန်းက ခုခံကာကွယ်ဖို့ဆန္ဒမရှိကြဘူးလို့သိရပါတယ်။ ဒါ့ပြင် ဖြေဆိုသူတွေရဲ့(၆၄)ရာခိုင်နှုန်းက တရုတ်ရဲ့ပိုင်နက်ရည်မှန်းချက်ဟာ ပြင်းထန်တဲ့ခြိမ်းခြောက်မှုတစ်ခုလို့ ယူဆထားကြပြီး (၆၁)ရာခိုင်နှုန်းကတော့ တရုတ်ဟာ လာမယ့်(၅)နှစ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။ တရုတ်အစိုးရဟာ ထိုင်ဝမ်ကို ၎င်းရဲ့ပိုင် နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့အ တွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးပါတယ်။

zawgyi version
ထိုင္ဝမ္ျပည္သူအမ်ားစုက တ႐ုတ္ရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို ခုခံကာကြယ္ဖို႔ဆႏၵရွိေန
Pika (NP News) - ေအာက္တိုဘာ ၁ဝ

ထိုင္ဝမ္ကြၽန္းျပည္သူအမ်ားစုဟာ တ႐ုတ္ရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈကို ခုခံကာကြယ္ဖို႔ဆႏၵရွိေနၾကေပမယ့္လည္း အမ်ားစုကေတာ့ တ႐ုတ္ဟာ လာမယ့္(၅)ႏွစ္အတြင္း ထိုင္ဝမ္ကိုက်ဴးေက်ာ္တိုက္ခိုက္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ ယုံၾကည္ေနၾကတယ္လို႔ စစ္တမ္းတစ္ခုက ေဖာ္ျပခဲ့ပါတယ္။

ထိုင္ဝမ္ကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ရႈျမင္ထားတဲ့ တ႐ုတ္အစိုးရဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ထိုင္ဝမ္အေပၚ စစ္ေရးနဲ႔ႏိုင္ငံေရးအရ ဖိအားေပးမႈေတြကို ပိုမိုတိုးျမႇင့္လုပ္ေဆာင္လာခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့လကျပဳလုပ္ခဲ့တဲ့စစ္တမ္းကို အမ်ိဳးသားကာကြယ္ေရး နဲ႔ လုံၿခဳံေရးသုေတသနအင္စတီက်ဳက တာဝန္ေပးအပ္ခဲ့တာျဖစ္ၿပီး ထိုင္ဝမ္သမၼတလိုင္ခ်န္ေတးရဲ႕ အႀကိဳမိန႔္ခြန္းေျပာၾကားမယ့္ ထိုင္ဝမ္အမ်ိဳးသားေန႔မတိုင္မီ ထုတ္ျပန္ခဲ့တာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္း တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကြၽန္းအနီးမွာ စစ္ေရးေလ့က်င့္မႈေတြကို ဆက္တိုက္လုပ္ေဆာင္ခဲ့ၿပီးေနာက္ တင္းမာမႈေတြျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ၂၀၂၇ ခုႏွစ္မွာ ထိုင္ဝမ္ကို က်ဴးေက်ာ္တိုက္ခိုက္ဖို႔အတြက္ တ႐ုတ္စစ္တပ္ကို တ႐ုတ္သမၼတရွီက်င့္ဖ်င္က အမိန႔္ေပးခဲ့တယ္လို႔ စီအိုင္ေအဒါ႐ိုက္တာဝီလ်ံဘမ္းစ္က ၿပီးခဲ့တဲ့ႏွစ္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။စစ္တမ္းကို ေျဖဆိုခဲ့တဲ့လူ(၁၂၁၄)ဦးမွာ (၆၇ ဒသမ ၈)ရာခိုင္ႏႈန္းက တ႐ုတ္ရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို ကာကြယ္ဖို႔ ဆႏၵရွိေနၾကၿပီး (၂၃ ဒသမ ၆) ရာခိုင္ႏႈန္းက ခုခံကာကြယ္ဖို႔ဆႏၵမရွိၾကဘူးလို႔သိရပါတယ္။ ဒါ့ျပင္ ေျဖဆိုသူေတြရဲ႕(၆၄)ရာခိုင္ႏႈန္းက တ႐ုတ္ရဲ႕ပိုင္နက္ရည္မွန္းခ်က္ဟာ ျပင္းထန္တဲ့ၿခိမ္းေျခာက္မႈတစ္ခုလို႔ ယူဆထားၾကၿပီး (၆၁)ရာခိုင္ႏႈန္းကေတာ့ တ႐ုတ္ဟာ လာမယ့္(၅)ႏွစ္အတြင္း ထိုင္ဝမ္ကို က်ဴးေက်ာ္တိုက္ခိုက္ႏိုင္မွာ မဟုတ္ဘူးလို႔ ယုံၾကည္ေနၾကပါတယ္။ တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကို ၎ရဲ႕ပိုင္ နက္နယ္ေျမအျဖစ္ ရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းဖို႔အ တြက္ လိုအပ္ပါက အင္အားသုံးေျဖရွင္းသြားမယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က အႀကိမ္ႀကိမ္ေျပာဆိုခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.