နိုဝင်ဘာ ဆွေးနွေးပွဲအတွက် ဖိတ်ကြားမှုအစီအစဉ်များ စတင်ပြီဖြစ်သော်လည်း NUG ကို အိန္ဒိယတို့စာရင်းမသွင်း

 1579

Iris (NP News) - အောက်ဆိုဘာ ၁၁

အိန္ဒိယနိုင်ငံတွင် နိုဝင်ဘာလ၌ကျင်းပမည့် Federalism and constitutionalismခေါင်းစဉ် ဆိုင်ရာ ဆွေးနွေးပွဲများအတွက် မြန်မာ့နိုင်ငံရေးပါတီ များနှင့် လက်နက်ကိုင်အဖွဲ့များအား ဖိတ်ကြားမည့် အစီ အစဉ်ကို စတင်လှုပ်ရှားနေပြီဖြစ်ကြောင်း ဖိတ်ကြားခံထားရသူအချို့ထံမှ သတင်းရရှိသည်။

အတိုက်အခံ ပုန်ကန်သူများထံပေါက်ကြားခဲ့သည်ဟု ယူဆရသော အဆိုပါအစီအစဉ်အတွက် အိန္ဒိယ ဘက်က ဖိတ်ကြားရေးလုပ်ငန်းစဉ်မှာ အောက်တိုဘာ(၁)ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ (၈) ရက်နောက်ဆုံးထား၍ အကြောင်းပြန်ရန်လည်း ဖော်ပြထားသည်ဟု အီးမေးလ်ရရှိခဲ့သူတို့က NP News ကို အတည်ပြုသည်။ “ ကျွန်တော်ကတော့ တက်မှာပါ။ ဖက်ဒရယ်နဲ့ ဒီမိုက ရေစီကို ဘယ်လိုကျင့် သုံးမလဲဆိုတာ အိန္ဒိယပညာရှင် တွေက ပြန်လည်မျှဝေပို့ချမယ့် အစီအစဉ်ပါပဲ။ ကျွန် တော်တို့ဘက် ကလည်း အပြန်အလှန်ဆွေးနွေးမယ် ပေါ့ဗျာ။ ဒါက ဒုတိယမြောက်အစီအစဉ်လို့ သိရတယ်။ အရင်က မြန်မာပြည်မှာ လုပ်ဖူးတယ်။ အဲဒီဟာရဲ့အဆက် ဒုတိယပိုင်းပေါ့။ တတိယပိုင်း၊ စတုတ္ထပိုင်းတို့ လည်း လာလိမ့်မယ်ဗျ” ဟု အိန္ဒိယဘက်မှ အီးမေးလ် ဖြင့် ဖိတ်ကြားထားခြင်းကိုခံရသူ နိုင်ငံရေးပါတီ ခေါင်း ဆောင်တစ်ဦးက ပြောသည်။

လွန်ခဲ့သောရက်ပိုင်းက ပြည်ပြေးသတင်းဌာနများတွင် ဖော်ပြခဲ့သည့် သတင်းများတွင် အိန္ဒိယဘက်က NUG ကိုလည်း ထည့်သွင်း ဖိတ်ကြားခဲ့ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ NP News ၏ စုံစမ်းချက်အရ အိန္ဒိယဘက်ကဖြစ်စေ၊ ကြားခံစီစဉ်ပေးသည့် မြန်မာ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတစ်ခုဘက်ကဖြစ်စေ NUG ကို ဖိတ်ကြားရန်အစီအစဉ် လုံးဝမရှိခဲ့ကြောင်းနှင့် ဖိတ်ကြားထားခြင်းလည်း မရှိကြောင်း ပြန်လည်သိရသည်။ အထူးသဖြင့် ပြည်ပြေးနိုင်ငံရေးသမား အချို့ ဘက်က အိန္ဒိယထံအဆိုပြုတင်ပြရန်ကြိုးပမ်းခဲ့ဖူးသည့် မူကြမ်းစာရွက်တစ်ရွက်၌သာ NUG ဆိုသော စကားလုံးများ ပါဝင်ခဲ့ခြင်းမျိုးဖြစ်ပြီး အိန္ဒိယအစိုးရဘက်က အဆိုပါစာရွက်ကို မြင်ပင်မြင်ဖူးခဲ့ပုံမရဘဲ ရှောင်ဖယ် သွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ယင်းအတွက်ကြောင့် ပြည်ပြေးနိုင်ငံရေးသမားအချို့က Reuters သတင်းဌာန၏သတင်းထောက် ဝလုံး(ခ)ကျော်စိုးဦး ထံသို့ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့ခြင်း မျိုးသာ ဖြစ်နိုင်ကြောင်း မဲဆောက်အခြေစိုက် နိုင်ငံရေးသမားတစ်ဦး က ဖွင့်ဟသည်။

“အိန္ဒိယက တကယ်ဖိတ်ချင်တာက သူ့နယ်စပ်ခြံစည်းရိုးတစ်လျှောက်က လက်နက်ကိုင် တွေပဲ။ KIA ၊ CNF နဲ့ AA ပေါ့ဗျာ။ သူတို့က အဲဒီလို ဖိတ်ချင်ပေမယ့် နစကရဲ့သဘောထားမပါရင် သဘောတူညီမှုမရရင် စာရင်းထဲ က ဖယ်ထားမယ့် သဘောမျိုးပြသထားတယ်” ဟု အိန္ဒိယတွင် ကျင်းပမည့် နိုဝင်ဘာညီလာခံအကြောင်း သိရှိထားသူ ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ပြောသည်။ အထူးသဖြင့် ဖိတ်ကြားလိုသော လူစာရင်းကို အိန္ဒိယဘက်က အတည်ပြုဆုံးဖြတ်ပေးခြင်းမျိုးမဟုတ်ဘဲ ကြားခံ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က တင်ပြလာသည့် စာရင်းအပေါ် အခြေခံကာ နစကအကြီးအကဲ ရွေးချယ်ပေးသော လူစာရင်းအတိုင်း ဖိတ်ကြားခြင်းမျိုး ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။

ဖိတ်ကြားလိုသော လူစာရင်းသည် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နှင့် အိန္ဒိယအစိုးရ၏ကျောထောက်နောက်ခံပေးထားသော ICWA (Indian Council of World Affairs) တို့ထံတွင် ရှိထားပြီးသားဖြစ်သော်လည်း အဆိုပါစာရင်းကို နစကထိပ်ပိုင်းခေါင်းဆောင် များထံ တင်ပြပြီးမှသာ အတည်ပြုချက်အရ အီးမေးလ်ပေးပို့ ဖိတ်ကြားခြင်းမျိုးဖြစ်ကြောင်း သိရသည်။ ထွက်ပေါ်ခဲ့ပြီးသော ဝါဒဖြန့်သတင်းများတွင်မူ KIA ၊ CNF နှင့် AA တို့ကို အိန္ဒိယအစိုးရဘက်က ထည့်သွင်းဖိတ်ကြားခဲ့ပြီး NUG လည်း ပါဝင်သည်ဟု ဆိုသည်။ အခြား သော အတိုက်အခံနိုင်ငံရေးသမားများ၊ ပါတီများ၊ 7 EAOs အဖွဲ့အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံး၌ ပါဝင်ပတ် သက်နေသူများကိုပါ ထည့်သွင်းဖိတ်ကြားထားသည့်သဘောမျိုး တွေ့ရသည်။ သို့သော်လည်း မည်သည့်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခွင့်ရမည်ဆိုသည်ကို အိန္ဒိယ ဘက်က ဆုံးဖြတ်ပေးခြင်းမဟုတ်ဟု NP News က စုံစမ်းသိရှိထားသည်။ အိန္ဒိယအနေဖြင့်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်တို့ ပါဝင်ပတ်သက်နိုင်သည့် အခန်းကဏ္ဍထက်မလျော့သော ပါဝင်ပတ်သက်ကူညီပေးနိုင်မှုမျိုး ဖြစ်လာရန် သာ အားထုတ်နေသော်လည်း နစကခေါင်းဆောင်များ၏ သဘောထားနှင့်ဆန့်ကျင်သော မည်သည့် လုပ်ရပ်များမှ လုပ်ဆောင်သွားရန် အစီအစဉ်ရှိမနေကြောင်း သတင်းရင်းမြစ်အချို့ကအတည်ပြုသည်။

zawgyi version
ႏိုဝင္ဘာ ေဆြးေႏြးပြဲအတြက္ ဖိတ္ၾကားမႈအစီအစဥ္မ်ား စတင္ၿပီျဖစ္ေသာ္လည္း NUG ကို အိႏၵိယတို႔စာရင္းမသြင္း
Iris (NP News) - ေအာက္ဆိုဘာ ၁၁

အိႏၵိယႏိုင္ငံတြင္ ႏိုဝင္ဘာလ၌က်င္းပမည့္ Federalism and constitutionalismေခါင္းစဥ္ ဆိုင္ရာ ေဆြးေႏြးပြဲမ်ားအတြက္ ျမန္မာ့ႏိုင္ငံေရးပါတီ မ်ားႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားအား ဖိတ္ၾကားမည့္ အစီ အစဥ္ကို စတင္လႈပ္ရွားေနၿပီျဖစ္ေၾကာင္း ဖိတ္ၾကားခံထားရသူအခ်ိဳ႕ထံမွ သတင္းရရွိသည္။

အတိုက္အခံ ပုန္ကန္သူမ်ားထံေပါက္ၾကားခဲ့သည္ဟု ယူဆရေသာ အဆိုပါအစီအစဥ္အတြက္ အိႏၵိယ ဘက္က ဖိတ္ၾကားေရးလုပ္ငန္းစဥ္မွာ ေအာက္တိုဘာ(၁)ရက္တြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး ေအာက္တိုဘာ (၈) ရက္ေနာက္ဆုံးထား၍ အေၾကာင္းျပန္ရန္လည္း ေဖာ္ျပထားသည္ဟု အီးေမးလ္ရရွိခဲ့သူတို႔က NP News ကို အတည္ျပဳသည္။ “ ကြၽန္ေတာ္ကေတာ့ တက္မွာပါ။ ဖက္ဒရယ္နဲ႔ ဒီမိုက ေရစီကို ဘယ္လိုက်င့္ သုံးမလဲဆိုတာ အိႏၵိယပညာရွင္ ေတြက ျပန္လည္မွ်ေဝပို႔ခ်မယ့္ အစီအစဥ္ပါပဲ။ ကြၽန္ ေတာ္တို႔ဘက္ ကလည္း အျပန္အလွန္ေဆြးေႏြးမယ္ ေပါ့ဗ်ာ။ ဒါက ဒုတိယေျမာက္အစီအစဥ္လို႔ သိရတယ္။ အရင္က ျမန္မာျပည္မွာ လုပ္ဖူးတယ္။ အဲဒီဟာရဲ႕အဆက္ ဒုတိယပိုင္းေပါ့။ တတိယပိုင္း၊ စတုတၳပိုင္းတို႔ လည္း လာလိမ့္မယ္ဗ်” ဟု အိႏၵိယဘက္မွ အီးေမးလ္ ျဖင့္ ဖိတ္ၾကားထားျခင္းကိုခံရသူ ႏိုင္ငံေရးပါတီ ေခါင္း ေဆာင္တစ္ဦးက ေျပာသည္။

လြန္ခဲ့ေသာရက္ပိုင္းက ျပည္ေျပးသတင္းဌာနမ်ားတြင္ ေဖာ္ျပခဲ့သည့္ သတင္းမ်ားတြင္ အိႏၵိယဘက္က NUG ကိုလည္း ထည့္သြင္း ဖိတ္ၾကားခဲ့ေၾကာင္း ေရးသားထားသည္ကို ေတြ႕ရသည္။ NP News ၏ စုံစမ္းခ်က္အရ အိႏၵိယဘက္ကျဖစ္ေစ၊ ၾကားခံစီစဥ္ေပးသည့္ ျမန္မာ့ ၿငိမ္းခ်မ္းေရးအဖြဲ႕အစည္းတစ္ခုဘက္ကျဖစ္ေစ NUG ကို ဖိတ္ၾကားရန္အစီအစဥ္ လုံးဝမရွိခဲ့ေၾကာင္းႏွင့္ ဖိတ္ၾကားထားျခင္းလည္း မရွိေၾကာင္း ျပန္လည္သိရသည္။ အထူးသျဖင့္ ျပည္ေျပးႏိုင္ငံေရးသမား အခ်ိဳ႕ ဘက္က အိႏၵိယထံအဆိုျပဳတင္ျပရန္ႀကိဳးပမ္းခဲ့ဖူးသည့္ မူၾကမ္းစာ႐ြက္တစ္႐ြက္၌သာ NUG ဆိုေသာ စကားလုံးမ်ား ပါဝင္ခဲ့ျခင္းမ်ိဳးျဖစ္ၿပီး အိႏၵိယအစိုးရဘက္က အဆိုပါစာ႐ြက္ကို ျမင္ပင္ျမင္ဖူးခဲ့ပုံမရဘဲ ေရွာင္ဖယ္ သြားခဲ့သည္ဟု စုံစမ္းသိရွိရသည္။ ယင္းအတြက္ေၾကာင့္ ျပည္ေျပးႏိုင္ငံေရးသမားအခ်ိဳ႕က Reuters သတင္းဌာန၏သတင္းေထာက္ ဝလုံး(ခ)ေက်ာ္စိုးဦး ထံသို႔ ရည္႐ြယ္ခ်က္ရွိရွိ ျဖန႔္ေဝခဲ့ျခင္း မ်ိဳးသာ ျဖစ္ႏိုင္ေၾကာင္း မဲေဆာက္အေျခစိုက္ ႏိုင္ငံေရးသမားတစ္ဦး က ဖြင့္ဟသည္။

“အိႏၵိယက တကယ္ဖိတ္ခ်င္တာက သူ႔နယ္စပ္ၿခံစည္း႐ိုးတစ္ေလွ်ာက္က လက္နက္ကိုင္ ေတြပဲ။ KIA ၊ CNF နဲ႔ AA ေပါ့ဗ်ာ။ သူတို႔က အဲဒီလို ဖိတ္ခ်င္ေပမယ့္ နစကရဲ႕သေဘာထားမပါရင္ သေဘာတူညီမႈမရရင္ စာရင္းထဲ က ဖယ္ထားမယ့္ သေဘာမ်ိဳးျပသထားတယ္” ဟု အိႏၵိယတြင္ က်င္းပမည့္ ႏိုဝင္ဘာညီလာခံအေၾကာင္း သိရွိထားသူ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္တစ္ဦးက ေျပာသည္။ အထူးသျဖင့္ ဖိတ္ၾကားလိုေသာ လူစာရင္းကို အိႏၵိယဘက္က အတည္ျပဳဆုံးျဖတ္ေပးျခင္းမ်ိဳးမဟုတ္ဘဲ ၾကားခံ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႕က တင္ျပလာသည့္ စာရင္းအေပၚ အေျခခံကာ နစကအႀကီးအကဲ ေ႐ြးခ်ယ္ေပးေသာ လူစာရင္းအတိုင္း ဖိတ္ၾကားျခင္းမ်ိဳး ျဖစ္ႏိုင္ေၾကာင္းလည္း ဆိုသည္။

ဖိတ္ၾကားလိုေသာ လူစာရင္းသည္ ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္အဖြဲ႕ႏွင့္ အိႏၵိယအစိုးရ၏ေက်ာေထာက္ေနာက္ခံေပးထားေသာ ICWA (Indian Council of World Affairs) တို႔ထံတြင္ ရွိထားၿပီးသားျဖစ္ေသာ္လည္း အဆိုပါစာရင္းကို နစကထိပ္ပိုင္းေခါင္းေဆာင္ မ်ားထံ တင္ျပၿပီးမွသာ အတည္ျပဳခ်က္အရ အီးေမးလ္ေပးပို႔ ဖိတ္ၾကားျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။ ထြက္ေပၚခဲ့ၿပီးေသာ ဝါဒျဖန႔္သတင္းမ်ားတြင္မူ KIA ၊ CNF ႏွင့္ AA တို႔ကို အိႏၵိယအစိုးရဘက္က ထည့္သြင္းဖိတ္ၾကားခဲ့ၿပီး NUG လည္း ပါဝင္သည္ဟု ဆိုသည္။ အျခား ေသာ အတိုက္အခံႏိုင္ငံေရးသမားမ်ား၊ ပါတီမ်ား၊ 7 EAOs အဖြဲ႕အပါအဝင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တစ္ခုလုံး၌ ပါဝင္ပတ္ သက္ေနသူမ်ားကိုပါ ထည့္သြင္းဖိတ္ၾကားထားသည့္သေဘာမ်ိဳး ေတြ႕ရသည္။ သို႔ေသာ္လည္း မည္သည့္အဖြဲ႕အစည္းႏွင့္ ပုဂၢိဳလ္မ်ား တက္ေရာက္ေဆြးေႏြးခြင့္ရမည္ဆိုသည္ကို အိႏၵိယ ဘက္က ဆုံးျဖတ္ေပးျခင္းမဟုတ္ဟု NP News က စုံစမ္းသိရွိထားသည္။ အိႏၵိယအေနျဖင့္ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ တ႐ုတ္တို႔ ပါဝင္ပတ္သက္ႏိုင္သည့္ အခန္းက႑ထက္မေလ်ာ့ေသာ ပါဝင္ပတ္သက္ကူညီေပးႏိုင္မႈမ်ိဳး ျဖစ္လာရန္ သာ အားထုတ္ေနေသာ္လည္း နစကေခါင္းေဆာင္မ်ား၏ သေဘာထားႏွင့္ဆန႔္က်င္ေသာ မည္သည့္ လုပ္ရပ္မ်ားမွ လုပ္ေဆာင္သြားရန္ အစီအစဥ္ရွိမေနေၾကာင္း သတင္းရင္းျမစ္အခ်ိဳ႕ကအတည္ျပဳသည္။

Related news

© 2021. All rights reserved.