မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး ၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
2066
သန့်ဇင် (NP News) - နိုဝင်ဘာ ၇
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရသောကြောင့် အခက်အ ခဲဖြစ်နေကြောင်း ကပုန်းနာရေးကူညီမှုအသင်း(ခ)မြန်မာနာရေးကူညီမှုအသင်း(မလေးရှား)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
မြန်မာအမျိုးသမီးသတ်ဖြတ်ခံရမှုဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၆ ရက်)၊ နံနက် အစောပိုင်းက မလေးရှားနိုင်ငံ၊ Kajang မြို့၊ စက်မှုဇုန်ဒေသရှိ အခန်းတစ်ခု၌ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာအမျိုးသမီး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အခန်းချင်းနီးစပ်သူတစ်ဦး၏ ပြောဆိုချက်အရ အခင်းဖြစ်ပွားရာအခန်းအတွင်းမှ အော်ဟစ်ဆူညံသံများ ကြားခဲ့ရပြီး သံသယရှိသူ အမျိုးသားက ဓါးကိုင်၍ အခန်းအတွင်းမှ ထွက်မပြေးခင် သေဆုံးသူ မြန်မာအမျိုးသမီးက ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခဲ့ကြောင်း သိရသည်။
ထို့နောက် သတ်ဖြတ်ခံရသူ မြန်မာအမျိုသမီး၏ရုပ်အလောင်းကို အထက်ပါအခန်းအတွင်းရှိ မွေ့ယာ၊ အိပ်ယာခင်းများနှင့်လိပ်ကာ ဓားဒဏ်ရာ (၁၂)ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ သတ်ဖြတ်ခံရသူ မြန်မာအမျိုးသမီးမှာ အသက်(၄၀)နှစ်ဝန်းကျင်အရွယ်ရှိ မယဉ်ယဉ် ဆိုသူဖြစ်ပြီး ရုပ်အလောင်းအား သင်္ဂြိုဟ်ရန် လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်အသွယ်မရရှိသေးသည့်အတွက် အခက်ခဲဖြစ်ပေါ်နေကြောင်း ကပုန်းနာရေးကူညီမှုအသင်း(ခ) မြန်မာနာရေးကူညီမှုအသင်း (မလေးရှား)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လက်ရှိကျွန်တော်တို့မှာ ပြဿနာတက်နေတာတစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ သေဆုံးသူအမျိုးသမီးအတွက် သင်္ဂြိုဟ်ဖို့ရာမှာ ဘယ်သူ့ကို ဆက်သွယ်ရမှန်းမသိဘူးဖြစ်နေတယ်။ သူ့မှာရှိတဲ့ အထောက်အထားတွေက မမှန်ကန်ဘူး။ ဒါကြောင့်မို့ မြန်မာနိုင်ငံက အိမ်နဲ့လည်း ဆက်သွယ်လို့မရဘူးဖြစ်နေတာပါ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာအမျိုးသမီးတစ်ဦး ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခံရမှုနှင့် ပတ် သက်၍ အမျိုးသမီး(၂)ဦး အပါအဝင် ကျူးလွန်သူဟု သံသယရှိသူ မြန်မာနိုင်ငံသား(၅)ဦးကို စက်မှုဇုန်ဒေသနှင့် ဆီမန်ရိချ်ဒေသတို့တွင် ဖမ်းဆီးရမိထားကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
zawgyi version
မေလးရွားႏိုင္ငံတြင္ ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခံရသည့္ ျမန္မာအမ်ိဳးသမီး၏ အေလာင္းကို သၿဂႋဳဟ္ရန္အတြက္ မိသားစုႏွင့္ အဆက္အသြယ္မရျဖစ္ေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၇
မေလးရွားႏိုင္ငံတြင္ ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခံရသည့္ ျမန္မာအမ်ိဳးသမီး၏ အေလာင္းကို သၿဂႋဳဟ္ရန္အတြက္ မိသားစုႏွင့္ အဆက္အသြယ္မရေသာေၾကာင့္ အခက္အ ခဲျဖစ္ေနေၾကာင္း ကပုန္းနာေရးကူညီမႈအသင္း(ခ)ျမန္မာနာေရးကူညီမႈအသင္း(မေလးရွား)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ျမန္မာအမ်ိဳးသမီးသတ္ျဖတ္ခံရမႈျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာ ၆ ရက္)၊ နံနက္ အေစာပိုင္းက မေလးရွားႏိုင္ငံ၊ Kajang ၿမိဳ႕၊ စက္မႈဇုန္ေဒသရွိ အခန္းတစ္ခု၌ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ျမန္မာအမ်ိဳးသမီး သတ္ျဖတ္ခံရမႈႏွင့္ပတ္သက္၍ အခန္းခ်င္းနီးစပ္သူတစ္ဦး၏ ေျပာဆိုခ်က္အရ အခင္းျဖစ္ပြားရာအခန္းအတြင္းမွ ေအာ္ဟစ္ဆူညံသံမ်ား ၾကားခဲ့ရၿပီး သံသယရွိသူ အမ်ိဳးသားက ဓါးကိုင္၍ အခန္းအတြင္းမွ ထြက္မေျပးခင္ ေသဆုံးသူ ျမန္မာအမ်ိဳးသမီးက ပတ္ဝန္းက်င္အား ေအာ္ဟစ္အကူအညီေတာင္းခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ သတ္ျဖတ္ခံရသူ ျမန္မာအမ်ိဳသမီး၏႐ုပ္အေလာင္းကို အထက္ပါအခန္းအတြင္းရွိ ေမြ႕ယာ၊ အိပ္ယာခင္းမ်ားႏွင့္လိပ္ကာ ဓားဒဏ္ရာ (၁၂)ခ်က္ျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။ သတ္ျဖတ္ခံရသူ ျမန္မာအမ်ိဳးသမီးမွာ အသက္(၄၀)ႏွစ္ဝန္းက်င္အ႐ြယ္ရွိ မယဥ္ယဥ္ ဆိုသူျဖစ္ၿပီး ႐ုပ္အေလာင္းအား သၿဂႋဳဟ္ရန္ လက္ရွိအခ်ိန္အထိ မိသားစုႏွင့္ အဆက္အသြယ္မရရွိေသးသည့္အတြက္ အခက္ခဲျဖစ္ေပၚေနေၾကာင္း ကပုန္းနာေရးကူညီမႈအသင္း(ခ) ျမန္မာနာေရးကူညီမႈအသင္း (မေလးရွား)မွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
“လက္ရွိကြၽန္ေတာ္တို႔မွာ ျပႆနာတက္ေနတာတစ္ခုရွိပါတယ္။ အဲဒါက ဘာလဲဆိုေတာ့ ေသဆုံးသူအမ်ိဳးသမီးအတြက္ သၿဂႋဳဟ္ဖို႔ရာမွာ ဘယ္သူ႔ကို ဆက္သြယ္ရမွန္းမသိဘူးျဖစ္ေနတယ္။ သူ႔မွာရွိတဲ့ အေထာက္အထားေတြက မမွန္ကန္ဘူး။ ဒါေၾကာင့္မို႔ ျမန္မာႏိုင္ငံက အိမ္နဲ႔လည္း ဆက္သြယ္လို႔မရဘူးျဖစ္ေနတာပါ”ဟု ၎က ေျပာသည္။
လက္ရွိတြင္ ျမန္မာအမ်ိဳးသမီးတစ္ဦး ဓားျဖင့္အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခံရမႈႏွင့္ ပတ္ သက္၍ အမ်ိဳးသမီး(၂)ဦး အပါအဝင္ က်ဴးလြန္သူဟု သံသယရွိသူ ျမန္မာႏိုင္ငံသား(၅)ဦးကို စက္မႈဇုန္ေဒသႏွင့္ ဆီမန္ရိခ်္ေဒသတို႔တြင္ ဖမ္းဆီးရမိထားေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။