တေလာဆွစ်ဖ်ကြောင့် အသေးစားအလှကုန် brand တစ်ခုဖြစ်တဲ့ Fazit Beauty အရောင်းသွက်နေ

 1091

ရောင်နီ (NP News) - အောက်တိုဘာ ၁၃

ပေါ့ပ်စူပါစတား တေလာဆွဖ်ဟာ ဂီတလောကထဲမှာသာမက စီးပွားရေးလုပ်ငန်းတွေမှာပါ ကျော်ကြားအောင် စွမ်းဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဘီလျံနာ အဆိုတော် တေးရေးဆရာ တေလာဆွဖ်ဟာ အောက်တိုဘာ ၇ ရက်က အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ်၊ ကန်းဆက်မြို့ရှိ Arrowhead Stadium မှာ ပြုလုပ်တဲ့ တေလာရဲ့ချစ်သူ ထရာဗစ်ကလေ့ ပါဝင်တဲ့ Kanses City Chiefs နဲ့ New Orleans Saints အသင်း ယှဉ်ပြိုင်တဲ့ဘောလုံးပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ တေလာက သူမရဲ့မျက်နှာပေါ်ကို Fazit Beauty ရဲ့ glitter freckles product တစ်ခုနဲ့တို့ထိ လိမ်းခဲ့ပါတယ်။ အဲဒါကြောင့် Fazit Beauty ရဲ့ glitter freckles အလှကုန်လိမ်းဆေးဟာ တစ်ရက်တည်းနဲ့ အရောင်း ၂,၅၀၀ ရာခိုင်နှုန်းထိ သိသိသာသာမြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။ မော်ဒယ် ဟောင်းတစ်ဦးဖြစ်တဲ့ Fazit Beauty ရဲ့ တွဲဖက်တည်ထောင်သူ အာလီယက်ဘက်တယ်မန်က သူမရဲ့တစ်တော့ ဗီဒီယိုဖိုင်မှာ တေလာရဲ့ "bejeweled" သီချင်းနဲ့အတူရောင်းချဖို့ အသင့်ဖြစ်နေတဲ့ အလှကုန်သေတ္တာပုံးများကို ပြသထားကာ တေလာကို ကျေးဇူးတင်ကြောင်း ဖော်ညွှန်းခဲ့ပါတယ်။

စီးပွားရေးအပေါ် တေလာရဲ့လွှမ်းမိုးနိုင်စွမ်းဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလကလည်း အမေရိကန်အမှတ်တံဆိပ် Area မှ အလှဆင်ထားတဲ့ ဂျင်းဘောင်းဘီတိုတစ်ထည်ကို Kansas City Chiefs ပွဲစဉ်တစ်ခုမှာ ဝတ်ဆင်ခဲ့ခြင်းကြောင့် အဲဒီဘောင်းဘီ ဒီဇိုင်းဟာ Farfetch၊ Mode Sens နဲ့ အခြားစျေးဝယ် ပလက်ဖောင်းတွေမှာ ချက်ချင်းရောင်းကုန်သွားခဲ့ပါတယ်။

Zawgyi Version;
ေတလာဆြစ္ဖ္ေၾကာင့္ အေသးစားအလွကုန္ brand တစ္ခုျဖစ္တဲ့ Fazit Beauty အေရာင္းသြက္ေန
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၃

ေပါ့ပ္စူပါစတား ေတလာဆြဖ္ဟာ ဂီတေလာကထဲမွာသာမက စီးပြားေရးလုပ္ငန္းေတြမွာပါ ေက်ာ္ၾကားေအာင္ စြမ္းေဆာင္ႏိုင္သူတစ္ဦးျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ ဘီလ်ံနာ အဆိုေတာ္ ေတးေရးဆရာ ေတလာဆြဖ္ဟာ ေအာက္တိုဘာ ၇ ရက္က အေမရိကန္ႏိုင္ငံ၊ မစ္ဆူရီျပည္နယ္၊ ကန္းဆက္ၿမိဳ႕ရွိ Arrowhead Stadium မွာ ျပဳလုပ္တဲ့ ေတလာရဲ႕ခ်စ္သူ ထရာဗစ္ကေလ့ ပါဝင္တဲ့ Kanses City Chiefs နဲ႔ New Orleans Saints အသင္း ယွဥ္ၿပိဳင္တဲ့ေဘာလုံးပြဲကို တက္ေရာက္ခဲ့ပါတယ္။ အဲဒီပြဲမွာ ေတလာက သူမရဲ႕မ်က္ႏွာေပၚကို Fazit Beauty ရဲ႕ glitter freckles product တစ္ခုနဲ႔တို႔ထိ လိမ္းခဲ့ပါတယ္။ အဲဒါေၾကာင့္ Fazit Beauty ရဲ႕ glitter freckles အလွကုန္လိမ္းေဆးဟာ တစ္ရက္တည္းနဲ႔ အေရာင္း ၂,၅၀၀ ရာခိုင္ႏႈန္းထိ သိသိသာသာျမင့္တက္သြားခဲ့တယ္လို႔ သိရပါတယ္။ ေမာ္ဒယ္ ေဟာင္းတစ္ဦးျဖစ္တဲ့ Fazit Beauty ရဲ႕ တြဲဖက္တည္ေထာင္သူ အာလီယက္ဘက္တယ္မန္က သူမရဲ႕တစ္ေတာ့ ဗီဒီယိုဖိုင္မွာ ေတလာရဲ႕ "bejeweled" သီခ်င္းနဲ႔အတူေရာင္းခ်ဖို႔ အသင့္ျဖစ္ေနတဲ့ အလွကုန္ေသတၱာပုံးမ်ားကို ျပသထားကာ ေတလာကို ေက်းဇူးတင္ေၾကာင္း ေဖာ္ၫႊန္းခဲ့ပါတယ္။

စီးပြားေရးအေပၚ ေတလာရဲ႕လႊမ္းမိုးႏိုင္စြမ္းဟာ ဒါပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလကလည္း အေမရိကန္အမွတ္တံဆိပ္ Area မွ အလွဆင္ထားတဲ့ ဂ်င္းေဘာင္းဘီတိုတစ္ထည္ကို Kansas City Chiefs ပြဲစဥ္တစ္ခုမွာ ဝတ္ဆင္ခဲ့ျခင္းေၾကာင့္ အဲဒီေဘာင္းဘီ ဒီဇိုင္းဟာ Farfetch၊ Mode Sens နဲ႔ အျခားေစ်းဝယ္ ပလက္ေဖာင္းေတြမွာ ခ်က္ခ်င္းေရာင္းကုန္သြားခဲ့ပါတယ္။

Related news

© 2021. All rights reserved.