ကိုဗစ် နှင့် နိုင်ငံရေးအခြေအနေကြောင့် ရပ်တန့်ခဲ့သော သက်တမ်းတိုးယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို လာမည့်နှစ်တွင် အပြည့်အဝပြန်လည်ဆောင်ရွက်မည်
346
စော (NP News) - နိုဝင်ဘာ ၇
ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေကြောင့် ရပ်တန့်ခဲ့သော သက်တမ်းတိုးယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို လာမည့်နှစ်တွင် အပြည့်အဝပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါပြင်းထန်စွာ ကူးစက်မှု နှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှစ၍ နိုင်ငံအတွင်း၌ ပဋိပက္ခများစွာ ဖြစ်ပွားခြင်းတို့ကြောင့် မော်တော်ယာဉ်များသက်တမ်းတိုးရာတွင် ယာဉ်စစ်ဆေးခြင်း အပြည့်အဝလုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ကိုဗစ်ကာလနောက်ပိုင်းမှစတင်ကာ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များအနက် Road Safety အရေးကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များကို ယာဉ်စစ်ဆေး၍ သက်တမ်းတိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းတို့နှင့် အကျုံးဝင်သည့်ယာဉ်များ၊ Taxi အငှားယာဉ်များ၊ School Bus ယာဉ်များနှင့် (၂)တန်နှင့်အထက် အငှားယာဉ်များကိုလည်း ယာဉ်စစ်ဆေး၍ သက်တမ်းတိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ယာဉ်များကြံ့ခိုင်မှုကောင်းမွန်စေရေးနှင့် အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် မှတ်ပုံတင်မော်တော်ယာဉ်များအားလုံးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ ယာဉ်သက်တမ်းတိုးခြင်းအပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများအတွက် ယာဉ်စစ်ဆေးပြီးမှသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
“လမ်းပေါ်မှာအသုံးပြုတဲ့ မော်တော်ယာဉ်တွေက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရမယ်။ ဒီယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရမယ်ဆိုတဲ့နေရာမှာ သုံးစွဲသူကြောင့် မတော်တဆဖြစ်တာလည်းရှိတယ်။ ယာဉ်ရဲ့ကြံ့ခိုင်မှုအားနည်းလို့ မတော်တဆဖြစ်တာလည်းရှိတယ်။ သေသေချာချာစစ်ဖို့ဒါကို ထုတ်ပြန်တယ်လို့ ယူဆတာပဲ”ဟု သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက NP News ကိုပြောသည်။
နစကအစိုးရ နိုင်ငံတော်အာဏာစတင်ရယူချိန်တွင် ပဋိပက္ခများ ဖြစ်ပွားမှုနှင့်အတူ မော်တော်ယာဉ်သက်တမ်းတိုးခြင်းများမပြုလုပ်ရန် လှုံဆော်မှုများရှိခဲ့ပြီး သက်တမ်းတိုးခြင်းမပြုလုပ်သည့် ယာဉ်များလည်းရှိခဲ့ကြောင်း သိရသည်။ သို့သော် ယင်းကဲ့သို့ သက်တမ်းတိုးခြင်းမဆောင်ရွက်ခဲ့သော ယာဉ်များသည် လက်ရှိအချိန်တွင် အားလုံးနီးပါး သက်တမ်းတိုးထားပြီးဖြစ်ကြောင်းလည်း သိရသည်။ ယခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၂၈၉၆)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူပေါင်း (၁၄၈၉)ဦး နှင့် လူ(၄၁၈၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
zawgyi version
ကိုဗစ္ ႏွင့္ ႏိုင္ငံေရးအေျခအေနေၾကာင့္ ရပ္တန႔္ခဲ့ေသာ သက္တမ္းတိုးယာဥ္စစ္ေဆးျခင္းလုပ္ငန္းကို လာမည့္ႏွစ္တြင္ အျပည့္အဝျပန္လည္ေဆာင္႐ြက္မည္
ေစာ (NP News) - ႏိုဝင္ဘာ ၇
ကိုဗစ္ႏွင့္ ႏိုင္ငံေရးအေျခအေနေၾကာင့္ ရပ္တန႔္ခဲ့ေသာ သက္တမ္းတိုးယာဥ္စစ္ေဆးျခင္းလုပ္ငန္းကို လာမည့္ႏွစ္တြင္ အျပည့္အဝျပန္လည္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံတြင္ ကိုဗစ္ကပ္ေရာဂါျပင္းထန္စြာ ကူးစက္မႈ ႏွင့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီမွစ၍ ႏိုင္ငံအတြင္း၌ ပဋိပကၡမ်ားစြာ ျဖစ္ပြားျခင္းတို႔ေၾကာင့္ ေမာ္ေတာ္ယာဥ္မ်ားသက္တမ္းတိုးရာတြင္ ယာဥ္စစ္ေဆးျခင္း အျပည့္အဝလုပ္ေဆာင္ႏိုင္ျခင္းမရွိခဲ့ေၾကာင္း သိရသည္။ ကိုဗစ္ကာလေနာက္ပိုင္းမွစတင္ကာ မွတ္ပုံတင္ထားသည့္ ေမာ္ေတာ္ယာဥ္မ်ားအနက္ Road Safety အေရးႀကီးသည့္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး ခရီးသည္တင္ယာဥ္မ်ားကို ယာဥ္စစ္ေဆး၍ သက္တမ္းတိုးေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ယာဥ္မွန္/မမွန္စစ္ေဆးျခင္း၊ ေျပာင္းလဲျခင္းမ်ားအတြက္ ယာဥ္စစ္ေဆးျခင္း၊ နယ္ဝင္ယာဥ္မ်ားကို စစ္ေဆးျခင္းတို႔ႏွင့္ အက်ဳံးဝင္သည့္ယာဥ္မ်ား၊ Taxi အငွားယာဥ္မ်ား၊ School Bus ယာဥ္မ်ားႏွင့္ (၂)တန္ႏွင့္အထက္ အငွားယာဥ္မ်ားကိုလည္း ယာဥ္စစ္ေဆး၍ သက္တမ္းတိုးေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယာဥ္မ်ားႀကံ့ခိုင္မႈေကာင္းမြန္ေစေရးႏွင့္ အမ်ားျပည္သူဆိုင္ရာ လမ္းမ်ားေပၚတြင္ အႏၲရာယ္ကင္းစြာသြားလာႏိုင္ေရးအတြက္ မွတ္ပုံတင္ေမာ္ေတာ္ယာဥ္မ်ားအားလုံးကို ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွစ၍ ယာဥ္သက္တမ္းတိုးျခင္းအပါအဝင္ ယာဥ္မွတ္ပုံတင္လုပ္ငန္းမ်ားအတြက္ ယာဥ္စစ္ေဆးၿပီးမွသာ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။
“လမ္းေပၚမွာအသုံးျပဳတဲ့ ေမာ္ေတာ္ယာဥ္ေတြက ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းရမယ္။ ဒီယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းရမယ္ဆိုတဲ့ေနရာမွာ သုံးစြဲသူေၾကာင့္ မေတာ္တဆျဖစ္တာလည္းရွိတယ္။ ယာဥ္ရဲ႕ႀကံ့ခိုင္မႈအားနည္းလို႔ မေတာ္တဆျဖစ္တာလည္းရွိတယ္။ ေသေသခ်ာခ်ာစစ္ဖို႔ဒါကို ထုတ္ျပန္တယ္လို႔ ယူဆတာပဲ”ဟု သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေဆာင္႐ြက္ေနသူတစ္ဦးက NP News ကိုေျပာသည္။
နစကအစိုးရ ႏိုင္ငံေတာ္အာဏာစတင္ရယူခ်ိန္တြင္ ပဋိပကၡမ်ား ျဖစ္ပြားမႈႏွင့္အတူ ေမာ္ေတာ္ယာဥ္သက္တမ္းတိုးျခင္းမ်ားမျပဳလုပ္ရန္ လႈံေဆာ္မႈမ်ားရွိခဲ့ၿပီး သက္တမ္းတိုးျခင္းမျပဳလုပ္သည့္ ယာဥ္မ်ားလည္းရွိခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ ယင္းကဲ့သို႔ သက္တမ္းတိုးျခင္းမေဆာင္႐ြက္ခဲ့ေသာ ယာဥ္မ်ားသည္ လက္ရွိအခ်ိန္တြင္ အားလုံးနီးပါး သက္တမ္းတိုးထားၿပီးျဖစ္ေၾကာင္းလည္း သိရသည္။ ယခုႏွစ္၊ ဇန္နဝါရီလမွ စက္တင္ဘာလအထိ ယာဥ္တိုက္မႈေပါင္း (၂၈၉၆)ႀကိမ္ျဖစ္ပြားခဲ့ၿပီး ေသဆုံးသူေပါင္း (၁၄၈၉)ဦး ႏွင့္ လူ(၄၁၈၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။