တာခဲရု က ပြိုင်ပွဲမှအနိုင်ရရှိသည့် ဆုကြေးအချို့ကို မြန်မာရေဘေးသင့်ပြည်သူများကို လှူဒါန်းပေးမည်

 2148

ယွန်း (NP News) - အောက်တိုဘာ ၁၂

မြန်မာပြည်နှင့် မိသားစုအတွက် တိုက်ပွဲဝင်ခဲ့သော သန့်ဇင်ကို လေးစားသည့် တာခဲရုက ပြိုင်ပွဲမှအနိုင်ရရှိသည့် ဆုကြေးအချို့ကို မြန်မာရေဘေးသင့်ပြည်သူများကို လှူဒါန်းမည်ဖြစ်ကြောင်း တာခဲရုက ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ဂျပန်ဘာသာဖြင့် ရေးသားထားချက်အရ သိရသည်။
ဂျပန်ဖိုက်တာတာခဲရုနှင့် သန့်ဇင်တို့သည် ပြီးခဲ့သည့် စက်တင်ဘာ(၂၇)ရက်က ကျင်းပခဲ့သည့် ONE Friday Fights 81 တွင် ယှဥ်ပြိုင်ထိုးသတ်ခဲ့ရာ အတွေ့အကြုံ၊ ဖြတ်သန်မှု နှင့် အရည်အသွေးပိုမိုကောင်းမွန်သော ကစ်ဘောင်ဆင် ဖိုက်တာ တာခဲရု ၏ လက်သီးချက်များ အောက်တွင် သန့်ဇင်မှာ ရှုံးနိမ့်ခဲ့ရသည်။
အဆိုပါပြိုင်ပွဲသို့မပြိုင်မီ မီဒီယာများ နှင့် အင်တာဗျူးတွင် သန့်ဇင် က ထိုးသတ်ပွဲမှ ရရှိလာသောငွေများကို မြန်မာ့ ရေဘေးအတွက် လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားထားခြင်းဖြစ်သည်။

သန့်ဇင် နှင့် တာခဲရု တို့ ပွဲမှာ မြန်မာပရိတ်သတ်များ စိတ်ဝင်စားမှုမြင့်မားသော သိုင်းပေါင်းစုံပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပြီး ပွဲတွင် တာခဲရု ဖင်ထိုင်ကျသွားအောင် သန့်ဇင်က ထိုးသတ်သည့်ပုံကို မတင်ပဲ သန့်ဇင် လဲကျနေသည့်ပုံကိုသာ တင်သောကြောင့် One Championship ဖေ့စ်ဘွတ်ခ်တွင် မြန်မာပရိသတ်များက တာခဲရု လဲသွားသည့်ပုံကိုလည်း မှတ်ချက်ပေးခဲ့သေးသည်။
တာခဲရုက "ကျွန်တော်ရဲ့တိုက်ပွဲမစခင်မှာ ကျွန်တော့်ပြိုင်ဘက်"သန့်ဇင်" က ရေကြီးမှုကြောင့် အခက်အခဲဖြစ် နေတဲ့ သူ့မွေးရပ်မြေ မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရာမှာ ကူညီဖို့ သူရရှိတဲ့ဆုငွေတွေကို အသုံးပြုချင် တယ်လို့ ကြားသိရတာကြောင့် ကျွန်တော်ရဲ့တိုက်ပွဲမှရရှိခဲ့တဲ့ ဝင်ငွေအချို့ကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု တာခဲရု က ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားထားသည်။
ထို့ပြင် မိသားစုနှင့် မြန်မာနိုင်ငံအတွက် တိုက်ပွဲဝင်ခဲ့သည့် သန့်ဇင်ကို လေးစားကြောင်းလည်း ၎င်းက ထည့်သွင်း ရေးသားထားပြီး ၎င်း၏လုပ်ရပ်အပေါ် မြန်မာပြည်သူများက ချီးကျူးမှုများရှိနေကြောင်း သိရသည်။

Zawgyi Version;
တာခဲ႐ု က ၿပိဳင္ပြဲမွအႏိုင္ရရွိသည့္ ဆုေၾကးအခ်ိဳ႕ကို ျမန္မာေရေဘးသင့္ျပည္သူမ်ားကို လႉဒါန္းေပးမည္
ယြန္း (NP News) - ေအာက္တိုဘာ ၁၂

ျမန္မာျပည္ႏွင့္ မိသားစုအတြက္ တိုက္ပြဲဝင္ခဲ့ေသာ သန္႔ဇင္ကို ေလးစားသည့္ တာခဲ႐ုက ၿပိဳင္ပြဲမွအႏိုင္ရရွိသည့္ ဆုေၾကးအခ်ိဳ႕ကို ျမန္မာေရေဘးသင့္ျပည္သူမ်ားကို လႉဒါန္းမည္ျဖစ္ေၾကာင္း တာခဲ႐ုက ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ဂ်ပန္ဘာသာျဖင့္ ေရးသားထားခ်က္အရ သိရသည္။
ဂ်ပန္ဖိုက္တာတာခဲ႐ုႏွင့္ သန႔္ဇင္တို႔သည္ ၿပီးခဲ့သည့္ စက္တင္ဘာ(၂၇)ရက္က က်င္းပခဲ့သည့္ ONE Friday Fights 81 တြင္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရာ အေတြ႕အႀကဳံ၊ ျဖတ္သန္မႈ ႏွင့္ အရည္အေသြးပိုမိုေကာင္းမြန္ေသာ ကစ္ေဘာင္ဆင္ ဖိုက္တာ တာခဲ႐ု ၏ လက္သီးခ်က္မ်ား ေအာက္တြင္ သန႔္ဇင္မွာ ရႈံးနိမ့္ခဲ့ရသည္။
အဆိုပါၿပိဳင္ပြဲသို႔မၿပိဳင္မီ မီဒီယာမ်ား ႏွင့္ အင္တာဗ်ဴးတြင္ သန႔္ဇင္ က ထိုးသတ္ပြဲမွ ရရွိလာေသာေငြမ်ားကို ျမန္မာ့ ေရေဘးအတြက္ လႉဒါန္းမည္ျဖစ္ေၾကာင္း ေျပာၾကားထားျခင္းျဖစ္သည္။

သန႔္ဇင္ ႏွင့္ တာခဲ႐ု တို႔ ပြဲမွာ ျမန္မာပရိတ္သတ္မ်ား စိတ္ဝင္စားမႈျမင့္မားေသာ သိုင္းေပါင္းစုံၿပိဳင္ပြဲတစ္ခုျဖစ္ခဲ့ၿပီး ပြဲတြင္ တာခဲ႐ု ဖင္ထိုင္က်သြားေအာင္ သန႔္ဇင္က ထိုးသတ္သည့္ပုံကို မတင္ပဲ သန႔္ဇင္ လဲက်ေနသည့္ပုံကိုသာ တင္ေသာေၾကာင့္ One Championship ေဖ့စ္ဘြတ္ခ္တြင္ ျမန္မာပရိသတ္မ်ားက တာခဲ႐ု လဲသြားသည့္ပုံကိုလည္း မွတ္ခ်က္ေပးခဲ့ေသးသည္။
တာခဲ႐ုက "ကြၽန္ေတာ္ရဲ႕တိုက္ပြဲမစခင္မွာ ကြၽန္ေတာ့္ၿပိဳင္ဘက္"သန႔္ဇင္" က ေရႀကီးမႈေၾကာင့္ အခက္အခဲျဖစ္ ေနတဲ့ သူ႔ေမြးရပ္ေျမ ျမန္မာႏိုင္ငံကို ျပန္လည္တည္ေဆာက္ရာမွာ ကူညီဖို႔ သူရရွိတဲ့ဆုေငြေတြကို အသုံးျပဳခ်င္ တယ္လို႔ ၾကားသိရတာေၾကာင့္ ကြၽန္ေတာ္ရဲ႕တိုက္ပြဲမွရရွိခဲ့တဲ့ ဝင္ေငြအခ်ိဳ႕ကို လႉဒါန္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္" ဟု တာခဲ႐ု က ၎၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေရးသားထားသည္။
ထို႔ျပင္ မိသားစုႏွင့္ ျမန္မာႏိုင္ငံအတြက္ တိုက္ပြဲဝင္ခဲ့သည့္ သန႔္ဇင္ကို ေလးစားေၾကာင္းလည္း ၎က ထည့္သြင္း ေရးသားထားၿပီး ၎၏လုပ္ရပ္အေပၚ ျမန္မာျပည္သူမ်ားက ခ်ီးက်ဴးမႈမ်ားရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.