ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း

 890

မြူနစ် (NP News) - နိုဝင်ဘာ ၈

ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅) ရာခိုင်နှုန်းရှိမည်ဟု နစကအစိုးရဘက်က ခန့်မှန်းထားသည်။
လက်ရှိဘဏ္ဍာနှစ်တွင် လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်းဖိုးကို နှစ်အလိုက် ဈေးနှုန်းအရ ကျပ်(၂၇၄၂၆၄၃) ဖြစ်ပေါ်လာရန် ရည်မှန်းထားကြောင်း နစက၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာရေးမူဝါဒစာတမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် အတွက် ခန့်မှန်းထားသည့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာလည်း (၁၃ ဒသမ ၆၅) ရာခိုင်နှုန်းဖြစ်ကြောင်း နစကဘက်က ဆိုသည်။ “ လတ်တလောကတော့ ကျွန်တော်တို့ တိုင်းပြည်က အဓိကတော့ ပြည်သူလူထုပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ မတရားတက်လာတယ်။ စားဝတ်နေရေးတွေကို အဆင်ပြေအောင်လို့ အတော်ကို ရုန်း ကန်ကြိုးစားကြရတယ်။ အဆင်မပြေဘဲနဲ့ တော်တော်ကို လုံးလည်ချာလည်ရိုက်ပြီးတော့ သွားနေရတဲ့ အနေ အထားမျိုးရှိတယ်။ ကုန်ဈေးနှုန်းတိုးရတဲ့ အဓိက အကြောင်းရင်းကတော့ တကယ်တမ်းပြောရရင် ငွေကြေးဖောင်းပွမှုကြောင့် တိုးတာပဲ။ ငွေကြေးဖောင်းပွမှုက တအားမြင့်မားလာတဲ့အခါမှာ အဲဒီအပေါ် မှာ ကုန်ဈေးနှုန်းက ဆက်တိုက်ဆက်တိုက်နဲ့ မထင်မှတ်လောက်အောင် တော်တော်ကို တိုးပွားလာတဲ့ အခြေအနေမျိုးမှာရှိတယ်။ အဲဒီလို ကုန်ဈေးနှုန်း တိုးတယ်၊ မြင့်တက်လာတဲ့အခါကျတော့ ပြည်သူ လူထု က ကိုယ်ဝယ်ယူရမယ့် ကုန်ပစ္စည်းနဲ့ ကိုယ့်လက်ထဲမှာ ရှိတဲ့ငွေ၊ ကိုယ်ရတဲ့ဝင်ငွေနဲ့ ကွာဟမှုက တအား များလာတဲ့အခါကျတော့ တဖြည်းဖြည်းမှာ မဝယ်နိုင်တဲ့အဆင့်တွေကို ရောက်လာကြတယ်” ဟု လွှတ်တော်အမတ်ဟောင်းဦးလှဌေးက NP New ကို သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခြင်း၊ ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန် စည်ဈေးနှုန်းများမြင့်ခြင်းတို့ကြောင့် သွင်းကုန်ဈေး နှုန်းများ မြင့်မားလာကာ ငွေကြေးဖောင်းပွမှုနှုန်းများ သိသာစွာမြင့်တက်ခဲ့ကြောင်း (၂၀၂၃) ခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် ငွေကြေးမူဝါဒအကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာ၌ ဖော်ပြထားသည်။

(၂၀၁၇) ခုနှစ်ကို အခြေခံနှစ်အဖြစ် တွက် ချက်ထားသည့် စားသုံးသူဈေးနှုန်းကိန်းအရ (၂၀၂၃) ခုနှစ်တွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂၇ ဒသမ ၆၇) ရာခိုင်နှုန်းဖြစ်ခဲ့ကြောင်းနှင့် အစား အစာအုပ်စု၊ လောင်စာဆီဈေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသည့် Core CPI အရ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂၂ ဒသမ ၉၈) ရာခိုင်နှုန်း ရှိခဲ့ကြောင်း ဗဟိုဘဏ်က ဆိုသည်။

ပြီးခဲ့သော (၂၀၂၃)ခုနှစ်၊ စက်တင်ဘာလ တွင် အစားအစာအုပ်စုနှင့်ပတ်သက်၍ ငွေကြေး ဖောင်းပွမှုနှုန်းမှာ (၃၆ ဒသမ ၅၁) ရာခိုင်နှုန်းရှိခဲ့ပြီး (၂၀၂၂) ခုနှစ် အလားတူကာလတွင် (၃၁ ဒသမ ၂၂) ရာခိုင်နှုန်းရှိခဲ့သည့်အတွက် အစားအစာအုပ်စု၏ ဈေးနှုန်းများမှာ သိသာစွာမြင့်တက်ခဲ့ကြောင်းလည်း ဗဟိုဘဏ်၏ အစီရင်ခံစာက ဆိုသည်။

(၂၀၂၃)ခုနှစ် စက်တင်ဘာလတွင် အဓိ ကအုပ်စုများ၏ နှစ်အလိုက်ငွေကြေးဖောင်းပွ မှုနှုန်းများမှ အထွေထွေကုန်ပစ္စည်းတွင် (၂၆ ဒသမ ၅၅) ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးတွင် (၂၅ ဒသမ ၅၁) ရာခိုင်နှုန်း၊ ပြင်ပအစားအသောက်နှင့် နေထိုင် စရိတ်တွင် (၂၅ ဒသမ ၃၃)ရာခိုင်နှုန်း၊ အပန်း ဖြေ ခြင်းနှင့် ယဉ်ကျေးမှုတွင် (၂၅ ဒသမ ၁၀)ရာခိုင်နှုန်း ဖြင့် အသီးသီးရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အဝတ်အထည်တွင်လည်း ငွေ ကြေးဖောင်းပွမှုနှုန်းအနေဖြင့် (၂၃ ဒသမ ၂၀) ရာ ခိုင်နှုန်း၊ အိမ်လခနှင့်အိမ်ပြင်ခတွင် (၂၀ ဒသမ ဝ၆) ရာခိုင်နှုန်း၊ ကျန်းမာရေးတွင် (၁၂ ဒသမ ၇၆) ရာခိုင်နှုန်းနှင့် ပညာရေးတွင်လည်း (၁၁ ဒသမ ၃၉) ရာ ခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

အထက်ပါငွေကြေးဖောင်းပွမှုနှုန်းအခြေအနေများသည် လွန်ခဲ့သော (၂၀၂၂)ခုနှစ် စက်တင် ဘာလနှင့် နှိုင်းယှဉ်လျှင် အဝတ်အထည်၊ အိမ်လခ နှင့်အိမ်ပြင်ခ၊ ပြင်ပအစားအသောက်နှင့် နေထိုင်စ ရိတ်တို့၏ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းများမှ မြင့်တက်ခဲ့ကြောင်း ဗဟိုဘဏ်၏ အစီရင်ခံစာက ဆိုထားသည်။ “ တက်လာတဲ့ကုန်ဈေးနှုန်းကို အလှမ်း မမီဘူး။ ငွေကြေးဖောင်းပွမှုပြဿနာနောက်ကို ပြည် သူလူထုက ဘယ်လိုမှ မလိုက်နိုင်တဲ့အခါကျတော့ ပြည်သူလူထုရဲ့ ဆင်းရဲခြင်းဘဝက ဖြည်းဖြည်း ချင်း နိမ့်သထက်နိမ့်လာတဲ့အခြေအနေမျိုးကို ရောက် ရှိသွားတဲ့အခြေအနေရှိတာပေါ့။ ဒါက အဓိကတော့ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်တဲ့ပြဿနာပဲ၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ငွေကြေးဖောင်း ပွမှုကြောင့် ဖြစ်တဲ့ပြဿနာပဲ။ ပြီးခဲ့တဲ့နှစ်က ငွေကြေးဖောင်းပွမှုရာ ခိုင်နှုန်းနဲ့ ဒီနှစ်မှာ(၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်)ငွေကြေး ဖောင်းပွမှုရာခိုင်နှုန်းကို လျှော့ချနိုင်မယ့်၊ သတ်မှတ်တဲ့အနေအထားလုပ်နိုင်မယ်ဆိုရင် တိုင်းပြည်အတွက်လည်း ကောင်းပါတယ်။ ပြည်သူလူထုအတွက်လည်း အများကြီးအဆင်ပြေမယ့်အခြေအနေမျိုးကို ရောက်ရှိသွားမှာပါ” ဟု လွှတ်တော်အမတ်ဟောင်း ဦးလှဌေးက ဆက်လက်သုံးသပ်ထားသည်။

(၂၀၂၃) ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့သော ဒေသများမှာ တည်ငြိမ်အေး ချမ်းမှုနည်းပါးပြီး စစ်ရေးပဋိပက္ခများ ဖြစ်ပွားလျက်ရှိသော ဒေသများဖြစ်ကြောင်း တွေ့ရသည်။ ယင်းနှစ် စက်တင်ဘာလကုန်ရှိ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ချင်းပြည်နယ်တွင် (၃၈ ဒသမ ၇၄) ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး၊ မကွေးတိုင်းတွင် (၃၆ ဒသမ ၆၉) ရာခှိုင်နှုန်း၊ စစ်ကိုင်းတိုင်းတွင် (၃၅ ဒသမ ၁၁)ရာခိုင်နှုန်းတို့ဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

zawgyi version
ယခုဘ႑ာႏွစ္၌ ျမန္မာႏိုင္ငံ၏ ပ်မ္းမွ်ေငြေၾကးေဖာင္းပြမႈႏႈန္းမွာ (၁၃ ဒသမ ၆၅ ) ရာခိုင္ႏႈန္းရွိႏိုင္ဟု နစကအစိုးရ ခန႔္မွန္း
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၈

ယခု (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္၌ ျမန္မာႏိုင္ငံ၏ ပ်မ္းမွ်ေငြေၾကးေဖာင္းပြမႈႏႈန္းမွာ (၁၃ ဒသမ ၆၅) ရာခိုင္ႏႈန္းရွိမည္ဟု နစကအစိုးရဘက္က ခန႔္မွန္းထားသည္။
လက္ရွိဘ႑ာႏွစ္တြင္ လူတစ္ဦးစီ၏ ပ်မ္းမွ်ထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈတန္းဖိုးကို ႏွစ္အလိုက္ ေဈးႏႈန္းအရ က်ပ္(၂၇၄၂၆၄၃) ျဖစ္ေပၚလာရန္ ရည္မွန္းထားေၾကာင္း နစက၏ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာနက ထုတ္ျပန္သည့္ (၂၀၂၄-၂၀၂၅) ဘ႑ာေရးႏွစ္၊ ဘ႑ာေရးမူဝါဒစာတမ္းတြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ (၂၀၂၄-၂၀၂၅) ဘ႑ာေရးႏွစ္ အတြက္ ခန႔္မွန္းထားသည့္ ပ်မ္းမွ်ေငြေၾကး ေဖာင္းပြမႈႏႈန္းမွာလည္း (၁၃ ဒသမ ၆၅) ရာခိုင္ႏႈန္းျဖစ္ေၾကာင္း နစကဘက္က ဆိုသည္။ “ လတ္တေလာကေတာ့ ကြၽန္ေတာ္တို႔ တိုင္းျပည္က အဓိကေတာ့ ျပည္သူလူထုေပါ့ဗ်ာ။ ကုန္ေဈးႏႈန္းေတြ မတရားတက္လာတယ္။ စားဝတ္ေနေရးေတြကို အဆင္ေျပေအာင္လို႔ အေတာ္ကို ႐ုန္း ကန္ႀကိဳးစားၾကရတယ္။ အဆင္မေျပဘဲနဲ႔ ေတာ္ေတာ္ကို လုံးလည္ခ်ာလည္႐ိုက္ၿပီးေတာ့ သြားေနရတဲ့ အေန အထားမ်ိဳးရွိတယ္။ ကုန္ေဈးႏႈန္းတိုးရတဲ့ အဓိက အေၾကာင္းရင္းကေတာ့ တကယ္တမ္းေျပာရရင္ ေငြေၾကးေဖာင္းပြမႈေၾကာင့္ တိုးတာပဲ။ ေငြေၾကးေဖာင္းပြမႈက တအားျမင့္မားလာတဲ့အခါမွာ အဲဒီအေပၚ မွာ ကုန္ေဈးႏႈန္းက ဆက္တိုက္ဆက္တိုက္နဲ႔ မထင္မွတ္ေလာက္ေအာင္ ေတာ္ေတာ္ကို တိုးပြားလာတဲ့ အေျခအေနမ်ိဳးမွာရွိတယ္။ အဲဒီလို ကုန္ေဈးႏႈန္း တိုးတယ္၊ ျမင့္တက္လာတဲ့အခါက်ေတာ့ ျပည္သူ လူထု က ကိုယ္ဝယ္ယူရမယ့္ ကုန္ပစၥည္းနဲ႔ ကိုယ့္လက္ထဲမွာ ရွိတဲ့ေငြ၊ ကိုယ္ရတဲ့ဝင္ေငြနဲ႔ ကြာဟမႈက တအား မ်ားလာတဲ့အခါက်ေတာ့ တျဖည္းျဖည္းမွာ မဝယ္ႏိုင္တဲ့အဆင့္ေတြကို ေရာက္လာၾကတယ္” ဟု လႊတ္ေတာ္အမတ္ေဟာင္းဦးလွေဌးက NP New ကို သုံးသပ္ေျပာၾကားသည္။

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း ျမင့္တက္လာျခင္း၊ ကုန္သြယ္ဖက္ႏိုင္ငံမ်ား၏ ကုန္ စည္ေဈးႏႈန္းမ်ားျမင့္ျခင္းတို႔ေၾကာင့္ သြင္းကုန္ေဈး ႏႈန္းမ်ား ျမင့္မားလာကာ ေငြေၾကးေဖာင္းပြမႈႏႈန္းမ်ား သိသာစြာျမင့္တက္ခဲ့ေၾကာင္း (၂၀၂၃) ခုႏွစ္အတြင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ထုတ္ျပန္သည့္ ေငြေၾကးမူဝါဒအေကာင္အထည္ေဖာ္ေဆာင္႐ြက္ခ်က္ အစီရင္ခံစာ၌ ေဖာ္ျပထားသည္။

(၂၀၁၇) ခုႏွစ္ကို အေျခခံႏွစ္အျဖစ္ တြက္ ခ်က္ထားသည့္ စားသုံးသူေဈးႏႈန္းကိန္းအရ (၂၀၂၃) ခုႏွစ္တြင္ ႏွစ္အလိုက္ ေငြေၾကးေဖာင္းပြမႈႏႈန္းမွာ (၂၇ ဒသမ ၆၇) ရာခိုင္ႏႈန္းျဖစ္ခဲ့ေၾကာင္းႏွင့္ အစား အစာအုပ္စု၊ ေလာင္စာဆီေဈးႏႈန္းမ်ားမပါဝင္ဘဲ တြက္ခ်က္ထားသည့္ Core CPI အရ ႏွစ္အလိုက္ ေငြေၾကးေဖာင္းပြမႈႏႈန္းမွာ (၂၂ ဒသမ ၉၈) ရာခိုင္ႏႈန္း ရွိခဲ့ေၾကာင္း ဗဟိုဘဏ္က ဆိုသည္။

ၿပီးခဲ့ေသာ (၂၀၂၃)ခုႏွစ္၊ စက္တင္ဘာလ တြင္ အစားအစာအုပ္စုႏွင့္ပတ္သက္၍ ေငြေၾကး ေဖာင္းပြမႈႏႈန္းမွာ (၃၆ ဒသမ ၅၁) ရာခိုင္ႏႈန္းရွိခဲ့ၿပီး (၂၀၂၂) ခုႏွစ္ အလားတူကာလတြင္ (၃၁ ဒသမ ၂၂) ရာခိုင္ႏႈန္းရွိခဲ့သည့္အတြက္ အစားအစာအုပ္စု၏ ေဈးႏႈန္းမ်ားမွာ သိသာစြာျမင့္တက္ခဲ့ေၾကာင္းလည္း ဗဟိုဘဏ္၏ အစီရင္ခံစာက ဆိုသည္။

(၂၀၂၃)ခုႏွစ္ စက္တင္ဘာလတြင္ အဓိ ကအုပ္စုမ်ား၏ ႏွစ္အလိုက္ေငြေၾကးေဖာင္းပြ မႈႏႈန္းမ်ားမွ အေထြေထြကုန္ပစၥည္းတြင္ (၂၆ ဒသမ ၅၅) ရာခိုင္ႏႈန္း၊ သယ္ယူပို႔ေဆာင္ေရးတြင္ (၂၅ ဒသမ ၅၁) ရာခိုင္ႏႈန္း၊ ျပင္ပအစားအေသာက္ႏွင့္ ေနထိုင္ စရိတ္တြင္ (၂၅ ဒသမ ၃၃)ရာခိုင္ႏႈန္း၊ အပန္း ေျဖ ျခင္းႏွင့္ ယဥ္ေက်းမႈတြင္ (၂၅ ဒသမ ၁၀)ရာခိုင္ႏႈန္း ျဖင့္ အသီးသီးရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အဝတ္အထည္တြင္လည္း ေငြ ေၾကးေဖာင္းပြမႈႏႈန္းအေနျဖင့္ (၂၃ ဒသမ ၂၀) ရာ ခိုင္ႏႈန္း၊ အိမ္လခႏွင့္အိမ္ျပင္ခတြင္ (၂၀ ဒသမ ဝ၆) ရာခိုင္ႏႈန္း၊ က်န္းမာေရးတြင္ (၁၂ ဒသမ ၇၆) ရာခိုင္ႏႈန္းႏွင့္ ပညာေရးတြင္လည္း (၁၁ ဒသမ ၃၉) ရာ ခိုင္ႏႈန္းရွိခဲ့ေၾကာင္း သိရသည္။

အထက္ပါေငြေၾကးေဖာင္းပြမႈႏႈန္းအေျခအေနမ်ားသည္ လြန္ခဲ့ေသာ (၂၀၂၂)ခုႏွစ္ စက္တင္ ဘာလႏွင့္ ႏႈိင္းယွဥ္လွ်င္ အဝတ္အထည္၊ အိမ္လခ ႏွင့္အိမ္ျပင္ခ၊ ျပင္ပအစားအေသာက္ႏွင့္ ေနထိုင္စ ရိတ္တို႔၏ ႏွစ္အလိုက္ေငြေၾကးေဖာင္းပြမႈႏႈန္းမ်ားမွ ျမင့္တက္ခဲ့ေၾကာင္း ဗဟိုဘဏ္၏ အစီရင္ခံစာက ဆိုထားသည္။ “ တက္လာတဲ့ကုန္ေဈးႏႈန္းကို အလွမ္း မမီဘူး။ ေငြေၾကးေဖာင္းပြမႈျပႆနာေနာက္ကို ျပည္ သူလူထုက ဘယ္လိုမွ မလိုက္ႏိုင္တဲ့အခါက်ေတာ့ ျပည္သူလူထုရဲ႕ ဆင္းရဲျခင္းဘဝက ျဖည္းျဖည္း ခ်င္း နိမ့္သထက္နိမ့္လာတဲ့အေျခအေနမ်ိဳးကို ေရာက္ ရွိသြားတဲ့အေျခအေနရွိတာေပါ့။ ဒါက အဓိကေတာ့ ေငြေၾကးေဖာင္းပြမႈေၾကာင့္ ျဖစ္တဲ့ျပႆနာပဲ၊ ကြၽန္ေတာ္တို႔ တိုင္းျပည္ရဲ႕ ေငြေၾကးေဖာင္း ပြမႈေၾကာင့္ ျဖစ္တဲ့ျပႆနာပဲ။ ၿပီးခဲ့တဲ့ႏွစ္က ေငြေၾကးေဖာင္းပြမႈရာ ခိုင္ႏႈန္းနဲ႔ ဒီႏွစ္မွာ(၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္)ေငြေၾကး ေဖာင္းပြမႈရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္မယ့္၊ သတ္မွတ္တဲ့အေနအထားလုပ္ႏိုင္မယ္ဆိုရင္ တိုင္းျပည္အတြက္လည္း ေကာင္းပါတယ္။ ျပည္သူလူထုအတြက္လည္း အမ်ားႀကီးအဆင္ေျပမယ့္အေျခအေနမ်ိဳးကို ေရာက္ရွိသြားမွာပါ” ဟု လႊတ္ေတာ္အမတ္ေဟာင္း ဦးလွေဌးက ဆက္လက္သုံးသပ္ထားသည္။

(၂၀၂၃) ခုႏွစ္တြင္ ေငြေၾကးေဖာင္းပြမႈႏႈန္း အျမင့္ဆုံးျဖစ္ခဲ့ေသာ ေဒသမ်ားမွာ တည္ၿငိမ္ေအး ခ်မ္းမႈနည္းပါးၿပီး စစ္ေရးပဋိပကၡမ်ား ျဖစ္ပြားလ်က္ရွိေသာ ေဒသမ်ားျဖစ္ေၾကာင္း ေတြ႕ရသည္။ ယင္းႏွစ္ စက္တင္ဘာလကုန္ရွိ ႏွစ္အလိုက္ေငြေၾကးေဖာင္းပြမႈႏႈန္းမွာ ခ်င္းျပည္နယ္တြင္ (၃၈ ဒသမ ၇၄) ရာခိုင္ႏႈန္းျဖင့္ အျမင့္ဆုံးျဖစ္ေပၚခဲ့ၿပီး၊ မေကြးတိုင္းတြင္ (၃၆ ဒသမ ၆၉) ရာခႈိင္ႏႈန္း၊ စစ္ကိုင္းတိုင္းတြင္ (၃၅ ဒသမ ၁၁)ရာခိုင္ႏႈန္းတို႔ျဖင့္ အျမင့္ဆုံးျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.