ထိုင်းတွင် မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှုမြင့်တက်နေခြင်းကြောင့် ပြည်တွင်း၌ ဆုံးရှုံးမှုများရှိနေပြီး ဖြေလျှော့သင့်သည်များကို ဖြေလျှော့ရန် လိုအပ်နေ

 415

ယွန်း (NP News) - အောက်တိုဘာ ၁၁

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ ကွန်ဒို ဝယ်ယူမှုမြင့်တက်နေခြင်းကြောင့် ပြည်တွင်း၌ ဆုံးရှုံးမှုများရှိနေပြီး ဆောက်လုပ်ရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးရေး ဖြေလျှော့သင့်သည်များကို ဖြေလျှော့ရန်လိုအပ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက NP News မှတစ်ဆင့် အကြုံပြုပြောကြားသည်။

ပြည်တွင်း၌ စီးပွားရေးဆိုင်ရာ မူဝါဒလွဲမှား နေမှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန် မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်နိုင်ရန် ကွန်ဒိုများကို ပိုမိုဝယ်ယူလာကြောင်းသိရသည်။

“ပြည်တွင်းရဲ့ နိုင်ငံရေးအခြေအနေနဲ့ စီးပွားရေးအခြေ အနေပေါ်မှာ အားလုံးကမူတည်နေတယ်။ စီးပွားရေး အခြေအနေကိုမှီပြီးတော့ စိုးရိမ်စိတ်နဲ့ နိုင်ငံခြားမှာ သွားဝယ်ကြတယ်။ ပြီးရင် စစ်မှုမထမ်းမနေရဥပ‌ဒေကြောင့် ရှောင် ချင်တာတို့၊ အဲဒီလိုမျိုးတွေများလာကြတယ်”ဟု ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။

ယခု (၂၀၂၄) ခုနှစ်၏ ပထမခြောက်လ အတွင်း မြန်မာနိုင်ငံသားများက တန်ဖိုး ဘတ်ငွေ (၃) ဒသမ (၂၄) ဘီလျံဖိုးရှိ ကွန်ဒိုအခန်းပေါင်း (၆၃၈)ခန်းကို ထိုင်းနိုင်ငံတွင်ဝယ်ယူခဲ့ပြီး ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် တစ်နှစ်လုံးဝယ်ခဲ့သည့် ပမာဏထက် ပိုမိုများ ပြားကြောင်း ထိုင်းနိုင်ငံရှိ အိမ်ခြံမြေ အရောင်း အဝယ် သတင်းအချက်အလက်ဗဟို(REIC)၏ အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှု စတင်မြင့်မား လာရာ နိုင်ငံရေးအခင်းအကျင်းစတင် ဖြစ်ပွားခဲ့သည့် (၂၀၂၁) ခုနှစ်မှစ၍ ယခု (၂၀၂၄) ခု နှစ် (၆)လတာကာလအထိ ထိုင်းဘတ်ငွေ (၁၀) ဘီ လျံနီးပါးဝယ်ယူထားခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ရသင့်သည့်အခွန်အခများအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။

‘‘နိုင်ငံက စီးပွားရေးမူဝါဒက လွဲမှားနေ လို့ပေါ့။ နိုင်ငံရေး နည်းနည်းလေးမတည်ငြိမ်ရင်တောင် စီးပွားရေးကို အားထည့်လုပ်ရင် ဒီ‌လောက်ဆုံးရှုံးစရာ မရှိဘူး။ အခုက စီးပွားရေးမူဝါဒတွေကလည်း မှားယွင်းနေတော့ ပိုက်ဆံတွေက နိုင်ငံခြားကို မရောက်သင့်ဘဲရောက်ကုန်တာပေါ့။ ဘတ်ငွေ (၁၀) ဘီလျံဆို ရင် မြန်မာနိုင်ငံမှာ ကွန်ဒို(၁၄)လုံး၊ (၁၅)လုံးလောက် ဆောက်လို့ရတယ်။ ကွန်ဒို(၁)လုံးမှာ အခန်း(၁၀ဝ)ပါမယ်။ တစ်လုံးကို မြန်မာငွေဘီလျံ(၁၀ဝ)နီးပါးပေါ့။ တစ်ဖက်မှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းလည်း အများကြီးတက်လာမယ်။ အခန်း(၁၀ဝ)ရှိတဲ့ ကွန်ဒို တစ်လုံးဆောက်မယ်ဆိုရင် အနည်းဆုံး အလုပ်သမား (၄၀ဝ) လောက်သုံးရတယ်။ ကွန်ဒို (၁၄) လုံးဆိုရင် အလုပ်သမား(၅၀ဝဝ)၊ (၆၀ဝဝ)လောက်တော့ အလုပ်ရသွားမယ်။ သူနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေပါ ပေါင်းရင်တော့ အနည်းဆုံး (၂၀ဝဝဝ)၊ (၃၀ဝဝဝ)လောက် အလုပ်ရသွားမှာပေါ့။ ဒါပေမဲ့ ပြည်တွင်းမှာ က ‌ဆောက်ဖို့ပစ္စည်းက ဘာမှမရှိဘူးလေ။ ဘာမှ သွင်းလို့မရဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

(၂၀၂၁) ခုနှစ်တွင် ဘတ် (၂၇၄) သန်း တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း (၃၀) သာဝယ်ယူမှုရှိခဲ့ရာ (၂၀၂၂) ခုနှစ်တွင် ဘတ် ( ၂ ဒသမ ၅၅ )ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း (၃၄၉) ခန်းအထိ မြင့် တက်လာပြီး (၂၀၂၃) ခုနှစ်တွင် မြန်မာနိုင်ငံ သားများ ဝယ်ယူသည့် ကွန်ဒိုအခန်း (၅၆၄) ခန်း၊ ဘတ်ငွေ (၃ ဒသမ ၇) ဘီလျံ အထိရှိခဲ့ကြောင်းသိရသည်။ လက်ရှိတွင် ပြည်တွင်း၌ ဆောက်လုပ်ရေး ပစ္စည်းများအပါအဝင် အခြားကုန်ပစ္စည်းများကို သွင်း ကုန်ပါမစ်များ ကန့်သတ်ထားခြင်းကြောင့် စီးပွားရေး များအားလုံးနီးပါး အလုပ်လုပ်ရာတွင် ပိုမိုခက်ခဲလာကြောင်း ၎င်းကဆိုသည်။

‘‘အခုထိလည်း ဘာမှသွင်းမရဘူး။ သံဆိုလည်း သွင်းမရဘူး၊ ကျောက်ပြားဆိုလည်း သွင်းလို့မရဘူး။ ဆေးဆို လည်း ဒီမှာဆေးစက်ရုံတွေရှိပေမယ့် ကုန်ကြမ်းသွင်းလို့မရဘူး။ ဘာပါမစ်မှမရတော့ ပြည်တွင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းက လုပ်ရတာပို ခက်လာတာပေါ့။ ဆောက်လုပ်ရေးမှမဟုတ်ပါဘူး။ ပြည်တွင်းမှာက စီးပွားရေးအားလုံး လုပ်ရ တာခက်လာတယ်။ ခက်လာလို့လည်း အကုန်လုံးက နိုင်ငံခြားကို ထွက်ကြတာ။ အခုဆိုရင် ထိုင်းနဲ့ မြန်မာနဲ့ ဆောက် လုပ်ရေးစရိတ်ချင်းယှဉ်ကြည့်ရင်တောင် မြန်မာက ဆောက်လုပ်ရေးစရိတ်ကပိုကြီးနေတယ်”ဟု အထက်ပါစီးပွားရေး လုပ်ငန်းရှင်က ပြောသည်။

ထို့ပြင် ပြည်ပ၌ကွန်ဒိုဝယ်ယူမှုများကို ယခုထက်ပို၍ ထိရောက်စွာအရေးယူသင့်ပြီး ပြည်တွင်းရှိ ဆောက်လုပ်ရေးကဏ္ဍ ပြန်လည်ကောင်းမွန်လာရေး အတွက် စီးပွားရေးဆိုင်ရာမူဝါဒများကိုဖြေလျှော့သင့်ကြောင်း သုံးသပ်မှုများ လည်း ရှိနေသည်။‘‘ပထမ တစ်ခေါက်ကတော့ ကွန်ဒိုတွေကို နိုင်ငံခြားမှာဝယ်ရင် ဗဟိုဘဏ်က အရေးယူမယ်ဆိုပြီး လုပ်လိုက် သေးတယ်။ သေချာလုပ်ရင်တော့ ပြဿနာမရှိဘူး။ သေချာမလုပ်လိုက်တော့ ဈေးကွက်ကိုလာဆွသလို ဖြစ်သွားတာ။ ဆောက်လုပ်ရေးတွေ၊ ပြည်တွင်းစီး ပွားရေးတွေကောင်းအောင်တော့ စီးပွားရေးမူဝါဒတွေ ဖြည်ချမှရမယ်။ မဖြည်ဘဲနဲ့ နထစသမအ ပို့မှရမယ်တို့ ဘာတို့နဲ့ကတော့ အဆင်မပြေဘူး။ အပ်ကုန်စနစ်နဲ့ ကုန်သွယ်မှုမလုပ်ရင်တော့ ဘယ်လိုမှအဆင်မပြေဘူး။ ဘန်ကောက်မှာ ကွန်ဒိုဝယ်တာဆိုတာက တရားမဝင်ငွေကြးလွှဲပြောင်းမှုဖြစ်တဲ့အတွက် နိုင်ငံတော်အနေနဲ့ ထိထိရောက်ရောက်အရေးယူသင့်တယ်။ တို့ခနဲဆိတ်ခနဲလုပ်နေရင်တော့ ဘာမှထူးမှာမဟုတ် ဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။ နိုင်ငံရေးအခင်းအကျင်း စတင်ဖြစ်ပွားပြီးနောက် လက်ရှိအချိန်အထိ (၃)နှစ် ကျော်ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်း (၄၀) ရာခိုင်နှုန်းနီးပါး ရပ်နားခဲ့ရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှသိရသည်။

zawgyi version
ထိုင္းတြင္ ျမန္မာႏိုင္ငံသားမ်ား ကြန္ဒိုဝယ္ယူမႈျမင့္တက္ေနျခင္းေၾကာင့္ ျပည္တြင္း၌ ဆုံးရႈံးမႈမ်ားရွိေနၿပီး ေျဖေလွ်ာ့သင့္သည္မ်ားကို ေျဖေလွ်ာ့ရန္ လိုအပ္ေန ယြန္း (NP News) - ေအာက္တိုဘာ ၁၁

ထိုင္းႏိုင္ငံတြင္ ျမန္မာႏိုင္ငံသားမ်ား ကြန္ဒို ဝယ္ယူမႈျမင့္တက္ေနျခင္းေၾကာင့္ ျပည္တြင္း၌ ဆုံးရႈံး မႈမ်ားရွိေနၿပီးေဆာက္လုပ္ေရးက႑ ျပန္လည္ဖြံ႕ၿဖိဳးေရး ေျဖေလွ်ာ့သင့္သည္မ်ားကို ေျဖေလွ်ာ့ရန္လိုအပ္ေနေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားက NP News မွတစ္ဆင့္ အႀကဳံျပဳေျပာၾကားသည္။

ျပည္တြင္း၌ စီးပြားေရးဆိုင္ရာ မူဝါဒလြဲမွား ေနမႈမ်ားႏွင့္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားေၾကာင့္ ျမန္ မာႏိုင္ငံသားမ်ား အေနျဖင့္ ထိုင္းႏိုင္ငံတြင္ ေနထိုင္ႏိုင္ရန္ ကြန္ဒိုမ်ားကို ပိုမိုဝယ္ယူလာေၾကာင္းသိရသည္။

“ျပည္တြင္းရဲ႕ ႏိုင္ငံေရးအေျခအေနနဲ႔ စီးပြားေရးအေျခ အေနေပၚမွာ အားလုံးကမူတည္ေနတယ္။ စီးပြားေရး အေျခအေနကိုမွီၿပီးေတာ့ စိုးရိမ္စိတ္နဲ႔ ႏိုင္ငံျခားမွာ သြားဝယ္ၾကတယ္။ ၿပီးရင္ စစ္မႈမထမ္းမေနရဥပ‌ေဒေၾကာင့္ ေရွာင္ ခ်င္တာတို႔၊ အဲဒီလိုမ်ိဳးေတြမ်ားလာၾကတယ္”ဟု ျပည္တြင္းရွိ ပို႔ကုန္လုပ္ငန္းရွင္ႀကီးတစ္ဦးက ေျပာသည္။

ယခု (၂၀၂၄) ခုႏွစ္၏ ပထမေျခာက္လ အတြင္း ျမန္မာႏိုင္ငံသားမ်ားက တန္ဖိုး ဘတ္ေငြ (၃) ဒသမ (၂၄) ဘီလ်ံဖိုးရွိ ကြန္ဒိုအခန္းေပါင္း (၆၃၈)ခန္းကို ထိုင္းႏိုင္ငံတြင္ဝယ္ယူခဲ့ၿပီး ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္ တစ္ႏွစ္လုံးဝယ္ခဲ့သည့္ ပမာဏထက္ ပိုမိုမ်ား ျပားေၾကာင္း ထိုင္းႏိုင္ငံရွိ အိမ္ၿခံေျမ အေရာင္း အဝယ္ သတင္းအခ်က္အလက္ဗဟို(REIC)၏ အခ်က္အလက္မ်ားအရ သိရသည္။ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ၿပီးခဲ့သည့္ (၂၀၂၂)ခုႏွစ္မွစ၍ ထိုင္းႏိုင္ငံတြင္ ကြန္ဒိုဝယ္ယူမႈ စတင္ျမင့္မား လာရာ ႏိုင္ငံေရးအခင္းအက်င္းစတင္ ျဖစ္ပြားခဲ့သည့္ (၂၀၂၁) ခုႏွစ္မွစ၍ ယခု (၂၀၂၄) ခု ႏွစ္ (၆)လတာကာလအထိ ထိုင္းဘတ္ေငြ (၁၀) ဘီ လ်ံနီးပါးဝယ္ယူထားျခင္းေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ ရသင့္သည့္အခြန္အခမ်ားအပါအဝင္ အလုပ္အကိုင္အခြင့္အလမ္းမ်ားလည္း ဆုံးရႈံးလ်က္ရွိေၾကာင္း သိရသည္။

‘‘ႏိုင္ငံက စီးပြားေရးမူဝါဒက လြဲမွားေန လို႔ေပါ့။ ႏိုင္ငံေရး နည္းနည္းေလးမတည္ၿငိမ္ရင္ေတာင္ စီးပြားေရးကို အားထည့္လုပ္ရင္ ဒီ‌ေလာက္ဆုံးရႈံးစရာ မရွိဘူး။ အခုက စီးပြားေရးမူဝါဒေတြကလည္း မွားယြင္းေနေတာ့ ပိုက္ဆံေတြက ႏိုင္ငံျခားကို မေရာက္သင့္ဘဲေရာက္ကုန္တာေပါ့။ ဘတ္ေငြ (၁၀) ဘီလ်ံဆို ရင္ ျမန္မာႏိုင္ငံမွာ ကြန္ဒို(၁၄)လုံး၊ (၁၅)လုံးေလာက္ ေဆာက္လို႔ရတယ္။ ကြန္ဒို(၁)လုံးမွာ အခန္း(၁၀ဝ)ပါမယ္။ တစ္လုံးကို ျမန္မာေငြဘီလ်ံ(၁၀ဝ)နီးပါးေပါ့။ တစ္ဖက္မွာရွိတဲ့ အလုပ္အကိုင္အခြင့္အလမ္းလည္း အမ်ားႀကီးတက္လာမယ္။ အခန္း(၁၀ဝ)ရွိတဲ့ ကြန္ဒို တစ္လုံးေဆာက္မယ္ဆိုရင္ အနည္းဆုံး အလုပ္သမား (၄၀ဝ) ေလာက္သုံးရတယ္။ ကြန္ဒို (၁၄) လုံးဆိုရင္ အလုပ္သမား(၅၀ဝဝ)၊ (၆၀ဝဝ)ေလာက္ေတာ့ အလုပ္ရသြားမယ္။ သူနဲ႔ ဆက္စပ္တဲ့လုပ္ငန္းေတြပါ ေပါင္းရင္ေတာ့ အနည္းဆုံး (၂၀ဝဝဝ)၊ (၃၀ဝဝဝ)ေလာက္ အလုပ္ရသြားမွာေပါ့။ ဒါေပမဲ့ ျပည္တြင္းမွာ က ‌ေဆာက္ဖို႔ပစၥည္းက ဘာမွမရွိဘူးေလ။ ဘာမွ သြင္းလို႔မရဘူး”ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

(၂၀၂၁) ခုႏွစ္တြင္ ဘတ္ (၂၇၄) သန္း တန္ဖိုးရွိ ကြန္ဒိုတိုက္ခန္း (၃၀) သာဝယ္ယူမႈရွိခဲ့ရာ (၂၀၂၂) ခုႏွစ္တြင္ ဘတ္ ( ၂ ဒသမ ၅၅ )ဘီလီယံ တန္ဖိုးရွိ ကြန္ဒိုတိုက္ခန္း (၃၄၉) ခန္းအထိ ျမင့္ တက္လာၿပီး (၂၀၂၃) ခုႏွစ္တြင္ ျမန္မာႏိုင္ငံ သားမ်ား ဝယ္ယူသည့္ ကြန္ဒိုအခန္း (၅၆၄) ခန္း၊ ဘတ္ေငြ (၃ ဒသမ ၇) ဘီလ်ံ အထိရွိခဲ့ေၾကာင္းသိရသည္။ လက္ရွိတြင္ ျပည္တြင္း၌ ေဆာက္လုပ္ေရး ပစၥည္းမ်ားအပါအဝင္ အျခားကုန္ပစၥည္းမ်ားကို သြင္း ကုန္ပါမစ္မ်ား ကန႔္သတ္ထားျခင္းေၾကာင့္ စီးပြားေရး မ်ားအားလုံးနီးပါး အလုပ္လုပ္ရာတြင္ ပိုမိုခက္ခဲလာေၾကာင္း ၎ကဆိုသည္။

‘‘အခုထိလည္း ဘာမွသြင္းမရဘူး။ သံဆိုလည္း သြင္းမရဘူး၊ ေက်ာက္ျပားဆိုလည္း သြင္းလို႔မရဘူး။ ေဆးဆို လည္း ဒီမွာေဆးစက္႐ုံေတြရွိေပမယ့္ ကုန္ၾကမ္းသြင္းလို႔မရဘူး။ ဘာပါမစ္မွမရေတာ့ ျပည္တြင္းမွာ ေဆာက္လုပ္ေရး လုပ္ငန္းက လုပ္ရတာပို ခက္လာတာေပါ့။ ေဆာက္လုပ္ေရးမွမဟုတ္ပါဘူး။ ျပည္တြင္းမွာက စီးပြားေရးအားလုံး လုပ္ရ တာခက္လာတယ္။ ခက္လာလို႔လည္း အကုန္လုံးက ႏိုင္ငံျခားကို ထြက္ၾကတာ။ အခုဆိုရင္ ထိုင္းနဲ႔ ျမန္မာနဲ႔ ေဆာက္ လုပ္ေရးစရိတ္ခ်င္းယွဥ္ၾကည့္ရင္ေတာင္ ျမန္မာက ေဆာက္လုပ္ေရးစရိတ္ကပိုႀကီးေနတယ္”ဟု အထက္ပါစီးပြားေရး လုပ္ငန္းရွင္က ေျပာသည္။

ထို႔ျပင္ ျပည္ပ၌ကြန္ဒိုဝယ္ယူမႈမ်ားကို ယခုထက္ပို၍ ထိေရာက္စြာအေရးယူသင့္ၿပီး ျပည္တြင္းရွိ ေဆာက္လုပ္ေရးက႑ ျပန္လည္ေကာင္းမြန္လာေရး အတြက္ စီးပြားေရးဆိုင္ရာမူဝါဒမ်ားကိုေျဖေလွ်ာ့သင့္ေၾကာင္း သုံးသပ္မႈမ်ား လည္း ရွိေနသည္။‘‘ပထမ တစ္ေခါက္ကေတာ့ ကြန္ဒိုေတြကို ႏိုင္ငံျခားမွာဝယ္ရင္ ဗဟိုဘဏ္က အေရးယူမယ္ဆိုၿပီး လုပ္လိုက္ ေသးတယ္။ ေသခ်ာလုပ္ရင္ေတာ့ ျပႆနာမရွိဘူး။ ေသခ်ာမလုပ္လိုက္ေတာ့ ေဈးကြက္ကိုလာဆြသလို ျဖစ္သြားတာ။ ေဆာက္လုပ္ေရးေတြ၊ ျပည္တြင္းစီး ပြားေရးေတြေကာင္းေအာင္ေတာ့ စီးပြားေရးမူဝါဒေတြ ျဖည္ခ်မွရမယ္။ မျဖည္ဘဲနဲ႔ နထစသမအ ပို႔မွရမယ္တို႔ ဘာတို႔နဲ႔ကေတာ့ အဆင္မေျပဘူး။ အပ္ကုန္စနစ္နဲ႔ ကုန္သြယ္မႈမလုပ္ရင္ေတာ့ ဘယ္လိုမွအဆင္မေျပဘူး။ ဘန္ေကာက္မွာ ကြန္ဒိုဝယ္တာဆိုတာက တရားမဝင္ေငြၾကးလႊဲေျပာင္းမႈျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္အေနနဲ႔ ထိထိေရာက္ေရာက္အေရးယူသင့္တယ္။ တို႔ခနဲဆိတ္ခနဲလုပ္ေနရင္ေတာ့ ဘာမွထူးမွာမဟုတ္ ဘူး”ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကဆိုသည္။ ႏိုင္ငံေရးအခင္းအက်င္း စတင္ျဖစ္ပြားၿပီးေနာက္ လက္ရွိအခ်ိန္အထိ (၃)ႏွစ္ ေက်ာ္ကာလအတြင္း ေဆာက္လုပ္ေရးလုပ္ငန္း (၄၀) ရာခိုင္ႏႈန္းနီးပါး ရပ္နားခဲ့ရေၾကာင္း ေဆာက္လုပ္ေရး လုပ္ငန္းရွင္ အသိုင္းအဝိုင္းထံမွသိရသည္။

Related news

© 2021. All rights reserved.