တောင်ကိုရီးယားနဲ့ဆက်နေတဲ့ လမ်းကြောင်းအားလုံးကို ဖြတ်တောက်ပစ်တော့မယ်လို့ မြောက်ကိုရီးယားကြေညာ

 285

Pika (NP News) - အောက်တိုဘာ ၁ဝ

တောင်ကိုရီးယားက အမေရိကန် နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ် ဆောင်နေတာကို လက်တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ဆက်နေတဲ့ လမ်းတွေနဲ့မီးရထားလမ်းတွေအားလုံးကို ဖြတ်တောက်ပစ်တော့မယ်လို့ မြောက်ကိုရီးယားစစ်တပ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ဆက်နေတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေအားလုံးကို ဖြတ်တောက်ပြီး နယ်မြေနှစ်ခုကို လုံးဝခွဲထုတ်ပစ်မယ့် စီမံကိန်းကို အောက်တိုဘာလ(၉)ရက်နေ့မှာ စတင်ခဲ့တယ်လို့ မြောက်ကိုရီးယားစစ်တပ်က ထုတ်ပြန်ကြေညာထားပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားဟာ ခိုင်မာတဲ့ကာကွယ်ရေးဖွဲ့စည်းပုံတွေနဲ့အတူ ၎င်းရဲ့ပိုင်နက်နယ်မြေတွေအားလုံးကို ကာကွယ်သွားမယ်လို့ မြောက်ကိုရီးယားစစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားနဲ့ထိစပ်နေတဲ့ နယ်စပ်တွေအားလုံးကို ပိတ်ချပစ်မယ့်ဆုံးဖြတ်ချက်ဟာ စစ်ပွဲကို တားဆီးဖို့နဲ့ မြောက်ကိုရီးယားရဲ့လုံခြုံရေးကာကွယ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်တာမျိုးဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောကြားထားပါတယ်။

ပြီးတော့ မြောက်ကိုရီးယားနယ်စပ်အနီးမှာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယားရဲ့စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး လက်တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့အတွက် ပြတ်သားတဲ့ အစီအစဉ်တွေကို လုပ်ဆောင်နေတယ်လို့လည်း ၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ နယ်စပ်ပိတ်ပစ်မယ့်စီမံကိန်းနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ကောက်ချက်ချမှုတွေနဲ့ မတော်တဆဖြစ်ပွားလာနိုင်တဲ့ ပဋိပက္ခတွေကို ရှောင်ရှားနိုင်ဖို့အတွက် တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်တပ်ကို မက်ဆေ့ချ်တစ်ခုပေးပို့ခဲ့တယ်လို့ မြောက်ကိုရီးယားစစ်တပ်က မှတ်ချက်ပြုပြောဆိုထားပါတယ်။

မြောက်ကိုရီးယားနယ်စပ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ဆောင်တာမျိုးကို မတွေ့ရသေးပေမယ့်လည်း လက်ရှိအနေအထားတွေကို ပြောင်းလဲနိုင်တဲ့ အိမ်နီးချင်းနိုင်ငံရဲ့လုပ်ဆောင်မှုတွေအားလုံးကို လျစ်လျူရှုထားမှာမဟုတ်ဘူးလို့ တောင်ကိုရီးယားအစိုးရကပြောကြားခဲ့ပါတယ်။ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဘယ်လိုအခြေ အနေတွေအတွက်မဆို မြောက်ကိုရီးယားမှာတာဝန်ရှိတယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက သတိပေးပြောဆိုခဲ့ပါတယ်။

zawgyi version
ေတာင္ကိုရီးယားနဲ႔ဆက္ေနတဲ့ လမ္းေၾကာင္းအားလုံးကို ျဖတ္ေတာက္ပစ္ေတာ့မယ္လို႔ ေျမာက္ကိုရီးယားေၾကညာ
Pika (NP News) - ေအာက္တိုဘာ ၁ဝ

ေတာင္ကိုရီးယားက အေမရိကန္ နဲ႔ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြ လုပ္ ေဆာင္ေနတာကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ေတာင္ကိုရီးယားနဲ႔ဆက္ေနတဲ့ လမ္းေတြနဲ႔မီးရထားလမ္းေတြအားလုံးကို ျဖတ္ေတာက္ပစ္ေတာ့မယ္လို႔ ေျမာက္ကိုရီးယားစစ္တပ္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ေတာင္ကိုရီးယားနဲ႔ဆက္ေနတဲ့ သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းေတြအားလုံးကို ျဖတ္ေတာက္ၿပီး နယ္ေျမႏွစ္ခုကို လုံးဝခြဲထုတ္ပစ္မယ့္ စီမံကိန္းကို ေအာက္တိုဘာလ(၉)ရက္ေန႔မွာ စတင္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားစစ္တပ္က ထုတ္ျပန္ေၾကညာထားပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားဟာ ခိုင္မာတဲ့ကာကြယ္ေရးဖြဲ႕စည္းပုံေတြနဲ႔အတူ ၎ရဲ႕ပိုင္နက္နယ္ေျမေတြအားလုံးကို ကာကြယ္သြားမယ္လို႔ ေျမာက္ကိုရီးယားစစ္တပ္က သတင္းထုတ္ျပန္ထားပါတယ္။ ေတာင္ကိုရီးယားနဲ႔ထိစပ္ေနတဲ့ နယ္စပ္ေတြအားလုံးကို ပိတ္ခ်ပစ္မယ့္ဆုံးျဖတ္ခ်က္ဟာ စစ္ပြဲကို တားဆီးဖို႔နဲ႔ ေျမာက္ကိုရီးယားရဲ႕လုံၿခဳံေရးကာကြယ္ဖို႔အတြက္ ကိုယ့္ကိုယ္ကိုယ္ခုခံကာကြယ္တာမ်ိဳးျဖစ္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ေျပာၾကားထားပါတယ္။

ၿပီးေတာ့ ေျမာက္ကိုရီးယားနယ္စပ္အနီးမွာ မၾကာေသးခင္ကျပဳလုပ္ခဲ့တဲ့ ေတာင္ကိုရီးယားရဲ႕စစ္ေရးေလ့က်င့္မႈေတြနဲ႔ပတ္သက္ၿပီး လက္တုံ႔ျပန္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ျပတ္သားတဲ့ အစီအစဥ္ေတြကို လုပ္ေဆာင္ေနတယ္လို႔လည္း ၎တို႔ရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။ နယ္စပ္ပိတ္ပစ္မယ့္စီမံကိန္းနဲ႔ပတ္သက္ၿပီး မွားယြင္းတဲ့ေကာက္ခ်က္ခ်မႈေတြနဲ႔ မေတာ္တဆျဖစ္ပြားလာႏိုင္တဲ့ ပဋိပကၡေတြကို ေရွာင္ရွားႏိုင္ဖို႔အတြက္ ေတာင္ကိုရီးယားမွာရွိတဲ့ အေမရိကန္စစ္တပ္ကို မက္ေဆ့ခ်္တစ္ခုေပးပို႔ခဲ့တယ္လို႔ ေျမာက္ကိုရီးယားစစ္တပ္က မွတ္ခ်က္ျပဳေျပာဆိုထားပါတယ္။

ေျမာက္ကိုရီးယားနယ္စပ္မွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြလုပ္ေဆာင္တာမ်ိဳးကို မေတြ႕ရေသးေပမယ့္လည္း လက္ရွိအေနအထားေတြကို ေျပာင္းလဲႏိုင္တဲ့ အိမ္နီးခ်င္းႏိုင္ငံရဲ႕လုပ္ေဆာင္မႈေတြအားလုံးကို လ်စ္လ်ဴရႈထားမွာမဟုတ္ဘူးလို႔ ေတာင္ကိုရီးယားအစိုးရကေျပာၾကားခဲ့ပါတယ္။ၿပီးေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြကေန ျဖစ္ေပၚလာႏိုင္တဲ့ ဘယ္လိုအေျခ အေနေတြအတြက္မဆို ေျမာက္ကိုရီးယားမွာတာဝန္ရွိတယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံးက သတိေပးေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.