ကျောင်းသား ဆန္ဒပြနေသော်လည်း ဘင်္ဂလားဒေ့ရှ်သမ္မတ နှုတ်ထွက်ပေးရန် အစီအစဉ်မရှိ

 111

Htay Oung (NP News) - အောက်တိုဘာ ၂၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သမ္မတ မိုဟာမက် ရှာဟာဘတ်ဒင် နှုတ်ထွက်ပေးဖို့ ရှိတ်ဟာစီနာအစိုးရကို ပြုတ်ကျစေ ခဲ့တဲ့ ကျောင်းသားများက ဆန္ဒပြနေကြပါတယ်။ ကျောင်းသားများ တောင်းဆိုထားတဲ့ ရှာဟာဘတ်ဒင် နှုတ်ထွက်ပေး ရမယ့် နောက်ဆုံးရက်ဟာ ဒီနေ့ဖြစ်ပါတယ်။ ရှာဟာဘတ်ဒင်ဟာ ဖက်ဆစ်ဝါဒရဲ့ထုတ်ကုန်လက်ကျန်တစ်ခုဖြစ် နေပေမယ့် သမ္မတကို ဖယ်ရှားလိုက်ရင် နိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေမှာ လစ်ဟာချက်ဖြစ်သွားလိမ့်မယ်လို့ BNP ပါတီ အကြီးတန်း တွဲဘက်အထွေထွေ အတွင်းရေးမှူး ရာဟူးကာဘီယာက ပြောဆိုကြောင်း "ဒါကာ ထရိုင်ဗြွန်း" ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ရေးသားခဲ့ပါတယ်။

ရှိတ်ဟာစီနာ ပြည်ပကို ရုတ်တရက်ထွက်ခွာသွားတဲ့အတွက် နိုင်ငံတော်အုပ်ချုပ်ရေးကဏ္ဍမှာ လစ်ဟာချက်များ ဖြစ်ပေါ်လာခဲ့ရကြောင်း၊ သေးငယ်တဲ့ ကွက်လပ်များကို အလွယ်တကူ
ဖြည့်ဆည်းနိုင်ပေမယ့် ကြီးမားတဲ့နေရာများကို ချက်ချင်းဖြည့်ဆည်းရန် ခက်ခဲကြောင်း၊ ဟာစီနာ ဖယ်ရှားခံရတဲ့ အပေါ်မကျေမနပ်ဖြစ်နေတဲ့ ပြည်တွင်း ပြည်ပအင်အားစုတွေက တိုင်းပြည်အပေါ်မကောင်းကြံစည်လာနိုင်ကြောင်း သွေးလွန်တုတ်ကွေးရောဂါတားဆီးကာကွယ်ရေး လက်ကမ်းကြော်ငြာဖြန့်ဝေခြင်း အခန်းအနားကို တက်ရောက် လာသူ တွဲဘက်အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။
ရှိတ်ဟာစီနာ ထွက်ခွာသွားပြီး အဝါမီလိဂ်ပါတီဝန်ကြီးနဲ့ အမတ်အတော်များများ တိမ်းရှောင်သွားကြတယ်။ အချို့ လည်း အဖမ်းခံရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့အုပ်ချုပ်ရေး-ဥပဒေပြုရေး-တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ခုမှာ မိုဟာမက် ယူနွတ်က အကြံပေးအရာရှိချုပ်အဖြစ် တာဝန်ယူတဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းခြင်း၊ ဘင်္ဂလားဒေ့ရှ် လွှတ်တော် ဖျက်သိမ်းခြင်း အခွင့်အာဏာဟာ သမ္မတမှာသာလျှင် ရှိနေပါတယ်။

အသက် ၇၄ နှစ်အရွယ် ဥပဒေပညာရှင် မိုဟာမက် ရှာဟာဘတ်ဒင်ဟာ ယခင်ဝန်ကြီးချုပ် ရှိတ်ဟာစီနာအစိုးရ လက်ထက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နာမင်းကြီး၊ အဝါမီလိဂ်ပါတီ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်နာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလ ပါတီရဲ့သမ္မတရွေးကောက်ပွဲမှာ ကန့်ကွက်သူမရှိ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး နိုင်ငံရဲ့ ဆဋ္ဌမမြောက် သမ္မတဖြစ်လာပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ လွှတ်တော်တစ်ရပ်တည်းသာရှိပြီး အစိုးရအဖွဲ့အပြောင်းအလဲဖြစ်သွားပေမယ့် ရှိတ်ဟာစီနာ လက်ထက် သမ္မတ ရှာဟာဘတ်ဒင်ကတော့ ရာထူးအတိုင်းဆက်လက်ကျန်ရှိနေပါတယ်။ ဒါပေမယ့် ရှိတ်ဟာ စီနာ နှုတ်ထွက်တယ်လို့သာ ကြားသိရပေမယ့် မှတ်တမ်းအထောက်အထား တစ်စုံတစ်ရာမရရှိခဲ့ကြောင်း လွန်ခဲ့တဲ့ အောက်တိုဘာ ၁၉ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ “မန်နက်ဇာမင်” နေ့စဉ်သတင်းစာနဲ့တွေ့ဆုံစဉ် သမ္မတ ရှာဟာ ဘတ်ဒင်က ပြောဆိုခဲ့ခြင်းဖြင့် လက်ရှိ ယူနွတ်ယာယီအစိုးရအနေနဲ့ တရားဝင်မှု ရှိ-မရှိ မေးခွန်းထုတ်စရာ အရှုပ် အထွေး စတင်ဖြစ်ပေါ်လာခဲ့ရပါတယ်။ ကျောင်းသားများကတော့ ရှာဟာဘတ်ဒင် နှုတ်ထွက်ပေးရမယ်လို့ ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။

လက်ရှိ ယူနွတ်ရဲ့ ကြားဖြတ်အစိုးရဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးရန် တာဝန် ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေညာပြီး ကြားကာလအတွင်း လိုအပ်တဲ့ ပြင်ဆင်ပြောင်းလဲမှုများ ကို တစ်ခုချင်း တစ်ဆင့်ချင်း လုပ်ဆောင်သွားရေး တောင်းဆိုသင့်တယ်လို့ ဟာစီနာအလွန် ပြိုင်ဘက်မရှိ နိုင်ငံရေး အုပ်စုဖြစ်လာတဲ့ BNP ပါတီ တွဲဘက်အထွေထွေ အတွင်းရေးမှူးက မှတ်ချက်ပေးပါတယ်။
ရှိတ်ဟာစီနာရဲ့လူသားမဆန်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ရဲတပ်ဖွဲ့ကို ဖျက်သိမ်းဖို့ ပြည်သူအများက လိုလားလျက်ရှိကြောင်း၊ ဒါပေမယ့် လောလောဆယ် သမ္မတ မိုဟာမက် ရှာဟာဘတ်ဒင် နှုတ်ထွက်ပေးဖို့ အစီအစဉ် မရှိကြောင်း၊ တရားစီရင်ရေးဟာ လူအပေါင်းတို့ရဲ့ ခိုလှုံရာဖြစ်ပြီး ပြင်ဆင်ပြောင်းလဲဖို့ အချိန်အကြာကြီး မယူသင့် ဘူးလို့ BNP ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
( Dhaka Tribune., 26 October 2024,” Rizvi: Removing president will create constitutional void” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ေက်ာင္းသား ဆႏၵျပေနေသာ္လည္း ဘဂၤလားေဒ့ရွ္သမၼတ ႏႈတ္ထြက္ေပးရန္ အစီအစဥ္မရွိ
Htay Oung (NP News) - ေအာက္တိုဘာ ၂၇

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ သမၼတ မိုဟာမက္ ရွာဟာဘတ္ဒင္ ႏႈတ္ထြက္ေပးဖို႔ ရွိတ္ဟာစီနာအစိုးရကို ျပဳတ္က်ေစ ခဲ့တဲ့ ေက်ာင္းသားမ်ားက ဆႏၵျပေနၾကပါတယ္။ ေက်ာင္းသားမ်ား ေတာင္းဆိုထားတဲ့ ရွာဟာဘတ္ဒင္ ႏႈတ္ထြက္ေပး ရမယ့္ ေနာက္ဆုံးရက္ဟာ ဒီေန႔ျဖစ္ပါတယ္။ ရွာဟာဘတ္ဒင္ဟာ ဖက္ဆစ္ဝါဒရဲ႕ထုတ္ကုန္လက္က်န္တစ္ခုျဖစ္ ေနေပမယ့္ သမၼတကို ဖယ္ရွားလိုက္ရင္ ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံဥပေဒမွာ လစ္ဟာခ်က္ျဖစ္သြားလိမ့္မယ္လို႔ BNP ပါတီ အႀကီးတန္း တြဲဘက္အေထြေထြ အတြင္းေရးမႉး ရာဟူးကာဘီယာက ေျပာဆိုေၾကာင္း "ဒါကာ ထ႐ိုင္ႁဗြန္း" ၂ဝ၂၄ ခုႏွစ္ ေအာက္တိုဘာ ၂၆ ရက္က ေရးသားခဲ့ပါတယ္။

ရွိတ္ဟာစီနာ ျပည္ပကို ႐ုတ္တရက္ထြက္ခြာသြားတဲ့အတြက္ ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရးက႑မွာ လစ္ဟာခ်က္မ်ား ျဖစ္ေပၚလာခဲ့ရေၾကာင္း၊ ေသးငယ္တဲ့ ကြက္လပ္မ်ားကို အလြယ္တကူ
ျဖည့္ဆည္းႏိုင္ေပမယ့္ ႀကီးမားတဲ့ေနရာမ်ားကို ခ်က္ခ်င္းျဖည့္ဆည္းရန္ ခက္ခဲေၾကာင္း၊ ဟာစီနာ ဖယ္ရွားခံရတဲ့ အေပၚမေက်မနပ္ျဖစ္ေနတဲ့ ျပည္တြင္း ျပည္ပအင္အားစုေတြက တိုင္းျပည္အေပၚမေကာင္းႀကံစည္လာႏိုင္ေၾကာင္း ေသြးလြန္တုတ္ေကြးေရာဂါတားဆီးကာကြယ္ေရး လက္ကမ္းေၾကာ္ျငာျဖန႔္ေဝျခင္း အခန္းအနားကို တက္ေရာက္ လာသူ တြဲဘက္အေထြေထြ အတြင္းေရးမႉးက ေျပာပါတယ္။
ရွိတ္ဟာစီနာ ထြက္ခြာသြားၿပီး အဝါမီလိဂ္ပါတီဝန္ႀကီးနဲ႔ အမတ္အေတာ္မ်ားမ်ား တိမ္းေရွာင္သြားၾကတယ္။ အခ်ိဳ႕ လည္း အဖမ္းခံရပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕အုပ္ခ်ဳပ္ေရး-ဥပေဒျပဳေရး-တရားစီရင္ေရး မ႑ိဳင္ႀကီး ၃ ခုမွာ မိုဟာမက္ ယူႏြတ္က အႀကံေပးအရာရွိခ်ဳပ္အျဖစ္ တာဝန္ယူတဲ့ ၾကားျဖတ္အစိုးရဖြဲ႕စည္းျခင္း၊ ဘဂၤလားေဒ့ရွ္ လႊတ္ေတာ္ ဖ်က္သိမ္းျခင္း အခြင့္အာဏာဟာ သမၼတမွာသာလွ်င္ ရွိေနပါတယ္။

အသက္ ၇၄ ႏွစ္အ႐ြယ္ ဥပေဒပညာရွင္ မိုဟာမက္ ရွာဟာဘတ္ဒင္ဟာ ယခင္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာအစိုးရ လက္ထက္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္နာမင္းႀကီး၊ အဝါမီလိဂ္ပါတီ အမ်ိဳးသားေ႐ြးေကာက္ပြဲ ေကာ္မရွင္နာအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ ၂၀၂၃ ခုႏွစ္ ဧၿပီလ ပါတီရဲ႕သမၼတေ႐ြးေကာက္ပြဲမွာ ကန႔္ကြက္သူမရွိ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းခံခဲ့ရၿပီး ႏိုင္ငံရဲ႕ ဆ႒မေျမာက္ သမၼတျဖစ္လာပါတယ္။
ဘဂၤလားေဒ့ရွ္မွာ လႊတ္ေတာ္တစ္ရပ္တည္းသာရွိၿပီး အစိုးရအဖြဲ႕အေျပာင္းအလဲျဖစ္သြားေပမယ့္ ရွိတ္ဟာစီနာ လက္ထက္ သမၼတ ရွာဟာဘတ္ဒင္ကေတာ့ ရာထူးအတိုင္းဆက္လက္က်န္ရွိေနပါတယ္။ ဒါေပမယ့္ ရွိတ္ဟာ စီနာ ႏႈတ္ထြက္တယ္လို႔သာ ၾကားသိရေပမယ့္ မွတ္တမ္းအေထာက္အထား တစ္စုံတစ္ရာမရရွိခဲ့ေၾကာင္း လြန္ခဲ့တဲ့ ေအာက္တိုဘာ ၁၉ ရက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ “မန္နက္ဇာမင္” ေန႔စဥ္သတင္းစာနဲ႔ေတြ႕ဆုံစဥ္ သမၼတ ရွာဟာ ဘတ္ဒင္က ေျပာဆိုခဲ့ျခင္းျဖင့္ လက္ရွိ ယူႏြတ္ယာယီအစိုးရအေနနဲ႔ တရားဝင္မႈ ရွိ-မရွိ ေမးခြန္းထုတ္စရာ အရႈပ္ အေထြး စတင္ျဖစ္ေပၚလာခဲ့ရပါတယ္။ ေက်ာင္းသားမ်ားကေတာ့ ရွာဟာဘတ္ဒင္ ႏႈတ္ထြက္ေပးရမယ္လို႔ ဆႏၵျပေနၾကဆဲျဖစ္ပါတယ္။

လက္ရွိ ယူႏြတ္ရဲ႕ ၾကားျဖတ္အစိုးရဟာ လြတ္လပ္ၿပီး တရားမွ်တတဲ့ေ႐ြးေကာက္ပြဲတစ္ရပ္ က်င္းပေပးရန္ တာဝန္ ရွိေၾကာင္း၊ ေ႐ြးေကာက္ပြဲက်င္းပမယ့္ရက္ကို ေၾကညာၿပီး ၾကားကာလအတြင္း လိုအပ္တဲ့ ျပင္ဆင္ေျပာင္းလဲမႈမ်ား ကို တစ္ခုခ်င္း တစ္ဆင့္ခ်င္း လုပ္ေဆာင္သြားေရး ေတာင္းဆိုသင့္တယ္လို႔ ဟာစီနာအလြန္ ၿပိဳင္ဘက္မရွိ ႏိုင္ငံေရး အုပ္စုျဖစ္လာတဲ့ BNP ပါတီ တြဲဘက္အေထြေထြ အတြင္းေရးမႉးက မွတ္ခ်က္ေပးပါတယ္။
ရွိတ္ဟာစီနာရဲ႕လူသားမဆန္တဲ့ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးနဲ႔ ရဲတပ္ဖြဲ႕ကို ဖ်က္သိမ္းဖို႔ ျပည္သူအမ်ားက လိုလားလ်က္ရွိေၾကာင္း၊ ဒါေပမယ့္ ေလာေလာဆယ္ သမၼတ မိုဟာမက္ ရွာဟာဘတ္ဒင္ ႏႈတ္ထြက္ေပးဖို႔ အစီအစဥ္ မရွိေၾကာင္း၊ တရားစီရင္ေရးဟာ လူအေပါင္းတို႔ရဲ႕ ခိုလႈံရာျဖစ္ၿပီး ျပင္ဆင္ေျပာင္းလဲဖို႔ အခ်ိန္အၾကာႀကီး မယူသင့္ ဘူးလို႔ BNP ပါတီ ေျပာခြင့္ရပုဂၢိဳလ္က ဆိုပါတယ္။
( Dhaka Tribune., 26 October 2024,” Rizvi: Removing president will create constitutional void” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.