မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ

 406

ချယ်ရီ (NP News) - အောက်တိုဘာ ၂၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရရှိခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာ ၂၃ ရက်)၊ ညပိုင်း ၉နာရီ ၁၅မိနစ်အချိန်ခန့်က မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်၊ ထွေအုပ်အိမ်ရာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်တာက (၁၀)ဘီးကားနဲ့ Nissan Clipper Hijet ကားတို့ မျက်နှာချင်းဆိုင်တိုက်တာပေါ့နော်။ (၁၀)ဘီးကားရဲ့ ဘယ်ဘက် အခြမ်းအောက်ကို Nissan Clipper ရဲ့ ဘယ်ဘက်ခြမ်းနဲ့ ဝင်တိုက်လိုက်တာ။ မျက်နှာချင်းဆိုင် တိုက်ချလိုက်တာ။ တိုက်လိုက်ပြီးတော့ ကားက လာရာလမ်းဘက်ကို တစ်ပတ်လည်ပြီး ခေါင်းတည်သွားတာပေါ့။ အဲဒီအခင်းဖြစ်စဉ်ရောက်တော့ ယာဉ်မောင်းက ကားတိုက်ပြီးတော့ တံခါးပွင့်သွားပြီး ကားပေါ်ကလွင့်စင်ပြီးတော့ လမ်းပေါ်ကို ပြုတ်ကျသွားတယ်။ ကားပေါ်မှာလိုက်ပါလာတဲ့ အဖော်တစ်ဦးက ကားအထဲမှာ ညှပ်နေတယ်။ အရှေ့က ကားကို ကျော်တက်လိုက်လို့ဖြစ်သွားတဲ့ ပုံစံမျိုးလို့တော့ ကျွန်တော်တို့ အကြမ်းဖျင်း သိရတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် HIJET ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၅၀) နှစ်အရွယ်အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အသက်(၃၀)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ “ကားပေါ်ပါလာတဲ့သူက ကျွန်တော်တို့ရောက်တဲ့အချိန်ကတည်းက သတိကလစ်နေပြီဗျ။ သတိက မရှိတော့ဘူး။ အသက်ရှူယုံလောက်ပဲ ရှိတော့တယ်။ အဲဒီလို အနေအထားမျိုး ဖြစ်နေပြီ။ ကျွန်တော်ရောက်ပြီး (၂)မိနစ်လောက်ပဲ ခံတယ်ဗျ။ သူသတိလစ်သွားပြီးတော့ လုံးဝ အသက်ထွက်သွားတာ။ သူက အောက်ပိုင်းလုံးဝပိသွားတာပေါ့။ ယာဉ်မောင်းဒဏ်ရာကတော့ မျက်နှာတွေ၊ ခေါင်းတွေအကုန်လုံး ထိခိုက်ဒဏ်ရာ ရသွားတာပေါ့။ ကားအရှေ့မှန်နဲ့ ရိုက်တာဆိုတော့ ခေါင်းကွဲတယ်၊ မျက်နှာတွေထိတယ်။ လက်တွေ ကွဲပြဲသွားတယ်။ လက်လည်း နည်းနည်းအောင့်တာတော့ တွေ့ရတယ်ပေါ့။ လွှင့်စင်ကျတဲ့ဒဏ်ရာတွေနဲ့ အဲဒါတော့ ပြင်းတယ်။ မျက်နှာမှာ သွေးစတွေနဲ့ အကွဲအပြဲကတော့ တော်တော်များတယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများကို ဘိုဘိုဝင်းအရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းက မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေမာ္လၿမိဳင္ၿမိဳ႕တြင္ HIJET ကားႏွင့္ (၁၀)ဘီးကားတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာ တစ္ဦးေသဆုံးၿပီး တစ္ဦးထိခိုက္ဒဏ္ရာရ
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၂၄

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ HIJET ကားႏွင့္ (၁၀)ဘီးကားတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာ အမ်ိဳးသားတစ္ဦးေသဆုံးၿပီး တစ္ဦး ထိခိုက္ဒဏ္ရာရရရွိခဲ့ေၾကာင္း ဘိုဘိုဝင္းအေရးေပၚကူညီကယ္ဆယ္ေရးအသင္းက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေအာက္တိုဘာ ၂၃ ရက္)၊ ညပိုင္း ၉နာရီ ၁၅မိနစ္အခ်ိန္ခန႔္က ေမာ္လၿမိဳင္ၿမိဳ႕၊ ငန္းေတးရပ္ကြက္၊ ေထြအုပ္အိမ္ရာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“တိုက္တာက (၁၀)ဘီးကားနဲ႔ Nissan Clipper Hijet ကားတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္တာေပါ့ေနာ္။ (၁၀)ဘီးကားရဲ႕ ဘယ္ဘက္ အျခမ္းေအာက္ကို Nissan Clipper ရဲ႕ ဘယ္ဘက္ျခမ္းနဲ႔ ဝင္တိုက္လိုက္တာ။ မ်က္ႏွာခ်င္းဆိုင္ တိုက္ခ်လိုက္တာ။ တိုက္လိုက္ၿပီးေတာ့ ကားက လာရာလမ္းဘက္ကို တစ္ပတ္လည္ၿပီး ေခါင္းတည္သြားတာေပါ့။ အဲဒီအခင္းျဖစ္စဥ္ေရာက္ေတာ့ ယာဥ္ေမာင္းက ကားတိုက္ၿပီးေတာ့ တံခါးပြင့္သြားၿပီး ကားေပၚကလြင့္စင္ၿပီးေတာ့ လမ္းေပၚကို ျပဳတ္က်သြားတယ္။ ကားေပၚမွာလိုက္ပါလာတဲ့ အေဖာ္တစ္ဦးက ကားအထဲမွာ ညႇပ္ေနတယ္။ အေရွ႕က ကားကို ေက်ာ္တက္လိုက္လို႔ျဖစ္သြားတဲ့ ပုံစံမ်ိဳးလို႔ေတာ့ ကြၽန္ေတာ္တို႔ အၾကမ္းဖ်င္း သိရတယ္” ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ HIJET ကားေပၚတြင္လိုက္ပါလာသည့္ အသက္(၅၀) ႏွစ္အ႐ြယ္အမ်ိဳးသားမွာ ထိခိုက္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး အသက္(၃၀)ႏွစ္အ႐ြယ္ ယာဥ္ေမာင္းအမ်ိဳးသားတြင္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။ “ကားေပၚပါလာတဲ့သူက ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္ကတည္းက သတိကလစ္ေနၿပီဗ်။ သတိက မရွိေတာ့ဘူး။ အသက္ရႉယုံေလာက္ပဲ ရွိေတာ့တယ္။ အဲဒီလို အေနအထားမ်ိဳး ျဖစ္ေနၿပီ။ ကြၽန္ေတာ္ေရာက္ၿပီး (၂)မိနစ္ေလာက္ပဲ ခံတယ္ဗ်။ သူသတိလစ္သြားၿပီးေတာ့ လုံးဝ အသက္ထြက္သြားတာ။ သူက ေအာက္ပိုင္းလုံးဝပိသြားတာေပါ့။ ယာဥ္ေမာင္းဒဏ္ရာကေတာ့ မ်က္ႏွာေတြ၊ ေခါင္းေတြအကုန္လုံး ထိခိုက္ဒဏ္ရာ ရသြားတာေပါ့။ ကားအေရွ႕မွန္နဲ႔ ႐ိုက္တာဆိုေတာ့ ေခါင္းကြဲတယ္၊ မ်က္ႏွာေတြထိတယ္။ လက္ေတြ ကြဲၿပဲသြားတယ္။ လက္လည္း နည္းနည္းေအာင့္တာေတာ့ ေတြ႕ရတယ္ေပါ့။ လႊင့္စင္က်တဲ့ဒဏ္ရာေတြနဲ႔ အဲဒါေတာ့ ျပင္းတယ္။ မ်က္ႏွာမွာ ေသြးစေတြနဲ႔ အကြဲအၿပဲကေတာ့ ေတာ္ေတာ္မ်ားတယ္” ဟု ၎က ဆိုသည္။

ထို႔ေၾကာင့္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ဘိုဘိုဝင္းအေရးေပၚကူညီကယ္ဆယ္ေရးအသင္းက ေမာ္လၿမိဳင္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.