နာမည်ကျော်အဆိုတော်မက်ဒေါနားရဲ့မောင်ဖြစ်သူ ကင်ဆာရောဂါဖြင့်ကွယ်လွန်

 217

Pika (NP News) - အောက်တိုဘာ ၁ဝ

အမေရိကန်နာမည်ကျော်အဆိုတော်နှင့်ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သူ မက်ဒေါနား၏ မောင်ဖြစ်သူ အနုပညာရှင်၊ အကသမား နှင့် ဒီဇိုင်နာ ခရစ္စတိုဖာစ္စကုန်းသည် အသက်(၆၃)နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းသိရသည်။

ခရစ္စတိုဖာစ္စကုန်းသည် ပြီးခဲ့သည့်အောက်တိုဘာလ(၄)ရက်နေ့တွင် မီချီဂန်ပြည်နယ်ရှိ ၎င်း၏နေအိမ်မှာ ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားခဲ့ခြင်းဖြစ် ကြောင်း ၎င်း၏ကိုယ်စားလှယ် ဘရက်တေလာက ပြောကြားခဲ့သည်။ မက်ဒေါနားသည် ၎င်းနှင့်အတူနှစ်ပေါင်းများစွာ ဖြတ်သန်းလာသည့် မောင်ဖြစ်သူသေဆုံးမှုအတွက် ဝမ်းနည်းကြောင်းစာတစ်စောင်ကို အင်စတာဂရမ်တွင်တင်ခဲ့ကြောင်းလည်း သိရသည်။ မက်ဒေါနားက "ခရစ္စတိုဖာစ္စကုန်းဟာ ကျွန်မနဲ့အချိန်အကြာကြီး အနီးကပ်ဆုံးရှိနေခဲ့တဲ့လူတစ်ယောက်ပါ။ ကျွန်မတို့ကြား သံယောဇဉ်က တကယ်ကိုကြီးမားပြီး သူ့ကိုဆုံးရှုံးခဲ့ရတဲ့အတွက် တကယ်ကိုဝမ်းနည်းရပါတယ်"ဟု ရေးသားဖော်ပြခဲ့သည်။

ခရစ္စတိုဖာစ္စကုန်းသည် (၂၀၁၆)ခုနှစ်တွင် ဗြိတိန်ရုပ်ရှင်သရုပ်ဆောင် ရေးသက်ကာနှင့် လက်ထပ်ခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ခရစ္စတိုဖာစ္စကုန်းသည် ၎င်း၏မိသားစုနှင့် နီးနီးကပ်ကပ်ရှိနေစေရန်အတွက် မီချီဂန်ပြည်နယ်အောက်ပိုင်းသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ယခုကဲ့သို့ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ မက်ဒေါနားက"သူနောက်ထပ် ဝေဒနာခံစားရတာတွေမရှိတော့ဘဲ အေးအေးချမ်းချမ်းနဲ့ကွယ်လွန်သွားခဲ့လို့ ကျွန်မဝမ်းသာပါတယ်။ သူ့နဲ့တူတဲ့လူမျိုး ဘယ်တော့မှထပ်ရှိမှာမဟုတ်တော့ပါဘူး။ သူတစ်နေရာရာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကခုန်နေမယ်ဆိုတာ ကျွန်မသိပါတယ်"ဟု ပြောဆိုခဲ့သည်။

မက်ဒေါနားသည် ကင်ဆာရောဂါဖြစ်နေသော ၎င်း၏မိထွေးဖြစ်သူ ဂျိုအန်ကလဲစ္စကုန်းကို ပြီးခဲ့သည့်သီတင်းပတ်အနည်းငယ်ကပင် ဆုံးရှုံးခဲ့ရပြီး (၂၀၂၃)ခုနှစ်အစောပိုင်းတွင် အစ်ကိုဖြစ်သူ အန်သိုနီစ္စကုန်းကို ဆုံးရှုံးခဲ့ရပြီးနောက် မောင်ဖြစ်သူ ခရစ္စတိုဖာစ္စကုန်းကို ယခုလိုထပ်မံဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

zawgyi version
နာမည္ေက်ာ္အဆိုေတာ္မက္ေဒါနားရဲ႕ေမာင္ျဖစ္သူ ကင္ဆာေရာဂါျဖင့္ကြယ္လြန္
Pika (NP News) - ေအာက္တိုဘာ ၁ဝ

အေမရိကန္နာမည္ေက်ာ္အဆိုေတာ္ႏွင့္႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ဦးျဖစ္သူ မက္ေဒါနား၏ ေမာင္ျဖစ္သူ အႏုပညာရွင္၊ အကသမား ႏွင့္ ဒီဇိုင္နာ ခရစၥတိုဖာစၥကုန္းသည္ အသက္(၆၃)ႏွစ္အ႐ြယ္ျဖင့္ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္းသိရသည္။

ခရစၥတိုဖာစၥကုန္းသည္ ၿပီးခဲ့သည့္ေအာက္တိုဘာလ(၄)ရက္ေန႔တြင္ မီခ်ီဂန္ျပည္နယ္ရွိ ၎၏ေနအိမ္မွာ ကင္ဆာေရာဂါျဖင့္ကြယ္လြန္သြားခဲ့ျခင္းျဖစ္ ေၾကာင္း ၎၏ကိုယ္စားလွယ္ ဘရက္ေတလာက ေျပာၾကားခဲ့သည္။ မက္ေဒါနားသည္ ၎ႏွင့္အတူႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းလာသည့္ ေမာင္ျဖစ္သူေသဆုံးမႈအတြက္ ဝမ္းနည္းေၾကာင္းစာတစ္ေစာင္ကို အင္စတာဂရမ္တြင္တင္ခဲ့ေၾကာင္းလည္း သိရသည္။ မက္ေဒါနားက "ခရစၥတိုဖာစၥကုန္းဟာ ကြၽန္မနဲ႔အခ်ိန္အၾကာႀကီး အနီးကပ္ဆုံးရွိေနခဲ့တဲ့လူတစ္ေယာက္ပါ။ ကြၽန္မတို႔ၾကား သံေယာဇဥ္က တကယ္ကိုႀကီးမားၿပီး သူ႔ကိုဆုံးရႈံးခဲ့ရတဲ့အတြက္ တကယ္ကိုဝမ္းနည္းရပါတယ္"ဟု ေရးသားေဖာ္ျပခဲ့သည္။

ခရစၥတိုဖာစၥကုန္းသည္ (၂၀၁၆)ခုႏွစ္တြင္ ၿဗိတိန္႐ုပ္ရွင္သ႐ုပ္ေဆာင္ ေရးသက္ကာႏွင့္ လက္ထပ္ခဲ့ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ခရစၥတိုဖာစၥကုန္းသည္ ၎၏မိသားစုႏွင့္ နီးနီးကပ္ကပ္ရွိေနေစရန္အတြက္ မီခ်ီဂန္ျပည္နယ္ေအာက္ပိုင္းသို႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ယခုကဲ့သို႔ကြယ္လြန္သြားခဲ့ျခင္းျဖစ္သည္။ မက္ေဒါနားက"သူေနာက္ထပ္ ေဝဒနာခံစားရတာေတြမရွိေတာ့ဘဲ ေအးေအးခ်မ္းခ်မ္းနဲ႔ကြယ္လြန္သြားခဲ့လို႔ ကြၽန္မဝမ္းသာပါတယ္။ သူ႔နဲ႔တူတဲ့လူမ်ိဳး ဘယ္ေတာ့မွထပ္ရွိမွာမဟုတ္ေတာ့ပါဘူး။ သူတစ္ေနရာရာမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ကခုန္ေနမယ္ဆိုတာ ကြၽန္မသိပါတယ္"ဟု ေျပာဆိုခဲ့သည္။

မက္ေဒါနားသည္ ကင္ဆာေရာဂါျဖစ္ေနေသာ ၎၏မိေထြးျဖစ္သူ ဂ်ိဳအန္ကလဲစၥကုန္းကို ၿပီးခဲ့သည့္သီတင္းပတ္အနည္းငယ္ကပင္ ဆုံးရႈံးခဲ့ရၿပီး (၂၀၂၃)ခုႏွစ္အေစာပိုင္းတြင္ အစ္ကိုျဖစ္သူ အန္သိုနီစၥကုန္းကို ဆုံးရႈံးခဲ့ရၿပီးေနာက္ ေမာင္ျဖစ္သူ ခရစၥတိုဖာစၥကုန္းကို ယခုလိုထပ္မံဆုံးရႈံးခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.