ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်

 410

Pika (NP News) - အောက်တိုဘာ ၁၆

ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မယ်လို့ ကတိမပေးကြောင်းနဲ့ အဲဒီလုပ်ရပ်ဟာ ပြည်ပအင်အားစုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့ ခွဲထွက်ရေးသမား လူနည်းစုအတွက်သာ ရည်ရွယ်တာဖြစ်တယ်လို့ တရုတ်ရဲ့ထိုင်ဝမ်ရေးရာရုံးက အောက်တိုဘာလ(၁၆)ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားတဲ့ တရုတ်အစိုးရဟာ အောက်တိုဘာလ(၁၄)ရက်က ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်မှာ ကြီးမားတဲ့စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်ဝမ်သမ္မတလိုင်ချန်တေးရဲ့ မိန့်ခွန်းပြောဆိုမှုတွေအပြီး ခွဲထွက်ရေးဆိုင်ရာလုပ်ရပ်တွေကို သတိပေးတဲ့အနေနဲ့ ယခုလိုစစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တရုတ်အစိုးရက ပြောကြားထားပါတယ်။

တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးပြောရေးဆိုခွင့်ရှိသူ ချန်းဘင်ဟွာက "ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အလားအလာတွေအတွက် အစွမ်းကုန်ဆောင် ရွက်သွားဖို့ ကျွန်တော်တို့ဘက်က ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မယ်လို့ ကျွန်တော်တို့ဘယ်တော့မှကတိပေးမှာ မဟုတ်ပါဘူး။ ဒီအင်အားသုံးမှုဟာ ပြည်ပအင်အားစုတွေရဲ့ ဝင်ရောက်စွက် ဖက်မှုနဲ့ ထိုင်ဝမ်ခွဲထွက်ရေးသမား လူနည်းစုအတွက်ကိုပဲ ရည်ရွယ်ထားတာဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ထိုင်ဝမ်နဲ့ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့ဖူးပါတယ်။ တရုတ်အစိုးရရဲ့ပြောဆိုချက်တွေကို ထိုင်ဝမ်အစိုးရက ငြင်းဆန်ပယ်ချထားပြီး ထိုင်ဝမ်ကျွန်းပြည်သူတွေကသာ ၎င်းတို့ရဲ့အနာဂတ်တွေကို ဆုံးဖြတ်နိုင်တယ်လို့ ပြောကြားထားပါတယ်။

zawgyi version
ထိုင္ဝမ္အေပၚ အင္အားသုံးမႈကို စြန႔္လႊတ္မွာမဟုတ္ဘူးလို႔ တ႐ုတ္အစိုးရသတင္းထုတ္ျပန္
Pika (NP News) - ေအာက္တိုဘာ ၁၆

ထိုင္ဝမ္အေပၚ အင္အားသုံးမႈကို စြန႔္လႊတ္မယ္လို႔ ကတိမေပးေၾကာင္းနဲ႔ အဲဒီလုပ္ရပ္ဟာ ျပည္ပအင္အားစုေတြရဲ႕ ဝင္ေရာက္စြက္ဖက္မႈနဲ႔ ခြဲထြက္ေရးသမား လူနည္းစုအတြက္သာ ရည္႐ြယ္တာျဖစ္တယ္လို႔ တ႐ုတ္ရဲ႕ထိုင္ဝမ္ေရးရာ႐ုံးက ေအာက္တိုဘာလ(၁၆)ရက္မွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

ထိုင္ဝမ္ကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားတဲ့ တ႐ုတ္အစိုးရဟာ ေအာက္တိုဘာလ(၁၄)ရက္က ထိုင္ဝမ္ကြၽန္းအနီးတစ္ဝိုက္မွာ ႀကီးမားတဲ့စစ္ေရးေလ့က်င့္မႈေတြကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္က ထိုင္ဝမ္သမၼတလိုင္ခ်န္ေတးရဲ႕ မိန႔္ခြန္းေျပာဆိုမႈေတြအၿပီး ခြဲထြက္ေရးဆိုင္ရာလုပ္ရပ္ေတြကို သတိေပးတဲ့အေနနဲ႔ ယခုလိုစစ္ေရးေလ့က်င့္မႈေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ တ႐ုတ္အစိုးရက ေျပာၾကားထားပါတယ္။

တ႐ုတ္ရဲ႕ ထိုင္ဝမ္ေရးရာ႐ုံးေျပာေရးဆိုခြင့္ရွိသူ ခ်န္းဘင္ဟြာက "ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းေရး အလားအလာေတြအတြက္ အစြမ္းကုန္ေဆာင္ ႐ြက္သြားဖို႔ ကြၽန္ေတာ္တို႔ဘက္က ဆႏၵရွိပါတယ္။ ဒါေပမဲ့ ထိုင္ဝမ္အေပၚ အင္အားသုံးမႈကို စြန႔္လႊတ္မယ္လို႔ ကြၽန္ေတာ္တို႔ဘယ္ေတာ့မွကတိေပးမွာ မဟုတ္ပါဘူး။ ဒီအင္အားသုံးမႈဟာ ျပည္ပအင္အားစုေတြရဲ႕ ဝင္ေရာက္စြက္ ဖက္မႈနဲ႔ ထိုင္ဝမ္ခြဲထြက္ေရးသမား လူနည္းစုအတြက္ကိုပဲ ရည္႐ြယ္ထားတာျဖစ္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ထိုင္ဝမ္နဲ႔ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းဖို႔အတြက္ လိုအပ္ပါက အင္အားသုံးေျဖရွင္းသြားမယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က အႀကိမ္ႀကိမ္ကတိျပဳေျပာဆိုခဲ့ဖူးပါတယ္။ တ႐ုတ္အစိုးရရဲ႕ေျပာဆိုခ်က္ေတြကို ထိုင္ဝမ္အစိုးရက ျငင္းဆန္ပယ္ခ်ထားၿပီး ထိုင္ဝမ္ကြၽန္းျပည္သူေတြကသာ ၎တို႔ရဲ႕အနာဂတ္ေတြကို ဆုံးျဖတ္ႏိုင္တယ္လို႔ ေျပာၾကားထားပါတယ္။

Related news

© 2021. All rights reserved.