အမေရိကန်နိုင်ငံ၊ ဟူစတန်ဒေသမှာ စက်ရုံမှ chemical ယိုစိမ့်မှုကြောင့် အလုပ်သမား ၂ ဦး သေဆုံး

 550

ရောင်နီ (NP News) - အောက်တိုဘာ ၁၂

အမေရိကန်နိုင်ငံ၊ ဟူစတန်ဒေသ၊ တက္ကဆက်ပြည်နယ်၊ ဒီးယားပက်ခ်ရှိ PEMEX ရေနံချက်စက်ရုံမှာ ကြာသပတေးနေ့(အောက်တိုဘာ ၁ဝ ရက်) က chemical ယိုစိမ့်မှုကြောင့် အလုပ်သမားနှစ်ဦး သေဆုံးကာ အခြားသူ အများအပြား ဒဏ်ရာရရှိခဲ့ပြီး မြို့အနှံ့နေထိုင်သူတွေကိုလည်း အဆောက်အဦးတွေအတွင်းမှာပဲ နေထိုင် ကြဖို့ တာဝန်ရှိသူတွေက သတိပေးချက်ထုတ်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

Chemical ယိုစိမ့်မှုဟာ အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီ ၂၀ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အရောင်မဲ့ အဆိပ်ဖြစ်စေနိုင်တဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုင်ဒ်ဟာ စက်ရုံရဲ့လေထုထဲ စိမ့်ဝင်ခဲ့တာဖြစ်တယ်လို့ Harris County ရဲအရာရှိ အက်ဂွန်ဇာဘက်ဇ်က ပြောကြားခဲ့ပါတယ်။ အလောင်းနှစ်လောင်းကို အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိခဲ့ ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့လည်း သိရပါတယ်။
မက္ကဆီကိုအခြေစိုက် ရေနံကုမ္ပဏီဖြစ်တဲ့ PEMEX က အဆိုပါ Chemical ယိုစိမ့်မှုကြောင့် လုပ်ငန်းတွေ ချက်ချင်း ရပ်ဆိုင်းခဲ့ပြီး အရေးပေါ်တာဝန်ရှိသူတွေက ဒေသခံတွေကို နေအိမ်တွင်းမှာသာနေဖို့၊ ပြတင်းတံခါးတွေ ပိတ်ဖို့ လေအေးပေးစက်တွေ ပိတ်ဖို့ ချက်ချင်း သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အနီးပတ်ဝန်းကျင်နေရာတွေ မှာ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ စိမ့်ဝင်မှုမရှိကြောင်း စောင့်ကြည့်စစ်ဆေးပြီးတဲ့အခါမှာတော့ အမိန့်ကို ရုတ်သိမ်း လိုက်တယ်လို့ သိရပါတယ်။
ရဲအရာရှိရုံးက အဆိုပါအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ဟူစတန္ေဒသမွာ စက္႐ုံမွ chemical ယိုစိမ့္မႈေၾကာင့္ အလုပ္သမား ၂ ဦး ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၂

အေမရိကန္ႏိုင္ငံ၊ ဟူစတန္ေဒသ၊ တကၠဆက္ျပည္နယ္၊ ဒီးယားပက္ခ္ရွိ PEMEX ေရနံခ်က္စက္႐ုံမွာ ၾကာသပေတးေန႔(ေအာက္တိုဘာ ၁ဝ ရက္) က chemical ယိုစိမ့္မႈေၾကာင့္ အလုပ္သမားႏွစ္ဦး ေသဆုံးကာ အျခားသူ အမ်ားအျပား ဒဏ္ရာရရွိခဲ့ၿပီး ၿမိဳ႕အႏွံ႔ေနထိုင္သူေတြကိုလည္း အေဆာက္အဦးေတြအတြင္းမွာပဲ ေနထိုင္ ၾကဖို႔ တာဝန္ရွိသူေတြက သတိေပးခ်က္ထုတ္ျပန္ခဲ့ရတယ္လို႔ သိရပါတယ္။

Chemical ယိုစိမ့္မႈဟာ ေအာက္တိုဘာ ၁၀ ရက္ ညေန ၄ နာရီ ၂၀ ဝန္းက်င္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အေရာင္မဲ့ အဆိပ္ျဖစ္ေစႏိုင္တဲ့ ဟိုက္ဒ႐ိုဂ်င္ဆာလဖိုင္ဒ္ဟာ စက္႐ုံရဲ႕ေလထုထဲ စိမ့္ဝင္ခဲ့တာျဖစ္တယ္လို႔ Harris County ရဲအရာရွိ အက္ဂြန္ဇာဘက္ဇ္က ေျပာၾကားခဲ့ပါတယ္။ အေလာင္းႏွစ္ေလာင္းကို အခင္းျဖစ္ပြားရာေနရာမွာ ေတြ႕ရွိခဲ့ ၿပီး ထိခိုက္ဒဏ္ရာရသူ အမ်ားအျပားရွိတယ္လို႔လည္း သိရပါတယ္။
မကၠဆီကိုအေျခစိုက္ ေရနံကုမၸဏီျဖစ္တဲ့ PEMEX က အဆိုပါ Chemical ယိုစိမ့္မႈေၾကာင့္ လုပ္ငန္းေတြ ခ်က္ခ်င္း ရပ္ဆိုင္းခဲ့ၿပီး အေရးေပၚတာဝန္ရွိသူေတြက ေဒသခံေတြကို ေနအိမ္တြင္းမွာသာေနဖို႔၊ ျပတင္းတံခါးေတြ ပိတ္ဖို႔ ေလေအးေပးစက္ေတြ ပိတ္ဖို႔ ခ်က္ခ်င္း သတိေပးခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ အနီးပတ္ဝန္းက်င္ေနရာေတြ မွာ အႏၲရာယ္ရွိ ဓာတုပစၥည္းေတြ စိမ့္ဝင္မႈမရွိေၾကာင္း ေစာင့္ၾကည့္စစ္ေဆးၿပီးတဲ့အခါမွာေတာ့ အမိန႔္ကို ႐ုတ္သိမ္း လိုက္တယ္လို႔ သိရပါတယ္။
ရဲအရာရွိ႐ုံးက အဆိုပါအျဖစ္အပ်က္ကို စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.