အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝိုက ဘာလီမှာ ဒုတိယမြောက်လေဆိပ် ထားရှိဖို့ စီစဉ်ထား
276
ရောင်နီ (NP News) - အောက်တိုဘာ ၂၇
အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝို ဘာလီမှာ ဒုတိယလေဆိပ် ထားရှိဖို့ စီစဉ်ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့အပန်းဖြေကျွန်းဖြစ်တဲ့ ဘာလီကျွန်းမှာ ကာလရှည်ကြာနှောင့်နှေးနေတဲ့ ဒုတိယမြောက် နိုင်ငံတကာလေဆိပ်တစ်ခုထားရှိဖို့စီမံကိန်းကို သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့အုပ်ချုပ်မှုအသစ်မှာ ပြန်လည် အသက်သွင်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဒီအကြောင်းကို အာဏာရပါတီ ဂီရင်ဒါရဲ့ နိုင်ငံရေးသမားတစ်ဦးက အောက်တိုဘာ ၂၁ ရက်က အတည်ပြုခဲ့ပါ တယ်။ ဒုတိယလေဆိပ်ဟာ ဘာလီကျွန်းရဲ့မြို့တော် ဒန်ပါဆာအနီး၊ ဘူလဲလန်ခရိုင်မှာ တည်ရှိမှာဖြစ်ပြီး လေဆိပ် အသစ်ဖွင့်ရခြင်းဟာ လက်ရှိ ဂူစတီငုရက်ရိုင် လေဆိပ်ရဲ့ယာဉ်ကြောပိတ်ဆို့မှုတွေကိုပြေလျော့စေဖဖို့ ရည်ရွယ် တယ်လို့ သိရပါတယ်။
ခရီးသွားလုပ်ငန်း ဝန်ကြီးဟောင်း ဆမ်ဒီအာဂါအူနိုကလည်း ဘာလီကျွန်းမှာ ခရီးသွားနည်းပါးတဲ့ ခရီးသွား နေရာ တွေကို သွားလာမှုလွယ်ကူစေဖို့အတွက် ကျွန်းမြောက်ဘက်မှာ ဒုတိယလေဆိပ် လိုအပ်တယ်လို့ အောက်တိုဘာ ၁၈ ရက်က ပြောကြားခဲ့ပါတယ်။
အဆိုပါ လေဆိပ်သစ် စီမံကိန်းဟာ ၂၀၁၆ ခုနှစ်က သမ္မတ ဂျိုကိုဝီဒိုဒို လက်ထပ်ကတည်းက ရေးဆွဲခဲ့တာဖြစ်ပေ မယ့် နိုင်ငံရေးအရ လုံလောက်တဲ့ ထောက်ခံမှု မရရှိခဲ့တာကြောင့် နှောင့်နှေးနေခဲ့တာဖြစ်ပါတယ်။ စီမံကိန်းအရ လေဆိပ်သစ်ဟာ တစ်နှစ်ကို ခရီးသည် သန်း ၂၀ (သို့မဟုတ်) ပျံသန်းမှု ၁၂၆,၄၉၀ အထိ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Zawgyi Version;
အင္ဒိုနီးရွားသမၼတသစ္ ပရာဘိုဝိုက ဘာလီမွာ ဒုတိယေျမာက္ေလဆိပ္ ထားရွိဖို႔ စီစဥ္ထား
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၇
အင္ဒိုနီးရွားသမၼတသစ္ ပရာဘိုဝို ဘာလီမွာ ဒုတိယေလဆိပ္ ထားရွိဖို႔ စီစဥ္ထားပါတယ္။
အင္ဒိုနီးရွားႏိုင္ငံရဲ႕အပန္းေျဖကြၽန္းျဖစ္တဲ့ ဘာလီကြၽန္းမွာ ကာလရွည္ၾကာေႏွာင့္ေႏွးေနတဲ့ ဒုတိယေျမာက္ ႏိုင္ငံတကာေလဆိပ္တစ္ခုထားရွိဖို႔စီမံကိန္းကို သမၼတ ပရာဘိုဝို ဆူဘီယန္တိုရဲ႕အုပ္ခ်ဳပ္မႈအသစ္မွာ ျပန္လည္ အသက္သြင္းဖို႔ ရည္႐ြယ္ထားတာ ျဖစ္ပါတယ္။
ဒီအေၾကာင္းကို အာဏာရပါတီ ဂီရင္ဒါရဲ႕ ႏိုင္ငံေရးသမားတစ္ဦးက ေအာက္တိုဘာ ၂၁ ရက္က အတည္ျပဳခဲ့ပါ တယ္။ ဒုတိယေလဆိပ္ဟာ ဘာလီကြၽန္းရဲ႕ၿမိဳ႕ေတာ္ ဒန္ပါဆာအနီး၊ ဘူလဲလန္ခ႐ိုင္မွာ တည္ရွိမွာျဖစ္ၿပီး ေလဆိပ္ အသစ္ဖြင့္ရျခင္းဟာ လက္ရွိ ဂူစတီငုရက္႐ိုင္ ေလဆိပ္ရဲ႕ယာဥ္ေၾကာပိတ္ဆို႔မႈေတြကိုေျပေလ်ာ့ေစဖဖို႔ ရည္႐ြယ္ တယ္လို႔ သိရပါတယ္။
ခရီးသြားလုပ္ငန္း ဝန္ႀကီးေဟာင္း ဆမ္ဒီအာဂါအူႏိုကလည္း ဘာလီကြၽန္းမွာ ခရီးသြားနည္းပါးတဲ့ ခရီးသြား ေနရာ ေတြကို သြားလာမႈလြယ္ကူေစဖို႔အတြက္ ကြၽန္းေျမာက္ဘက္မွာ ဒုတိယေလဆိပ္ လိုအပ္တယ္လို႔ ေအာက္တိုဘာ ၁၈ ရက္က ေျပာၾကားခဲ့ပါတယ္။
အဆိုပါ ေလဆိပ္သစ္ စီမံကိန္းဟာ ၂၀၁၆ ခုႏွစ္က သမၼတ ဂ်ိဳကိုဝီဒိုဒို လက္ထပ္ကတည္းက ေရးဆြဲခဲ့တာျဖစ္ေပ မယ့္ ႏိုင္ငံေရးအရ လုံေလာက္တဲ့ ေထာက္ခံမႈ မရရွိခဲ့တာေၾကာင့္ ေႏွာင့္ေႏွးေနခဲ့တာျဖစ္ပါတယ္။ စီမံကိန္းအရ ေလဆိပ္သစ္ဟာ တစ္ႏွစ္ကို ခရီးသည္ သန္း ၂၀ (သို႔မဟုတ္) ပ်ံသန္းမႈ ၁၂၆,၄၉၀ အထိ ဝန္ေဆာင္မႈေပးႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။