မလေးရှားမှာ (၁၉)လသား ကလေးငယ်တစ်ဦးမှာ ရှားပါးသားအိမ်ကင်ဆာ စစ်ဆေးတွေ့ရှိ

 322

ရောင်နီ (NP News) - အောက်တိုဘာ ၁၁

မလေးရှားနိုင်ငံ၊ ဆားဘက်ပြည်နယ်မှာ အသက်(၁၉)လသားအရွယ် ကလေးငယ်တစ်ဦးဟာ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာသာ ဖြစ်ပွားလေ့ရှိတဲ့ သားအိမ်ကင်ဆာရှိနေတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ကလေးဟာ ဝမ်းချုပ်ခြင်း၊ ဗိုက်ဖောင်းခြင်းတို့ စတင်ခံစားခဲ့ရပေမယ့် စကားမပြောတတ်သေးတာကြောင့် ငိုပဲငိုနေခဲ့တယ်လို့ ကလေးရဲ့ မိခင်ဖြစ်သူ မစ္စဖာလာရီစတီရာဆင်တန် (၂၅ နှစ်)က ပြောပါတယ်။ ကလေးကိုဆေးရုံတင်ပြီး ဆေးကုသခဲ့ရာမှ ဆရာဝန်တွေက (၁၃.၅) စင်တီမီတာ အရှည်ရှိတဲ့ အကျိတ်တစ်ခုကိုတွေ့ရှိခဲ့ပြီး အောက်တိုဘာ ၂ ရက်မှာ ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်ပြီးတဲ့နောက်မှာတော့ ကလေးမှာ သား အိမ်ကင်ဆာ အဆင့်သုံးရှိနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ သားအိမ်ကင်ဆာမှာ အဆင့်လေးဆင့်ရှိပြီး အဆင့်လေးကတော့ အဆိုးဆုံးဖြစ်ပါတယ်။ ကလေးကိုတော့ နောက်ပိုင်းဓာတ်ကင်ကုထုံးနဲ့ ကုသသွားမယ်လို့ သိရပါတယ်။ အဆင့်(၃) သားအိမ်ကင်ဆာဟာ ပုံမှန်အားဖြင့် သားဥအိမ်တစ်ခု သို့မဟုတ် ဝမ်းဗိုက်အနီးမှ တင်ပါးဆုံတွေကို ကင်ဆာဆဲလ်တွေ ပျံ့နှံ့နေတဲ့အဆင့်ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ အကျိုးအမြတ်မယူတဲ့ Ovarian Cancer Research Alliance (Ocra) အရ သိရပါတယ်။

သားအိမ်ကင်ဆာ ဖြစ်ပွားသူ အမျိုးသမီး (၉ဝ)ရာခိုင်နှုန်းခန့်ဟာ အသက် ၄ဝ ကျော်သူတွေသာ ဖြစ်တယ်လို့ Ocra က ဆိုပါတယ်။

zawgyi version
မေလးရွားမွာ (၁၉)လသား ကေလးငယ္တစ္ဦးမွာ ရွားပါးသားအိမ္ကင္ဆာ စစ္ေဆးေတြ႕ရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၁

မေလးရွားႏိုင္ငံ၊ ဆားဘက္ျပည္နယ္မွာ အသက္(၁၉)လသားအ႐ြယ္ ကေလးငယ္တစ္ဦးဟာ အသက္ႀကီးတဲ့ အမ်ိဳးသမီးေတြမွာသာ ျဖစ္ပြားေလ့ရွိတဲ့ သားအိမ္ကင္ဆာရွိေနတာ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

ကေလးဟာ ဝမ္းခ်ဳပ္ျခင္း၊ ဗိုက္ေဖာင္းျခင္းတို႔ စတင္ခံစားခဲ့ရေပမယ့္ စကားမေျပာတတ္ေသးတာေၾကာင့္ ငိုပဲငိုေနခဲ့တယ္လို႔ ကေလးရဲ႕ မိခင္ျဖစ္သူ မစၥဖာလာရီစတီရာဆင္တန္ (၂၅ ႏွစ္)က ေျပာပါတယ္။ ကေလးကိုေဆး႐ုံတင္ၿပီး ေဆးကုသခဲ့ရာမွ ဆရာဝန္ေတြက (၁၃.၅) စင္တီမီတာ အရွည္ရွိတဲ့ အက်ိတ္တစ္ခုကိုေတြ႕ရွိခဲ့ၿပီး ေအာက္တိုဘာ ၂ ရက္မွာ ခြဲစိတ္မႈ ျပဳလုပ္ခဲ့ပါတယ္။ ခြဲစိတ္ၿပီးတဲ့ေနာက္မွာေတာ့ ကေလးမွာ သား အိမ္ကင္ဆာ အဆင့္သုံးရွိေနတယ္လို႔ အတည္ျပဳခဲ့ပါတယ္။ သားအိမ္ကင္ဆာမွာ အဆင့္ေလးဆင့္ရွိၿပီး အဆင့္ေလးကေတာ့ အဆိုးဆုံးျဖစ္ပါတယ္။ ကေလးကိုေတာ့ ေနာက္ပိုင္းဓာတ္ကင္ကုထုံးနဲ႔ ကုသသြားမယ္လို႔ သိရပါတယ္။ အဆင့္(၃) သားအိမ္ကင္ဆာဟာ ပုံမွန္အားျဖင့္ သားဥအိမ္တစ္ခု သို႔မဟုတ္ ဝမ္းဗိုက္အနီးမွ တင္ပါးဆုံေတြကို ကင္ဆာဆဲလ္ေတြ ပ်ံ႕ႏွံ႔ေနတဲ့အဆင့္ျဖစ္တယ္လို႔ ကမာၻလုံးဆိုင္ရာ အက်ိဳးအျမတ္မယူတဲ့ Ovarian Cancer Research Alliance (Ocra) အရ သိရပါတယ္။

သားအိမ္ကင္ဆာ ျဖစ္ပြားသူ အမ်ိဳးသမီး (၉ဝ)ရာခိုင္ႏႈန္းခန႔္ဟာ အသက္ ၄ဝ ေက်ာ္သူေတြသာ ျဖစ္တယ္လို႔ Ocra က ဆိုပါတယ္။

Related news

© 2021. All rights reserved.