ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ

 354

သန့်ဇင် (NP News) - အောက်တိုဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း အလောင်း(၁၇)လောင်းပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ချစ်ကြည်ရေးပရဟိတအသင်း-မြိတ်ထံမှ သိရသည်။

စက်လှေတိမ်းမှောက်မှုသည် အောက်တိုဘာ ၂ဝ ရက်၊ ည ၉ နာရီခွဲခန့်က ပုလောမြို့နယ်၊ကျောက္ကာချောင်းဝတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်အထိ ရုပ်အလောင်း (၉)လောင်းခန့်သာ ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို့နောက် နယ်မြေခံပရဟိအသင်းများ၊ ကူညီကယ်ဆယ်ရေးအသင်းများ နှင့် ဒေသခံပြည်သူများ၏ ရေငုပ်ရှာဖွေခြင်းကြောင့် ယမန်နေ့(အောက်တိုဘာ ၂၃ ရက်)တွင် ရုပ်အလောင်း (၁၇)လောင်းထိ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကအထိ ကျွန်တော်တို့အသင်းနဲ့ ရွာခံတွေဝိုင်းရှာမှာ အလောင်း(၁၇)လောင်းတွေ့ထားပြီ။ ကျွန်တော်တို့အသင်းက တွေ့ထားတာက ယောက်ျားလေးအလောင်း(၅)လောင်းနဲ့ အမျိုးသမီးအလောင်း(၄)လောင်းတွေ့ခဲ့တယ်။ ရွာသားတွေရှာတာက (၈)လောင်းတွေ့တယ်။ အလောင်းတွေထဲမှာက ကျောင်းသား၊ ကျောင်းသူတွေများတယ်”ဟု ချစ်ကြည်ရေးပရဟိတအသင်း-မြိတ်မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိအချိန်ထိ နစ်မြုပ်လျက်ရှိသော စက်လှေနှင့် လူ(၈)ဦးကို ဆက်လက်ရှာဖွေလိုသော် လည်း မုန်တိုင်းအခြေအနေအနေအရ ရှာဖွေကယ်ဆယ်ရေးများကို ယာယီရပ်နားထားရကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။ “စာရင်းအရဆိုရင်တော့ ပျောက်ဆုံးနေတာက (၈)ယောက်လောက်ရှိဦးမယ်။ အဲဒီ(၈)ယောက်ကလည်း လှေနဲ့ပဲပိတ်မိ နေတာဖြစ်ဖို့ သေချာသလောက်ရှိတယ်။ လှေကလည်း အခုထိရှာမတွေ့သေးဘူး။ အဓိကလည်း အဲဒီလှေကိုပဲဦးတည်ရှာနေကြတာ။ အဲဒီစက်လှေပေါ်မှာ လူ(၁၀၀)ကျော်ပါမယ်လို့ ယူဆရတယ်။ ဘာလို့ဆို အခုထိ အသက်ရှင်ကယ်ဆယ်ထားတာက (၆၀)ကျော် (၇၀)နီးပါးလောက်ရှိတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ကြောင့် ရှာဖွေတွေ့ရှိထားသည့် ရုပ်အလောင်းများကို ချစ်ကြည်ရေးပရဟိတအသင်း နှင့် ဒေသခံများက မိသားစုဝင်များ၏ သဘောဆန္ဒအရ သင်္ဂြိုဟ်ခြင်းကိစ္စများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေက်ာကၠာ႐ြာ စက္ေလွနစ္ျမဳပ္မႈ(၃)ရက္ေက်ာ္အတြင္း ႐ုပ္အေလာင္း(၁၇)ေလာင္း ျပန္ေတြ႕ကာ (၈)ဦးေပ်ာက္ဆုံးေန
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၄

တနသၤာရီတိုင္းေဒသႀကီး၊ ပုေလာၿမိဳ႕နယ္၊ ေက်ာကၠာ႐ြာ စက္ေလွနစ္ျမဳပ္မႈ(၃)ရက္ေက်ာ္အတြင္း အေလာင္း(၁၇)ေလာင္းျပန္ေတြ႕ကာ (၈)ဦးေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း ခ်စ္ၾကည္ေရးပရဟိတအသင္း-ၿမိတ္ထံမွ သိရသည္။

စက္ေလွတိမ္းေမွာက္မႈသည္ ေအာက္တိုဘာ ၂ဝ ရက္၊ ည ၉ နာရီခြဲခန႔္က ပုေလာၿမိဳ႕နယ္၊ေက်ာကၠာေခ်ာင္းဝတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေအာက္တိုဘာ ၂၁ ရက္အထိ ႐ုပ္အေလာင္း (၉)ေလာင္းခန႔္သာ ျပန္လည္ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။ ထို႔ေနာက္ နယ္ေျမခံပရဟိအသင္းမ်ား၊ ကူညီကယ္ဆယ္ေရးအသင္းမ်ား ႏွင့္ ေဒသခံျပည္သူမ်ား၏ ေရငုပ္ရွာေဖြျခင္းေၾကာင့္ ယမန္ေန႔(ေအာက္တိုဘာ ၂၃ ရက္)တြင္ ႐ုပ္အေလာင္း (၁၇)ေလာင္းထိ ျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မေန႔ကအထိ ကြၽန္ေတာ္တို႔အသင္းနဲ႔ ႐ြာခံေတြဝိုင္းရွာမွာ အေလာင္း(၁၇)ေလာင္းေတြ႕ထားၿပီ။ ကြၽန္ေတာ္တို႔အသင္းက ေတြ႕ထားတာက ေယာက္်ားေလးအေလာင္း(၅)ေလာင္းနဲ႔ အမ်ိဳးသမီးအေလာင္း(၄)ေလာင္းေတြ႕ခဲ့တယ္။ ႐ြာသားေတြရွာတာက (၈)ေလာင္းေတြ႕တယ္။ အေလာင္းေတြထဲမွာက ေက်ာင္းသား၊ ေက်ာင္းသူေတြမ်ားတယ္”ဟု ခ်စ္ၾကည္ေရးပရဟိတအသင္း-ၿမိတ္မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိအခ်ိန္ထိ နစ္ျမဳပ္လ်က္ရွိေသာ စက္ေလွႏွင့္ လူ(၈)ဦးကို ဆက္လက္ရွာေဖြလိုေသာ္ လည္း မုန္တိုင္းအေျခအေနအေနအရ ရွာေဖြကယ္ဆယ္ေရးမ်ားကို ယာယီရပ္နားထားရေၾကာင္း အထက္ပါ တာဝန္ရွိသူက ဆိုသည္။ “စာရင္းအရဆိုရင္ေတာ့ ေပ်ာက္ဆုံးေနတာက (၈)ေယာက္ေလာက္ရွိဦးမယ္။ အဲဒီ(၈)ေယာက္ကလည္း ေလွနဲ႔ပဲပိတ္မိ ေနတာျဖစ္ဖို႔ ေသခ်ာသေလာက္ရွိတယ္။ ေလွကလည္း အခုထိရွာမေတြ႕ေသးဘူး။ အဓိကလည္း အဲဒီေလွကိုပဲဦးတည္ရွာေနၾကတာ။ အဲဒီစက္ေလွေပၚမွာ လူ(၁၀၀)ေက်ာ္ပါမယ္လို႔ ယူဆရတယ္။ ဘာလို႔ဆို အခုထိ အသက္ရွင္ကယ္ဆယ္ထားတာက (၆၀)ေက်ာ္ (၇၀)နီးပါးေလာက္ရွိတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ရွာေဖြေတြ႕ရွိထားသည့္ ႐ုပ္အေလာင္းမ်ားကို ခ်စ္ၾကည္ေရးပရဟိတအသင္း ႏွင့္ ေဒသခံမ်ားက မိသားစုဝင္မ်ား၏ သေဘာဆႏၵအရ သၿဂႋဳဟ္ျခင္းကိစၥမ်ား ဆက္လက္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.