ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး

 187

ရောင်နီ (NP News) - အောက်တိုဘာ ၂၄

ဟောင်ကောင် မြို့တော်ရှိ တိရစ္ဆာန် ဥယျာဉ်တစ်ခုမှာ ဘက်တီးရီးယားပိုး ကူးစက်မှု Melioidosis ကြောင့် မျောက် (၁၁)ကောင် ထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။

၁၈၆၀ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဟောင်ကောင်ရဲ့ ရှေးအကျဆုံး တိရစ္ဆာန်ရုံ အတွက် အခုလို ဘက်တီးရီးယားကြောင့် မျောက်သေဆုံးမှုဟာ ပထမအကြိမ် ဖြစ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားကူးစက်မှု သတင်းရတဲ့ အောက်တိုဘာ ၁၄ ရက်ကစ တိရစ္ဆာန်ရုံကို ပိတ်ထားခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ သေဆုံးသွားတဲ့ မျောက်တွေဟာ De Brazza မျိုးစိတ်အပြင် ရှဉ့်မျောက်တစ်ကောင်၊ မျက်နှာဖြူ ဆာကီမျောက်လည်း ပါဝင်ခဲ့ပြီး melioidosis ဘက်တီးရီးယားနဲ့အတူ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာနဲ့ သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ခွဲစိပ်စစ်ဆေးမှုတွေအရ မျောက်တွေ နေထိုင်ရာ နေရာအနီးရှိ မြေဆီလွှာမှတဆင့် melioidosis ဘက်တီးရီးယားတွေ ကူးစက်လာတယ်လို့ ၎င်းတို့ကဆိုပါတယ်။

မြို့တော်ရဲ့ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီး ကယ်ဗင်ယန်းကတော့ တိရစ္ဆာန်ရုံရှိ မျောက်လှောင်အိမ်တွေအနီးက မြေကြီးကို တူးဖော်ပြီး စမ်းသပ်စစ်ဆေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီရောဂါပိုးဟာ လူနဲ့တိရစ္ဆာန် နှစ်မျိုးလုံးကို ထိခိုက်စေနိုင်ပေမယ့် တိရစ္ဆာန်မှ လူကို ကူးစက်ဖို့တော့ မဖြစ်နိုင်ဘူးလို့ အာဏာပိုင်များက ဆိုပါတယ်။

zawgyi version
ေဟာင္ေကာင္ တိရစာၦန္႐ုံတစ္ခုမွာ ေျမဆီလႊာမွ ဘက္တီးရီးယား ကူးစက္မႈေၾကာင့္ ေမ်ာက္ေတြ ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၄

ေဟာင္ေကာင္ ၿမိဳ႕ေတာ္ရွိ တိရစာၦန္ ဥယ်ာဥ္တစ္ခုမွာ ဘက္တီးရီးယားပိုး ကူးစက္မႈ Melioidosis ေၾကာင့္ ေမ်ာက္ (၁၁)ေကာင္ ထက္မနည္း ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားပါတယ္။

၁၈၆၀ ခုႏွစ္က တည္ေဆာက္ခဲ့တဲ့ ေဟာင္ေကာင္ရဲ႕ ေရွးအက်ဆုံး တိရစာၦန္႐ုံ အတြက္ အခုလို ဘက္တီးရီးယားေၾကာင့္ ေမ်ာက္ေသဆုံးမႈဟာ ပထမအႀကိမ္ ျဖစ္ပါတယ္။ အဆိုပါ ဘက္တီးရီးယားကူးစက္မႈ သတင္းရတဲ့ ေအာက္တိုဘာ ၁၄ ရက္ကစ တိရစာၦန္႐ုံကို ပိတ္ထားခဲ့တယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။ ေသဆုံးသြားတဲ့ ေမ်ာက္ေတြဟာ De Brazza မ်ိဳးစိတ္အျပင္ ရွဥ့္ေမ်ာက္တစ္ေကာင္၊ မ်က္ႏွာျဖဴ ဆာကီေမ်ာက္လည္း ပါဝင္ခဲ့ၿပီး melioidosis ဘက္တီးရီးယားနဲ႔အတူ ေသြးလြန္တုပ္ေကြးေရာဂါလကၡဏာနဲ႔ ေသဆုံးသြားခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ခြဲစိပ္စစ္ေဆးမႈေတြအရ ေမ်ာက္ေတြ ေနထိုင္ရာ ေနရာအနီးရွိ ေျမဆီလႊာမွတဆင့္ melioidosis ဘက္တီးရီးယားေတြ ကူးစက္လာတယ္လို႔ ၎တို႔ကဆိုပါတယ္။

ၿမိဳ႕ေတာ္ရဲ႕ယဥ္ေက်းမႈနဲ႔ ခရီးသြားလာေရးဝန္ႀကီး ကယ္ဗင္ယန္းကေတာ့ တိရစာၦန္႐ုံရွိ ေမ်ာက္ေလွာင္အိမ္ေတြအနီးက ေျမႀကီးကို တူးေဖာ္ၿပီး စမ္းသပ္စစ္ေဆးဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီေရာဂါပိုးဟာ လူနဲ႔တိရစာၦန္ ႏွစ္မ်ိဳးလုံးကို ထိခိုက္ေစႏိုင္ေပမယ့္ တိရစာၦန္မွ လူကို ကူးစက္ဖို႔ေတာ့ မျဖစ္ႏိုင္ဘူးလို႔ အာဏာပိုင္မ်ားက ဆိုပါတယ္။

Related news

© 2021. All rights reserved.