BRICS အဖွဲ့က ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့အင်ဂျင်ဖြစ်တယ်လို့ ရုရှားဘဏ္ဍာရေးဝန်ကြီးပြော

 211

Pika (NP News) - အောက်တိုဘာ ၁၁

ကမ္ဘာလုံးဆိုင်ရာဂျီဒီပီတွင် BRICS အဖွဲ့ဝင်နိုင်ငံများ၏ ရှယ်ယာသည် ဝယ်လိုအားညီမျှမှု(PPP) ဖြင့် တိုင်းတာမှုအရ (၃၆ ဒသမ ၇) ရာခိုင်နှုန်းသို့ရောက်ရှိလာရန် နီးကပ်နေပြီဖြစ်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တွန်ဆီလူအာနော့ဗ်က ပြောကြားခဲ့သည်။

အောက်တိုဘာလ(၁၀)ရက်တွင် ကျင်းပသော BRICS အဖွဲ့ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် အန်တွန်ဆီလူအာနော့ဗ်က ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

BRICS အဖွဲ့ဘဏ္ဍာရေးဝန်ကြီးများ နှင့် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများသည် ယခုလနှောင်းပိုင်းတွင် ကာဇန်မြို့မှာကျင်းပမည့် (၂၀၂၄)ခုနှစ် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ နိုင်ငံတကာငွေကြေး နှင့်ဘဏ္ဍာရေးစနစ်တိုးတက်ရေးတို့ကိုဆွေးနွေးရန်အတွက် မော်စကိုမြို့တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
အန်တွန်ဆီလူအာနော့ဗ် က "BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတိုးတက်မှုရဲ့ အင်ဂျင်ဖြစ်ပါတယ်။ BRICS အဖွဲ့ရဲ့စီးပွားရေး ပျမ်းမျှနှစ်စဉ်ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ (၂၀၂၄-၂၀၂၅) ခုနှစ်မှာ (၄ ဒသမ ၄) ရာခိုင်နှုန်းမှာ ရပ်တည်နေပါလိမ့်မယ်။ G7 အဖွဲ့ဝင်နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့ပျမ်းမျှနှစ်စဉ်ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ (၁ ဒသမ ၇) ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘယ်အဖွဲ့ကပိုပြီး ဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတာ ရှင်းပါတယ်" ဟု ပြောခဲ့သည်။

သို့သော်လည်း ယခုကိစ္စများသည် ပြိုင်ဆိုင်မှုတစ်ခုမဟုတ်ကြောင်း နှင့် အဓိကတာဝန်မှာ BRICS အဖွဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို မြင့်မားအောင်လုပ်ဆောင်ရန် နှင့် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများ၏ ဝင်ငွေကို မြှင့်တင်ရန်ဖြစ်ကြောင်း အန်တွန်ဆီလူအာနော့ဗ်က ပြောကြားခဲ့သည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သော BRICS အဖွဲ့သည် ပြီးခဲ့သည့်လများအတွင်း ချဲ့ထွင်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နေတိုးအဖွဲ့ဝင်နိုင်ငံ တူရကီ အပါအဝင် နိုင်ငံပေါင်း(၃၀)ကျော်သည် BRICS အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရန် လျှောက်ထားကြကြောင်းလည်း သိရသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ အဆိုအရ ကမ္ဘာလုံးဆိုင်ရာဂျီဒီပီတွင် ကနေဒါ၊ ဂျပန်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီတို့ဖြင့်ဖွဲ့စည်းထားသော G7 အဖွဲ့၏ ရှယ်ယာသည် ဝယ်လိုအားညီမျှမှု (PPP) ဖြင့် တိုင်းတာမှုအရ ပြီးခဲ့သည့်နှစ်များအတွင်း သိသိသာသာကျဆင်းလာခဲ့ကြောင်း သိရသည်။

Zawgyi Version;
BRICS အဖြဲ႕က ကမာၻလုံးဆိုင္ရာစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈရဲ႕အင္ဂ်င္ျဖစ္တယ္လို႔ ႐ုရွားဘ႑ာေရးဝန္ႀကီးေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၁

ကမာၻလုံးဆိုင္ရာဂ်ီဒီပီတြင္ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ရွယ္ယာသည္ ဝယ္လိုအားညီမွ်မႈ(PPP) ျဖင့္ တိုင္းတာမႈအရ (၃၆ ဒသမ ၇) ရာခိုင္ႏႈန္းသို႔ေရာက္ရွိလာရန္ နီးကပ္ေနၿပီျဖစ္ေၾကာင္း ႐ုရွားဘ႑ာေရးဝန္ႀကီး အန္တြန္ဆီလူအာေနာ့ဗ္က ေျပာၾကားခဲ့သည္။

ေအာက္တိုဘာလ(၁၀)ရက္တြင္ က်င္းပေသာ BRICS အဖြဲ႕ဘ႑ာေရးဝန္ႀကီးမ်ားႏွင့္ ဗဟိုဘဏ္အုပ္ခ်ဳပ္ေရးမႉးမ်ား အစည္းအေဝးတြင္ အန္တြန္ဆီလူအာေနာ့ဗ္က ယခုကဲ့သို႔မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

BRICS အဖြဲ႕ဘ႑ာေရးဝန္ႀကီးမ်ား ႏွင့္ ဗဟိုဘဏ္အုပ္ခ်ဳပ္ေရးမႉးမ်ားသည္ ယခုလေႏွာင္းပိုင္းတြင္ ကာဇန္ၿမိဳ႕မွာက်င္းပမည့္ (၂၀၂၄)ခုႏွစ္ BRICS ထိပ္သီးအစည္းအေဝးမတိုင္မီ ႏိုင္ငံတကာေငြေၾကး ႏွင့္ဘ႑ာေရးစနစ္တိုးတက္ေရးတို႔ကိုေဆြးေႏြးရန္အတြက္ ေမာ္စကိုၿမိဳ႕တြင္ ေတြ႕ဆုံခဲ့ၾကျခင္းျဖစ္သည္။
အန္တြန္ဆီလူအာေနာ့ဗ္ က "BRICS အဖြဲ႕ဝင္ႏိုင္ငံေတြဟာ ကမာၻလုံးဆိုင္ရာစီးပြားေရးတိုးတက္မႈရဲ႕ အင္ဂ်င္ျဖစ္ပါတယ္။ BRICS အဖြဲ႕ရဲ႕စီးပြားေရး ပ်မ္းမွ်ႏွစ္စဥ္ဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းဟာ (၂၀၂၄-၂၀၂၅) ခုႏွစ္မွာ (၄ ဒသမ ၄) ရာခိုင္ႏႈန္းမွာ ရပ္တည္ေနပါလိမ့္မယ္။ G7 အဖြဲ႕ဝင္ႏိုင္ငံေတြကို ၾကည့္လိုက္မယ္ဆိုရင္ သူတို႔ရဲ႕ပ်မ္းမွ်ႏွစ္စဥ္ဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းဟာ (၁ ဒသမ ၇) ရာခိုင္ႏႈန္းပဲရွိပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ ဘယ္အဖြဲ႕ကပိုၿပီး ဖြံ႕ၿဖိဳးတိုးတက္ေနတယ္ဆိုတာ ရွင္းပါတယ္" ဟု ေျပာခဲ့သည္။

သို႔ေသာ္လည္း ယခုကိစၥမ်ားသည္ ၿပိဳင္ဆိုင္မႈတစ္ခုမဟုတ္ေၾကာင္း ႏွင့္ အဓိကတာဝန္မွာ BRICS အဖြဲ႕စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းကို ျမင့္မားေအာင္လုပ္ေဆာင္ရန္ ႏွင့္ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ႏိုင္ငံသားမ်ား၏ ဝင္ေငြကို ျမႇင့္တင္ရန္ျဖစ္ေၾကာင္း အန္တြန္ဆီလူအာေနာ့ဗ္က ေျပာၾကားခဲ့သည္။

ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္၊ ေတာင္အာဖရိကတို႔ျဖင့္ စတင္ဖြဲ႕စည္းခဲ့ေသာ BRICS အဖြဲ႕သည္ ၿပီးခဲ့သည့္လမ်ားအတြင္း ခ်ဲ႕ထြင္မႈမ်ားကို ဆက္တိုက္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ တူရကီ အပါအဝင္ ႏိုင္ငံေပါင္း(၃၀)ေက်ာ္သည္ BRICS အဖြဲ႕တြင္ အဖြဲ႕ဝင္အျဖစ္ ပါဝင္ခြင့္ရရန္ ေလွ်ာက္ထားၾကေၾကာင္းလည္း သိရသည္။

ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕(IMF)၏ အဆိုအရ ကမာၻလုံးဆိုင္ရာဂ်ီဒီပီတြင္ ကေနဒါ၊ ဂ်ပန္၊ ျပင္သစ္၊ အီတလီ၊ အေမရိကန္၊ ၿဗိတိန္၊ ဂ်ာမနီတို႔ျဖင့္ဖြဲ႕စည္းထားေသာ G7 အဖြဲ႕၏ ရွယ္ယာသည္ ဝယ္လိုအားညီမွ်မႈ (PPP) ျဖင့္ တိုင္းတာမႈအရ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း သိသိသာသာက်ဆင္းလာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.