ထားဝယ်မြို့တွင် ဆီတင်သင်္ဘောတစ်စင်း မီးလောင်ပေါက်ကွဲ၍ (၁၃)ဦးသေဆုံး

 1309

သန့်ဇင် (NP News) - အောက်တိုဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဆီတင်သင်္ဘောတစ်စင်း မီး လောင်ပေါက်ကွဲ၍ (၁၃)ဦးသေဆုံးခဲ့ကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၁၄ ရက်)၊ ညနေ ၄နာရီ ၃၅မိနစ်အချိန်ခန့်က ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မီးလောင်တာက အထိုင်သင်္ဘောလောင်တာ။ ကနဦးက လူ(၆)ယောက်သေတယ်။ သင်္ဘောငယ်ကနေ သင်္ဘောကြီးကို ဆီထည့်နေတဲ့အချိန်မှာ ဆီကန်အဖုံးကို ဖွင့်လိုက်တာမှာ ထပြီးပေါက်ကွဲတာ။ အဲဒီမှာ ပိုက်ကိုင်နေတဲ့ (၂)ယောက်က ပေါက်ကွဲပြီး လွင့်ထွက်သွားတာမျိုးပေါ့။ အလောင်းကို မ နည်းလိုက်ရှာလိုက်ရတယ်”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ဆီတင်သင်္ဘောမီးလောင်ပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်ရှိ အသက်(၂၀)ဝန်းကျင်အရွယ် အမျိုးသား(၁၃)ဦးသေဆုံးခဲ့ပြီး ထိခိုက် ပျက်စီးမှုများလည်းရှိခဲ့ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

“မနေ့ကတော့ (၁၁)ယောက်က ချက်ချင်းသေတယ်လို့ပြောတယ်။ ဘာလို့ဆို အဲဒီဖြစ်စဉ်နားမှာရှိတဲ့ အန်တီတစ်ယောက်က အလောင်းတွေကို သယ်ထုတ်နေတုန်းထိုင်ရေထားလို့ သိတာ။ ဒီနေ့မှာပဲ ထားဝယ်ဆေးရုံမှာ (၂)ယောက်ထပ်ဆုံးတယ်လို့ပြောတယ်။ သေဆုံးတဲ့လူတွေက အသက် (၁၆)၊ (၁၇)နဲ့ (၂၀)ဝန်းကျင်လေးတွေ။ အများဆုံးက မြိတ်ဘက်က ကလေးတွေလို့ပြောတယ်။ ထားဝယ်က တစ်ယောက်ပဲပါတယ်လို့ သိရတယ်”ဟု ၎င်းက ဆိုသည်။

ထို့နောက် ၎င်းဆီတင်သင်္ဘောမီးလောင်မှုကို ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့နှင့် ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့တို့က (၄)နာရီခန့်အကြာ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်)၊ မွန်းလွဲ ၁နာရီခွဲအချိန်ခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ဂေါဝန်ဆိပ်ကမ်းတွင် ကုန်တင်စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

zawgyi version
ထားဝယ္ၿမိဳ႕တြင္ ဆီတင္သေဘၤာတစ္စင္း မီးေလာင္ေပါက္ကြဲ၍ (၁၃)ဦးေသဆုံး

သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁၅

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕တြင္ ဆီတင္သေဘၤာတစ္စင္း မီး ေလာင္ေပါက္ကြဲ၍ (၁၃)ဦးေသဆုံးခဲ့ေၾကာင္း ထားဝယ္ၿမိဳ႕ခံမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာ ၁၄ ရက္)၊ ညေန ၄နာရီ ၃၅မိနစ္အခ်ိန္ခန႔္က ထားဝယ္ၿမိဳ႕၊ ၾကက္စားျပင္ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္တာက အထိုင္သေဘၤာေလာင္တာ။ ကနဦးက လူ(၆)ေယာက္ေသတယ္။ သေဘၤာငယ္ကေန သေဘၤာႀကီးကို ဆီထည့္ေနတဲ့အခ်ိန္မွာ ဆီကန္အဖုံးကို ဖြင့္လိုက္တာမွာ ထၿပီးေပါက္ကြဲတာ။ အဲဒီမွာ ပိုက္ကိုင္ေနတဲ့ (၂)ေယာက္က ေပါက္ကြဲၿပီး လြင့္ထြက္သြားတာမ်ိဳးေပါ့။ အေလာင္းကို မ နည္းလိုက္ရွာလိုက္ရတယ္”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ဆီတင္သေဘၤာမီးေလာင္ေပါက္ကြဲမႈေၾကာင့္ သေဘၤာေပၚရွိ အသက္(၂၀)ဝန္းက်င္အ႐ြယ္ အမ်ိဳးသား(၁၃)ဦးေသဆုံးခဲ့ၿပီး ထိခိုက္ ပ်က္စီးမႈမ်ားလည္းရွိခဲ့ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

“မေန႔ကေတာ့ (၁၁)ေယာက္က ခ်က္ခ်င္းေသတယ္လို႔ေျပာတယ္။ ဘာလို႔ဆို အဲဒီျဖစ္စဥ္နားမွာရွိတဲ့ အန္တီတစ္ေယာက္က အေလာင္းေတြကို သယ္ထုတ္ေနတုန္းထိုင္ေရထားလို႔ သိတာ။ ဒီေန႔မွာပဲ ထားဝယ္ေဆး႐ုံမွာ (၂)ေယာက္ထပ္ဆုံးတယ္လို႔ေျပာတယ္။ ေသဆုံးတဲ့လူေတြက အသက္ (၁၆)၊ (၁၇)နဲ႔ (၂၀)ဝန္းက်င္ေလးေတြ။ အမ်ားဆုံးက ၿမိတ္ဘက္က ကေလးေတြလို႔ေျပာတယ္။ ထားဝယ္က တစ္ေယာက္ပဲပါတယ္လို႔ သိရတယ္”ဟု ၎က ဆိုသည္။

ထို႔ေနာက္ ၎ဆီတင္သေဘၤာမီးေလာင္မႈကို ထားဝယ္ခ႐ိုင္မီးသတ္တပ္ဖြဲ႕ႏွင့္ ထားဝယ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕တို႔က (၄)နာရီခန႔္အၾကာ ထြက္ခြာမီးျငႇိမ္းသတ္ခဲ့ၿပီး မီးေလာင္မႈျဖစ္စဥ္ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကို ဆက္လက္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔ (ေအာက္တိုဘာလ ၁၄ ရက္)၊ မြန္းလြဲ ၁နာရီခြဲအခ်ိန္ခန႔္ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေဂါဝန္ဆိပ္ကမ္းတြင္ ကုန္တင္စက္ေလွတစ္စီး မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ထိခိုက္ပ်က္စီးမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.