အစ္စရေးနိုင်ငံက ရာဇဝတ်မှုကျူးလွန်နေကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်ပြစ်တင်

 191

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၄

အစ္စရေး နဲ့ ဟစ်ဘိုလာအဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားနေချိန်မှာပဲ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟမ်မက် ဘတ်ဟာဟာ လက်ဘနွန်နိုင်ငံကိုသွားရောက်ခဲ့ပြီး အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုတွေကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဟာ အစ္စရေးရဲ့တိုက်ခိုက်မှုကိုအဆိုးရွားဆုံးခံရတဲ့ ဘေရွတ်ကို သွားရောက်လေ့လာခဲ့ပြီး နောက် အစ္စရေးရဲ့လုပ်ရပ်တွေကိုဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်ပါတယ်။ အီရန်လွှတ်တော်ဥက္ကဋ္ဌက အစ္စရေးနိုင်ငံဟာ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်စွမ်းရှိရမယ်။ ဒါပေမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေဟာ နုတ်ဆိပ်နေတယ်" လို့ ပြောပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌဟာ လက်ဘနွန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ လက်ဘနွန် ဝန်ကြီးချုပ် မီကာတီက ၎င်းတို့အစိုးရအဖွဲ့အနေနဲ့ အပစ်ခတ်ရပ်စဲရေးရရှိရေးကို အဓိက ဦးစားပေးလုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ လက်ဘနွန်ဝန်ကြီးချုပ်က ကုလသမဂ္ဂအဖွဲ့အနေနဲ့ အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့ကြား ချက်ချင်းအပစ်ခတ်ရပ်စဲရေးရယူနိုင်အောင် တွန်းအားပေး လုပ်ဆောင်ဖို့တောင်းဆိုခဲ့ပါတယ်။ အီရန် လွှတ်တော် ဥက္ကဋ္ဌက အီရန်အစိုးရအနေနဲ့ လက်ဘနွန်အစိုးရဆုံးဖြတ်ချက်တွေ၊ လက်ဘနွန်ပြည်သူများနဲ့ ဟစ်ဘိုလာအဖွဲ့များ ကို ကူညီထောက်ခံသွားမှာဖြစ်ကြောင်း ပြောပါတယ်။

အစ္စရေးဟာ ၎င်းနိုင်ငံဘက်ခြမ်းကို ရော့ကဒ်ဒုံးကျည်တွေနဲ့ပစ်ခတ်နေတဲ့ ဟစ်ဘိုလာအဖွဲ့ကို လက်တုံ့ပြန်မှုအဖြစ် လက်ဘနွန်နိုင်ငံကို စက်တင်ဘာလနောက်ဆုံးသီတင်းပတ်က စတင်ပြီး အရှိန်မြင့်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ လက်ဘနွန်နိုင်ငံအတွင်းရှိ မြို့များအနက် ဘေရွတ်မြို့ဟာ အစ္စရေးအစိုးရဲ့တိုက်ခိုက်ခြင်းကို အပြင်းထန်ဆုံးခံခဲ့ရကြောင်း သိရပါတယ်။

Zawgyi Version;
အစၥေရးႏိုင္ငံက ရာဇဝတ္မႈက်ဴးလြန္ေနေၾကာင္း အီရန္လႊတ္ေတာ္ဥကၠ႒ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၄

အစၥေရး နဲ႔ ဟစ္ဘိုလာအဖြဲ႕ၾကား တိုက္ပြဲမ်ားျဖစ္ပြားေနခ်ိန္မွာပဲ အီရန္လႊတ္ေတာ္ဥကၠ႒ မိုဟမ္မက္ ဘတ္ဟာဟာ လက္ဘႏြန္ႏိုင္ငံကိုသြားေရာက္ခဲ့ၿပီး အစၥေရးႏိုင္ငံရဲ႕တိုက္ခိုက္မႈေတြကို ေဝဖန္ျပစ္တင္ခဲ့ေၾကာင္း သိရပါတယ္။

အီရန္လႊတ္ေတာ္ဥကၠဋ္ဟာ အစၥေရးရဲ႕တိုက္ခိုက္မႈကိုအဆိုး႐ြားဆုံးခံရတဲ့ ေဘ႐ြတ္ကို သြားေရာက္ေလ့လာခဲ့ၿပီး ေနာက္ အစၥေရးရဲ႕လုပ္ရပ္ေတြကိုေဝဖန္ျပစ္တင္ခဲ့ျခင္းျဖစ္ပါတယ္။ အီရန္လႊတ္ေတာ္ဥကၠ႒က အစၥေရးႏိုင္ငံဟာ ရာဇဝတ္မႈေတြ က်ဴးလြန္ေနတယ္။ ႏိုင္ငံတကာအဖြဲ႕အစည္းေတြနဲ႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီဟာ အစၥေရးရဲ႕ တိုက္ခိုက္မႈေတြကို ရပ္တန႔္ႏိုင္စြမ္းရွိရမယ္။ ဒါေပမယ့္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြဟာ ႏုတ္ဆိပ္ေနတယ္" လို႔ ေျပာပါတယ္။

အီရန္လႊတ္ေတာ္ဥကၠ႒ဟာ လက္ဘႏြန္ဝန္ႀကီးခ်ဳပ္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ လက္ဘႏြန္ ဝန္ႀကီးခ်ဳပ္ မီကာတီက ၎တို႔အစိုးရအဖြဲ႕အေနနဲ႔ အပစ္ခတ္ရပ္စဲေရးရရွိေရးကို အဓိက ဦးစားေပးလုပ္ေဆာင္မွာ ျဖစ္တယ္လို႔ ေျပာပါတယ္။ လက္ဘႏြန္ဝန္ႀကီးခ်ဳပ္က ကုလသမဂၢအဖြဲ႕အေနနဲ႔ အစၥေရးနဲ႔ ဟစ္ဘိုလာအဖြဲ႕ၾကား ခ်က္ခ်င္းအပစ္ခတ္ရပ္စဲေရးရယူႏိုင္ေအာင္ တြန္းအားေပး လုပ္ေဆာင္ဖို႔ေတာင္းဆိုခဲ့ပါတယ္။ အီရန္ လႊတ္ေတာ္ ဥကၠ႒က အီရန္အစိုးရအေနနဲ႔ လက္ဘႏြန္အစိုးရဆုံးျဖတ္ခ်က္ေတြ၊ လက္ဘႏြန္ျပည္သူမ်ားနဲ႔ ဟစ္ဘိုလာအဖြဲ႕မ်ား ကို ကူညီေထာက္ခံသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

အစၥေရးဟာ ၎ႏိုင္ငံဘက္ျခမ္းကို ေရာ့ကဒ္ဒုံးက်ည္ေတြနဲ႔ပစ္ခတ္ေနတဲ့ ဟစ္ဘိုလာအဖြဲ႕ကို လက္တုံ႔ျပန္မႈအျဖစ္ လက္ဘႏြန္ႏိုင္ငံကို စက္တင္ဘာလေနာက္ဆုံးသီတင္းပတ္က စတင္ၿပီး အရွိန္ျမင့္တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။ လက္ဘႏြန္ႏိုင္ငံအတြင္းရွိ ၿမိဳ႕မ်ားအနက္ ေဘ႐ြတ္ၿမိဳ႕ဟာ အစၥေရးအစိုးရဲ႕တိုက္ခိုက္ျခင္းကို အျပင္းထန္ဆုံးခံခဲ့ရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.