တရုတ်ကမ်းခြေစောင့်ရေယာဉ်ကို အင်ဒိုနီးရှားစစ်သင်္ဘော မောင်းထုတ်ခြင်း နှင့် ရေပြင်တင်းမာမှုများ

 3548

Htay Oung (NP News) - အောက်တိုဘာ ၂၈

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လက်အောက်ခံရေယာဉ် ကိုယ်ထည်အမှတ် (၅၄၀၂) အမှတ်အသားပါကမ်းခြေစောင့်သင်္ဘောဟာ အောက်တိုဘာ (၁၉)ရက်မှာ တောင်တရုတ်ပင်လယ် အင်ဒိုနီးရှားပိုင် နော့တူနားကျွန်းများအနီးကို ရောက်ရှိလာခဲ့ ကြောင်း၊ အဲဒီရေပြင်မှာ အရင်ကရှိနေတဲ့ တရုတ် ကမ်းခြေစောင့်သင်္ဘော (၅၃၀၂) နဲ့ တာဝန်လဲလှယ်ဖို့ ရောက်ရှိလာတာဖြစ်တယ်လို့ ရေပြင်နယ်နိမိတ်တွေရဲ့ စီးပွားရေးနဲ့ နည်းပညာရပ်တွေအကြောင်း ဖော်ပြပေးနေတဲ့ “ ဆီးလိုက် ” ဒီဂျစ်တယ် သတင်းပိုတယ် (22 October 2024) က ရေးသားပါတယ်။

“ဆီးလိုက်” ဆိုတာ တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ၊ အများလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ရှင်းလင်းပြတ်သားစွာ ပိုင်းခြားနိုင်ခြင်း မရှိသေးဘဲ “ မီးခိုးရောင်ဇုန် ” အဖြစ် အများနားလည်ထားတဲ့ ပင်လယ်ရေပြင်နယ်နိမိတ်ဆိုင်ရာ သတင်းများ”ကို ဖော်ပြပေးနေတဲ့ ဒီဂျစ်တယ်မီဒီယာတစ်ခု ဖြစ်ပါတယ်။

အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ “အထူး သီးသန့်စီးပွားရေးဇုန်” ဆိုတာတွေဟာ မိမိ ပိုင်ရေပြင်အဖြစ်သတ်မှတ်ထားတဲ့ “ မျဉ်းတို (၉)ခု ဧရိယာ” အတွင်း ကျရောက်နေကြောင်း၊ မိမိတို့ အချုပ်အခြာပိုင်နက်နယ်မြေကို ကာကွယ်သောအား ဖြင့် အဆိုပါရေပြင်အတွင်း ဝင်ရောက်ကင်းလှည့်မှု တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားမှာဖြစ် ကြောင်း တရုတ်နိုင်ငံက ကြေညာထားပါတယ်။ တ ကယ်တော့ နော့တူနာကျွန်းဆိုတာ အင်ဒိုနီးရှားပိုင် " ရီအာကျွန်းစုများ"အနက် မြောက်ဘက်အကျဆုံး ကျွန်းငယ်တစ်ခုဖြစ်ပါတယ်။ ထိုင်း-ကမ္ဘောဒီးယား-ဗီယက်နမ်၊ မလေးကျွန်းဆွယ်အရှေ့ပိုင်းမြို့တွေကနေ ဘော်နီယိုကျွန်းမြို့တွေကို ရေကြောင်းသွားလာရာမှာ ရီအာကျွန်းစုတွေအနီးမှ ဖြတ်သန်းသွားရပါတယ်။ ကုန်သွယ်ရေကြောင်း အချက်အချာ မလက္ကာရေလက် ကြားရဲ့မြောက်ဘက် ခပ်လှမ်းလှမ်းမှာတည်ရှိပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျွန်းတွေပေါ်မှာ အခြေစိုက် သောင်းကျန်းနေတဲ့ ပင်လယ်ဓားပြတွေကို မလေးရှားနဲ့အင်ဒိုနီးရှား ပူးပေါင်းစစ်တပ်က ရှင်းလင်း ခဲ့ရဖူးပါတယ်။ ခုနောက်ပိုင်း နတ်တူနာကျွန်းပေါ်မှာ အတော်အသင့်စည်ကားတဲ့ အင်ဒိုနီးရှား ရေလုပ် ငန်းရွာလေး တည်ရှိနေပါပြီ။

အဲဒီရေပြင် "အာဝါနာလုပ်ကွက်"မှာ အင်ဒို နီးရှားနိုင်ငံပိုင် "ပါတားမီးနားကုမ္ပဏီ"နဲ့ နော်ဝေး နိုင်ငံအလံတင် ငလျင်တိုင်းတာရေး "အမ်ဗီဂျီအို ကော်ရယ်"ရေယာဉ်တို့ပူးတွဲပြီး ရေနံနဲ့ သဘာဝဓာတ် ငွေ့ ရှာဖွေရေးလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်ကမ်းခြေစောင့်သင်္ဘော (၅၄၀၂)ဟာ တိုင်း တာရှာဖွေရေးလုပ်ငန်းတွေကို နှောင့်ယှက်ခဲ့တဲ့အ တွက် အဆိုပါရေယာဉ်ကိုမောင်းထုတ်ဖို့ဆုံးဖြတ်ခဲ့ရကြောင်း ဂျာကာတာရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။

တကယ်တော့ (၅၄၀၂)ဟာ အောက်တိုဘာ (၁၇)ရက်ကတည်းက အဆိုပါရေပြင်အတွင်း ရောက် ရှိနေတာဖြစ်ပြီး တရုတ်သင်္ဘော (၂) စင်းနဲ့ ထိပ်တိုက် တွေ့ရာမှာ အင်ဒိုနီးရှားဘက်က အင်အားအများအပြားပါဝင်တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံမီဒီယာ တွေက ရေးသားကြပါတယ်။

"ဘာကမ်လာ"ခေါ် အင်ဒိုနီးရှား ပင်လယ်ရေ ကြောင်း လုံခြုံရေးအေဂျင်စီ (MSA)ရဲ့အဆိုအရ မိမိတို့ရေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့သင်္ဘော ကိုမောင်းထုတ်ရာမှာ "တန်ဂျုံဒါတု အတန်းအစား" ကင်းလှည့်ရေယာဉ်တစ်စင်းနဲ့ အေဂျင်စီပိုင် လေ ယာဉ်တစ်စင်းတို့ပါဝင်ခဲ့ကြောင်း၊ ယမန်နေ့မှာ အဆို ပါသင်္ဘောဟာ ပြန်လည်ထွက်ခွာသွားတယ်လို့ ဘာကမ်လာ ပြည်သူ့ရေးရာအရာရှိတစ်ဦးကပြောပါတယ်။

အခင်းဖြစ်ပွားခြင်းဟာ အောက်တိုဘာ (၂၁) ရက် တနင်္လာနေ့ အနောက်အင်ဒိုနီးရှားစံတော်ချိန် (ဝ၅း၃၈)နာရီမှာဖြစ်ကြောင်း တရုတ်သင်္ဘောကို အင်ဒိုနီးရှား ကင်းလှည့်သင်္ဘောကတွေ့ရှိပြီးနောက် အင်ဒိုနီးရှားရေတပ်ကို သတင်းပေးပို့ခဲ့ကြောင်း၊ တ ရုတ်သင်္ဘောရောက်ရှိခဲ့တဲ့နေရာဟာ အင်ဒိုနီးရှား ကျွန်းမှ မြေပုံညွှန်း (၁၂၅) ဒီဂရီ ရေမိုင် (၇.၃) မိုင် အကွာမှာဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များကို ကိုးကားပြီး နိုင်ငံပိုင် "အန်တာရာ"သတင်းအေဂျင် စီက ရေးသားပါတယ်။

တရုတ်သင်္ဘော ပြန်လည်မထွက်ခွာမီ နှစ်နိုင်ငံ ကမ်းခြေစောင့်သင်္ဘောအချင်းချင်း ရေဒီယို အဆက် အသွယ်ပြုလုပ်ခဲ့တယ်ဆိုပေမယ့် ဘာတွေ ပြောဆိုခဲ့ တယ်ဆိုတာ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ တရုတ်သင်္ဘောက ပြန်လည်ဆက်သွယ်ဖို့ ဆက်သွယ်ရေးစက်မှတစ်ဆင့် အင်ဒိုနီးရှားရေ ကြောင်းလုံခြုံရေးအေဂျင်စီက ခေါ်ယူနေပုံ ဗီဒီယိုကို ဘာကမ်လာက ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်သင်္ဘော အနေနဲ့ တောင်တရုတ်ပင်လယ်နဲ့ ဆက်စပ်ရေပြင်မှ တခြားနိုင်ငံတစ်နိုင်ငံရဲ့ အငြင်းပွားခြင်းမရှိတဲ့ အချုပ် အခြာအာဏာပိုင်နက်အတွင်း ရောက်ရှိနေတာ မလွဲ ဧကန်သေချာပါတယ်လို့ ချစ်ကြည်ရင်းနှီးတဲ့လေသံနဲ့ သတိပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။ တရုတ်ဘက် ကလည်း သူတို့ရောက်ရှိနေတဲ့ရေပြင်ဟာ သူတို့ပိုင် နက်အတွင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုပါတယ်။

ဒါပေမဲ့ တရုတ်သင်္ဘော ပြန်လှည့်သွားရလောက် အောင် အင်ဒိုနီးရှားဘက်က နောက်ထပ် ဘယ်လိုပြော ဆိုစည်းရုံးခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်ပါဝင် ခြင်း မရှိပါဘူး။

အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအရ ကမ်းလွန် ရေနံစင်တွေနဲ့ တန်ချိန် (၅၀ဝ) အထက် အရပ်ဘက် သင်္ဘောတိုင်းတပ်ဆင်ရတဲ့ အလိုအလျောက် သ တင်းအချက်အလက်စနစ် (AIS) ဒေတာတွေအရ အခင်းဖြစ်ရပ်ကို အကြမ်းဖျင်းသိရှိနိုင်ပါတယ်။ အောက်တို ဘာ (၁၇) ရက်မှာ အဆိုပါ ရေပြင်အတွင်း တရုတ်ကမ်းခြေစောင့်သင်္ဘော (၅၃၀၂) ဝင်ရောက် နှောင့်ယှက်နေတဲ့အတွက် အင်ဒိုနီးရှားဘက်က ကမ်း ခြေစောင့်သင်္ဘောတွေနဲ့ လေယာဉ်ကို တန်ပြန်စေ လွှတ်ခဲ့ကြောင်း၊ အောက်တိုဘာ (၁၉) ရက်မှာ (၅၃၀၂)ရဲ့နေရာကို (၅၄၀၂)က တာဝန်လဲလှယ်ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အင်ဒိုနီးရှားဘက်က KRI Sutedi Senaputra (၃၇၈) စစ်သင်္ဘောတစ် စင်းရောက်ရှိလာတယ်ဆိုပေမယ့် စစ်ရေယာဉ်တွေမှာ (AIS)စနစ်ကို လိုက်နာခြင်းမရှိတဲ့အတွက် အ ထောက်အထား ပြသနိုင်ခြင်းမရှိပါဘူး။ အောက်တိုဘာလ (၂၂)ရက် နေ့လယ်ပိုင်းမှာ CCG (၅၄၀၂)ဟာ အင်ဒိုနီးရှား သီးသန့်စီးပွားရေးဇုန်မှထွက်ခွာသွားပြီး ဗီယက်နမ်နိုင်ငံ ရေပြင်ပိုင်နက်အတွင်း ဝင်ရောက်သွားချိန်အထိ အင်ဒိုနီးရှားသင်္ဘောတွေက အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း သိရှိရပါတယ်။

ပေကျင်းဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံး နီးပါးကို “မျဉ်းတို ၉-ခု ”ရေးဆွဲပြီး ၎င်းင်တို့ ပိုင်ဆိုင်နယ်မြေဖြစ်ကြောင်း တစ်ဖက်သတ်ကြေညာ ထားပေမယ့် အနီးအနားရှိ အခြားနိုင်ငံတွေရဲ့ အထူး သီးသန့်စီးပွားရေးဇုန်ရေပြင်တွေကိုတော့ အသိအ မှတ်ပြုခြင်းမရှိပါဘူး။ ယခုနောက်ပိုင်း အဲဒီရေပြင်အ တွင်း ကင်းလှည့်မှုတွေ ခပ်စိတ်စိတ်ပြုလုပ်လာခဲ့ရာ အများဆုံး ကျူးကျော်ဝင်ရောက်ခံရတဲ့တိုင်းပြည်က ဖိလစ်ပိုင်ဖြစ်ပါတယ်။

ဒီအတွက် နှစ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ဝင် အချင်းချင်း လုံးထွေးသတ်ပုတ်ကြပြီး တရုတ်တို့ ဘက်က ပုဆိန်နဲ့လှံတွေအသုံးပြုတဲ့အတွက် မိမိ တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ မနီလာ က စွပ်စွဲပါတယ်။ မကြာသေးခင်ကလည်း တောင်တ ရုတ်ပင်လယ်မှာ ဖိလစ်ပိုင်ကင်းလှည့်ရေယာဉ်နဲ့ လေ ယာဉ်တွေကို တရုတ်တို့ဘက်က စစ်သုံးလေဆာရောင် ခြည်နဲ့ထိုးစိုက်ခဲ့ကြောင်း၊ မိမိတို့ဝန်ထမ်းတွေ မူးဝေ အော့အန်ခဲ့ရတဲ့ဒီလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

လွန်ခဲ့တဲ့ (၃) ရက် (၂၀၂၄) ခုနှစ် အောက်တို ဘာလ (၂၀) ရက် အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတသစ် ပရာဘိုဝို ဆူဘီယာနိုက ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သမ္မတသစ် အပြောင်းအလဲဖြစ်ခြင်းနဲ့ ယခုဖြစ်ရပ်ဟာ ဆက်စပ်မှုရှိတယ်လို့မဆိုနိုင်ပေမယ့် တရုတ်ခေါင်း ဆောင်တွေဟာ မီးခိုးရောင်နယ်မြေကျူးကျော်မှုတွေနဲ့ အင်ဒိုနီးရှားခေါင်းဆောင်သစ်အပေါ် သွေးတိုးစမ်းမှု မကြာခဏပြုလုပ်လာတယ်လို့ သတိပြုစရာဖြစ်လာပါတယ်။

zawgyi version
တ႐ုတ္ကမ္းေျခေစာင့္ေရယာဥ္ကို အင္ဒိုနီးရွားစစ္သေဘၤာ ေမာင္းထုတ္ျခင္း ႏွင့္ ေရျပင္တင္းမာမႈမ်ား
Htay Oung (NP News) - ေအာက္တိုဘာ ၂၈

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ လက္ေအာက္ခံေရယာဥ္ ကိုယ္ထည္အမွတ္ (၅၄၀၂) အမွတ္အသားပါကမ္းေျခေစာင့္သေဘၤာဟာ ေအာက္တိုဘာ (၁၉)ရက္မွာ ေတာင္တ႐ုတ္ပင္လယ္ အင္ဒိုနီးရွားပိုင္ ေနာ့တူနားကြၽန္းမ်ားအနီးကို ေရာက္ရွိလာခဲ့ ေၾကာင္း၊ အဲဒီေရျပင္မွာ အရင္ကရွိေနတဲ့ တ႐ုတ္ ကမ္းေျခေစာင့္သေဘၤာ (၅၃၀၂) နဲ႔ တာဝန္လဲလွယ္ဖို႔ ေရာက္ရွိလာတာျဖစ္တယ္လို႔ ေရျပင္နယ္နိမိတ္ေတြရဲ႕ စီးပြားေရးနဲ႔ နည္းပညာရပ္ေတြအေၾကာင္း ေဖာ္ျပေပးေနတဲ့ “ ဆီးလိုက္ ” ဒီဂ်စ္တယ္ သတင္းပိုတယ္ (22 October 2024) က ေရးသားပါတယ္။

“ဆီးလိုက္” ဆိုတာ တရားဝင္သည္ျဖစ္ေစ မဝင္သည္ျဖစ္ေစ၊ အမ်ားလက္ခံသည္ျဖစ္ေစ လက္မခံသည္ျဖစ္ေစ ရွင္းလင္းျပတ္သားစြာ ပိုင္းျခားႏိုင္ျခင္း မရွိေသးဘဲ “ မီးခိုးေရာင္ဇုန္ ” အျဖစ္ အမ်ားနားလည္ထားတဲ့ ပင္လယ္ေရျပင္နယ္နိမိတ္ဆိုင္ရာ သတင္းမ်ား”ကို ေဖာ္ျပေပးေနတဲ့ ဒီဂ်စ္တယ္မီဒီယာတစ္ခု ျဖစ္ပါတယ္။

အင္ဒိုနီးရွား၊ မေလးရွားနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ရဲ႕ “အထူး သီးသန႔္စီးပြားေရးဇုန္” ဆိုတာေတြဟာ မိမိ ပိုင္ေရျပင္အျဖစ္သတ္မွတ္ထားတဲ့ “ မ်ဥ္းတို (၉)ခု ဧရိယာ” အတြင္း က်ေရာက္ေနေၾကာင္း၊ မိမိတို႔ အခ်ဳပ္အျခာပိုင္နက္နယ္ေျမကို ကာကြယ္ေသာအား ျဖင့္ အဆိုပါေရျပင္အတြင္း ဝင္ေရာက္ကင္းလွည့္မႈ ေတြကို စဥ္ဆက္မျပတ္ လုပ္ေဆာင္သြားမွာျဖစ္ ေၾကာင္း တ႐ုတ္ႏိုင္ငံက ေၾကညာထားပါတယ္။ တ ကယ္ေတာ့ ေနာ့တူနာကြၽန္းဆိုတာ အင္ဒိုနီးရွားပိုင္ " ရီအာကြၽန္းစုမ်ား"အနက္ ေျမာက္ဘက္အက်ဆုံး ကြၽန္းငယ္တစ္ခုျဖစ္ပါတယ္။ ထိုင္း-ကေမာၻဒီးယား-ဗီယက္နမ္၊ မေလးကြၽန္းဆြယ္အေရွ႕ပိုင္းၿမိဳ႕ေတြကေန ေဘာ္နီယိုကြၽန္းၿမိဳ႕ေတြကို ေရေၾကာင္းသြားလာရာမွာ ရီအာကြၽန္းစုေတြအနီးမွ ျဖတ္သန္းသြားရပါတယ္။ ကုန္သြယ္ေရေၾကာင္း အခ်က္အခ်ာ မလကၠာေရလက္ ၾကားရဲ႕ေျမာက္ဘက္ ခပ္လွမ္းလွမ္းမွာတည္ရွိၿပီး လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္း ကြၽန္းေတြေပၚမွာ အေျခစိုက္ ေသာင္းက်န္းေနတဲ့ ပင္လယ္ဓားျပေတြကို မေလးရွားနဲ႔အင္ဒိုနီးရွား ပူးေပါင္းစစ္တပ္က ရွင္းလင္း ခဲ့ရဖူးပါတယ္။ ခုေနာက္ပိုင္း နတ္တူနာကြၽန္းေပၚမွာ အေတာ္အသင့္စည္ကားတဲ့ အင္ဒိုနီးရွား ေရလုပ္ ငန္း႐ြာေလး တည္ရွိေနပါၿပီ။

အဲဒီေရျပင္ "အာဝါနာလုပ္ကြက္"မွာ အင္ဒို နီးရွားႏိုင္ငံပိုင္ "ပါတားမီးနားကုမၸဏီ"နဲ႔ ေနာ္ေဝး ႏိုင္ငံအလံတင္ ငလ်င္တိုင္းတာေရး "အမ္ဗီဂ်ီအို ေကာ္ရယ္"ေရယာဥ္တို႔ပူးတြဲၿပီး ေရနံနဲ႔ သဘာဝဓာတ္ ေငြ႕ ရွာေဖြေရးလုပ္ငန္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တ႐ုတ္ကမ္းေျခေစာင့္သေဘၤာ (၅၄၀၂)ဟာ တိုင္း တာရွာေဖြေရးလုပ္ငန္းေတြကို ေႏွာင့္ယွက္ခဲ့တဲ့အ တြက္ အဆိုပါေရယာဥ္ကိုေမာင္းထုတ္ဖို႔ဆုံးျဖတ္ခဲ့ရေၾကာင္း ဂ်ာကာတာရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ ျပထားပါတယ္။

တကယ္ေတာ့ (၅၄၀၂)ဟာ ေအာက္တိုဘာ (၁၇)ရက္ကတည္းက အဆိုပါေရျပင္အတြင္း ေရာက္ ရွိေနတာျဖစ္ၿပီး တ႐ုတ္သေဘၤာ (၂) စင္းနဲ႔ ထိပ္တိုက္ ေတြ႕ရာမွာ အင္ဒိုနီးရွားဘက္က အင္အားအမ်ားအျပားပါဝင္တယ္လို႔ မ်က္ျမင္ေတြ႕ရွိသူ ေဒသခံမီဒီယာ ေတြက ေရးသားၾကပါတယ္။

"ဘာကမ္လာ"ေခၚ အင္ဒိုနီးရွား ပင္လယ္ေရ ေၾကာင္း လုံၿခဳံေရးေအဂ်င္စီ (MSA)ရဲ႕အဆိုအရ မိမိတို႔ေရပိုင္နက္အတြင္း ဝင္ေရာက္လာတဲ့သေဘၤာ ကိုေမာင္းထုတ္ရာမွာ "တန္ဂ်ဳံဒါတု အတန္းအစား" ကင္းလွည့္ေရယာဥ္တစ္စင္းနဲ႔ ေအဂ်င္စီပိုင္ ေလ ယာဥ္တစ္စင္းတို႔ပါဝင္ခဲ့ေၾကာင္း၊ ယမန္ေန႔မွာ အဆို ပါသေဘၤာဟာ ျပန္လည္ထြက္ခြာသြားတယ္လို႔ ဘာကမ္လာ ျပည္သူ႔ေရးရာအရာရွိတစ္ဦးကေျပာပါတယ္။

အခင္းျဖစ္ပြားျခင္းဟာ ေအာက္တိုဘာ (၂၁) ရက္ တနလၤာေန႔ အေနာက္အင္ဒိုနီးရွားစံေတာ္ခ်ိန္ (ဝ၅း၃၈)နာရီမွာျဖစ္ေၾကာင္း တ႐ုတ္သေဘၤာကို အင္ဒိုနီးရွား ကင္းလွည့္သေဘၤာကေတြ႕ရွိၿပီးေနာက္ အင္ဒိုနီးရွားေရတပ္ကို သတင္းေပးပို႔ခဲ့ေၾကာင္း၊ တ ႐ုတ္သေဘၤာေရာက္ရွိခဲ့တဲ့ေနရာဟာ အင္ဒိုနီးရွား ကြၽန္းမွ ေျမပုံၫႊန္း (၁၂၅) ဒီဂရီ ေရမိုင္ (၇.၃) မိုင္ အကြာမွာျဖစ္ေၾကာင္း ေဒသခံသတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး ႏိုင္ငံပိုင္ "အန္တာရာ"သတင္းေအဂ်င္ စီက ေရးသားပါတယ္။

တ႐ုတ္သေဘၤာ ျပန္လည္မထြက္ခြာမီ ႏွစ္ႏိုင္ငံ ကမ္းေျခေစာင့္သေဘၤာအခ်င္းခ်င္း ေရဒီယို အဆက္ အသြယ္ျပဳလုပ္ခဲ့တယ္ဆိုေပမယ့္ ဘာေတြ ေျပာဆိုခဲ့ တယ္ဆိုတာ ႏွစ္ဖက္စလုံးက သတင္းထုတ္ျပန္ျခင္း မရွိပါဘူး။ တ႐ုတ္သေဘၤာက ျပန္လည္ဆက္သြယ္ဖို႔ ဆက္သြယ္ေရးစက္မွတစ္ဆင့္ အင္ဒိုနီးရွားေရ ေၾကာင္းလုံၿခဳံေရးေအဂ်င္စီက ေခၚယူေနပုံ ဗီဒီယိုကို ဘာကမ္လာက ထုတ္ျပန္ခဲ့ပါတယ္။ တ႐ုတ္သေဘၤာ အေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္နဲ႔ ဆက္စပ္ေရျပင္မွ တျခားႏိုင္ငံတစ္ႏိုင္ငံရဲ႕ အျငင္းပြားျခင္းမရွိတဲ့ အခ်ဳပ္ အျခာအာဏာပိုင္နက္အတြင္း ေရာက္ရွိေနတာ မလြဲ ဧကန္ေသခ်ာပါတယ္လို႔ ခ်စ္ၾကည္ရင္းႏွီးတဲ့ေလသံနဲ႔ သတိေပးခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။ တ႐ုတ္ဘက္ ကလည္း သူတို႔ေရာက္ရွိေနတဲ့ေရျပင္ဟာ သူတို႔ပိုင္ နက္အတြင္းျဖစ္ေၾကာင္း ျပန္လည္ေျပာဆိုပါတယ္။

ဒါေပမဲ့ တ႐ုတ္သေဘၤာ ျပန္လွည့္သြားရေလာက္ ေအာင္ အင္ဒိုနီးရွားဘက္က ေနာက္ထပ္ ဘယ္လိုေျပာ ဆိုစည္း႐ုံးခဲ့တယ္ဆိုတာကိုေတာ့ အေသးစိတ္ပါဝင္ ျခင္း မရွိပါဘူး။

အျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းအရ ကမ္းလြန္ ေရနံစင္ေတြနဲ႔ တန္ခ်ိန္ (၅၀ဝ) အထက္ အရပ္ဘက္ သေဘၤာတိုင္းတပ္ဆင္ရတဲ့ အလိုအေလ်ာက္ သ တင္းအခ်က္အလက္စနစ္ (AIS) ေဒတာေတြအရ အခင္းျဖစ္ရပ္ကို အၾကမ္းဖ်င္းသိရွိႏိုင္ပါတယ္။ ေအာက္တို ဘာ (၁၇) ရက္မွာ အဆိုပါ ေရျပင္အတြင္း တ႐ုတ္ကမ္းေျခေစာင့္သေဘၤာ (၅၃၀၂) ဝင္ေရာက္ ေႏွာင့္ယွက္ေနတဲ့အတြက္ အင္ဒိုနီးရွားဘက္က ကမ္း ေျခေစာင့္သေဘၤာေတြနဲ႔ ေလယာဥ္ကို တန္ျပန္ေစ လႊတ္ခဲ့ေၾကာင္း၊ ေအာက္တိုဘာ (၁၉) ရက္မွာ (၅၃၀၂)ရဲ႕ေနရာကို (၅၄၀၂)က တာဝန္လဲလွယ္ျခင္း ျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္။ အင္ဒိုနီးရွားဘက္က KRI Sutedi Senaputra (၃၇၈) စစ္သေဘၤာတစ္ စင္းေရာက္ရွိလာတယ္ဆိုေပမယ့္ စစ္ေရယာဥ္ေတြမွာ (AIS)စနစ္ကို လိုက္နာျခင္းမရွိတဲ့အတြက္ အ ေထာက္အထား ျပသႏိုင္ျခင္းမရွိပါဘူး။ ေအာက္တိုဘာလ (၂၂)ရက္ ေန႔လယ္ပိုင္းမွာ CCG (၅၄၀၂)ဟာ အင္ဒိုနီးရွား သီးသန႔္စီးပြားေရးဇုန္မွထြက္ခြာသြားၿပီး ဗီယက္နမ္ႏိုင္ငံ ေရျပင္ပိုင္နက္အတြင္း ဝင္ေရာက္သြားခ်ိန္အထိ အင္ဒိုနီးရွားသေဘၤာေတြက အနီးကပ္ ေစာင့္ၾကည့္ခဲ့ေၾကာင္း သိရွိရပါတယ္။

ေပက်င္းဟာ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံး နီးပါးကို “မ်ဥ္းတို ၉-ခု ”ေရးဆြဲၿပီး ၎င္တို႔ ပိုင္ဆိုင္နယ္ေျမျဖစ္ေၾကာင္း တစ္ဖက္သတ္ေၾကညာ ထားေပမယ့္ အနီးအနားရွိ အျခားႏိုင္ငံေတြရဲ႕ အထူး သီးသန႔္စီးပြားေရးဇုန္ေရျပင္ေတြကိုေတာ့ အသိအ မွတ္ျပဳျခင္းမရွိပါဘူး။ ယခုေနာက္ပိုင္း အဲဒီေရျပင္အ တြင္း ကင္းလွည့္မႈေတြ ခပ္စိတ္စိတ္ျပဳလုပ္လာခဲ့ရာ အမ်ားဆုံး က်ဴးေက်ာ္ဝင္ေရာက္ခံရတဲ့တိုင္းျပည္က ဖိလစ္ပိုင္ျဖစ္ပါတယ္။

ဒီအတြက္ ႏွစ္ႏိုင္ငံ ကမ္းေျခေစာင့္တပ္ဖြဲ႕ဝင္ အခ်င္းခ်င္း လုံးေထြးသတ္ပုတ္ၾကၿပီး တ႐ုတ္တို႔ ဘက္က ပုဆိန္နဲ႔လွံေတြအသုံးျပဳတဲ့အတြက္ မိမိ တပ္ဖြဲ႕ဝင္ေတြ ထိခိုက္ဒဏ္ရာရရွိခဲ့ရတယ္လို႔ မနီလာ က စြပ္စြဲပါတယ္။ မၾကာေသးခင္ကလည္း ေတာင္တ ႐ုတ္ပင္လယ္မွာ ဖိလစ္ပိုင္ကင္းလွည့္ေရယာဥ္နဲ႔ ေလ ယာဥ္ေတြကို တ႐ုတ္တို႔ဘက္က စစ္သုံးေလဆာေရာင္ ျခည္နဲ႔ထိုးစိုက္ခဲ့ေၾကာင္း၊ မိမိတို႔ဝန္ထမ္းေတြ မူးေဝ ေအာ့အန္ခဲ့ရတဲ့ဒီလုပ္ရပ္ဟာ အျပည္ျပည္ဆိုင္ရာ ဥပေဒနဲ႔ ဆန႔္က်င္ေနတယ္လို႔ ဖိလစ္ပိုင္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာပါတယ္။

လြန္ခဲ့တဲ့ (၃) ရက္ (၂၀၂၄) ခုႏွစ္ ေအာက္တို ဘာလ (၂၀) ရက္ အင္ဒိုနီးရွားႏိုင္ငံမွာ သမၼတသစ္ ပရာဘိုဝို ဆူဘီယာႏိုက က်မ္းသစၥာက်ိန္ဆိုခဲ့ပါတယ္။ သမၼတသစ္ အေျပာင္းအလဲျဖစ္ျခင္းနဲ႔ ယခုျဖစ္ရပ္ဟာ ဆက္စပ္မႈရွိတယ္လို႔မဆိုႏိုင္ေပမယ့္ တ႐ုတ္ေခါင္း ေဆာင္ေတြဟာ မီးခိုးေရာင္နယ္ေျမက်ဴးေက်ာ္မႈေတြနဲ႔ အင္ဒိုနီးရွားေခါင္းေဆာင္သစ္အေပၚ ေသြးတိုးစမ္းမႈ မၾကာခဏျပဳလုပ္လာတယ္လို႔ သတိျပဳစရာျဖစ္လာပါတယ္။

Related news

© 2021. All rights reserved.