ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဘီးပေါက်၍ ရပ်ထားသော ကားကို လားရာတူမောင်းလာသည့် ကားက နောက်မှ ဝင်တိုက်မိရာ (၂)ဦးပွဲချင်းပြီးသေဆုံးကာ (၁၀)ဦးကျော် ဒဏ်ရာရ

 415

သန့်ဇင် (NP News) - အောက်တိုဘာ ၂၂

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဘီးပေါက်၍ ရပ်ထားသော ကားကို လားရာတူမောင်းလာသည့် ကားက နောက်မှဝင်တိုက်မိရာ (၂)ဦး ပွဲချင်းပြီး သေဆုံးကာ (၁၀)ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဘုရားတောင် အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(အောက်တိုဘာ ၂၂ ရက်)၊ နံနက် ၆ နာရီအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၄၃/၅ နှင့် ၂၄၃/၆ ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရှေ့က FUSO ကားက ဘီးပေါက်လို့ ရပ်ထားတာပေါ့နော်။ အဲဒါကို SOJEN က ဝင်တိုက်တာ။ တိုက်တဲ့ ကားပေါ်မှာ လူ(၁၄)ယောက် ပါတယ်။ အဲဒီကားက ရန်ကုန်ကနေ ရမည်းသင်းကိုသွားတယ်လို့ ပြောတယ်” ဟု ဘုရားတောင် အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် SOJEN ကားပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး နှင့် အသက်ကြီးပိုင်းအရွယ် အမျိုးသမီးတစ်ဦးတို့မှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၇)ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“အဲဒီမှာ SOJEN ကားပေါ်က ယာဉ်မောင်းက တိုက်မိတဲ့အရှိန်နဲ့ ကားခေါင်းခန်းထဲမှာ ညှပ်ပြီးဆုံးသွားတာ။ အဲဒီ ကားပေါ်ပါတဲ့ အဖွားက ကားတိုက်မိတော့ ဘရိတ်ကဆောင့်အုပ်လိုက်သလိုဖြစ်သပြီးတော့ ကားနဲ့ရိုက်မိပြီး ဆုံးသွားတဲ့ပုံစံမျိုးပါ။ ကျန်တဲ့လူတွေကတော့ ထိခိုက် ဒဏ်ရာတွေရတာပေါ့။ FUSO ကားပေါ်က လူတွေကတေ့ ထိခိုက်မိတာမရှိပါဘူး။ အကြံပြုချင်တာကတော့ အရှိန်ဆိုရင်လည်း ကားတွေမှာ သူ့မှတ်နှုန်းအတိုင်း မောင်းဖို့ ရှိတယ်လေ။ အဲဒီတော့ သတ်မှတ်နှုန်းအတိုင်းမောင်းဖို့နဲ့ ဝန်ပိုမတင်ဖို့ အကြံပြုချင်ပါတယ်။ နောက်တစ်ခုက အမြန်လမ်းအသုံးပြုရင်လည်း ဂရုစိုက်ပြီးမောင်းဖို့က အဓိကပြောချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံး၊ ထိခိုက်သူများအား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ဘီးေပါက္၍ ရပ္ထားေသာ ကားကို လားရာတူေမာင္းလာသည့္ ကားက ေနာက္မွ ဝင္တိုက္မိရာ (၂)ဦးပြဲခ်င္းၿပီးေသဆုံးကာ (၁၀)ဦးေက်ာ္ ဒဏ္ရာရ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၂

ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ဘီးေပါက္၍ ရပ္ထားေသာ ကားကို လားရာတူေမာင္းလာသည့္ ကားက ေနာက္မွဝင္တိုက္မိရာ (၂)ဦး ပြဲခ်င္းၿပီး ေသဆုံးကာ (၁၀)ဦးေက်ာ္ ဒဏ္ရာရရွိခဲ့ေၾကာင္း ဘုရားေတာင္ အျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ေအာက္တိုဘာ ၂၂ ရက္)၊ နံနက္ ၆ နာရီအခ်ိန္ခန႔္က ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ ၂၄၃/၅ ႏွင့္ ၂၄၃/၆ ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရွ႕က FUSO ကားက ဘီးေပါက္လို႔ ရပ္ထားတာေပါ့ေနာ္။ အဲဒါကို SOJEN က ဝင္တိုက္တာ။ တိုက္တဲ့ ကားေပၚမွာ လူ(၁၄)ေယာက္ ပါတယ္။ အဲဒီကားက ရန္ကုန္ကေန ရမည္းသင္းကိုသြားတယ္လို႔ ေျပာတယ္” ဟု ဘုရားေတာင္ အျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ SOJEN ကားေပၚတြင္လိုက္ပါလာသည့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦး ႏွင့္ အသက္ႀကီးပိုင္းအ႐ြယ္ အမ်ိဳးသမီးတစ္ဦးတို႔မွာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး အမ်ိဳးသား(၅)ဦး ႏွင့္ အမ်ိဳးသမီး(၇)ဦးတို႔ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

“အဲဒီမွာ SOJEN ကားေပၚက ယာဥ္ေမာင္းက တိုက္မိတဲ့အရွိန္နဲ႔ ကားေခါင္းခန္းထဲမွာ ညႇပ္ၿပီးဆုံးသြားတာ။ အဲဒီ ကားေပၚပါတဲ့ အဖြားက ကားတိုက္မိေတာ့ ဘရိတ္ကေဆာင့္အုပ္လိုက္သလိုျဖစ္သၿပီးေတာ့ ကားနဲ႔႐ိုက္မိၿပီး ဆုံးသြားတဲ့ပုံစံမ်ိဳးပါ။ က်န္တဲ့လူေတြကေတာ့ ထိခိုက္ ဒဏ္ရာေတြရတာေပါ့။ FUSO ကားေပၚက လူေတြကေတ့ ထိခိုက္မိတာမရွိပါဘူး။ အႀကံျပဳခ်င္တာကေတာ့ အရွိန္ဆိုရင္လည္း ကားေတြမွာ သူ႔မွတ္ႏႈန္းအတိုင္း ေမာင္းဖို႔ ရွိတယ္ေလ။ အဲဒီေတာ့ သတ္မွတ္ႏႈန္းအတိုင္းေမာင္းဖို႔နဲ႔ ဝန္ပိုမတင္ဖို႔ အႀကံျပဳခ်င္ပါတယ္။ ေနာက္တစ္ခုက အျမန္လမ္းအသုံးျပဳရင္လည္း ဂ႐ုစိုက္ၿပီးေမာင္းဖို႔က အဓိကေျပာခ်င္တယ္” ဟု ၎က ဆက္လက္ေျပာသည္။

ယာဥ္တိုက္မႈျဖစ္စဥ္တြင္ ေသဆုံး၊ ထိခိုက္သူမ်ားအား ဘုရားေတာင္အျမန္လမ္းမႀကီးရဲစခန္းမွယာဥ္ျဖင့္ ေနျပည္ေတာ္ ကုတင္(၁၀၀၀) ေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.