တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး(၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်

 4235

သန့်ဇင် (NP News) - နိုဝင်ဘာ ၇

တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်ခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်တရားရုံးက နိုဝင်ဘာလ ၅ ရက်တွင် အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် နေထိုင်သည့် ဒေါ်ချိုချိုစန်းက ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင်နေထိုင်သူ အသက်(၁၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့၌ နေထိုင်သူ အသက်(၃၀)နှစ်အရွယ် အမျိုး သမီးတစ်ဦးနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့တွင်နေထိုင်သူ အသက် (၂၃)နှစ် အရွယ်အမျိုသမီးတို့ (၃)ဦးကို တရုတ်ယောက်ျားယူပါက ငွေကျပ် သိန်း (၁၀၀) ရရှိမည်ဖြစ်ကြောင်းပြောဆို စည်းရုံးခဲ့ကြောင်း သိရသည်။

ထို့နောက် တရုတ်နိုင်ငံသို့ရောက်ရှိမှသာ မိဘများထံသို့ ငွေများလွှဲပေးမည်ဖြစ်ကြောင်း စည်းရုံးကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောနယ်မြေရဲစခန်းက (ပ)၇၀/၂၀၂၄၊ (ပ) ၇၁/၂၀၂၄၊ (ပ)၇၂/၂၀၂၄ လူကုန် ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ တို့ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အောင်မြေသာစံခရိုင်တရားရုံးက ဒေါ်ချိုချိုစန်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅)အရ တစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီဖြင့် စုစုပေါင်းနှစ် (၃၀) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

zawgyi version
တ႐ုတ္ဇနီးမယားလုပ္ပါက ေငြက်ပ္သိန္း(၁၀၀)ရမည္ဟု ေျပာဆိုစည္း႐ုံးကာ အမ်ိဳးသမီး (၃)ဦးအား ေရာင္းစားရန္ စီစဥ္သူကို အလုပ္ႏွင့္ ေထာင္ဒဏ္ႏွစ္ (၃၀)ခ်မွတ္

သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၇

တ႐ုတ္ဇနီးမယားလုပ္ပါက ေငြက်ပ္သိန္း(၁၀၀)ရမည္ဟု ေျပာဆိုစည္း႐ုံးကာ အမ်ိဳးသမီး (၃)ဦးအား ေရာင္းစားရန္ စီစဥ္သူကို အလုပ္ႏွင့္ ေထာင္ဒဏ္ႏွစ္ (၃၀)ခ်မွတ္ခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သိရသည္။

မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံခ႐ိုင္တရား႐ုံးက ႏိုဝင္ဘာလ ၅ ရက္တြင္ အထက္ပါကဲ့သို႔ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ထန္းတပင္ၿမိဳ႕နယ္တြင္ ေနထိုင္သည့္ ေဒၚခ်ိဳခ်ိဳစန္းက ရန္ကုန္ တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္တြင္ေနထိုင္သူ အသက္(၁၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးအပါအဝင္ ဧရာဝတီတိုင္းေဒသႀကီး ဇလြန္ၿမိဳ႕၌ ေနထိုင္သူ အသက္(၃၀)ႏွစ္အ႐ြယ္ အမ်ိဳး သမီးတစ္ဦးႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳ႕တြင္ေနထိုင္သူ အသက္ (၂၃)ႏွစ္ အ႐ြယ္အမ်ိဳသမီးတို႔ (၃)ဦးကို တ႐ုတ္ေယာက္်ားယူပါက ေငြက်ပ္ သိန္း (၁၀၀) ရရွိမည္ျဖစ္ေၾကာင္းေျပာဆို စည္း႐ုံးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ တ႐ုတ္ႏိုင္ငံသို႔ေရာက္ရွိမွသာ မိဘမ်ားထံသို႔ ေငြမ်ားလႊဲေပးမည္ျဖစ္ေၾကာင္း စည္း႐ုံးကာ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေရာင္းစားရန္ စီစဥ္ခဲ့သျဖင့္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ အုန္းေခ်ာနယ္ေျမရဲစခန္းက (ပ)၇၀/၂၀၂၄၊ (ပ) ၇၁/၂၀၂၄၊ (ပ)၇၂/၂၀၂၄ လူကုန္ ကူးမႈတားဆီး ႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၅/ ၄၄ တို႔ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေအာင္ေျမသာစံခ႐ိုင္တရား႐ုံးက ေဒၚခ်ိဳခ်ိဳစန္းအား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅)အရ တစ္မႈလွ်င္ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္စီျဖင့္ စုစုေပါင္းႏွစ္ (၃၀) က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.