ဒေါ်လာငွေဖြင့် ပေးချေခြင်းမှ စွန့်လွှတ်ရန် BRICS မူလနိုင်ငံ သဘောမတူ

 3461

Htay Oung (NP News) - အောက်တိုဘာ ၁၂

ကမ္ဘာ့ ဘဏ္ဍာရေးအခင်းအကျင်းကို လွှမ်းမိုးနေတဲ့ အမေရိကန်ဒေါ်လာငွေဖြင့် ပေးချေမှု လျှော့ချရေး အစီအစဉ် အတွင်း ပါဝင်မည်မဟုတ်ကြောင်း BRICS အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ အတည်ပြုလိုက်ခြင်းဖြင့် အလှည့်အ ပြောင်းသစ်တစ်ခုဖြစ်ပေါ်လာတယ်လို့ ဘဏ္ဍာရေးနဲ့ ငွေကြေးကိစ္စရပ်များအကြောင်း စောင့်ကြည့်လေ့လာနေ သူများပါဝင်တဲ့ “ဝပ်ချာ ဂုရု” ဒစ်ဂျစ်တယ်ပလက်ဖောင်း (10 October 2024) က ရေးသားပါတယ်။

အိန္ဒိယအနေနဲ့ အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားမှုကို အဆုံးသတ်ရန် အစီအစဉ်မရှိကြောင်း၊ ကျန်ရှိနေတဲ့ ကုန်သွယ်ရေးနဲ့ လွှဲပြောင်းမှုများအတွက် လိုအပ်တဲ့ ငွေပေးချေမှုပုံစံအဖြစ် ဒေါ်လာငွေကြေးကို ဆက်လက် အသုံးပြုနေမည်ဖြစ်ကြောင်း ပြတ်သားစွာပြောဆိုလိုက်ခြင်းဖြစ်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးတို့ အတွက် ယုံကြည်စိတ်ချရပြီး သြဇာကြီးမားလှတဲ့ မီဒီယာပလက်ဖောင်းကြီးက ဖော်ပြပါတယ်။

အမေရိကန်ဒေါ်လာဟာ ပထမကမ္ဘာစစ်ဖြစ်ပွားချိန်မှ စတင်ပြီး ၁၉၂ဝ ပြည့်လွန်နှစ်များအတွင်း နိုင်ငံတကာအ ရန်ငွေကြေးအဖြစ် ဗြိတိသျှ “ပေါင်စတာလင်” ကို ကျော်ဖြတ်နေရာ ယူလာခဲ့ပါတယ်။ စစ်ပွဲကာလအတွင်း စစ်ဖြစ်နေတဲ့တိုင်းပြည်များမှ “ရွှေစီးဝင်မှု” ကို အကြီးအကျယ် လက်ခံသူဖြစ်နေတဲ့အတွက်ကြောင့်လည်း အဓိက ပါဝင်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုမိုတန်ခိုးထွားတဲ့ မဟာအင်အားကြီးနိုင်ငံအဖြစ် ထွန်းပေါ်လာတဲ့ အမေရိကန်ဟာ တစ်ကမ္ဘာလုံးရှိသမျှ ရွှေအားလုံး စုပုံရာဖြစ်လာပြီး ၁၉၄၄ ခုနှစ် ဘရက်တန်ဝုဒ် သဘောတူညီချက် အရ ဒေါ်လာငွေဟာ စစ်ပြီးခေတ် နိုင်ငံတကာငွေကြေးဖြစ်လာပါတယ်။

အမေရိကန်ဒေါ်လာဟာ နိုင်ငံတကာကုန်သွယ်မှုအတွက် ကြားခံဖြစ်လာပြီး ကမ္ဘာ့အဓိက အရန်ငွေကြေးဖြစ်လာပါ တယ်။ ဒါပေမယ့် အမေရိကန်ဘဏ္ဍာရေးဌာနဟာ ငွေကြေးပြောင်းလဲမှု ကွန်ရက်အပေါ်သိသိသာသာ ကြီးကြပ် လျက်ရှိပါတယ်။ ဝါရှင်တန်ရဲ့အကျိုးစီးပွားအတွက် နိုင်ငံခြားအဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းတို့အပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်လေ့ရှိပါတယ်။ ဒီလုပ်ရပ်ဟာ ကမ္ဘာလုံးဆိုင်ရာငွေကြေးလွှဲပြောင်းမှုစနစ်များအပေါ် ကြီးမားတဲ့ တွန်းအားပေးမှုဖြစ်စေပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်များမှာ အမေရိကန်အစိုးရရဲ့အသုံးစရိတ်များ မြင့်တက်လာခြင်းကြောင့် ဝါရှင်တန်ရဲ့ ပြောင်းလွယ်ပြင်လွယ် ထိန်းသိမ်းနိုင်မှုအပေါ် နိုင်ငံတကာရဲ့အမြင်မှာ သံသယဖြစ်ပေါ်စေခဲ့ပါတယ်။ ရွှေအစား ဒေါ်လာကို ပြောင်းလဲစုဆောင်းခြင်းကြောင့် ရွှေ စတော့ရှယ်ယာများ တန်ဖိုးကျဆင်းခြင်းနဲ့အတူ ဒေါ်လာငွေလည်း တန်ဖိုးကျဆင်းခဲ့ရပါတယ်။ “၃၅-ဒေါ်လာပေးတိုင်း ရွှေတစ်အောင်စ ပြန်ပေးမယ်” လို့ ဒုတိယကမ္ဘာစစ်အပြီး သူတို့ ကတိပြုခဲ့တဲ့အတိုင်း ရွှေကို ဒေါ်လာနဲ့ပြန်လည်ရွေးယူဖို့ ခက်ခဲလာပါတယ်။ ဒါ့ကြောင့် ဒေါ်လာငွေ တန်ဖိုးကို ထိန်းသိမ်းဖို့အတွက် ၁၉၇၁ ခုနှစ် သမ္မတနစ်ဆင်လက်ထက် အမေရိကန်ဟာ “ဒေါ်လာနဲ့ ရွှေ ချိတ်ဆက်မှု” ကို အပြီးတိုင် ပယ်ဖျက်လိုက်ပါတယ်။
ဒါပေမယ့် အမေရိကန်ရဲ့ငွေကြေးဖောင်းပွမှုဟာ အစဉ်တစ်စိုက် မြင့်တက်နေပါတယ်။ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့ “အမေရိကန်ဘဏ်တိုးနှုန်းများ” ကို မြှင့်တင်လိုက်တိုင်း ကမ္ဘာအရပ်ရပ်က ဒေါ်လာငွေများဟာ အမေရိကန်ထံ ပြန်လည်စီးဝင်သွားပြီး နိုင်ငံတကာမှာ ဒေါ်လာငွေ လျော့နည်းမှု ဖြစ်ပေါ်လာရပါတယ်။

ယူကရိန်းစစ်ပွဲမှာ ကျူးကျော်သူ ရုရှားကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့တဲ့အခါ နိုင်ငံအများအပြားတို့အတွက် ဒေါ်လာနေရာမှာ အစားထိုး ရွေးချယ်စရာများ ရှာဖွေလာကြရပါတယ်။ အမေရိကန်ဒေါ်လာကို နိုင်ငံခြားအရန် ငွေကြေးအဖြစ် ထားရှိမှု ပမာဏကလည်း ကျဆင်းလာပါတယ်။ ယမန်နှစ် ကမ္ဘာ့နိုင်ငံများရဲ့ အမေရိကန်ဒေါ် လာကို အရန်ငွေအဖြစ်ထားရှိမှုဟာ ၁၉၉၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၆၀ ရာခိုင်နှုန်းအောက်ကို ကျဆင်း သွားပါတယ်။

ပြောင်းလဲမှု အမျိုးမျိုးတို့ဟာ BRICS လို ကမ္ဘာတစ်ဝှမ်းရှိ ရည်မှန်းချက်ခြင်း နီးစပ်ရာ နိုင်ငံတစ်စုတို့အတွက် ဂငယ်ကွေ့ ကွေ့ပြီး “ဒီ ဒေါ်လာရိုက်ဇေးရှင်း” (ခေါ်) အမေရိကန်ဒေါ်လာငွေနဲ့ ခပ်ကင်းကင်းနေဖို့ အပြီးသတ် ဆုံးဖြတ်စရာ ဇာတ်ကြောင်းများကို တွန်းအားပေးနေသလို ရှိနေပါတယ်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကတို့ ၅ နိုင်ငံ ဦးဆောင်ကုန်သွယ်-စီးပွားရေး BRICS အဖွဲ့ကြီးဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ တရုတ်-ရုရှား နှစ်နိုင်ငံကုန်သွယ်မှုရဲ့ ၉ဝ ရာနှုန်းကျော်ဟာ ရူဘယ်နဲ့ ယွမ်ငွေကြေးများကို အသုံးပြုလာခြင်းဟာ အထင်အရှား သိသာပါတယ်။
အခြားနိုင်ငံအချင်းချင်း ကုန်သွယ်ရာမှာလည်း အမေရိကန် ဒေါ်လာငွေနဲ့ပေးချေမယ့်အစား သက်ဆိုင်ရာနိုင်ငံသုံး ငွေကြေးကို အသုံးပြုကြဖို့ လှုပ်ရှားမှုဖြစ်ပေါ်လာပါတယ်။ ဒီဖြစ်ရပ်ဟာ မဝေးတဲ့တစ်နေ့ နိုင်ငံတကာကုန် သွယ်မှု မှာ အမေရိကန်ဒေါ်လာအရေးပါမှုကို Dollar Dethroned “ ဒေါ်လာငွေ နန်းချပစ်ဖို့” အထိ ဦးတည်လာပါတယ်။
ယခုနှစ် ၁၆-ကြိမ်မြောက် BRICS အဖွဲ့ဝင် နိုင်ငံများ ထိပ်သီးအစည်းအဝေးကို ယခုလာမယ့် အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ရုရှားနိုင်ငံ “ကာဇန်မြို့” မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ မူလ ၅ နိုင်ငံအပြင် အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နဲ့ ယူအေအီးတို့လည်း တက်ရောက်မှာဖြစ်ပြီး ဆော်ဒီအာရေးဗီးယားအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန် တက်ရောက်မှာ မဟုတ်ကြောင်း မော်စကိုက ပြောဆိုတယ်လို့ ရိုက်တာသတင်းအေဂျင်စီ အောက်တိုဘာ ၁ဝ ရက်က ရေးခဲ့ပါတယ်။ ပါဝင်ပူးပေါင်းရန် BRICS ရဲ့ဖိတ်ခေါ်ချက်ကို သုံးသပ်နေဆဲ ကမ္ဘာ့ရေနံ အများဆုံး တင်ပို့သူ တိုင်းပြည်ကြီးဟာ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင်ဖာဟန် အယ်လ်ဆာ့ဒ်ကို စေလွှတ်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ အရေးပါတဲ့ နိုင်ငံတကာအစည်းအဝေးတွေမှာ ကိုယ်တိုင် တက်ရောက် နေကျ အိမ်ရှေ့မင်းသားကတော့ ဖိတ်ကြားခြင်းခံရပေမယ့် ဘာ့ကြောင့် မလာရောက်နိုင်သလဲဆိုတာကိုတော့ အသေးစိတ်ဖော်ပြခြင်း မရှိပါဘူး။

အဲဒီအစည်းအဝေးမှာ “ဒီ ဒေါ်လာရိုက်ဇေးရှင်း” ဟာ ဆွေးနွေးကြမယ့် အဓိကအကြောင်းအရာဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးနေကြခိုက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါ တယ်။
ဒီဒေါ်လာရိုက်ဇေးရှင်း ဗျူဟာမှာ အိန္ဒိယအပေါ် ဆွဲဆောင်နိုင်ခြင်း မရှိကြောင်း၊ အိန္ဒိယအနေနဲ့ ငွေပေးချေမှုပုံစံ အဖြစ် အမေရိကန်ဒေါ်လာကို လက်ခံတဲ့ နေရာတိုင်းအတွက် ဒေါ်လာကို အသုံးပြုမှာဖြစ်ပြီး ဒေါ်လာကို လက်ခြင်း မရှိပါက ပြည်တွင်းငွေကြေးကိုသာ အသုံးပြုမည်ဖြစ်ကြောင်း၊ အိန္ဒိယဟာ မိမိနိုင်ငံစီးပွားရေးမှာ ဒေါ်လာရဲ့ အခန်း ကဏ္ဍကို လျှော့ချရန် ဘယ်သောအခါမှ ရည်ရွယ်ခြင်း မရှိခဲ့ဖူးကြောင်း၊ အိန္ဒိယရဲ့ကုန်သွယ်မှု မိတ်ဖက်များအနေနဲ့ တစ်ခါတစ်ရံ ဒေါ်လာနဲ့ ပတ်သက်ပြီး ရုန်းကန်နေရသည်ကို သိရှိပါကြောင်း၊ နယူးဒေလီအနေနဲ့ အမေရိကန် ဒေါ်လာအပေါ် အနှုတ်လက္ခဏာသဘောဆောင်တဲ့ရည်ရွယ်ချက်မရှိကြောင်း ဂျိုင်ရှန်ကာက အလေးထား ပြောဆို ပါတယ်။
ဒီဒေါ်လာရိုက်ဇေးရှင်းနဲ့ပတ်သက်ပြီး အခြား BRICS နိုင်ငံများနဲ့ မတူပဲ၊ တစ်မူကွဲပြားတဲ့ အိန္ဒိယရဲ့ရပ်တည်ချက်ကို လူသိရှင်ကြား ပြောဆိုခြင်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အိန္ဒိယအတွက် “ဒီဒေါ်လာရိုက်ဇေးရှင်း အရွှေ့” ဟာ သူ့နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်စေနိုင်ပြီး “ထောင်ကဲကောင်းစားရေး” တရုတ်ရဲ့အစီအစဉ်ကို အရောင်တင်ပေးမိ ရာမရောက်အောင် နောက်ပြန်ဆုတ်ခြင်းလည်း ဖြစ်နိုင်တယ်လို့ ဝပ်ချာဂုရုက ရေးပါတယ်။
ဒေါ်လာငွေ အသုံးပြုမှု လျော့နည်းသွားအောင် လုပ်ကောင်းလုပ်နိုင်ပေမယ့် အရေးပါမှုကို အပြီးတိုင် နန်းချပစ်ဖို့ဆို တာကတော့ အတော်ကြာတဲ့အထိ မဖြစ်နိုင်သေးပါဘူး၊ (၁) အမေရိကန်ရဲ့စီးပွားရေးလက်တံများ နည်းတူ ကမ္ဘာ့ ကုန်သွယ်ရေးကို လွှမ်းမိုးရန် များများစားစား လုပ်နိုင်သူ မရှိသေးပါဘူး။ (၂) ဒေါ်လာငွေအစား ယန်းငွေ-ရူ ဘယ်- ယွမ်-ရူးပီး စသည့် ဖြင့် အခြားအစားထိုးရန် ငွေကြေး အဆင်သင့် မရှိသေးပါဘူး။ တရုတ်ယွမ် ငွေဟာ ဒေါ်လာကို စိန်ခေါ်နိုင်လောက်တဲ့ အရည်အချင်း မရှိသေးပါဘူး (၃) အကြွေးလည်ပင်းခိုက်နေတဲ့ အမေရိကန် အစိုးရကြောင့် ဒေါ်လာကို မထိခိုက်နိုင်ပါဘူး။ အစိုးရက သပ်သပ် ငွေကြေးမူဝါဒအဖွဲ့အစည်းက သပ်သပ် တခြားစီ ဖြစ်ပါတယ် (၄) ယခုနောက်ပိုင်း ခရစ်ပ်တိုကာရင်စီ ခေါ် ဒစ်ဂျစ်တယ်ငွေကြေးဟာ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ ဗြိတိန်၊ သြစတြေးလျမှ စင်္ကာပူ၊ အင်ဒိုနီးရှားအထိ စသဖြင့် နိုင်ငံအချို့မှာ တရားဝင် ခေတ်စားနေပါတယ်။ ဒါပေမယ့် နိုင်ငံ အချင်းချင်းကုန်သွယ်ရေးမှာ ဒေါ်လာကို အစားထိုးစရာ ရွေးချယ်ဖို့ အလားလာမရှိဘူးလို့ “မားကက်အင် ဆိုက်ဒါ” ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်က ရေးခဲ့ပါတယ်။
#BRICS #အိန္ဒိယ #ဒေါ်လာငွေ_နန်းချပစ်ခြင်း #ဒီ_ဒေါ်လာရိုက်ဇေးရှင်း #အမေရိကန်ဒေါ်လာ
#ယူကရိန်းစစ်ပွဲ #ရုရှား #အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး_ဂျိုင်ရှန်ကာ #မိုဟာမက်ဘင်ဆဲလ်မန်
(Watcher Guru.,10 October 2024,” BRICS Country Rejects De-Dollarization, Embraces the US Dollar” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ေဒၚလာေငြျဖင့္ ေပးေခ်ျခင္းမွ စြန႔္လႊတ္ရန္ BRICS မူလႏိုင္ငံ သေဘာမတူ

Htay Oung (NP News) - ေအာက္တိုဘာ ၁၂

ကမာၻ႔ ဘ႑ာေရးအခင္းအက်င္းကို လႊမ္းမိုးေနတဲ့ အေမရိကန္ေဒၚလာေငြျဖင့္ ေပးေခ်မႈ ေလွ်ာ့ခ်ေရး အစီအစဥ္ အတြင္း ပါဝင္မည္မဟုတ္ေၾကာင္း BRICS အဖြဲ႕ဝင္ျဖစ္တဲ့ အိႏၵိယႏိုင္ငံဟာ အတည္ျပဳလိုက္ျခင္းျဖင့္ အလွည့္အ ေျပာင္းသစ္တစ္ခုျဖစ္ေပၚလာတယ္လို႔ ဘ႑ာေရးနဲ႔ ေငြေၾကးကိစၥရပ္မ်ားအေၾကာင္း ေစာင့္ၾကည့္ေလ့လာေန သူမ်ားပါဝင္တဲ့ “ဝပ္ခ်ာ ဂု႐ု” ဒစ္ဂ်စ္တယ္ပလက္ေဖာင္း (10 October 2024) က ေရးသားပါတယ္။

အိႏၵိယအေနနဲ႔ အေမရိကန္ေဒၚလာအေပၚ မွီခိုအားထားမႈကို အဆုံးသတ္ရန္ အစီအစဥ္မရွိေၾကာင္း၊ က်န္ရွိေနတဲ့ ကုန္သြယ္ေရးနဲ႔ လႊဲေျပာင္းမႈမ်ားအတြက္ လိုအပ္တဲ့ ေငြေပးေခ်မႈပုံစံအျဖစ္ ေဒၚလာေငြေၾကးကို ဆက္လက္ အသုံးျပဳေနမည္ျဖစ္ေၾကာင္း ျပတ္သားစြာေျပာဆိုလိုက္ျခင္းျဖစ္တယ္လို႔ ႏိုင္ငံတကာအဖြဲ႕အစည္းအသီးသီးတို႔ အတြက္ ယုံၾကည္စိတ္ခ်ရၿပီး ၾသဇာႀကီးမားလွတဲ့ မီဒီယာပလက္ေဖာင္းႀကီးက ေဖာ္ျပပါတယ္။

အေမရိကန္ေဒၚလာဟာ ပထမကမာၻစစ္ျဖစ္ပြားခ်ိန္မွ စတင္ၿပီး ၁၉၂ဝ ျပည့္လြန္ႏွစ္မ်ားအတြင္း ႏိုင္ငံတကာအ ရန္ေငြေၾကးအျဖစ္ ၿဗိတိသွ် “ေပါင္စတာလင္” ကို ေက်ာ္ျဖတ္ေနရာ ယူလာခဲ့ပါတယ္။ စစ္ပြဲကာလအတြင္း စစ္ျဖစ္ေနတဲ့တိုင္းျပည္မ်ားမွ “ေ႐ႊစီးဝင္မႈ” ကို အႀကီးအက်ယ္ လက္ခံသူျဖစ္ေနတဲ့အတြက္ေၾကာင့္လည္း အဓိက ပါဝင္ပါတယ္။ ဒုတိယကမာၻစစ္အတြင္း ပိုမိုတန္ခိုးထြားတဲ့ မဟာအင္အားႀကီးႏိုင္ငံအျဖစ္ ထြန္းေပၚလာတဲ့ အေမရိကန္ဟာ တစ္ကမာၻလုံးရွိသမွ် ေ႐ႊအားလုံး စုပုံရာျဖစ္လာၿပီး ၁၉၄၄ ခုႏွစ္ ဘရက္တန္ဝုဒ္ သေဘာတူညီခ်က္ အရ ေဒၚလာေငြဟာ စစ္ၿပီးေခတ္ ႏိုင္ငံတကာေငြေၾကးျဖစ္လာပါတယ္။

အေမရိကန္ေဒၚလာဟာ ႏိုင္ငံတကာကုန္သြယ္မႈအတြက္ ၾကားခံျဖစ္လာၿပီး ကမာၻ႔အဓိက အရန္ေငြေၾကးျဖစ္လာပါ တယ္။ ဒါေပမယ့္ အေမရိကန္ဘ႑ာေရးဌာနဟာ ေငြေၾကးေျပာင္းလဲမႈ ကြန္ရက္အေပၚသိသိသာသာ ႀကီးၾကပ္ လ်က္ရွိပါတယ္။ ဝါရွင္တန္ရဲ႕အက်ိဳးစီးပြားအတြက္ ႏိုင္ငံျခားအဖြဲ႕အစည္းမ်ားနဲ႔ လူပုဂၢိဳလ္တစ္ဦးခ်င္းတို႔အေပၚ ဒဏ္ခတ္အေရးယူမႈမ်ား ခ်မွတ္ေလ့ရွိပါတယ္။ ဒီလုပ္ရပ္ဟာ ကမာၻလုံးဆိုင္ရာေငြေၾကးလႊဲေျပာင္းမႈစနစ္မ်ားအေပၚ ႀကီးမားတဲ့ တြန္းအားေပးမႈျဖစ္ေစပါတယ္။

၁၉၆၀ ျပည့္လြန္ႏွစ္မ်ားမွာ အေမရိကန္အစိုးရရဲ႕အသုံးစရိတ္မ်ား ျမင့္တက္လာျခင္းေၾကာင့္ ဝါရွင္တန္ရဲ႕ ေျပာင္းလြယ္ျပင္လြယ္ ထိန္းသိမ္းႏိုင္မႈအေပၚ ႏိုင္ငံတကာရဲ႕အျမင္မွာ သံသယျဖစ္ေပၚေစခဲ့ပါတယ္။ ေ႐ႊအစား ေဒၚလာကို ေျပာင္းလဲစုေဆာင္းျခင္းေၾကာင့္ ေ႐ႊ စေတာ့ရွယ္ယာမ်ား တန္ဖိုးက်ဆင္းျခင္းနဲ႔အတူ ေဒၚလာေငြလည္း တန္ဖိုးက်ဆင္းခဲ့ရပါတယ္။ “၃၅-ေဒၚလာေပးတိုင္း ေ႐ႊတစ္ေအာင္စ ျပန္ေပးမယ္” လို႔ ဒုတိယကမာၻစစ္အၿပီး သူတို႔ ကတိျပဳခဲ့တဲ့အတိုင္း ေ႐ႊကို ေဒၚလာနဲ႔ျပန္လည္ေ႐ြးယူဖို႔ ခက္ခဲလာပါတယ္။ ဒါ့ေၾကာင့္ ေဒၚလာေငြ တန္ဖိုးကို ထိန္းသိမ္းဖို႔အတြက္ ၁၉၇၁ ခုႏွစ္ သမၼတနစ္ဆင္လက္ထက္ အေမရိကန္ဟာ “ေဒၚလာနဲ႔ ေ႐ႊ ခ်ိတ္ဆက္မႈ” ကို အၿပီးတိုင္ ပယ္ဖ်က္လိုက္ပါတယ္။
ဒါေပမယ့္ အေမရိကန္ရဲ႕ေငြေၾကးေဖာင္းပြမႈဟာ အစဥ္တစ္စိုက္ ျမင့္တက္ေနပါတယ္။ ေငြေၾကးေဖာင္းပြမႈကို တိုက္ဖ်က္ဖို႔ “အေမရိကန္ဘဏ္တိုးႏႈန္းမ်ား” ကို ျမႇင့္တင္လိုက္တိုင္း ကမာၻအရပ္ရပ္က ေဒၚလာေငြမ်ားဟာ အေမရိကန္ထံ ျပန္လည္စီးဝင္သြားၿပီး ႏိုင္ငံတကာမွာ ေဒၚလာေငြ ေလ်ာ့နည္းမႈ ျဖစ္ေပၚလာရပါတယ္။

ယူကရိန္းစစ္ပြဲမွာ က်ဴးေက်ာ္သူ ႐ုရွားကို အေမရိကန္က ဒဏ္ခတ္ပိတ္ဆို႔တဲ့အခါ ႏိုင္ငံအမ်ားအျပားတို႔အတြက္ ေဒၚလာေနရာမွာ အစားထိုး ေ႐ြးခ်ယ္စရာမ်ား ရွာေဖြလာၾကရပါတယ္။ အေမရိကန္ေဒၚလာကို ႏိုင္ငံျခားအရန္ ေငြေၾကးအျဖစ္ ထားရွိမႈ ပမာဏကလည္း က်ဆင္းလာပါတယ္။ ယမန္ႏွစ္ ကမာၻ႔ႏိုင္ငံမ်ားရဲ႕ အေမရိကန္ေဒၚ လာကို အရန္ေငြအျဖစ္ထားရွိမႈဟာ ၁၉၉၅ ခုႏွစ္ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ၆၀ ရာခိုင္ႏႈန္းေအာက္ကို က်ဆင္း သြားပါတယ္။

ေျပာင္းလဲမႈ အမ်ိဳးမ်ိဳးတို႔ဟာ BRICS လို ကမာၻတစ္ဝွမ္းရွိ ရည္မွန္းခ်က္ျခင္း နီးစပ္ရာ ႏိုင္ငံတစ္စုတို႔အတြက္ ဂငယ္ေကြ႕ ေကြ႕ၿပီး “ဒီ ေဒၚလာ႐ိုက္ေဇးရွင္း” (ေခၚ) အေမရိကန္ေဒၚလာေငြနဲ႔ ခပ္ကင္းကင္းေနဖို႔ အၿပီးသတ္ ဆုံးျဖတ္စရာ ဇာတ္ေၾကာင္းမ်ားကို တြန္းအားေပးေနသလို ရွိေနပါတယ္။ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္၊ ေတာင္အာဖရိကတို႔ ၅ ႏိုင္ငံ ဦးေဆာင္ကုန္သြယ္-စီးပြားေရး BRICS အဖြဲ႕ႀကီးဟာ အထင္ရွားဆုံးျဖစ္ပါတယ္။ တ႐ုတ္-႐ုရွား ႏွစ္ႏိုင္ငံကုန္သြယ္မႈရဲ႕ ၉ဝ ရာႏႈန္းေက်ာ္ဟာ ႐ူဘယ္နဲ႔ ယြမ္ေငြေၾကးမ်ားကို အသုံးျပဳလာျခင္းဟာ အထင္အရွား သိသာပါတယ္။
အျခားႏိုင္ငံအခ်င္းခ်င္း ကုန္သြယ္ရာမွာလည္း အေမရိကန္ ေဒၚလာေငြနဲ႔ေပးေခ်မယ့္အစား သက္ဆိုင္ရာႏိုင္ငံသုံး ေငြေၾကးကို အသုံးျပဳၾကဖို႔ လႈပ္ရွားမႈျဖစ္ေပၚလာပါတယ္။ ဒီျဖစ္ရပ္ဟာ မေဝးတဲ့တစ္ေန႔ ႏိုင္ငံတကာကုန္ သြယ္မႈ မွာ အေမရိကန္ေဒၚလာအေရးပါမႈကို Dollar Dethroned “ ေဒၚလာေငြ နန္းခ်ပစ္ဖို႔” အထိ ဦးတည္လာပါတယ္။
ယခုႏွစ္ ၁၆-ႀကိမ္ေျမာက္ BRICS အဖြဲ႕ဝင္ ႏိုင္ငံမ်ား ထိပ္သီးအစည္းအေဝးကို ယခုလာမယ့္ ေအာက္တိုဘာ ၂၂ ရက္မွ ၂၄ ရက္အထိ ႐ုရွားႏိုင္ငံ “ကာဇန္ၿမိဳ႕” မွာ က်င္းပဖို႔ စီစဥ္ထားပါတယ္။ မူလ ၅ ႏိုင္ငံအျပင္ အီဂ်စ္၊ အီသီယိုပီးယား၊ အီရန္နဲ႔ ယူေအအီးတို႔လည္း တက္ေရာက္မွာျဖစ္ၿပီး ေဆာ္ဒီအာေရးဗီးယားအိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ဆဲလ္မန္ တက္ေရာက္မွာ မဟုတ္ေၾကာင္း ေမာ္စကိုက ေျပာဆိုတယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီ ေအာက္တိုဘာ ၁ဝ ရက္က ေရးခဲ့ပါတယ္။ ပါဝင္ပူးေပါင္းရန္ BRICS ရဲ႕ဖိတ္ေခၚခ်က္ကို သုံးသပ္ေနဆဲ ကမာၻ႔ေရနံ အမ်ားဆုံး တင္ပို႔သူ တိုင္းျပည္ႀကီးဟာ ႏိုင္ငံျခားေရးဝန္ႀကီး မင္းသား ဖိုင္ဆယ္ဘင္ဖာဟန္ အယ္လ္ဆာ့ဒ္ကို ေစလႊတ္မည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ အေရးပါတဲ့ ႏိုင္ငံတကာအစည္းအေဝးေတြမွာ ကိုယ္တိုင္ တက္ေရာက္ ေနက် အိမ္ေရွ႕မင္းသားကေတာ့ ဖိတ္ၾကားျခင္းခံရေပမယ့္ ဘာ့ေၾကာင့္ မလာေရာက္ႏိုင္သလဲဆိုတာကိုေတာ့ အေသးစိတ္ေဖာ္ျပျခင္း မရွိပါဘူး။

အဲဒီအစည္းအေဝးမွာ “ဒီ ေဒၚလာ႐ိုက္ေဇးရွင္း” ဟာ ေဆြးေႏြးၾကမယ့္ အဓိကအေၾကာင္းအရာျဖစ္လိမ့္မယ္လို႔ ထင္ေၾကးေပးေနၾကခိုက္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိဳင္ရွန္ကာက အထက္ပါအတိုင္းေျပာဆိုလိုက္ျခင္းျဖစ္ပါ တယ္။
ဒီေဒၚလာ႐ိုက္ေဇးရွင္း ဗ်ဴဟာမွာ အိႏၵိယအေပၚ ဆြဲေဆာင္ႏိုင္ျခင္း မရွိေၾကာင္း၊ အိႏၵိယအေနနဲ႔ ေငြေပးေခ်မႈပုံစံ အျဖစ္ အေမရိကန္ေဒၚလာကို လက္ခံတဲ့ ေနရာတိုင္းအတြက္ ေဒၚလာကို အသုံးျပဳမွာျဖစ္ၿပီး ေဒၚလာကို လက္ျခင္း မရွိပါက ျပည္တြင္းေငြေၾကးကိုသာ အသုံးျပဳမည္ျဖစ္ေၾကာင္း၊ အိႏၵိယဟာ မိမိႏိုင္ငံစီးပြားေရးမွာ ေဒၚလာရဲ႕ အခန္း က႑ကို ေလွ်ာ့ခ်ရန္ ဘယ္ေသာအခါမွ ရည္႐ြယ္ျခင္း မရွိခဲ့ဖူးေၾကာင္း၊ အိႏၵိယရဲ႕ကုန္သြယ္မႈ မိတ္ဖက္မ်ားအေနနဲ႔ တစ္ခါတစ္ရံ ေဒၚလာနဲ႔ ပတ္သက္ၿပီး ႐ုန္းကန္ေနရသည္ကို သိရွိပါေၾကာင္း၊ နယူးေဒလီအေနနဲ႔ အေမရိကန္ ေဒၚလာအေပၚ အႏႈတ္လကၡဏာသေဘာေဆာင္တဲ့ရည္႐ြယ္ခ်က္မရွိေၾကာင္း ဂ်ိဳင္ရွန္ကာက အေလးထား ေျပာဆို ပါတယ္။
ဒီေဒၚလာ႐ိုက္ေဇးရွင္းနဲ႔ပတ္သက္ၿပီး အျခား BRICS ႏိုင္ငံမ်ားနဲ႔ မတူပဲ၊ တစ္မူကြဲျပားတဲ့ အိႏၵိယရဲ႕ရပ္တည္ခ်က္ကို လူသိရွင္ၾကား ေျပာဆိုျခင္းျဖစ္ပါတယ္။ ေယဘုယ်အားျဖင့္ အိႏၵိယအတြက္ “ဒီေဒၚလာ႐ိုက္ေဇးရွင္း အေ႐ႊ႕” ဟာ သူ႔ႏိုင္ငံရဲ႕အက်ိဳးစီးပြားကို ထိခိုက္ေစႏိုင္ၿပီး “ေထာင္ကဲေကာင္းစားေရး” တ႐ုတ္ရဲ႕အစီအစဥ္ကို အေရာင္တင္ေပးမိ ရာမေရာက္ေအာင္ ေနာက္ျပန္ဆုတ္ျခင္းလည္း ျဖစ္ႏိုင္တယ္လို႔ ဝပ္ခ်ာဂု႐ုက ေရးပါတယ္။
ေဒၚလာေငြ အသုံးျပဳမႈ ေလ်ာ့နည္းသြားေအာင္ လုပ္ေကာင္းလုပ္ႏိုင္ေပမယ့္ အေရးပါမႈကို အၿပီးတိုင္ နန္းခ်ပစ္ဖို႔ဆို တာကေတာ့ အေတာ္ၾကာတဲ့အထိ မျဖစ္ႏိုင္ေသးပါဘူး၊ (၁) အေမရိကန္ရဲ႕စီးပြားေရးလက္တံမ်ား နည္းတူ ကမာၻ႔ ကုန္သြယ္ေရးကို လႊမ္းမိုးရန္ မ်ားမ်ားစားစား လုပ္ႏိုင္သူ မရွိေသးပါဘူး။ (၂) ေဒၚလာေငြအစား ယန္းေငြ-႐ူ ဘယ္- ယြမ္-႐ူးပီး စသည့္ ျဖင့္ အျခားအစားထိုးရန္ ေငြေၾကး အဆင္သင့္ မရွိေသးပါဘူး။ တ႐ုတ္ယြမ္ ေငြဟာ ေဒၚလာကို စိန္ေခၚႏိုင္ေလာက္တဲ့ အရည္အခ်င္း မရွိေသးပါဘူး (၃) အေႂကြးလည္ပင္းခိုက္ေနတဲ့ အေမရိကန္ အစိုးရေၾကာင့္ ေဒၚလာကို မထိခိုက္ႏိုင္ပါဘူး။ အစိုးရက သပ္သပ္ ေငြေၾကးမူဝါဒအဖြဲ႕အစည္းက သပ္သပ္ တျခားစီ ျဖစ္ပါတယ္ (၄) ယခုေနာက္ပိုင္း ခရစ္ပ္တိုကာရင္စီ ေခၚ ဒစ္ဂ်စ္တယ္ေငြေၾကးဟာ အေမရိကန္၊ ကေနဒါ၊ ဂ်ပန္၊ ၿဗိတိန္၊ ၾသစေၾတးလ်မွ စကၤာပူ၊ အင္ဒိုနီးရွားအထိ စသျဖင့္ ႏိုင္ငံအခ်ိဳ႕မွာ တရားဝင္ ေခတ္စားေနပါတယ္။ ဒါေပမယ့္ ႏိုင္ငံ အခ်င္းခ်င္းကုန္သြယ္ေရးမွာ ေဒၚလာကို အစားထိုးစရာ ေ႐ြးခ်ယ္ဖို႔ အလားလာမရွိဘူးလို႔ “မားကက္အင္ ဆိုက္ဒါ” ၂ဝ၂၄ ခုႏွစ္ ေအာက္တိုဘာ ၁၁ ရက္က ေရးခဲ့ပါတယ္။
#BRICS #အိႏၵိယ #ေဒၚလာေငြ_နန္းခ်ပစ္ျခင္း #ဒီ_ေဒၚလာ႐ိုက္ေဇးရွင္း #အေမရိကန္ေဒၚလာ
#ယူကရိန္းစစ္ပြဲ #႐ုရွား #အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး_ဂ်ိဳင္ရွန္ကာ #မိုဟာမက္ဘင္ဆဲလ္မန္
(Watcher Guru.,10 October 2024,” BRICS Country Rejects De-Dollarization, Embraces the US Dollar” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.