အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတချို့ ဘယ်လိုသဘောထားအမြင်မျိုးရှိနေလဲ

 382

ဂျန်ဇက် (NP News) - အောက်တိုဘာလ ၁၄

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် သွေးထွက်သံယိုမှုများကိုရပ်တန့်ရန်အတွက် မြန်မာအစိုးရ နှင့် လက်နက်ကိုင်အဖွဲ့များအားလုံးသည် တိကျခိုင်မာသောဆောင်ရွက်ချက်များ လုပ်ဆောင်ရမည်ဖြစ်ပြီး ပစ်ခတ် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့ခေါင်းဆောင်များက တိုက်တွန်းတောင်းဆို လိုက်သည်။

အာဆီယံအဖွဲ့ခေါင်းဆောင်များသည် အာဆီယံထိပ်သီးအစည်းအဝေးသို့ သုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြန် လည်တက်ရောက်ခဲ့သော မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး ခဲ့ပြီး နောက် ထုတ်ပြန်ခဲ့သော ပူးတွဲထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားခြင်းဖြစ်သည်။ အာဆီယံအဖွဲ့ သဘောတူညီချက် ငါးချက်က မြန်မာ့အရေးကိုဖြေရှင်း ရန်ကြိုးပမ်းရာတွင် အဓိကရည်òန်းကိုးကားစရာအဖြစ် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ ခေါင်းဆောင်များ၏ ပူးတွဲထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အာဆီယံအဖွဲ့ခေါင်းဆောင်များ၏ ထုတ်ပြန်ချက်ထဲတွင် "အရပ်သားတွေကို ပစ်မှတ်ထားတိုက် ခိုက်ခြင်းတွေကို ပြစ်တင်ရှုတ်ချပါတယ်။ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်စေဖို့ PDF အဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးဟာ တိကျခိုင်မာတဲ့လုပ်ဆောင်မှုတွေကိုလုပ်ဆောင်ဖို့ လိုအပ်နေတယ်" ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ဖြစ်ပွားလျက်ရှိနေသည့်အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရေး တံခါးကို ဖွင့်လှစ်ခဲ့ကြောင်း မလေးရှားအစိုးရအနေဖြင့် မြန်မာ့အရေးတွင် ပါဝင်နေသည့် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးကို စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းပေါ်သို့ခေါ်ဆောင်ပေးသည့်အခွင့်အရေးမျိုး ရယူနိုင်ရန်လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီ မိုဟာမတ်ဟာဆန်က ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုနှစ်လာအိုနိုင်ငံ၌ ကျင်းပသော အာဆီယံထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားပြုကိုယ်စားလှယ်တစ်ဦးစေလွှတ်ခဲ့ပြီး တိုးတက်ကောင်းမွန်မှုများရှိလာခဲ့ ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မလေးရှားအစိုးရအနေဖြင့် မြန်မာ့အရေးကို ဆွေးနွေးအဖြေရှာရန် ကြားဝင်စေ့စပ်ပေးသော နိုင်ငံအဖြစ်ပါဝင်ရန် ဆန္ဒရှိနေကြောင်းလည်းဆိုသည်။
လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်ရမည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက "မြန်မာနိုင်ငံဟာ အရင်တုန်းက တံခါးပိတ် ထားခဲ့တယ်။ သူတို့ဟာ စေ့စပ်ဆွေးနွေး၊ ဆက်သွယ်ဆောင်ရွက်မှု အားလုံး လုပ်ဆောင်ဖို့မလိုလားခဲ့ဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မြန်မာအစိုးရဟာ စေ့စပ်ဆွေးနွေးဖို့ တံခါးတွေ ဖွင့်လှစ်လိုက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ စေ့စပ်ဆွေးနွေးရာကနေ အခွင့်အရေးကောင်းတွေရဖို့ လိုလားဆန္ဒရှိနေတယ်" ဟု အောက်တိုဘာ(၁၀)ရက်က လာအိုနိုင်ငံမြို့တော်ရှိ ဟိုတယ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက "တစ်ဖက်တည်းနဲ့ စေ့စပ်ဆွေးနွေးနေရုံနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ကိစ္စတွေ ကို ဆွေးနွေးဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ အဲဒီမြန်မာ့အရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေဟာ တခြားအဖွဲ့အစည်း တွေထက် ပိုမိုအင်အားတောင့်တင်းတယ်လို့ပြောဆိုနေလို့ တစ်ဖက်တည်းနဲ့ဆွေးနွေးလို့မရနိုင်ဘူး"ဟု ပြောသည်။

မလေးရှားနိုင်ငံသည် လာမည့်နှစ်တွင် အာဆီယံအဖွဲ့အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွား မည်ဖြစ်ရာ လက်ရှိအချိန်ကတည်းက ကြိုတင်ပြင်ဆင်နေပြီး မြန်မာအစိုးရနှင့် ကနဦးစေ့စပ်ဆွေးနွေး ရန်မျှော်လင့်ထား ကြောင်း ၎င်းက ထပ်မံပြောသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက "ကျွန်တော်တို့ဟာ သူတို့ကို တွန်းအား မပေးပါဘူး။ သူတို့ဟာ မလေးရှား နိုင်ငံနဲ့ စေ့စပ်ဆွေးနွေးဖို့စောင့်ဆိုင်းနေတယ်။ ဒါကြောင့် သူတို့ဟာ မလေးရှားနဲ့ ဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။ မလေးရှားနိုင်ငံဟာ လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အချိန်နောက် ပိုင်းကတည်းက ကျွန်တော်တို့အတွက် စေ့စပ်ဆွေးနွေးဖို့ အရာရာတိုင်း ပိုမိုလွယ်ကူဖွယ်ရှိနေပါ တယ်" ဟု ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မပြောခင် ရက်ပိုင်းအလိုကလည်း ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့ အရေးနှင့်ပတ်သက် ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲများကို ဒီဇင်ဘာလအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုကြောင်း ထိုင်းအစိုးရ က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ထိုင်းနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအသစ်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်း နိုင်ငံများ၏ အားပေးထောက်ခံမှုဖြင့် ဒီဇင်ဘာလအတွင်း မြန်မာအရေးကို အလွတ်သဘောတွေ့ဆုံဆွေးနွေးရန်အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန်အဆိုပြုထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွမ်ဒီဘလန်ကူက ထုတ်ဖော်ပြောဆိုလိုက်သည်။

၎င်းက "ကျွန်တော်တို့ရဲ့အဆိုပြုကမ်း လှမ်းချက်တွေကို လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံလာအိုနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအသစ်အ ဖြစ်တာဝန်ယူမယ့် မလေးရှားနိုင်ငံတို့က ထောက်ခံ ထားတယ်။ ဒါကြောင့် မြန်မာ့အရေးအလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပနိုင်မယ်လို့ ယုံကြည် ထားတယ်"ဟုပြောသည်။
ထိုင်းနိုင်ငံသည် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာလက်ထက်ကတည်းက မြန်မာ့အရေးကို ကြား ဝင်ဆောင်ရွက်ရန်ကြိုးပမ်းခဲ့ပြီး နစကအဖွဲ့နိုင်ငံခြား ရေးဝန်ကြီးအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများပူးပေါင်းပါဝင်သော အာဆီ ယံအလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲများကို အိမ် ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးသည်။ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲကို စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့က ဝေဖန်ပြစ်တင်ခဲ့ဖူးပြီး အာဆီယံအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ များကြား နှစ်ခြမ်းကွဲနေ သည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

အာဆီယံအဖွဲ့သည် မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အရေးကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများ သဘောထားအမြင်ကွဲလွဲခြင်းများရှိခဲ့သော်လည်း စုစည်းညီညွတ်သောအဖွဲ့အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အာဆီယံအဖွဲ့အတွင်းရေးမှူးချုပ်က သုံးသပ်ပြောဆိုသည်။ တောင် တရုတ်ပင်လယ်အရေးနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ် အပါအဝင် အဓိကအခက်အခဲများ တိုးလာနေသော်လည်း အာဆီယံအဖွဲ့အနေဖြင့် အရှေ့တောင်အာရှဒေသအတွင်း တည်ငြိမ်သောအဖွဲ့အစည်းအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အာဆီယံအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆီယံအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူKao Kim Hourn က "အာဆီယံအဖွဲ့ဟာ တည်ငြိမ်တဲ့အဖွဲ့ အစည်းဖြစ်တယ်။ ကျွန်တော်တို့က ပြဿနာတွေကို ဦးစားပေးဆောင်ရွက်တယ်။ လူတွေက ပြဿနာတွေကို အမြဲတမ်း အလေးပေးအလျင်အမြန်ဖြေရှင်းဖို့ကြိုးပမ်းပေမယ့် အာဆီယံအဖွဲ့ရဲ့နည်းလမ်းကတော့ အဲဒီပြဿနာ တွေကိုအချိန်ယူဖြေရှင်းတယ်"ဟုပြောသည်။ အနီးစပ်ဆုံးဥပမာပြရမည်ဆိုလျှင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတိုးတက်ကောင်းမွန်လာခဲ့ပြီး ပြင်ပမိတ်ဖက်နိုင်ငံများနှင့်အတူ ကုန်သွယ်ရေးသဘောတူညီမှုများ လုပ်ဆောင်နိုင်ခြင်းကြောင့် (၂၀၂၃)ခုနှစ်တွင် အာဆီယံအဖွဲ့က အမေရိကန်ဒေါ်လာ(၂၃၀)ဘီလျံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်နိုင်ခဲ့ ကြောင်း အာဆီယံအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။

အာဆီယံအဖွဲ့အထွေထွေအတွင်းရေးမှူး ချုပ်သည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့ရာ ၎င်းက "အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်။ ကျွန်တော်တို့ဟာ အချိန်ယူသည်းခံရမယ်။ မြန်မာ့နိုင်ငံရေးအခက်အခဲဟာ ခက်ခဲရှုပ်ထွေးပြီး ချက်ချင်း ဖြေရှင်းလို့ ရနိုင်မယ်လို့ မမျှော်လင့်ထားသင့်ဘူး။ အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံက အကူအညီလိုအပ်နေသူ တွေအတွက်လည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ တိုးမြှင့်ကူညီနိုင်ဖို့ စီစဉ်နေတယ်" ဟု ပြောသည်။
မြန်မာအစိုးရသည် အာဆီယံအဖွဲ့နှင့်ရရှိ ထားသည့် အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို သိသာတိုးတက်စေရန် လုပ်ဆောင်နိုင်ခြင်းရှိခဲ့သော် လည်း (၂၀၂၅)ခုနှစ်အတွင်း ကျင်းပရန်စီစဉ်ထား သည့်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အရှိန်မြှင့်လုပ် ဆောင်လျက်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံ တွင် ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခ များ အဆုံးသတ်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်း များကြား စေ့စပ်ဆွေးနွေးမှုများ စတင်လုပ်ဆောင်ရန် လိုအပ်နေရာ အာဆီယံအဖွဲ့အနေဖြင့် လက်ရှိအချိန် အထိ သက်ဆိုင်ရာအဖွဲ့အစည်းများကြား မျက်နှာချင်း ဆိုင် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာစေရန်အတွက် ကြိုးပမ်းပေးရန် လိုအပ်နေသည်။

နစက အပါအဝင် မြန်မာ့အရေးတွင်ပါဝင်နေသည့်လက်နက်ကိုင်အဖွဲ့များတွင် ကြိုတင်ကန့်သတ်ချက်များရှိနေရာ အဆိုပါကြိုတင်ကန့်သတ် ချက်များက စေ့စပ်ဆွေးနွေးရေးဖြစ်လာစေရန် အဟန့်အတားသဖွယ်ဖြစ်နေသည်။ နစကအဖွဲ့သည် မြန်မာ့နိုင်ငံရေးပြဿနာများကိုအဖြေရှာနိုင်ရန်အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း ဖြင့် ဖြေရှင်းရန်အတွက် လက်နက်ကိုင်အဖွဲ့အစည်းများ ကို ဖိတ်ခေါ်ခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်း အချို့ကငြင်းဆန်ပယ်ချခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမှု မြန်မာ့အရေးတွင် ပါဝင်နေသည့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးသည် လက်ရှိအချိန်တွင် သဘောထားအမြင်ကွဲလွဲမှုများကို ဘေးဖယ်ထားပြီး ပြည်သူ့မျက်နှာကို အဓိကထားရှေးရှုကာ အားလုံးပါဝင်မည့် စေ့စပ်ဆွေးနွေးမှုများ အမြန်ဆုံး စတင်ရန် လိုအပ်လျက်ရှိနေကြောင်း သုံးသပ်တင်ပြလိုက်သည်။

Zawgyi Version;
အာဆီယံထိပ္သီးအစည္းအေဝးအတြင္း ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အာဆီယံႏိုင္ငံတခ်ိဳ႕ ဘယ္လိုသေဘာထားအျမင္မ်ိဳးရွိေနလဲ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာလ ၁၄

ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားလ်က္ရွိေနသည့္ ေသြးထြက္သံယိုမႈမ်ားကိုရပ္တန႔္ရန္အတြက္ ျမန္မာအစိုးရ ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားအားလုံးသည္ တိက်ခိုင္မာေသာေဆာင္႐ြက္ခ်က္မ်ား လုပ္ေဆာင္ရမည္ျဖစ္ၿပီး ပစ္ခတ္ တိုက္ခိုက္မႈမ်ားကို ခ်က္ခ်င္းရပ္တန႔္ရမည္ျဖစ္ေၾကာင္း အာဆီယံအဖြဲ႕ေခါင္းေဆာင္မ်ားက တိုက္တြန္းေတာင္းဆို လိုက္သည္။

အာဆီယံအဖြဲ႕ေခါင္းေဆာင္မ်ားသည္ အာဆီယံထိပ္သီးအစည္းအေဝးသို႔ သုံးႏွစ္ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ ျပန္ လည္တက္ေရာက္ခဲ့ေသာ ျမန္မာႏိုင္ငံကိုယ္စားျပဳ ကိုယ္စားလွယ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြး ခဲ့ၿပီး ေနာက္ ထုတ္ျပန္ခဲ့ေသာ ပူးတြဲထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားျခင္းျဖစ္သည္။ အာဆီယံအဖြဲ႕ သေဘာတူညီခ်က္ ငါးခ်က္က ျမန္မာ့အေရးကိုေျဖရွင္း ရန္ႀကိဳးပမ္းရာတြင္ အဓိကရည္òန္းကိုးကားစရာအျဖစ္ ဆက္လက္ရွိေနမည္ ျဖစ္ေၾကာင္း၊ အာဆီယံအဖြဲ႕ ေခါင္းေဆာင္မ်ား၏ ပူးတြဲထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္။

အာဆီယံအဖြဲ႕ေခါင္းေဆာင္မ်ား၏ ထုတ္ျပန္ခ်က္ထဲတြင္ "အရပ္သားေတြကို ပစ္မွတ္ထားတိုက္ ခိုက္ျခင္းေတြကို ျပစ္တင္ရႈတ္ခ်ပါတယ္။ အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္းရပ္တန႔္ေစဖို႔ PDF အဖြဲ႕မ်ား၊ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ား အပါအဝင္ သက္ဆိုင္ရာအဖြဲ႕အစည္းအားလုံးဟာ တိက်ခိုင္မာတဲ့လုပ္ေဆာင္မႈေတြကိုလုပ္ေဆာင္ဖို႔ လိုအပ္ေနတယ္" ဟု ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံသည္ ျဖစ္ပြားလ်က္ရွိေနသည့္အခက္အခဲျပႆနာမ်ားကို ေျဖရွင္းႏိုင္ရန္အတြက္ ေတြ႕ဆုံေဆြးေႏြးေရး တံခါးကို ဖြင့္လွစ္ခဲ့ေၾကာင္း မေလးရွားအစိုးရအေနျဖင့္ ျမန္မာ့အေရးတြင္ ပါဝင္ေနသည့္ သက္ဆိုင္ရာအဖြဲ႕အစည္း အားလုံးကို ေစ့စပ္ေဆြးေႏြးေရးစားပြဲဝိုင္းေပၚသို႔ေခၚေဆာင္ေပးသည့္အခြင့္အေရးမ်ိဳး ရယူႏိုင္ရန္လိုလားေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ဒါတြတ္ဆရီ မိုဟာမတ္ဟာဆန္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးအျငင္းပြားမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ယခုႏွစ္လာအိုႏိုင္ငံ၌ က်င္းပေသာ အာဆီယံထိပ္သီး အစည္းအေဝးကို ျမန္မာႏိုင္ငံ ကိုယ္စားျပဳကိုယ္စားလွယ္တစ္ဦးေစလႊတ္ခဲ့ၿပီး တိုးတက္ေကာင္းမြန္မႈမ်ားရွိလာခဲ့ ေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။

မေလးရွားအစိုးရအေနျဖင့္ ျမန္မာ့အေရးကို ေဆြးေႏြးအေျဖရွာရန္ ၾကားဝင္ေစ့စပ္ေပးေသာ ႏိုင္ငံအျဖစ္ပါဝင္ရန္ ဆႏၵရွိေနေၾကာင္းလည္းဆိုသည္။
လာမည့္ႏွစ္တြင္ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူခြင့္ရမည့္ မေလးရွားႏိုင္ငံ၏ ႏိုင္ငံျခားေရးဝန္ႀကီးက "ျမန္မာႏိုင္ငံဟာ အရင္တုန္းက တံခါးပိတ္ ထားခဲ့တယ္။ သူတို႔ဟာ ေစ့စပ္ေဆြးေႏြး၊ ဆက္သြယ္ေဆာင္႐ြက္မႈ အားလုံး လုပ္ေဆာင္ဖို႔မလိုလားခဲ့ဘူး။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ျမန္မာအစိုးရဟာ ေစ့စပ္ေဆြးေႏြးဖို႔ တံခါးေတြ ဖြင့္လွစ္လိုက္ၿပီး သက္ဆိုင္ရာအဖြဲ႕အစည္းအသီးသီးနဲ႔ ေစ့စပ္ေဆြးေႏြးရာကေန အခြင့္အေရးေကာင္းေတြရဖို႔ လိုလားဆႏၵရွိေနတယ္" ဟု ေအာက္တိုဘာ(၁၀)ရက္က လာအိုႏိုင္ငံၿမိဳ႕ေတာ္ရွိ ဟိုတယ္တြင္ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲအတြင္း ထည့္သြင္းေျပာၾကားခဲ့သည္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက "တစ္ဖက္တည္းနဲ႔ ေစ့စပ္ေဆြးေႏြးေန႐ုံနဲ႔ ျမန္မာႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ကိစၥေတြ ကို ေဆြးေႏြးေျဖရွင္းႏိုင္မွာ မဟုတ္ဘူး၊ အဲဒီျမန္မာ့အေရးမွာပါဝင္ေနတဲ့အဖြဲ႕အစည္းေတြဟာ တျခားအဖြဲ႕အစည္း ေတြထက္ ပိုမိုအင္အားေတာင့္တင္းတယ္လို႔ေျပာဆိုေနလို႔ တစ္ဖက္တည္းနဲ႔ေဆြးေႏြးလို႔မရႏိုင္ဘူး"ဟု ေျပာသည္။

မေလးရွားႏိုင္ငံသည္ လာမည့္ႏွစ္တြင္ အာဆီယံအဖြဲ႕အလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူသြား မည္ျဖစ္ရာ လက္ရွိအခ်ိန္ကတည္းက ႀကိဳတင္ျပင္ဆင္ေနၿပီး ျမန္မာအစိုးရႏွင့္ ကနဦးေစ့စပ္ေဆြးေႏြး ရန္ေမွ်ာ္လင့္ထား ေၾကာင္း ၎က ထပ္မံေျပာသည္။ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက "ကြၽန္ေတာ္တို႔ဟာ သူတို႔ကို တြန္းအား မေပးပါဘူး။ သူတို႔ဟာ မေလးရွား ႏိုင္ငံနဲ႔ ေစ့စပ္ေဆြးေႏြးဖို႔ေစာင့္ဆိုင္းေနတယ္။ ဒါေၾကာင့္ သူတို႔ဟာ မေလးရွားနဲ႔ ေဆြးေႏြးႏိုင္ဖြယ္ရွိပါတယ္။ မေလးရွားႏိုင္ငံဟာ လာမယ့္ႏွစ္မွာ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူမယ့္ အခ်ိန္ေနာက္ ပိုင္းကတည္းက ကြၽန္ေတာ္တို႔အတြက္ ေစ့စပ္ေဆြးေႏြးဖို႔ အရာရာတိုင္း ပိုမိုလြယ္ကူဖြယ္ရွိေနပါ တယ္" ဟု ေျပာသည္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး မေျပာခင္ ရက္ပိုင္းအလိုကလည္း ထိုင္းႏိုင္ငံအေနျဖင့္ ျမန္မာ့ အေရးႏွင့္ပတ္သက္ ၿပီး အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲမ်ားကို ဒီဇင္ဘာလအတြင္း အိမ္ရွင္အျဖစ္ လက္ခံက်င္းပလိုေၾကာင္း ထိုင္းအစိုးရ က ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။
ထိုင္းႏိုင္ငံသည္ အာဆီယံအလွည့္က်ဥကၠ႒အသစ္ႏွင့္ အာဆီယံအလွည့္က်ဥကၠ႒ေဟာင္း ႏိုင္ငံမ်ား၏ အားေပးေထာက္ခံမႈျဖင့္ ဒီဇင္ဘာလအတြင္း ျမန္မာအေရးကို အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးရန္အတြက္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရရန္အဆိုျပဳထားေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ နီကြမ္ဒီဘလန္ကူက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

၎က "ကြၽန္ေတာ္တို႔ရဲ႕အဆိုျပဳကမ္း လွမ္းခ်က္ေတြကို လက္ရွိအာဆီယံအလွည့္က်ဥကၠ႒ ႏိုင္ငံလာအိုနဲ႔ အာဆီယံအလွည့္က်ဥကၠ႒အသစ္အ ျဖစ္တာဝန္ယူမယ့္ မေလးရွားႏိုင္ငံတို႔က ေထာက္ခံ ထားတယ္။ ဒါေၾကာင့္ ျမန္မာ့အေရးအလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးပြဲကို က်င္းပႏိုင္မယ္လို႔ ယုံၾကည္ ထားတယ္"ဟုေျပာသည္။
ထိုင္းႏိုင္ငံသည္ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာလက္ထက္ကတည္းက ျမန္မာ့အေရးကို ၾကား ဝင္ေဆာင္႐ြက္ရန္ႀကိဳးပမ္းခဲ့ၿပီး နစကအဖြဲ႕ႏိုင္ငံျခား ေရးဝန္ႀကီးအပါအဝင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားပူးေပါင္းပါဝင္ေသာ အာဆီ ယံအလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးပြဲမ်ားကို အိမ္ ရွင္အျဖစ္ လက္ခံက်င္းပခဲ့ဖူးသည္။ ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့ေသာ ျမန္မာ့အေရးအလြတ္သေဘာေတြ႕ဆုံ ေဆြးေႏြးပြဲကို စင္ကာပူ၊ မေလးရွား၊ အင္ဒိုနီးရွားႏိုင္ငံတို႔က ေဝဖန္ျပစ္တင္ခဲ့ဖူးၿပီး အာဆီယံအဖြဲ႕၏ အဖြဲ႕ဝင္ႏိုင္ငံ မ်ားၾကား ႏွစ္ျခမ္းကြဲေန သည္ဆိုေသာ သတင္းမ်ားထြက္ေပၚခဲ့ဖူးသည္။

အာဆီယံအဖြဲ႕သည္ ျမန္မာ့အေရးအျပင္ ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥႏွင့္ပတ္သက္ၿပီး အဖြဲ႕ဝင္ႏိုင္ငံမ်ား သေဘာထားအျမင္ကြဲလြဲျခင္းမ်ားရွိခဲ့ေသာ္လည္း စုစည္းညီၫြတ္ေသာအဖြဲ႕အျဖစ္ ဆက္လက္ရွိေနဆဲျဖစ္ေၾကာင္း အာဆီယံအဖြဲ႕အတြင္းေရးမႉးခ်ဳပ္က သုံးသပ္ေျပာဆိုသည္။ ေတာင္ တ႐ုတ္ပင္လယ္အေရးႏွင့္ ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနသည့္ ျပည္တြင္းစစ္ အပါအဝင္ အဓိကအခက္အခဲမ်ား တိုးလာေနေသာ္လည္း အာဆီယံအဖြဲ႕အေနျဖင့္ အေရွ႕ေတာင္အာရွေဒသအတြင္း တည္ၿငိမ္ေသာအဖြဲ႕အစည္းအျဖစ္ ဆက္လက္ရွိေနဆဲျဖစ္ေၾကာင္း အာဆီယံအဖြဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

အာဆီယံအဖြဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္ျဖစ္သူKao Kim Hourn က "အာဆီယံအဖြဲ႕ဟာ တည္ၿငိမ္တဲ့အဖြဲ႕ အစည္းျဖစ္တယ္။ ကြၽန္ေတာ္တို႔က ျပႆနာေတြကို ဦးစားေပးေဆာင္႐ြက္တယ္။ လူေတြက ျပႆနာေတြကို အၿမဲတမ္း အေလးေပးအလ်င္အျမန္ေျဖရွင္းဖို႔ႀကိဳးပမ္းေပမယ့္ အာဆီယံအဖြဲ႕ရဲ႕နည္းလမ္းကေတာ့ အဲဒီျပႆနာ ေတြကိုအခ်ိန္ယူေျဖရွင္းတယ္"ဟုေျပာသည္။ အနီးစပ္ဆုံးဥပမာျပရမည္ဆိုလွ်င္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ စီးပြားေရးတိုးတက္ေကာင္းမြန္လာခဲ့ၿပီး ျပင္ပမိတ္ဖက္ႏိုင္ငံမ်ားႏွင့္အတူ ကုန္သြယ္ေရးသေဘာတူညီမႈမ်ား လုပ္ေဆာင္ႏိုင္ျခင္းေၾကာင့္ (၂၀၂၃)ခုႏွစ္တြင္ အာဆီယံအဖြဲ႕က အေမရိကန္ေဒၚလာ(၂၃၀)ဘီလ်ံတန္ဖိုးရွိ ရင္းႏွီးျမႇဳပ္ႏွံမႈအသစ္မ်ားကို ဆြဲေဆာင္ႏိုင္ခဲ့ ေၾကာင္း အာဆီယံအဖြဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္က ေျပာသည္။

အာဆီယံအဖြဲ႕အေထြေထြအတြင္းေရးမႉး ခ်ဳပ္သည္ ျမန္မာ့အေရးႏွင့္ပတ္သက္ၿပီး ထည့္သြင္းေျပာဆိုခဲ့ရာ ၎က "အာဆီယံအဖြဲ႕ေခါင္းေဆာင္ေတြဟာ ျမန္မာႏိုင္ငံနဲ႔ ေစ့စပ္ေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္တယ္။ ကြၽန္ေတာ္တို႔ဟာ အခ်ိန္ယူသည္းခံရမယ္။ ျမန္မာ့ႏိုင္ငံေရးအခက္အခဲဟာ ခက္ခဲရႈပ္ေထြးၿပီး ခ်က္ခ်င္း ေျဖရွင္းလို႔ ရႏိုင္မယ္လို႔ မေမွ်ာ္လင့္ထားသင့္ဘူး။ အာဆီယံအဖြဲ႕ေခါင္းေဆာင္ေတြဟာ ျမန္မာႏိုင္ငံက အကူအညီလိုအပ္ေနသူ ေတြအတြက္လည္း လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြ တိုးျမႇင့္ကူညီႏိုင္ဖို႔ စီစဥ္ေနတယ္" ဟု ေျပာသည္။
ျမန္မာအစိုးရသည္ အာဆီယံအဖြဲ႕ႏွင့္ရရွိ ထားသည့္ အာဆီယံဘုံသေဘာတူညီခ်က္ငါးခ်က္ကို သိသာတိုးတက္ေစရန္ လုပ္ေဆာင္ႏိုင္ျခင္းရွိခဲ့ေသာ္ လည္း (၂၀၂၅)ခုႏွစ္အတြင္း က်င္းပရန္စီစဥ္ထား သည့္ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ရန္ အရွိန္ျမႇင့္လုပ္ ေဆာင္လ်က္ရွိေနေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံ တြင္ ျဖစ္ပြားလ်က္ရွိေနသည့္ လက္နက္ကိုင္ပဋိပကၡ မ်ား အဆုံးသတ္ရန္အတြက္ သက္ဆိုင္ရာအဖြဲ႕အစည္း မ်ားၾကား ေစ့စပ္ေဆြးေႏြးမႈမ်ား စတင္လုပ္ေဆာင္ရန္ လိုအပ္ေနရာ အာဆီယံအဖြဲ႕အေနျဖင့္ လက္ရွိအခ်ိန္ အထိ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားၾကား မ်က္ႏွာခ်င္း ဆိုင္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျဖစ္လာေစရန္အတြက္ ႀကိဳးပမ္းေပးရန္ လိုအပ္ေနသည္။

နစက အပါအဝင္ ျမန္မာ့အေရးတြင္ပါဝင္ေနသည့္လက္နက္ကိုင္အဖြဲ႕မ်ားတြင္ ႀကိဳတင္ကန႔္သတ္ခ်က္မ်ားရွိေနရာ အဆိုပါႀကိဳတင္ကန႔္သတ္ ခ်က္မ်ားက ေစ့စပ္ေဆြးေႏြးေရးျဖစ္လာေစရန္ အဟန႔္အတားသဖြယ္ျဖစ္ေနသည္။ နစကအဖြဲ႕သည္ ျမန္မာ့ႏိုင္ငံေရးျပႆနာမ်ားကိုအေျဖရွာႏိုင္ရန္အတြက္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္း ျဖင့္ ေျဖရွင္းရန္အတြက္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား ကို ဖိတ္ေခၚခဲ့ေသာ္လည္း လက္နက္ကိုင္အဖြဲ႕အစည္း အခ်ိဳ႕ကျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့သည္။ မည္သို႔ပင္ဆိုေစကာမႈ ျမန္မာ့အေရးတြင္ ပါဝင္ေနသည့္ သက္ဆိုင္ရာအဖြဲ႕အစည္းအားလုံးသည္ လက္ရွိအခ်ိန္တြင္ သေဘာထားအျမင္ကြဲလြဲမႈမ်ားကို ေဘးဖယ္ထားၿပီး ျပည္သူ႔မ်က္ႏွာကို အဓိကထားေရွးရႈကာ အားလုံးပါဝင္မည့္ ေစ့စပ္ေဆြးေႏြးမႈမ်ား အျမန္ဆုံး စတင္ရန္ လိုအပ္လ်က္ရွိေနေၾကာင္း သုံးသပ္တင္ျပလိုက္သည္။

Related news

© 2021. All rights reserved.