PDF များက အခြေခံပညာအလယ်တန်းကျောင်းကို Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများအပါအဝင် (၅)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိမှု မြိုင်မြို့၌ ဖြစ်ပွား

 437

စော (NP News) - အောက်တိုဘာ၂၅

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် PDF အကြမ်းဖက်သမားများက အခြေခံပညာအ လယ်တန်းကျောင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းသား ကျောင်းသူများအပါအဝင် (၅)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းကို ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်) နံနက် (၁၁)နာရီခွဲဝန်းကျင်အချိန်က Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ Drop Bomb များဖြင့် တိုက် ခိုက်ခဲ့ရာ ဆရာမတစ်ဦး အပါအဝင် ကျောင်းသား ကျောင်းသူ (၃)ဦးနှင့် ဒေသခံအမျိုးသမီး တစ်ဦး စုစုပေါင်း (၅)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါထိခိုက်ဒဏ်ရာရရှိသူများကို လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

PDF အမည်ခံအကြမ်းဖက်သမားများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေသည့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများ နှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
PDF မ်ားက အေျခခံပညာအလယ္တန္းေက်ာင္းကို Drop Bomb မ်ားျဖင့္ ပစ္ခ်တိုက္ခိုက္ခဲ့ရာ ေက်ာင္းသား၊ေက်ာင္းသူမ်ားအပါအဝင္ (၅)ဦး ဗုံးစထိမွန္ဒဏ္ရာရရွိမႈ ၿမိဳင္ၿမိဳ႕၌ ျဖစ္ပြား

ေစာ (NP News) - ေအာက္တိုဘာ၂၅

မေကြးတိုင္းေဒသႀကီး၊ ၿမိဳင္ၿမိဳ႕နယ္တြင္ PDF အၾကမ္းဖက္သမားမ်ားက အေျခခံပညာအ လယ္တန္းေက်ာင္းသို႔ Drop Bomb မ်ားျဖင့္ ပစ္ခ်တိုက္ခိုက္ခဲ့ရာ ေက်ာင္းသား ေက်ာင္းသူမ်ားအပါအဝင္ (၅)ဦး ဗုံးစထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ၿမိဳင္ၿမိဳ႕နယ္၊ သရက္ကန္ေက်း႐ြာရွိ အေျခခံပညာအလယ္တန္းေက်ာင္းကို ယမန္ေန႔ (ေအာက္တိုဘာ ၂၄ ရက္) နံနက္ (၁၁)နာရီခြဲဝန္းက်င္အခ်ိန္က Drop Bomb မ်ားျဖင့္ ပစ္ခ်တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ Drop Bomb မ်ားျဖင့္ တိုက္ ခိုက္ခဲ့ရာ ဆရာမတစ္ဦး အပါအဝင္ ေက်ာင္းသား ေက်ာင္းသူ (၃)ဦးႏွင့္ ေဒသခံအမ်ိဳးသမီး တစ္ဦး စုစုေပါင္း (၅)ဦး ဗုံးစထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါထိခိုက္ဒဏ္ရာရရွိသူမ်ားကို လိုအပ္သည့္ေဆးကုသမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကလည္း လိုအပ္သည့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။

PDF အမည္ခံအၾကမ္းဖက္သမားမ်ားက ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေအးခ်မ္းစြာပညာသင္ၾကားေနသည့္ ပညာေရးဆိုင္ရာ အေဆာက္အအုံမ်ားကို ရည္႐ြယ္ခ်က္ရွိရွိ တိုက္ခိုက္ျခင္းသည္ ဂ်ီနီဗာကြန္ဗန္းရွင္းမ်ား ႏွင့္ အျပည္ျပည္ဆိုင္ရာဥပေဒတို႔အရ စစ္ရာဇဝတ္မႈက်ဴးလြန္ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.