ပီရူးနိုင်ငံမှာ ဘောလုံးပွဲကျင်းပနေချိန် ကစားသမားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

 723

ရောင်နီ(NP News) - နိုဝင်ဘာ ၇

ပီရူးနိုင်ငံ၊ အင်ဒီးစ်မှာ ဘောလုံးပွဲကျင်းပနေချိန် အသက်(၃၄)နှစ်အရွယ် ကစားသမားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ကာ အခြားလူ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့ (နိုဝင်ဘာ ၃ ရက်) က Huventud Bellavista နဲ့ Familia Chocca တို့ရဲ့ ဘောလုံးပြိုင်ပွဲမှာ မိုးကြိုးပစ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့် Familia Chocca အသင်းရဲ့ နောက်ခံလူ ဟိုဆေးဒီလာခရုဇ်(၃၄ နှစ်) ဟာ မိုးကြိုးထိမှန်ခဲ့ပြီး ဆေးရုံကို ခေါ်ဆောင်သွားချိန် သေဆုံးသွားခဲ့တယ်လို့ ဒေသဆိုင်ရာ မြူနီစီပယ်က ပြောကြားပါတယ်။ ပီရူးမှာ အဆိုပါ ဘောလုံးပွဲတွေ မတိုင်ခင်ကလည်း မိုးကြိုးပစ်မှုတွေ ရှိခဲ့ပေမယ့် အခုဖြစ်ရပ်ကတော့ လူပါသေဆုံးခဲ့ရတဲ့ ပထမဆုံးဖြစ်ရပ် ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ကလည်း Maritzburg United ရဲ့ တောင်အာဖရိကကွင်းလယ်လူ လူရန်ဒါနက်ဟန်ဂေ့ဟာ ချစ်ကြည်ရေးခြေစမ်းပွဲတစ်ခုမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့ဖူးပါတယ်။

zawgyi version
ပီ႐ူးႏိုင္ငံမွာ ေဘာလုံးပြဲက်င္းပေနခ်ိန္ ကစားသမားတစ္ဦး မိုးႀကိဳးပစ္ခံရၿပီး ေသဆုံး
ေရာင္နီ(NP News) - ႏိုဝင္ဘာ ၇

ပီ႐ူးႏိုင္ငံ၊ အင္ဒီးစ္မွာ ေဘာလုံးပြဲက်င္းပေနခ်ိန္ အသက္(၃၄)ႏွစ္အ႐ြယ္ ကစားသမားတစ္ဦး မိုးႀကိဳးပစ္ခံရၿပီး ေသဆုံးခဲ့ကာ အျခားလူ ေလးဦး ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

တနဂၤေႏြေန႔ (ႏိုဝင္ဘာ ၃ ရက္) က Huventud Bellavista နဲ႔ Familia Chocca တို႔ရဲ႕ ေဘာလုံးၿပိဳင္ပြဲမွာ မိုးႀကိဳးပစ္မႈ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ ျဖစ္ရပ္ေၾကာင့္ Familia Chocca အသင္းရဲ႕ ေနာက္ခံလူ ဟိုေဆးဒီလာခ႐ုဇ္(၃၄ ႏွစ္) ဟာ မိုးႀကိဳးထိမွန္ခဲ့ၿပီး ေဆး႐ုံကို ေခၚေဆာင္သြားခ်ိန္ ေသဆုံးသြားခဲ့တယ္လို႔ ေဒသဆိုင္ရာ ျမဴနီစီပယ္က ေျပာၾကားပါတယ္။ ပီ႐ူးမွာ အဆိုပါ ေဘာလုံးပြဲေတြ မတိုင္ခင္ကလည္း မိုးႀကိဳးပစ္မႈေတြ ရွိခဲ့ေပမယ့္ အခုျဖစ္ရပ္ကေတာ့ လူပါေသဆုံးခဲ့ရတဲ့ ပထမဆုံးျဖစ္ရပ္ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ကလည္း Maritzburg United ရဲ႕ ေတာင္အာဖရိကကြင္းလယ္လူ လူရန္ဒါနက္ဟန္ေဂ့ဟာ ခ်စ္ၾကည္ေရးေျခစမ္းပြဲတစ္ခုမွာ မိုးႀကိဳးပစ္ခံရၿပီး ေသဆုံးသြားခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.