အွန်လိုင်းပေါ်တွင် ကမ္ဘောဇဘဏ်အမည်၊ ဘဏ် Logo နှင့် ဘဏ်ဝန်ထမ်းများ၏ ဓါတ်ပုံများကို အသုံးပြု၍ Page အတုများပြုလုပ်ကာ ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေ

 1739

သန့်ဇင် (NP News) - အောက်တိုဘာ ၁၂

အွန်လိုင်းပေါ်တွင် ကမ္ဘောဇဘဏ်အမည်၊ ဘဏ် Logo နှင့် ဘဏ်ဝန်ထမ်းများ ၏ ဓါတ်ပုံများကို အသုံးပြု၍ Page အတုများ ပြုလုပ်ကာငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြောင်း ကမ္ဘောဇဘဏ်(KBZ Bank) က သတိပေးထုတ်ပြန်ထားသည်။

ကမ္ဘောဇဘဏ် (KBZ Bank) က ယနေ့(အောက်တိုဘာ ၁၂ ရက်) တွင် သတိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကမ္ဘောဇဘဏ် (KBZ Bank) အယောင်ဆောင် လိမ်လည်သူများသည် အွန်လိုင်းပေါ်ရှိ ဆိုရှယ်မီဒီယာချန်နယ်များတွင် ဘဏ်အမည်၊ ဘဏ် Logo နှင့် ဘဏ်ဝန်ထမ်းများ၏ ဓါတ်ပုံများကို အသုံးပြု၍ Page အတုများ ပြုလုပ်ကာငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ကမ္ဘောဇဘဏ် နှင့် KBZPay အနေဖြင့် အွန်လိုင်းပေါရှိ ဆိုရှယ်မီဒီယာချန်နယ်များမှတဆင့် ချေးငွေဝန်ဆောင်မှု အပါအဝင် အခြားဝန်ဆောင်မှုများအား ဆောင်ရွက်ပေးခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ဘဏ်ဝန်ထမ်းများသည်လည်း ဆိုရှယ်မီဒီယာချန်နယ်များမှတစ်ဆင့် ချေးငွေဝန်ဆောင်မှုပေးခြင်းနှင့် ချေးငွေထုတ်ပေးမည်ဟုဆိုကာ ကြိုတင်ငွေတောင်းခံခြင်း မရှိကြောင်း သိရသည်။
ထို့ကြောင့် ငွေကြေးဖြင့် မက်လုံးပေးပြီး မိမိ၏အရေးကြီးသောအချက်အလက်များ တောင်းခံပါက ပေးအပ်ခြင်း မပြုလုပ်ရန် နှင့် ချေးငွေကို အယောင်ပြကာ ကြိုတင်ငွေကောက်ခံပြီး တပြိုင်နက် လိမ်လည်သူသည် ပျောက်ကွယ်သွားတတ်သည်ကို အထူးသိပြုရန် လိုအပ်ကြောင်းလည်း သတိပေးထုတ်ပြန်ထားသည်။

ထိုသို့ကြုံတွေ့ရပါက နီးစပ်ရာဘဏ်ခွဲ (သို့) ပိက်ရက်မရှိ ဖွင့်လှစ်ထားသည့် KBZPay စင်တာများသို့ သွားရောက်၍ဖြစ်စေ၊ KBZ Ban k Call Center 09951018555 & KBZPay Call Center 3211 သွယ် အတည်ပြုနိုင်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်လိမိတက်(KBZ Bank) သည် ၎င်းတို့၏ အမည် အပါအဝင် အမှတ်တံဆိပ် နှင့် စာတမ်းအမှတ်အသားများကို အယောင်ဆောင် သုံးစွဲခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လက ထုတ်ပြန်ခဲ့ဖူးသည်။

Zawgyi Version;
အြန္လိုင္းေပၚတြင္ ကေမာၻဇဘဏ္အမည္၊ ဘဏ္ Logo ႏွင့္ ဘဏ္ဝန္ထမ္းမ်ား၏ ဓါတ္ပုံမ်ားကို အသုံးျပဳ၍ Page အတုမ်ားျပဳလုပ္ကာ ေငြေၾကးလိမ္လည္မႈမ်ား ျပဳလုပ္ေန
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁၂

အြန္လိုင္းေပၚတြင္ ကေမာၻဇဘဏ္အမည္၊ ဘဏ္ Logo ႏွင့္ ဘဏ္ဝန္ထမ္းမ်ား ၏ ဓါတ္ပုံမ်ားကို အသုံးျပဳ၍ Page အတုမ်ား ျပဳလုပ္ကာေငြေၾကးလိမ္လည္မႈမ်ား ျပဳလုပ္ေနေၾကာင္း ကေမာၻဇဘဏ္(KBZ Bank) က သတိေပးထုတ္ျပန္ထားသည္။

ကေမာၻဇဘဏ္ (KBZ Bank) က ယေန႔(ေအာက္တိုဘာ ၁၂ ရက္) တြင္ သတိေပးထုတ္ျပန္လိုက္ျခင္းျဖစ္သည္။
ကေမာၻဇဘဏ္ (KBZ Bank) အေယာင္ေဆာင္ လိမ္လည္သူမ်ားသည္ အြန္လိုင္းေပၚရွိ ဆိုရွယ္မီဒီယာခ်န္နယ္မ်ားတြင္ ဘဏ္အမည္၊ ဘဏ္ Logo ႏွင့္ ဘဏ္ဝန္ထမ္းမ်ား၏ ဓါတ္ပုံမ်ားကို အသုံးျပဳ၍ Page အတုမ်ား ျပဳလုပ္ကာေငြေၾကးလိမ္လည္မႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။
ကေမာၻဇဘဏ္ ႏွင့္ KBZPay အေနျဖင့္ အြန္လိုင္းေပါရွိ ဆိုရွယ္မီဒီယာခ်န္နယ္မ်ားမွတဆင့္ ေခ်းေငြဝန္ေဆာင္မႈ အပါအဝင္ အျခားဝန္ေဆာင္မႈမ်ားအား ေဆာင္႐ြက္ေပးျခင္းမရွိေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ ဘဏ္ဝန္ထမ္းမ်ားသည္လည္း ဆိုရွယ္မီဒီယာခ်န္နယ္မ်ားမွတစ္ဆင့္ ေခ်းေငြဝန္ေဆာင္မႈေပးျခင္းႏွင့္ ေခ်းေငြထုတ္ေပးမည္ဟုဆိုကာ ႀကိဳတင္ေငြေတာင္းခံျခင္း မရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေငြေၾကးျဖင့္ မက္လုံးေပးၿပီး မိမိ၏အေရးႀကီးေသာအခ်က္အလက္မ်ား ေတာင္းခံပါက ေပးအပ္ျခင္း မျပဳလုပ္ရန္ ႏွင့္ ေခ်းေငြကို အေယာင္ျပကာ ႀကိဳတင္ေငြေကာက္ခံၿပီး တၿပိဳင္နက္ လိမ္လည္သူသည္ ေပ်ာက္ကြယ္သြားတတ္သည္ကို အထူးသိျပဳရန္ လိုအပ္ေၾကာင္းလည္း သတိေပးထုတ္ျပန္ထားသည္။

ထိုသို႔ႀကဳံေတြ႕ရပါက နီးစပ္ရာဘဏ္ခြဲ (သို႔) ပိက္ရက္မရွိ ဖြင့္လွစ္ထားသည့္ KBZPay စင္တာမ်ားသို႔ သြားေရာက္၍ျဖစ္ေစ၊ KBZ Ban k Call Center 09951018555 & KBZPay Call Center 3211 သြယ္ အတည္ျပဳႏိုင္ေၾကာင္း သိရသည္။

ကေမာၻဇဘဏ္လိမိတက္(KBZ Bank) သည္ ၎တို႔၏ အမည္ အပါအဝင္ အမွတ္တံဆိပ္ ႏွင့္ စာတမ္းအမွတ္အသားမ်ားကို အေယာင္ေဆာင္ သုံးစြဲျခင္းမ်ားျပဳလုပ္ပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ဩဂုတ္လက ထုတ္ျပန္ခဲ့ဖူးသည္။

Picture

ko zaw min

12/10/2024 18:18

ဟုတ်တယ် ဒိတပတ်ထဲ မှာ နစ်ကြိမ်ရှိပြိ ဆက်သွယ်ခံရတာ

Picture

09651283457

12/10/2024 22:05

ဦးနှောက် မရှိ ယုံ ခံပေါ့

Related news

© 2021. All rights reserved.