ဘရာဇီးမှာ ရက်ရှည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူရှစ်ဦး သေဆုံး

 224

ရောင်နီ (NP News) - အောက်တိုဘာ ၁၃

ဘရာဇီးနိုင်ငံမှာ ရက်ရှည် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် အနည်းဆုံး လူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့တယ် လို့ အာဏာပိုင်တွေက အောက်တိုဘာ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဘရာဇီးနိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ အောက်တိုဘာ ၁၁ ရက်ကစ လေတိုက်နှုန်း တစ်နာရီကို ၁၀၀ ကီလိုမီတာနဲ့ မိုးရေချိန် ၁၀ စင်တီမီတာအထိ ၂ ရက်ဆက်တိုက် မိုးရွာသွင်းခဲ့တယ်လို့ နိုင်ငံရဲ့ အမျိုးသား မိုးလေဝသဌာနက ပြောကြားပါတယ်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘရာဇီးနိုင်ငံရဲ့လူဦးရေအများဆုံးပြည်နယ် ဆော်ပေါလိုမှာ လူခုနှစ်ဦး ထက်မနည်း သေဆုံးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေလဲကာ အိမ်ခြေ ၁.၆ သန်းခန့် လျှပ်စစ်မီး ပြတ်တောက်မှုတွေဖြစ်ပွားခဲ့တယ်လို့ ပြည်နယ်အရပ်ဘက်ကာကွယ်ရေးဌာနက ဆိုပါတယ်။

မြို့တော် ဘရာစေးလေးယားမြို့ စစ်တပ်ရဲဌာနချုပ်ရှေ့မှာ သစ်ပင်ပြိုကျမှုကြောင့် စစ်သားတစ်ဦးသေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၁၆၅ ရက်ကျော်ကြာ စံချိန်တင်မိုးခေါင်ပြီး တောမီးလောင်ကျွမ်းမှုတွေဖြစ်ပွားနေတဲ့ ဘရာဇီးအတွက် အခုအချိန်ဟာ တစ်နှစ်တာအတွင်း မိုးရေကောင်းစွာ ရရှိနေတဲ့ အချိန်ပဲဖြစ်ပါတယ်။

Zawgyi Version;
ဘရာဇီးမွာ ရက္ရွည္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လူရွစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၄

ဘရာဇီးႏိုင္ငံမွာ ရက္ရွည္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ အနည္းဆုံး လူ ရွစ္ဦးထက္မနည္း ေသဆုံးခဲ့တယ္ လို႔ အာဏာပိုင္ေတြက ေအာက္တိုဘာ ၁၂ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

ဘရာဇီးႏိုင္ငံ အလယ္ပိုင္းနဲ႔ အေရွ႕ေတာင္ပိုင္းမွာ ေအာက္တိုဘာ ၁၁ ရက္ကစ ေလတိုက္ႏႈန္း တစ္နာရီကို ၁၀၀ ကီလိုမီတာနဲ႔ မိုးေရခ်ိန္ ၁၀ စင္တီမီတာအထိ ၂ ရက္ဆက္တိုက္ မိုး႐ြာသြင္းခဲ့တယ္လို႔ ႏိုင္ငံရဲ႕ အမ်ိဳးသား မိုးေလဝသဌာနက ေျပာၾကားပါတယ္။
အဆိုပါ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ဘရာဇီးႏိုင္ငံရဲ႕လူဦးေရအမ်ားဆုံးျပည္နယ္ ေဆာ္ေပါလိုမွာ လူခုႏွစ္ဦး ထက္မနည္း ေသဆုံးခဲ့ၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ သစ္ပင္ေတြလဲကာ အိမ္ေျခ ၁.၆ သန္းခန႔္ လွ်ပ္စစ္မီး ျပတ္ေတာက္မႈေတြျဖစ္ပြားခဲ့တယ္လို႔ ျပည္နယ္အရပ္ဘက္ကာကြယ္ေရးဌာနက ဆိုပါတယ္။

ၿမိဳ႕ေတာ္ ဘရာေစးေလးယားၿမိဳ႕ စစ္တပ္ရဲဌာနခ်ဳပ္ေရွ႕မွာ သစ္ပင္ၿပိဳက်မႈေၾကာင့္ စစ္သားတစ္ဦးေသဆုံးကာ အျခားတစ္ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ၁၆၅ ရက္ေက်ာ္ၾကာ စံခ်ိန္တင္မိုးေခါင္ၿပီး ေတာမီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားေနတဲ့ ဘရာဇီးအတြက္ အခုအခ်ိန္ဟာ တစ္ႏွစ္တာအတြင္း မိုးေရေကာင္းစြာ ရရွိေနတဲ့ အခ်ိန္ပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.