နပခ(အမ်း) တိုက်ပွဲ AA အကျအဆုံးများပြားပြီး တပ်မတော် အသာစီးရနေ

 13316

NP News - နိုဝင်ဘာ ၃

အကြမ်းဖက်အားပေးများကကျပြီဟု တတွင်တွင်အော်နေခဲ့သော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့ မကျဘဲ လာတိုက်သည့် AA များ ဘက်တွင်သာ သေဆုံးသူများပြားနေကြောင်း အဆိုပါဒေသ၏ စစ်ရေးအခြေအနေ များကို သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ နှောင်းပိုင်းတွင် AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်ရန်အတွက် လူအင်အား အားကုန်သုံးပြီး ထိုးစစ်ကို ဖော်ဆောင်ခဲ့ရာ တပ်မတော်ဘက်က စခန်းအချို့ကို လက်လွှတ်ခဲ့ရသော်လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုမူ သိမ်းပိုက်နိုင်ခြင်းမရှိဘဲ AA ဘက်တွင် ယခုကဲ့သို့ အသေအပျောက်များသည့် အခြေအနေကို ရင်ဆိုင်နေရခြင်းဖြစ်သည်။
‘‘စစ်ဆေးရုံကို လာတိုက်တာတော့ရှိတယ်။ ဘာလို့ကျမှာလဲ။ အမ်းလည်း မကျပါဘူး။ (၃၇၃) ကျတာတော့ မှန်တယ်။ ဆုတ်လိုက်တာပါ။ ဆေးတပ်ကျတယ်ဆိုပြီး ဟိုဘက်က ပြောနေကြတာရှိတယ်။ ရင်ဆိုင်နေဆဲပေါ့။ ဆေးတပ် က ရွာပုံစံ တည်ထားတာဆိုတော့ အထဲကိုဝင်စရာ အပေါက်များတယ်။ ခံစစ်ပြင်ရမှာဆိုတော့ လူများများနဲ့ပြင်ရမှာ။ စည်းရိုးကနေ ကျော်ဝင်လာတဲ့ အနေအထားတော့ ရှိတာပေါ့။ ရင်ဆိုင်နေတယ်တဲ့။ ဒါပါပဲ။ နောက် တစ်ခုက အမ်းမှာ လောလောဆယ် လျှပ်စစ်မီးမရှိဘူး။ ပြီးတော့ လမ်းကြောင်းတွေ ဖြတ်တောက်ထားတော့ ပစ္စည်းတော့ရှားပါတယ်။ ဝယ်စားစရာ ဆိုင်တချို့တော့ ရှိတယ်’’ ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ လာတိုက်နေသော AA များသည် တိုင်းစစ်ဌာနချုပ်အထိ ရောက်ရှိခြင်းမရှိသေး ကြောင်းလည်း ၎င်းက အခိုင်အမာဆိုကာ ရိက္ခာ ပေးပို့ခြင်းများလည်း ရှိနေကြောင်း သိရသည်။
‘‘ဆေးတပ်တို့ ဘာတို့ဆိုတာလည်း တိုင်းအပြင်က ဟာတွေလေ။ အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်အထိ ရန်သူဝင်လာနိုင်တဲ့ အခြေအနေ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိ အမ်းကို တိုက်နေသော AA များ ဘက်တွင်သေဆုံးသူများနေကာ အမ်းမြို့ မကျရေး အတွက် တပ်မတော်ဘက်မှလည်း အစွမ်းကုန် တိုက်ခိုက်နေကြောင်းသိရသည်။
‘‘AA ကတော့ သေတာများတယ်။ ကံ့ကော်တထောင်မှာ ဆိုရင် လှံစွပ်တိုက်ပွဲတောင် ဖြစ်တာ။ AA တွေ အဲဒီမှာတင် လူ (၂၀ဝ) လောက်သေမှာ။ သေတာကတော့ များတယ်။ ဒီကောင်တွေဘက်က သေကြတာ တော်တော် များတယ်” ဟု ၎င်းက ဆို သည်။
AA သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အားကုန်သွန် တိုက်ခိုက်နေပြီး အရပ်သားများကို ပေါ်တာဆွဲခြင်း များရှိနေသည်။
AA အနေဖြင့် စစ်တိုက်နေသည့် အခြားတစ်ဖက်တွင်မူ ၎င်းတို့ ထိန်းချုပ်နယ်မြေရှိ ပြည်သူများမှာ အာမခံ ချက်မရှိသော ဘဝတွင် နေထိုင်နေကြရပြီး ယခင်က မကြားဖူးသည့် ပမာဏအထိ ကုန်ဈေးနှုန်း အဆပေါင်းများစွာ မြင့်တက်နေသည့် အပြင် အထွေထွေကျပ်တည်းမှုများနှင့်လည်း ရင် ဆိုင်နေရသည်။

Zawgyi Version;
နပခ(အမ္း) တိုက္ပြဲ AA အက်အဆုံးမ်ားျပားၿပီး တပ္မေတာ္အသာစီးရေန
NP News - ႏိုဝင္ဘာ ၃

အၾကမ္းဖက္အားေပးမ်ားကက်ၿပီဟု တတြင္တြင္ေအာ္ေနခဲ့ေသာ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ရွိရာ အမ္းၿမိဳ႕ မက်ဘဲ လာတိုက္သည့္ AA မ်ား ဘက္တြင္သာ ေသဆုံးသူမ်ားျပားေနေၾကာင္း အဆိုပါေဒသ၏ စစ္ေရးအေျခအေန မ်ားကို သိရွိသူ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ ေႏွာင္းပိုင္းတြင္ AA က အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ကို တိုက္ခိုက္ရန္အတြက္ လူအင္အား အားကုန္သုံးၿပီး ထိုးစစ္ကို ေဖာ္ေဆာင္ခဲ့ရာ တပ္မေတာ္ဘက္က စခန္းအခ်ိဳ႕ကို လက္လႊတ္ခဲ့ရေသာ္လည္း အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ကိုမူ သိမ္းပိုက္ႏိုင္ျခင္းမရွိဘဲ AA ဘက္တြင္ ယခုကဲ့သို႔ အေသအေပ်ာက္မ်ားသည့္ အေျခအေနကို ရင္ဆိုင္ေနရျခင္းျဖစ္သည္။
‘‘စစ္ေဆး႐ုံကို လာတိုက္တာေတာ့ရွိတယ္။ ဘာလို႔က်မွာလဲ။ အမ္းလည္း မက်ပါဘူး။ (၃၇၃) က်တာေတာ့ မွန္တယ္။ ဆုတ္လိုက္တာပါ။ ေဆးတပ္က်တယ္ဆိုၿပီး ဟိုဘက္က ေျပာေနၾကတာရွိတယ္။ ရင္ဆိုင္ေနဆဲေပါ့။ ေဆးတပ္ က ႐ြာပုံစံ တည္ထားတာဆိုေတာ့ အထဲကိုဝင္စရာ အေပါက္မ်ားတယ္။ ခံစစ္ျပင္ရမွာဆိုေတာ့ လူမ်ားမ်ားနဲ႔ျပင္ရမွာ။ စည္း႐ိုးကေန ေက်ာ္ဝင္လာတဲ့ အေနအထားေတာ့ ရွိတာေပါ့။ ရင္ဆိုင္ေနတယ္တဲ့။ ဒါပါပဲ။ ေနာက္ တစ္ခုက အမ္းမွာ ေလာေလာဆယ္ လွ်ပ္စစ္မီးမရွိဘူး။ ၿပီးေတာ့ လမ္းေၾကာင္းေတြ ျဖတ္ေတာက္ထားေတာ့ ပစၥည္းေတာ့ရွားပါတယ္။ ဝယ္စားစရာ ဆိုင္တခ်ိဳ႕ေတာ့ ရွိတယ္’’ ဟု ၎က ရွင္းျပသည္။
လက္ရွိ လာတိုက္ေနေသာ AA မ်ားသည္ တိုင္းစစ္ဌာနခ်ဳပ္အထိ ေရာက္ရွိျခင္းမရွိေသး ေၾကာင္းလည္း ၎က အခိုင္အမာဆိုကာ ရိကၡာ ေပးပို႔ျခင္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။
‘‘ေဆးတပ္တို႔ ဘာတို႔ဆိုတာလည္း တိုင္းအျပင္က ဟာေတြေလ။ အေနာက္ပိုင္းတိုင္း စစ္ဌာန ခ်ဳပ္အထိ ရန္သူဝင္လာႏိုင္တဲ့ အေျခအေန မရွိပါဘူး” ဟု ၎က ဆိုသည္။
လက္ရွိ အမ္းကို တိုက္ေနေသာ AA မ်ား ဘက္တြင္ေသဆုံးသူမ်ားေနကာ အမ္းၿမိဳ႕ မက်ေရး အတြက္ တပ္မေတာ္ဘက္မွလည္း အစြမ္းကုန္ တိုက္ခိုက္ေနေၾကာင္းသိရသည္။
‘‘AA ကေတာ့ ေသတာမ်ားတယ္။ ကံ့ေကာ္တေထာင္မွာ ဆိုရင္ လွံစြပ္တိုက္ပြဲေတာင္ ျဖစ္တာ။ AA ေတြ အဲဒီမွာတင္ လူ (၂၀ဝ) ေလာက္ေသမွာ။ ေသတာကေတာ့ မ်ားတယ္။ ဒီေကာင္ေတြဘက္က ေသၾကတာ ေတာ္ေတာ္ မ်ားတယ္” ဟု ၎က ဆို သည္။
AA သည္ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ကို အားကုန္သြန္ တိုက္ခိုက္ေနၿပီး အရပ္သားမ်ားကို ေပၚတာဆြဲျခင္း မ်ားရွိေနသည္။
AA အေနျဖင့္ စစ္တိုက္ေနသည့္ အျခားတစ္ဖက္တြင္မူ ၎တို႔ ထိန္းခ်ဳပ္နယ္ေျမရွိ ျပည္သူမ်ားမွာ အာမခံ ခ်က္မရွိေသာ ဘဝတြင္ ေနထိုင္ေနၾကရၿပီး ယခင္က မၾကားဖူးသည့္ ပမာဏအထိ ကုန္ေဈးႏႈန္း အဆေပါင္းမ်ားစြာ ျမင့္တက္ေနသည့္ အျပင္ အေထြေထြက်ပ္တည္းမႈမ်ားႏွင့္လည္း ရင္ ဆိုင္ေနရသည္။

Picture

Aung Aung

03/11/2024 14:12

မကြားဖူးတဲ့ ကုန်ဈေးနှုန်းဆိုတာ အဘတို့ချိန်ခါ 🤬

Picture

Na Gyi

06/11/2024 18:11

ဘောမမီဒီယာ

Picture

Na Gyi

06/11/2024 18:24

မင်းတို့ဘယ်တုန်းက တော်လှန်ရေးတွေကိုအကောင်းပြောဖူးလဲ မဟုတ်မမှန်တာတွေတင်မနေနဲ့ မင်းတို့မအလနေဝင်ချိန်ရောက်တော့မယ် စောင့်ကြည့်လိုက် အဲချိန်ကျရင်မင်းတို့တစ်မျိုးလုံးသူ့နောက်ကိုလိုက်သွား တစ်နိုင်ငံလုးကမကောင်းဘူးလို့ပြောနေတဲ့မအလကို မင်းတို့လိမ်ဒီယာတွေသူတို့မကောင်းကြောင်းတစ်ခါမှမတင်ကတည်းက သတင်းအမှားတွေသက်သက်တင်တာကို လူတိုင်းသိတယ်

Related news

© 2021. All rights reserved.