ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄) သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး

 203

Pika (NP News) - အောက်တိုဘာ ၁၈

ဘရာဇီးနိုင်ငံမှ အငြိမ်းစားစီးပွားရေးအမှု ဆောင်တစ်ဦးဖြစ်သည့် ဟီလိုဒါဆေးလ်ဗားဆိုသူအမျိုးသားသည် ပြီးခဲ့သည့်နှစ်ပေါင်း(၂၀)ကျော်အ တွင်း ၎င်း၏ဇာတိမြို့Sao Paolo တွင် သစ်ပင်ပေါင်း (၄၁၀ဝဝ)ကျော်ကိုစိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုကို ဖန်တီးခဲ့ကြောင်းသိရသည်။ (၃ ဒသမ ၂)ကီလိုမီတာ ရှည်လျားပြီး (၁၀ဝ)မီတာအကျယ်ရှိသော ပန်းခြံ သည် Tiquatira Linear ပန်းခြံဟုလူသိများပြီး ယခင်ကအဆိုပါနေရာမှာ ပျက်စီးနေသည့်နေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ နှစ်ပေါင်းများစွာ ကြာ အောင်မြင်သည့် စီးပွားရေးအမှုဆောင်တစ်ဦး ဖြစ်ခဲ့သော ဟီလိုဒါဆေးလ်ဗားသည် အငြိမ်းစားယူပြီး နောက် ပျက်စီးနေသော Tiquatira မြစ်ကမ်းပါးများ ကို ၎င်း၏အသိုင်းအဝိုင်းအတွက် စိမ်းလန်းစိုပြည် သောအိုအေစစ်အဖြစ် ဖန်တီးရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ပြင် အသက်(၇၃)နှစ်အရွယ် ဟီလိုဒါဆေးလ်ဗားက ၎င်းသည် လွန်ခဲ့သည့်ဆယ် စုနှစ်များစွာတည်း က ဇာတိမြို့ဖြစ်ခဲ့သော Sao Paolo အတွက် အမွေ အနှစ်တစ်ခုချန်ထားခဲ့လိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟီလိုဒါဆေးလ်ဗားသည် အဆိုပါဆုံးဖြတ်ချက် ကိုချပြီးနောက် ပထမဆုံး(၄)နှစ်အတွင်း မူးယစ် ဆေးဝါးရောင်းသူများနှင့် သုံးစွဲသူများ မကြာခဏ လာရောက်ကြလေ့ရှိသည့် စွန့်ပစ်ဧရိယာတစ်ခုတွင် သစ်ပင်ပေါင်း(၅၀ဝဝ)ကို တစ်ကိုယ်တည်းစတင် စိုက်ပျိုးခဲ့ကြောင်းသိရသည်။ ၎င်း၏ကြိုးပမ်းအား ထုတ်မှုများကို Sao Paolo မြို့ တော်က အသိအမှတ် ပြုခဲ့ပြီး မြို့၏ ပထမဆုံးမျဉ်းဖြောင့်ပုံစံပန်းခြံအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိအမှတ် ပြုမှုသည် သစ်ပင်များကို တစ်ကိုယ်တည်းစိုက်ပျိုးနေသော ဟီလိုဒါဆေးလ်ဗားအတွက် ခွန်အားတစ်ခုဖြစ်စေခဲ့ကြောင်းလည်း သိရသည်။ (၂၀၂၀)ပြည့် နှစ်အထိ ဟီလိုဒါဆေးလ်ဗားသည် (၃ ဒသမ ၂)ကီလိုမီတာရှည်လျားသော ဧရိယာတွင် သစ်ပင် ပေါင်း(၂၅၀၄၇)ပင်ကို စိုက်ပျိုးခဲ့ပြီး ၎င်းတို့အနက် (၈၈)ရာခိုင်နှုန်းမှာ ရှင်သန်ကြီးထွား လာခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်း၏စိမ်းလန်းစိုပြည်သောအိုအေစစ် သို့ ငှက်များနှင့်တိရစ္ဆာန်များ လာရောက်အောင် ဆွဲဆောင်ရန်မျှော်လင့်ချက်ဖြင့် သီးပင်စားပင်များကို လည်း ထည့်သွင်းစိုက်ပျိုးခဲ့ကြောင်း ဟီလိုဒါဆေးလ် ဗားက ပြောကြားခဲ့သည်။ ယနေ့ခေတ်တွင်Tiq­uatira Linear ပန်းခြံမှာ သစ်ပင်ပေါင်း(၄၁၀ဝဝ)ကျော်ရှိပြီး စုစုပေါင်းသစ်ပင် အနည်းဆုံး(၅)သောင်း အထိ မရောက်မချင်း စိုက်ပျိုးမှုများကို ရပ်တန့်သွား မည်မဟုတ်ကြောင်း ဟီလိုဒါဆေးလ်ဗားက ပြောကြား ခဲ့သည်။ ၎င်းက "သစ်ပင်တွေက ပန်းတွေ၊ သစ်သီး တွေကိုပေးပြီး ကျေးငှက်တိရစ္ဆာန်တွေကို ဆွဲဆောင် ပါတယ်။ ပြီးတော့ ကျွန်တော်တို့အတွက် အရိပ်နဲ့ လေကောင်းလေသန့်ကိုလည်း ရရှိအောင်လုပ်ဆောင် ပေးပါတယ်။ ဒါကြောင့်မို့ သစ်ပင်တွေစိုက်ပျိုးဖို့ ဆုံး ဖြတ်ခဲ့တာပါ"ဟု ပြောသည်။

zawgyi version
ဘရာဇီးအမ်ိဳးသားတစ္ဦးက Sao Paolo ၿမိဳ႕၌ ႏွစ္(၂၀)ေက်ာ္အတြင္း သစ္ပင္ေပါင္း(၄)ေသာင္းေက်ာ္စိုက္ပ်ိဳးခဲ့ၿပီး ပန္းၿခံတစ္ခုဖန္တီး
Pika (NP News) - ေအာက္တိုဘာ ၁၈

ဘရာဇီးႏိုင္ငံမွ အၿငိမ္းစားစီးပြားေရးအမႈ ေဆာင္တစ္ဦးျဖစ္သည့္ ဟီလိုဒါေဆးလ္ဗားဆိုသူအမ်ိဳးသားသည္ ၿပီးခဲ့သည့္ႏွစ္ေပါင္း(၂၀)ေက်ာ္အ တြင္း ၎၏ဇာတိၿမိဳ႕Sao Paolo တြင္ သစ္ပင္ေပါင္း (၄၁၀ဝဝ)ေက်ာ္ကိုစိုက္ပ်ိဳးခဲ့ၿပီး ပန္းၿခံတစ္ခုကို ဖန္တီးခဲ့ေၾကာင္းသိရသည္။ (၃ ဒသမ ၂)ကီလိုမီတာ ရွည္လ်ားၿပီး (၁၀ဝ)မီတာအက်ယ္ရွိေသာ ပန္းၿခံ သည္ Tiquatira Linear ပန္းၿခံဟုလူသိမ်ားၿပီး ယခင္ကအဆိုပါေနရာမွာ ပ်က္စီးေနသည့္ေနရာတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ ႏွစ္ေပါင္းမ်ားစြာ ၾကာ ေအာင္ျမင္သည့္ စီးပြားေရးအမႈေဆာင္တစ္ဦး ျဖစ္ခဲ့ေသာ ဟီလိုဒါေဆးလ္ဗားသည္ အၿငိမ္းစားယူၿပီး ေနာက္ ပ်က္စီးေနေသာ Tiquatira ျမစ္ကမ္းပါးမ်ား ကို ၎၏အသိုင္းအဝိုင္းအတြက္ စိမ္းလန္းစိုျပည္ ေသာအိုေအစစ္အျဖစ္ ဖန္တီးရန္ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

ထို႔ျပင္ အသက္(၇၃)ႏွစ္အ႐ြယ္ ဟီလိုဒါေဆးလ္ဗားက ၎သည္ လြန္ခဲ့သည့္ဆယ္ စုႏွစ္မ်ားစြာတည္း က ဇာတိၿမိဳ႕ျဖစ္ခဲ့ေသာ Sao Paolo အတြက္ အေမြ အႏွစ္တစ္ခုခ်န္ထားခဲ့လိုျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ဟီလိုဒါေဆးလ္ဗားသည္ အဆိုပါဆုံးျဖတ္ခ်က္ ကိုခ်ၿပီးေနာက္ ပထမဆုံး(၄)ႏွစ္အတြင္း မူးယစ္ ေဆးဝါးေရာင္းသူမ်ားႏွင့္ သုံးစြဲသူမ်ား မၾကာခဏ လာေရာက္ၾကေလ့ရွိသည့္ စြန႔္ပစ္ဧရိယာတစ္ခုတြင္ သစ္ပင္ေပါင္း(၅၀ဝဝ)ကို တစ္ကိုယ္တည္းစတင္ စိုက္ပ်ိဳးခဲ့ေၾကာင္းသိရသည္။ ၎၏ႀကိဳးပမ္းအား ထုတ္မႈမ်ားကို Sao Paolo ၿမိဳ႕ ေတာ္က အသိအမွတ္ ျပဳခဲ့ၿပီး ၿမိဳ႕၏ ပထမဆုံးမ်ဥ္းေျဖာင့္ပုံစံပန္းၿခံအျဖစ္ သတ္မွတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအသိအမွတ္ ျပဳမႈသည္ သစ္ပင္မ်ားကို တစ္ကိုယ္တည္းစိုက္ပ်ိဳးေနေသာ ဟီလိုဒါေဆးလ္ဗားအတြက္ ခြန္အားတစ္ခုျဖစ္ေစခဲ့ေၾကာင္းလည္း သိရသည္။ (၂၀၂၀)ျပည့္ ႏွစ္အထိ ဟီလိုဒါေဆးလ္ဗားသည္ (၃ ဒသမ ၂)ကီလိုမီတာရွည္လ်ားေသာ ဧရိယာတြင္ သစ္ပင္ ေပါင္း(၂၅၀၄၇)ပင္ကို စိုက္ပ်ိဳးခဲ့ၿပီး ၎တို႔အနက္ (၈၈)ရာခိုင္ႏႈန္းမွာ ရွင္သန္ႀကီးထြား လာခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ၎၏စိမ္းလန္းစိုျပည္ေသာအိုေအစစ္ သို႔ ငွက္မ်ားႏွင့္တိရစာၦန္မ်ား လာေရာက္ေအာင္ ဆြဲေဆာင္ရန္ေမွ်ာ္လင့္ခ်က္ျဖင့္ သီးပင္စားပင္မ်ားကို လည္း ထည့္သြင္းစိုက္ပ်ိဳးခဲ့ေၾကာင္း ဟီလိုဒါေဆးလ္ ဗားက ေျပာၾကားခဲ့သည္။ ယေန႔ေခတ္တြင္Tiq­uatira Linear ပန္းၿခံမွာ သစ္ပင္ေပါင္း(၄၁၀ဝဝ)ေက်ာ္ရွိၿပီး စုစုေပါင္းသစ္ပင္ အနည္းဆုံး(၅)ေသာင္း အထိ မေရာက္မခ်င္း စိုက္ပ်ိဳးမႈမ်ားကို ရပ္တန႔္သြား မည္မဟုတ္ေၾကာင္း ဟီလိုဒါေဆးလ္ဗားက ေျပာၾကား ခဲ့သည္။ ၎က "သစ္ပင္ေတြက ပန္းေတြ၊ သစ္သီး ေတြကိုေပးၿပီး ေက်းငွက္တိရစာၦန္ေတြကို ဆြဲေဆာင္ ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔အတြက္ အရိပ္နဲ႔ ေလေကာင္းေလသန႔္ကိုလည္း ရရွိေအာင္လုပ္ေဆာင္ ေပးပါတယ္။ ဒါေၾကာင့္မို႔ သစ္ပင္ေတြစိုက္ပ်ိဳးဖို႔ ဆုံး ျဖတ္ခဲ့တာပါ"ဟု ေျပာသည္။

Related news

© 2021. All rights reserved.