ပိုင်နက်နယ်မြေ တစ်လက်မပင် အဆုံးရှုံးခံမည် မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတပြော

 68

Pika (NP News) - အောက်တိုဘာ ၂၇

ထိုင်ဝမ်ကျွန်းသည် ၎င်း၏ ပိုင်နက်နယ်မြေတစ်လက်မကိုပင် အဆုံးရှုံးခံမည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချန်တေးက အောက်တိုဘာလ (၂၅)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်အစိုးရက ၎င်း၏အချုပ်အခြာအာဏာကို လက်ခံရန် ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေးအရ ဖိအားပေးမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် လိုင်ချန်တေး၏ ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။ လိုင်ချန်တေး သည် Guningtou တိုက်ပွဲတွင် ကွန်မြူနစ် တပ်ဖွဲ့များ အောင်ပွဲခံခြင်း (၇၅)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တရုတ်ကမ်းလွန်ရှိ Kinmen ကျွန်းများသို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုကဲ့သို့မှတ်ချက်ပြုပြောဆို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်နှင့်ထိုင်ဝမ်တို့၏ စစ်တပ်များက ပြင်းထန်သော စစ်ရေးလေ့ကျင့်မှုများကို အပြိုင်အဆိုင်လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
လိုင်ချန်တေးက “ကျွန်တော်တို့ဟာ ထိုင်ဝမ်ကျွန်းရဲ့ ပိုင်နက်နယ်မြေ တစ်လက်မကိုမှ အဆုံးရှုံးခံမှာ မဟုတ်ပါဘူး။ Guningto ကတိုက်ပွဲက ဒီမိုကရေစီနဲ့လွတ်လပ်မှုတို့ဟာ ခွင့်ပြုမှုနဲ့အတူ ရယူလို့မရဘူးဆိုတာ ကျွန်တော်တို့ကို နားလည်စေပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ဒီမိုကရေစီနဲ့လွတ်လပ်မှုတို့ကို ရယူဖို့အတွက် မျိုးဆက်တွေရဲ့ ပူးပေါင်းကြိုးပမ်းမှုတွေကို လိုအပ်ပါတယ်”ဟုပြောဆိုခဲ့သည်။

ထို့ပြင် ထိုင်ဝမ်ကျွန်း၏ အနာဂတ်ကို ပြောင်းလဲပစ်ရန် ပြင်ပအင်အားစုများ၏ ကြိုးပမ်း မှုများကို ခွင့်ပြုမည် မဟုတ် ကြောင်း လိုင်ချန်တေးက အခိုင်အမာပြောဆိုခဲ့သည်။ သို့သော်လည်း ပြင်ပအင်အားစုများဆိုသည်မှာ ဘယ်နိုင်ငံ ကိုဆိုလိုသလဲ ဆိုသည့်အချက်ကို လိုင်ချန်တေးက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ တရုတ် အစိုးရသည် ထိုင်ဝမ်ကျွန်းကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ်ကျွန်းအပေါ် အင်အားသုံးမှုကို ဘယ်တော့မှ စွန့်လွှတ်မည်မဟုတ်ကြောင်း ပြီးခဲ့ သည့်ရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

Zawgyi Version;
ပိုင္နက္နယ္ေျမ တစ္လက္မပင္ အဆုံးရႈံးခံမည္ မဟုတ္ေၾကာင္း ထိုင္ဝမ္သမၼတေျပာ
Pika (NP News) - ေအာက္တိုဘာ ၂၇

ထိုင္ဝမ္ကြၽန္းသည္ ၎၏ ပိုင္နက္နယ္ေျမတစ္လက္မကိုပင္ အဆုံးရႈံးခံမည္မဟုတ္ေၾကာင္း ထိုင္ဝမ္သမၼတ လိုင္ခ်န္ေတးက ေအာက္တိုဘာလ (၂၅)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
တ႐ုတ္အစိုးရက ၎၏အခ်ဳပ္အျခာအာဏာကို လက္ခံရန္ ထိုင္ဝမ္ကြၽန္းအေပၚ စစ္ေရးအရ ဖိအားေပးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနခ်ိန္တြင္ လိုင္ခ်န္ေတး၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။ လိုင္ခ်န္ေတး သည္ Guningtou တိုက္ပြဲတြင္ ကြန္ျမဴနစ္ တပ္ဖြဲ႕မ်ား ေအာင္ပြဲခံျခင္း (၇၅)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔တြင္ တ႐ုတ္ကမ္းလြန္ရွိ Kinmen ကြၽန္းမ်ားသို႔ သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ယခုကဲ့သို႔မွတ္ခ်က္ျပဳေျပာဆို ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္ဝမ္ေရလက္ၾကားတြင္ တ႐ုတ္ႏွင့္ထိုင္ဝမ္တို႔၏ စစ္တပ္မ်ားက ျပင္းထန္ေသာ စစ္ေရးေလ့က်င့္မႈမ်ားကို အၿပိဳင္အဆိုင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔မွတ္ခ်က္ျပဳေျပာဆိုမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
လိုင္ခ်န္ေတးက “ကြၽန္ေတာ္တို႔ဟာ ထိုင္ဝမ္ကြၽန္းရဲ႕ ပိုင္နက္နယ္ေျမ တစ္လက္မကိုမွ အဆုံးရႈံးခံမွာ မဟုတ္ပါဘူး။ Guningto ကတိုက္ပြဲက ဒီမိုကေရစီနဲ႔လြတ္လပ္မႈတို႔ဟာ ခြင့္ျပဳမႈနဲ႔အတူ ရယူလို႔မရဘူးဆိုတာ ကြၽန္ေတာ္တို႔ကို နားလည္ေစပါတယ္။ ဒါေပမဲ့လည္း ကြၽန္ေတာ္တို႔ရဲ႕ဒီမိုကေရစီနဲ႔လြတ္လပ္မႈတို႔ကို ရယူဖို႔အတြက္ မ်ိဳးဆက္ေတြရဲ႕ ပူးေပါင္းႀကိဳးပမ္းမႈေတြကို လိုအပ္ပါတယ္”ဟုေျပာဆိုခဲ့သည္။

ထို႔ျပင္ ထိုင္ဝမ္ကြၽန္း၏ အနာဂတ္ကို ေျပာင္းလဲပစ္ရန္ ျပင္ပအင္အားစုမ်ား၏ ႀကိဳးပမ္း မႈမ်ားကို ခြင့္ျပဳမည္ မဟုတ္ ေၾကာင္း လိုင္ခ်န္ေတးက အခိုင္အမာေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ျပင္ပအင္အားစုမ်ားဆိုသည္မွာ ဘယ္ႏိုင္ငံ ကိုဆိုလိုသလဲ ဆိုသည့္အခ်က္ကို လိုင္ခ်န္ေတးက ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။ တ႐ုတ္ အစိုးရသည္ ထိုင္ဝမ္ကြၽန္းကို ၎၏ ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားၿပီး ထိုင္ဝမ္ကြၽန္းအေပၚ အင္အားသုံးမႈကို ဘယ္ေတာ့မွ စြန႔္လႊတ္မည္မဟုတ္ေၾကာင္း ၿပီးခဲ့ သည့္ရက္ပိုင္းတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။

Related news

© 2021. All rights reserved.