ရေကြီးရေလျှံမှုအဆိုးဝါးဆုံကြုံတွေ့ခဲ့ရသည့်ဒေသအချို့တွင် ပြန်လည်ထူထောင်ရန်အခက်အခဲများနှင့် လိုအပ်ချက်များရှိနေ

 559

ချယ်ရီ (NP News) - အောက်တိုဘာ ၁၂

ရေကြီးရေလျှံမှုအဆိုးဝါးဆုံကြုံတွေ့ခဲ့ရသည့် ဒေသအချို့တွင် ပြန်လည်ထူထောင်ရန်အခက်အခဲများနှင့် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ဒေသခံပရဟိတအသင်းများထံ မှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယအပတ်မှစ၍ နိုင်ငံတစ်ဝန်း မြို့ပေါင်း(၅၀)ထက်မနည်း ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာနှင့် အိမ်ခြေ၊ တိရစ္ဆာန်ပေါင်းများစွာ သေကြေ၊ ပျက်စီး၍ အသက်အိုးအိမ်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခံစားခဲ့ရကြောင်း သိရသည်။

ထို့နောက် ရေကြီးရေလျံမှုအဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သာစည် ကျေးရွာ၊ လေသာတောင်ကျေးရွာ၊ ကျွန်းချောင်းကျေးရွာ၊ ကြို့ပင်ဆိပ်ကျေးရွာ၊ ရွှေတင်ဗျူးကျေးရွာ၊ ရွာသစ် ကျေးရွာ၊ အောင်သာကျေးရွာများရှိ ဒေသခံများမှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ဘဲ ပြောင်းရွေ့နေထိုင်နေရ လျက် ရှိနေကြောင်း သိရသည်။
“အခုလက်ရှိအတိုင်းအတာမှာကတော့ မရောက်ဖြစ်တဲ့ နေရာရယ်လို့တော့ မရှိတော့ဘူး။ နည်းတာနဲ့ များတာပဲ ကွာသွားမှာပေါ့။ ခန့်မှန်းခြေအနေနဲ့ ဆောက်လက်စတွေဆိုရင်တော့ (၄)၊ (၅)ရွာလောက်တော့ ရှိပြီ။ တချို့နေရာ တွေကျတော့ ဆောက်လို့ကို မရသေးတာပါ။ အဲဒီအခြေနေလည်း ရှိပါသေးတယ်။ လိုနေတဲ့နေရာတွေက အများကြီးပါ။ အဓိက ရေရှည်လိုအပ်တာကတော့ သူတို့တွေက တောင်ယာ တွေလုပ်ကြတဲ့ ရွာတွေချည်းပဲဆိုတော့ ကျွဲ၊ နွား တိရစ္ဆာန်တွေ လိုအပ်ပြန်တာပေါ့နော်။ ပြီးတော့ သူတို့ရဲ့ ဘဝတွေ ပြန်လည်ထူထောင် နိုင်ဖို့ အတွက် ကတော့ ငွေပဲပေါ့နော်။ ငွေကတော့ အဓိက ကျတာပေါ့နော်” ဟု နေပြည်တော်ကောင်စီနယ်မြေမှ ကရုဏာရှင် လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထို့ပြင် ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် လွိုင်ကော်မြို့နယ်အတွင်းရှိ ဒေသအချို့ တွင်လည်း ရေဘေးပြန်လည်ထူထောင်ရေးကာလတွင် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရလျက်ရှိ ကြောင်း ဒေသခံပရဟိတ အသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လောလောဆယ်တော့ လာလှူတဲ့ဟာတော့ သိပ်မရှိတော့ဘူးဗျ။ ဆန်တွေ၊ ဆီတွေ အဓိက လိုအပ်ချက်တွေတော့ ရှိတယ်။ ရေရှည်ပေါ့။ ဒီမှာက တအားကြီးမဖွံ့ဖြိုးသေးဘူးလေ။ ကျွန်တော်တို့က အခုကျတော့ဘယ်လိုမျိုးတွေ ရှိလဲဆိုတော့ အလုပ်ကိုင်တွေကျတော့လည်း လောလောဆယ်က အနေအထားကို ကြည့်နေရတာဆိုတော့ ရှေ့ဆက်ပြီးတော့ ဘာတွေဖြစ်လာဦးမလဲဆိုတာ မသိနိုင်ဘူးလေ။ အဓိက ကတော့ သူတို့တွေအတွက်က ငွေလိုအပ်ချက်တော့ ရှိတာပေါ့ဗျာ။ ရှေ့ပဲတိုးရမလိုလို၊ နောက်ပဲဆုတ်ရမလိုလို၊ ပြင်ပဲပြင်ရမလိုလို အဲဒီလိုနဲ့ သက်ပြင်းတွေ ချနေရတာမျိုးပေါ့။ အားလုံးပြည့်စုံတယ်လို့တော့ မရှိဘူးပေါ့” ဟု ၎င်းက ပြောသည်။
လူမှုကွန်ယက်စာမျက်နှာများထက်တွင် မြင်တွေ့ရသည့်အချက်အလက်များအရ လက်ရှိအချိန်ထိ ရေကြီးရေလျံမှု ကြုံတွေ့ခဲ့ရသော ဒေသအချို့မှ ရေဘေးသင့်ပြည်သူများထံ အလှူရှင်များစွာသွား ရောက်လှူဒန်းမှုများ လုပ်ဆောင် နေဆဲဖြစ်သည်။

Zawgyi Version;
ေရႀကီးေရလွ်ံမႈအဆိုးဝါးဆုံႀကဳံေတြ႕ခဲ့ရသည့္ေဒသအခ်ိဳ႕တြင္ ျပန္လည္ထူေထာင္ရန္အခက္အခဲမ်ားႏွင့္ လိုအပ္ခ်က္မ်ားရွိေန
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၁၂

ေရႀကီးေရလွ်ံမႈအဆိုးဝါးဆုံႀကဳံေတြ႕ခဲ့ရသည့္ ေဒသအခ်ိဳ႕တြင္ ျပန္လည္ထူေထာင္ရန္အခက္အခဲမ်ားႏွင့္ လိုအပ္ခ်က္မ်ား ရွိေနဆဲျဖစ္ေၾကာင္း ေဒသခံပရဟိတအသင္းမ်ားထံ မွ သိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ဒုတိယအပတ္မွစ၍ ႏိုင္ငံတစ္ဝန္း ၿမိဳ႕ေပါင္း(၅၀)ထက္မနည္း ေရႀကီး၊ ေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ၿပီး လူေပါင္းမ်ားစြာႏွင့္ အိမ္ေျခ၊ တိရစာၦန္ေပါင္းမ်ားစြာ ေသေၾက၊ ပ်က္စီး၍ အသက္အိုးအိမ္ဆုံးရႈံးမႈမ်ားႏွင့္ ႀကဳံေတြ႕ခံစားခဲ့ရေၾကာင္း သိရသည္။

ထို႔ေနာက္ ေရႀကီးေရလ်ံမႈအဆိုးဝါးဆုံး ႀကဳံေတြ႕ခဲ့ရသည့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ သာစည္ ေက်း႐ြာ၊ ေလသာေတာင္ေက်း႐ြာ၊ ကြၽန္းေခ်ာင္းေက်း႐ြာ၊ ႀကိဳ႕ပင္ဆိပ္ေက်း႐ြာ၊ ေ႐ႊတင္ဗ်ဴးေက်း႐ြာ၊ ႐ြာသစ္ ေက်း႐ြာ၊ ေအာင္သာေက်း႐ြာမ်ားရွိ ေဒသခံမ်ားမွာ လက္ရွိအခ်ိန္ထိ ေနရပ္မျပန္ႏိုင္ဘဲ ေျပာင္းေ႐ြ႕ေနထိုင္ေနရ လ်က္ ရွိေနေၾကာင္း သိရသည္။
“အခုလက္ရွိအတိုင္းအတာမွာကေတာ့ မေရာက္ျဖစ္တဲ့ ေနရာရယ္လို႔ေတာ့ မရွိေတာ့ဘူး။ နည္းတာနဲ႔ မ်ားတာပဲ ကြာသြားမွာေပါ့။ ခန႔္မွန္းေျခအေနနဲ႔ ေဆာက္လက္စေတြဆိုရင္ေတာ့ (၄)၊ (၅)႐ြာေလာက္ေတာ့ ရွိၿပီ။ တခ်ိဳ႕ေနရာ ေတြက်ေတာ့ ေဆာက္လို႔ကို မရေသးတာပါ။ အဲဒီအေျခေနလည္း ရွိပါေသးတယ္။ လိုေနတဲ့ေနရာေတြက အမ်ားႀကီးပါ။ အဓိက ေရရွည္လိုအပ္တာကေတာ့ သူတို႔ေတြက ေတာင္ယာ ေတြလုပ္ၾကတဲ့ ႐ြာေတြခ်ည္းပဲဆိုေတာ့ ကြၽဲ၊ ႏြား တိရစာၦန္ေတြ လိုအပ္ျပန္တာေပါ့ေနာ္။ ၿပီးေတာ့ သူတို႔ရဲ႕ ဘဝေတြ ျပန္လည္ထူေထာင္ ႏိုင္ဖို႔ အတြက္ ကေတာ့ ေငြပဲေပါ့ေနာ္။ ေငြကေတာ့ အဓိက က်တာေပါ့ေနာ္” ဟု ေနျပည္ေတာ္ေကာင္စီနယ္ေျမမွ က႐ုဏာရွင္ လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထို႔ျပင္ ဘီလူးေခ်ာင္းေရျမင့္တက္မႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့သည့္ လြိဳင္ေကာ္ၿမိဳ႕နယ္အတြင္းရွိ ေဒသအခ်ိဳ႕ တြင္လည္း ေရေဘးျပန္လည္ထူေထာင္ေရးကာလတြင္ စားဝတ္ေနေရးအခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရလ်က္ရွိ ေၾကာင္း ေဒသခံပရဟိတ အသင္းတစ္သင္းမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
“ေလာေလာဆယ္ေတာ့ လာလႉတဲ့ဟာေတာ့ သိပ္မရွိေတာ့ဘူးဗ်။ ဆန္ေတြ၊ ဆီေတြ အဓိက လိုအပ္ခ်က္ေတြေတာ့ ရွိတယ္။ ေရရွည္ေပါ့။ ဒီမွာက တအားႀကီးမဖြံ႕ၿဖိဳးေသးဘူးေလ။ ကြၽန္ေတာ္တို႔က အခုက်ေတာ့ဘယ္လိုမ်ိဳးေတြ ရွိလဲဆိုေတာ့ အလုပ္ကိုင္ေတြက်ေတာ့လည္း ေလာေလာဆယ္က အေနအထားကို ၾကည့္ေနရတာဆိုေတာ့ ေရွ႕ဆက္ၿပီးေတာ့ ဘာေတြျဖစ္လာဦးမလဲဆိုတာ မသိႏိုင္ဘူးေလ။ အဓိက ကေတာ့ သူတို႔ေတြအတြက္က ေငြလိုအပ္ခ်က္ေတာ့ ရွိတာေပါ့ဗ်ာ။ ေရွ႕ပဲတိုးရမလိုလို၊ ေနာက္ပဲဆုတ္ရမလိုလို၊ ျပင္ပဲျပင္ရမလိုလို အဲဒီလိုနဲ႔ သက္ျပင္းေတြ ခ်ေနရတာမ်ိဳးေပါ့။ အားလုံးျပည့္စုံတယ္လို႔ေတာ့ မရွိဘူးေပါ့” ဟု ၎က ေျပာသည္။
လူမႈကြန္ယက္စာမ်က္ႏွာမ်ားထက္တြင္ ျမင္ေတြ႕ရသည့္အခ်က္အလက္မ်ားအရ လက္ရွိအခ်ိန္ထိ ေရႀကီးေရလ်ံမႈ ႀကဳံေတြ႕ခဲ့ရေသာ ေဒသအခ်ိဳ႕မွ ေရေဘးသင့္ျပည္သူမ်ားထံ အလႉရွင္မ်ားစြာသြား ေရာက္လႉဒန္းမႈမ်ား လုပ္ေဆာင္ ေနဆဲျဖစ္သည္။

Related news

© 2021. All rights reserved.