ရန်ကုန်တွင် မိုးများနေသော်လည်း မီတာပုံး ဝါယာရှော့ဖြစ်ကာ ပလပ်စတစ် ကတ်ထူလုပ်ငန်းလုပ်သော နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

 301

သန့်ဇင် (NP News) - အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် မီတာပုံး ဝါယာရှော့ဖြစ်ပွားရာမှ ပလပ်စတစ် ကတ်ထူလုပ်ငန်းလုပ် သော နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အောက်တိုဘာလ ၂ဝ ရက်မှစတင်ကာ မိုးများနေသည့်အတွက် အောက်တိုဘာလ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် အနိမ့်ပိုင်းရပ်ကွက်များ၌ ရေဝင်ခြင်း၊ ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနေခြင်းဖြစ်သည်။

မီးလောင်မှုသည် ယနေ့ (အောက်တိုဘာ ၂၂ ရက်)၊ နံနက် ၆ နာရီအချိန်ခန့်က အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်း တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းရှိ ပလပ်စတစ်ကတ်ထူလုပ်ငန်းလုပ်ကိုင်သည့်နေအိမ်တွင် မီတာပုံး ဝါယာရှော့ဖြစ်ပွားရာမှ မီး စတင် လောင်းကျွမ်းခဲ့ပြီး လူထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“အိမ်ရှေ့လေးတင်လောင်တာ။ သနားပါတယ်။ လူတော့အထိခိုက်မရှိဘူး။ မီတာဘောက်ကစလောင်တာ။ ဘေးက နှိုးကြသေးတယ်။ မနိုးတော့ အကုန်ကူးကုန်တာ။ စက္ကူစက်လည်း လုပ်တော့ လောင်စာများတယ် ထင်တယ်။ ခဏထဲနဲ့ အကုန်ကုန်တာပဲ” ဟု မီးလောင်မှုဖြစ်ပွားခဲ့သည့်နေအိမ်နှင့် နီးစပ်သူတစ်ဦးက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် ၎င်းမီးလောင်မှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်အောက်၌ မှတ်ချက် ရေးသားထားသည်ကို တွေ့ရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ သမိုင်းနယ်မြေမီးသတ်းစခန်း၊ ရန်ကင်းမြို့နယ်မီးသတ်စခန်း၊ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းနှင့် အခြားပရဟိတအသင်းအဖွဲ့များက Level-1 အဆင့်ဖြင့် မိနစ်(၃၀)ခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရ ကြောင်း သိရသည်။ ပျက်စီးဆုံးရှုံးမှုတန်းဖိုးအား ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္တြင္ မိုးမ်ားေနေသာ္လည္း မီတာပုံး ဝါယာေရွာ့ျဖစ္ကာ ပလပ္စတစ္ ကတ္ထူလုပ္ငန္းလုပ္ေသာ ေနအိမ္တစ္လုံး မီးေလာင္ဆုံးရႈံး
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၂

ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ မီတာပုံး ဝါယာေရွာ့ျဖစ္ပြားရာမွ ပလပ္စတစ္ ကတ္ထူလုပ္ငန္းလုပ္ ေသာ ေနအိမ္တစ္လုံး မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ ေအာက္တိုဘာလ ၂ဝ ရက္မွစတင္ကာ မိုးမ်ားေနသည့္အတြက္ ေအာက္တိုဘာလ ၂၁ ရက္ ႏွင့္ ၂၂ ရက္တို႔တြင္ အနိမ့္ပိုင္းရပ္ကြက္မ်ား၌ ေရဝင္ျခင္း၊ ေရႀကီးေရလွ်ံျခင္းမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။

မီးေလာင္မႈသည္ ယေန႔ (ေအာက္တိုဘာ ၂၂ ရက္)၊ နံနက္ ၆ နာရီအခ်ိန္ခန႔္က အမွတ္(၈)ရပ္ကြက္၊ ဓနသိဒၶိလမ္း တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါလမ္းရွိ ပလပ္စတစ္ကတ္ထူလုပ္ငန္းလုပ္ကိုင္သည့္ေနအိမ္တြင္ မီတာပုံး ဝါယာေရွာ့ျဖစ္ပြားရာမွ မီး စတင္ ေလာင္းကြၽမ္းခဲ့ၿပီး လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ေနအိမ္တစ္လုံး မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

“အိမ္ေရွ႕ေလးတင္ေလာင္တာ။ သနားပါတယ္။ လူေတာ့အထိခိုက္မရွိဘူး။ မီတာေဘာက္ကစေလာင္တာ။ ေဘးက ႏႈိးၾကေသးတယ္။ မႏိုးေတာ့ အကုန္ကူးကုန္တာ။ စကၠဴစက္လည္း လုပ္ေတာ့ ေလာင္စာမ်ားတယ္ ထင္တယ္။ ခဏထဲနဲ႔ အကုန္ကုန္တာပဲ” ဟု မီးေလာင္မႈျဖစ္ပြားခဲ့သည့္ေနအိမ္ႏွင့္ နီးစပ္သူတစ္ဦးက ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ ၏ လူမႈကြန္ယက္ Facebook စာမ်က္ႏွာတြင္ ၎မီးေလာင္မႈႏွင့္ပတ္သက္၍ ထုတ္ျပန္ခ်က္ေအာက္၌ မွတ္ခ်က္ ေရးသားထားသည္ကို ေတြ႕ရသည္။

မီးေလာင္မႈျဖစ္ပြားသည့္ေနရာသို႔ သမိုင္းနယ္ေျမမီးသတ္းစခန္း၊ ရန္ကင္းၿမိဳ႕နယ္မီးသတ္စခန္း၊ မရမ္းကုန္းၿမိဳ႕နယ္ မီးသတ္စခန္းႏွင့္ အျခားပရဟိတအသင္းအဖြဲ႕မ်ားက Level-1 အဆင့္ျဖင့္ မိနစ္(၃၀)ခန႔္အၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။ ပ်က္စီးဆုံးရႈံးမႈတန္းဖိုးအား ဆက္လက္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.