တရုတ်နိုင်ငံမှာ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားသူကို သေဒဏ်ချမှတ်

 4546

ရောင်နီ (NP News) - နိုဝင်ဘာ ၇

တရုတ်နိုင်ငံဟာ နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတွေဆီကရခဲ့တဲ့ သတင်းအချက်အလက် ပေါက်ကြားမှုကြောင့် နိုင်ငံတော်အေဂျင်စီ ဝန်ထမ်းတစ်ဦးကို ရှားရှားပါးပါး ပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

မျိုးရိုးအမည် "ကျောင်" လို့သိရတဲ့ အဆိုပါအမျိုးသားဟာ နိုင်ငံတော်အေဂျင်စီတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး နိုင်ငံတော်အဆင့်လျှို့ဝှက်ချက်တွေကို သိရှိထားသူဖြစ်တယ်လို့ ဘေဂျင်းပြည်နယ်လုံခြုံရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့(နိုဝင်ဘာလ ၆ ရက်)မှာ ကြေညာခဲ့ပါတယ်။ အေဂျင်စီရဲ့နာမည်ကိုတော့ မသိရသေးပါဘူး။ ဒါ့ပြင် နိုင်ငံခြား သူလျှိုထောက်လှမ်းရေး အေဂျင်စီတွေဆီက ထိပ်တန်းလျှို့ဝှက်ချက်နဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အများအပြားကို ပေါက်ကြားခဲ့ပြီး တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့ ၎င်းက ဆက်လက်ဖော်ပြထားပါတယ်။ အခုလို သေဒဏ်ချမှတ်ခြင်းဟာ တရုတ်နိုင်ငံမှာ ရှားပါးတဲ့ ပြစ်ဒဏ်တစ်ခု ဖြစ်ပါတယ်။

တရုတ်နဲ့အနောက်အင်အားကြီးနိုင်ငံတွေဟာ လျှို့ဝှက်သတင်း အရောင်းအဝယ်ဖလှယ်မှုကို နှစ်ရှည်လများ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံမွာ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားသူကို ေသဒဏ္ခ်မွတ္
ေရာင္နီ(NP News) - ႏိုဝင္ဘာ ၇

တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံျခားေထာက္လွမ္းေရးေအဂ်င္စီေတြဆီကရခဲ့တဲ့ သတင္းအခ်က္အလက္ ေပါက္ၾကားမႈေၾကာင့္ ႏိုင္ငံေတာ္ေအဂ်င္စီ ဝန္ထမ္းတစ္ဦးကို ရွားရွားပါးပါး ျပစ္ဒဏ္ျဖစ္တဲ့ ေသဒဏ္ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။

မ်ိဳး႐ိုးအမည္ "ေက်ာင္" လို႔သိရတဲ့ အဆိုပါအမ်ိဳးသားဟာ ႏိုင္ငံေတာ္ေအဂ်င္စီတစ္ခုရဲ႕ ဝန္ထမ္းတစ္ဦးျဖစ္ၿပီး ႏိုင္ငံေတာ္အဆင့္လွ်ိဳ႕ဝွက္ခ်က္ေတြကို သိရွိထားသူျဖစ္တယ္လို႔ ေဘဂ်င္းျပည္နယ္လုံၿခဳံေရးဝန္ႀကီးဌာနက ဗုဒၶဟူးေန႔(ႏိုဝင္ဘာလ ၆ ရက္)မွာ ေၾကညာခဲ့ပါတယ္။ ေအဂ်င္စီရဲ႕နာမည္ကိုေတာ့ မသိရေသးပါဘူး။ ဒါ့ျပင္ ႏိုင္ငံျခား သူလွ်ိဳေထာက္လွမ္းေရး ေအဂ်င္စီေတြဆီက ထိပ္တန္းလွ်ိဳ႕ဝွက္ခ်က္နဲ႔ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အမ်ားအျပားကို ေပါက္ၾကားခဲ့ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ လုံၿခဳံေရးကို ဆိုး႐ြားစြာ ထိခိုက္ေစတယ္လို႔ ၎က ဆက္လက္ေဖာ္ျပထားပါတယ္။ အခုလို ေသဒဏ္ခ်မွတ္ျခင္းဟာ တ႐ုတ္ႏိုင္ငံမွာ ရွားပါးတဲ့ ျပစ္ဒဏ္တစ္ခု ျဖစ္ပါတယ္။

တ႐ုတ္နဲ႔အေနာက္အင္အားႀကီးႏိုင္ငံေတြဟာ လွ်ိဳ႕ဝွက္သတင္း အေရာင္းအဝယ္ဖလွယ္မႈကို ႏွစ္ရွည္လမ်ား ျပဳလုပ္ေနခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.