ဗဟိုဘဏ်က ဒေါ်လာများ ထုတ်ရောင်းနေသော်လည်း စက်သုံးဆီဈေး အနည်းငယ် တက်ရိပ်ပြနေ

 2030

ပြည့်ဖြိုး (NP News) - အောက်တိုဘာ ၁၂

Central Bank of Myanmar ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများ ထုတ်ရောင်းနေသော်လည်း ပြည်တွင်းစက်သုံး ဆီဈေးများ တစ်လီတာချင်းအလိုက် ‌ငွေကျပ်(၂၀)ဝန်းကျင်ခန့် ဈေးတက်လာကြောင်း စက်သုံးဆီ သုံးစွဲသူများထံမှ သိရသည်။
ဗဟိုဘဏ် က အောက်တိုဘာလ (၁၀) ရက်တွင် အမေရိကန်ဒေါ်လာ (၁၂,၄၈၁,၉၂၇.၇၁) ကို အောက်တိုဘာလ (၁၀)ရက်တွင် ပြင်ပနိုင်ငံခြားငွေလဲလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရဘဏ်များသို့ တစ်ဒေါ်လာလျှင် (၃၅၅၄)ကျပ်နှုန်း ဖြင့် ထုတ်ရောင်းပေးခဲ့သည်။

လက်ရှိ အောက်တိုဘာလ (၁၁)ရက်တွင် ပြည်တွင်းဈေးကွက်အတွင်းရှိ စက်သုံးဆီဈေးများမှာ ဈေးနှုန်းကျဆင်း ခြင်းမရှိ ဘဲ အတက်ဘက်သို့ ဦးတည်နေကြောင်း တက္ကစီယာဉ်မောင်းများထံမှ သိရသည်။
“ဒီနေ့ အောက်တိုဘာလ(၁၁)ရက်မှာ အရောင်းအဝယ်ဖြစ်မယ့် ပြင်ပဒေါ်လာဈေးကို စောင့်ပြီး စက်သုံးဆီသမား တွေက တင်သွင်းဖို့ပြင်နေတယ်လို့ ကြားမိတယ်။ အခု စက်သုံးဆီတွေကို Smart Card နဲ့ ရောင်းပေးမယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဘာမှအတိအကျမသိရသေးဘူး” ဟု ရှစ်မိုင်လမ်းဆုံဝန်းကျင်မှ အငှားယာဉ်မောင်း တစ်ဦးက ပြောသည်။
အောက်တိုဘာ (၁၁)ရက် သောကြာနေ့တွင် ပြင်ပငွေလဲဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး အတက်အကျ မြန်ဆန်နေသည်။ လွန်ခဲ့သော ခုနှစ်ရက်ဝန်းကျင်က အမေရိကန်ဒေါ်လာပေါက်ဈေး တစ်ဒေါ်လာလျှင် (၄၆၀၀) ကျပ်မှ (၄၇၀၀) ကျပ်ဝန်းကျင် ပေါက်ဈေး ရှိခဲ့ရာ လက်ရှိတွင် တစ်ဒေါ်လာလျှင် (၄၅၀၀) ကျပ် ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာသည်။

အမေရိကန်ဒေါ်လာဈေး ပြန်လည်ကျဆင်းလာသော်လည်း လက်ရှိ စက်သုံးဆီပေါက်ဈေး များမှာ ယခင် ခုနှစ်ရက် ခန့်ကထက် တစ်လီတာလျှင် ၁၅ ကျပ်ဝန်းကျင်ခန့် မြင့်တက်လာခြင်းဖြစ်သည်။
လက်ရှိ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁) ရက် ရန်ကုန်မြို့ စက်သုံးဆီပေါက်ဈေးများသည် 92 Ron တစ်လီတာ လျှင် (၃၁၀၀)ကျပ်၊ 95 Ron တစ်လီတာလျှင် (၃၃၀၅) ကျပ်၊ HSD (500ppm) ဒီဇယ် တစ်လီတာလျှင် (၂၆၉၀) ကျပ် HSD (50 ppm)၊ ဒီဇယ် တစ်လီတာလျှင် (၃၃၄၀) ကျပ် နှင့် HSD (10ppm) ဒီဇယ် တစ်လီတာလျှင် (၃၃၄၀) ကျပ် ပေါက်ဈေး ရှိကြောင်းသိရသည်။
ပြည်တွင်း စက်သုံးဆီသုံးစွဲမှုအရ လစဥ် အမေရိကန်ဒေါ်လာသန်း (၄၀၀)ဝန်းကျင်ခန့် သုံးစွဲနေရပြီး လက်ရှိတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလများအတွက် လျှာထား စက်သုံးဆီများ တင်သွင်းရန် အချိန် သို့ရောက်ရှိနေပြီဖြစ်သည်။

Zawgyi Version;
ဗဟိုဘဏ္က ေဒၚလာမ်ား ထုတ္ေရာင္းေနေသာ္လည္း စက္သုံးဆီေဈး အနည္းငယ္ တက္ရိပ္ျပေန
ျပည့္ၿဖိဳး (NP News) - ေအာက္တိုဘာ ၁၂

Central Bank of Myanmar ဗဟိုဘဏ္က အေမရိကန္ေဒၚလာမ်ား ထုတ္ေရာင္းေနေသာ္လည္း ျပည္တြင္းစက္သုံး ဆီေဈးမ်ား တစ္လီတာခ်င္းအလိုက္ ‌ေငြက်ပ္(၂၀)ဝန္းက်င္ခန႔္ ေဈးတက္လာေၾကာင္း စက္သုံးဆီ သုံးစြဲသူမ်ားထံမွ သိရသည္။
ဗဟိုဘဏ္ က ေအာက္တိုဘာလ (၁၀) ရက္တြင္ အေမရိကန္ေဒၚလာ (၁၂,၄၈၁,၉၂၇.၇၁) ကို ေအာက္တိုဘာလ (၁၀)ရက္တြင္ ျပင္ပႏိုင္ငံျခားေငြလဲလုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ရဘဏ္မ်ားသို႔ တစ္ေဒၚလာလွ်င္ (၃၅၅၄)က်ပ္ႏႈန္း ျဖင့္ ထုတ္ေရာင္းေပးခဲ့သည္။

လက္ရွိ ေအာက္တိုဘာလ (၁၁)ရက္တြင္ ျပည္တြင္းေဈးကြက္အတြင္းရွိ စက္သုံးဆီေဈးမ်ားမွာ ေဈးႏႈန္းက်ဆင္း ျခင္းမရွိ ဘဲ အတက္ဘက္သို႔ ဦးတည္ေနေၾကာင္း တကၠစီယာဥ္ေမာင္းမ်ားထံမွ သိရသည္။
“ဒီေန႔ ေအာက္တိုဘာလ(၁၁)ရက္မွာ အေရာင္းအဝယ္ျဖစ္မယ့္ ျပင္ပေဒၚလာေဈးကို ေစာင့္ၿပီး စက္သုံးဆီသမား ေတြက တင္သြင္းဖို႔ျပင္ေနတယ္လို႔ ၾကားမိတယ္။ အခု စက္သုံးဆီေတြကို Smart Card နဲ႔ ေရာင္းေပးမယ္လို႔ သတင္းေတြ ထြက္ေနေပမယ့္ ဘာမွအတိအက်မသိရေသးဘူး” ဟု ရွစ္မိုင္လမ္းဆုံဝန္းက်င္မွ အငွားယာဥ္ေမာင္း တစ္ဦးက ေျပာသည္။
ေအာက္တိုဘာ (၁၁)ရက္ ေသာၾကာေန႔တြင္ ျပင္ပေငြလဲေဈးကြက္အတြင္း အေမရိကန္ေဒၚလာေဈး အတက္အက် ျမန္ဆန္ေနသည္။ လြန္ခဲ့ေသာ ခုႏွစ္ရက္ဝန္းက်င္က အေမရိကန္ေဒၚလာေပါက္ေဈး တစ္ေဒၚလာလွ်င္ (၄၆၀၀) က်ပ္မွ (၄၇၀၀) က်ပ္ဝန္းက်င္ ေပါက္ေဈး ရွိခဲ့ရာ လက္ရွိတြင္ တစ္ေဒၚလာလွ်င္ (၄၅၀၀) က်ပ္ ဝန္းက်င္သို႔ ျပန္လည္က်ဆင္းလာသည္။

အေမရိကန္ေဒၚလာေဈး ျပန္လည္က်ဆင္းလာေသာ္လည္း လက္ရွိ စက္သုံးဆီေပါက္ေဈး မ်ားမွာ ယခင္ ခုႏွစ္ရက္ ခန႔္ကထက္ တစ္လီတာလွ်င္ ၁၅ က်ပ္ဝန္းက်င္ခန႔္ ျမင့္တက္လာျခင္းျဖစ္သည္။
လက္ရွိ ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလ (၁၁) ရက္ ရန္ကုန္ၿမိဳ႕ စက္သုံးဆီေပါက္ေဈးမ်ားသည္ 92 Ron တစ္လီတာ လွ်င္ (၃၁၀၀)က်ပ္၊ 95 Ron တစ္လီတာလွ်င္ (၃၃၀၅) က်ပ္၊ HSD (500ppm) ဒီဇယ္ တစ္လီတာလွ်င္ (၂၆၉၀) က်ပ္ HSD (50 ppm)၊ ဒီဇယ္ တစ္လီတာလွ်င္ (၃၃၄၀) က်ပ္ ႏွင့္ HSD (10ppm) ဒီဇယ္ တစ္လီတာလွ်င္ (၃၃၄၀) က်ပ္ ေပါက္ေဈး ရွိေၾကာင္းသိရသည္။
ျပည္တြင္း စက္သုံးဆီသုံးစြဲမႈအရ လစဥ္ အေမရိကန္ေဒၚလာသန္း (၄၀၀)ဝန္းက်င္ခန႔္ သုံးစြဲေနရၿပီး လက္ရွိတြင္ ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာ၊ ႏိုဝင္ဘာ ႏွင့္ ဒီဇင္ဘာလမ်ားအတြက္ လွ်ာထား စက္သုံးဆီမ်ား တင္သြင္းရန္ အခ်ိန္ သို႔ေရာက္ရွိေနၿပီျဖစ္သည္။

Related news

© 2021. All rights reserved.