မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
2508
နာမူ (NP News) - နိုဝင်ဘာ ၈
မြန်မာနိုင်ငံ၌ ကမ္ဘာ့ဘဏ်မှ ဖြစ်နိုင်ခြေဆန်းစစ်အတည်ပြုထားပြီးဖြစ်သည့် ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများရှိသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် စွမ်းအင်ဝန်ကြီးက ဖိတ်ခေါ်ထားသည်။
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က နိုဝင်ဘာ(၇)ရက်တွင် တရုတ်နိုင်ငံ ရှီအန်းမြို့၌ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာညီလာခံတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများရှိပြီး တည်ဆောက်ပြီးဖြစ်သည့် ပိုက်လိုင်း infrastructure များရှိရာ ရေနံချက်စက်ရုံနှင့် ဓာတ်မြေသြဇာစက်ရုံများ အဆင့်မြှင့်တင်ရန်နှင့် ထပ်မံတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကမ္ဘာ့ဘဏ်မှ ဖြစ်နိုင်ခြေဆန်းစစ်အတည်ပြုထားပြီးဖြစ်သည့် ရေနံဆိပ်ကမ်းများနှင့် LNG terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အဆိုပါညီလာခံတွင် အရှေ့အလယ်ပိုင်းဒေသ နှင့် အာဖရိကဒေသများမှ နိုင်ငံများလည်း တက်ရောက်ကြောင်း သိရသည်။
zawgyi version
ျမန္မာႏိုင္ငံ၌ ေရနံဆိပ္ကမ္းမ်ားႏွင့္ LNG Terminal တည္ေဆာက္ရန္ ေနရာေကာင္းမ်ားလည္းရွိေနသည့္အတြက္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ဖိတ္ေခၚ
နာမူ (NP News) - ႏိုဝင္ဘာ ၈
ျမန္မာႏိုင္ငံ၌ ကမာၻ႔ဘဏ္မွ ျဖစ္ႏိုင္ေျခဆန္းစစ္အတည္ျပဳထားၿပီးျဖစ္သည့္ ေရနံဆိပ္ကမ္းမ်ားႏွင့္ LNG Terminal တည္ေဆာက္ရန္ ေနရာေကာင္းမ်ားရွိသည့္အတြက္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ စြမ္းအင္ဝန္ႀကီးက ဖိတ္ေခၚထားသည္။
စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ႏိုဝင္ဘာ(၇)ရက္တြင္ တ႐ုတ္ႏိုင္ငံ ရွီအန္းၿမိဳ႕၌က်င္းပခဲ့သည့္ တတိယအႀကိမ္ေျမာက္ ကမာၻ႔ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ဆိုင္ရာညီလာခံတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ၌ အလားအလာေကာင္းေသာ ေရနံႏွင့္သဘာဝဓာတ္ေငြ႕စီမံကိန္းမ်ားရွိၿပီး တည္ေဆာက္ၿပီးျဖစ္သည့္ ပိုက္လိုင္း infrastructure မ်ားရွိရာ ေရနံခ်က္စက္႐ုံႏွင့္ ဓာတ္ေျမၾသဇာစက္႐ုံမ်ား အဆင့္ျမႇင့္တင္ရန္ႏွင့္ ထပ္မံတည္ေဆာက္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ကမာၻ႔ဘဏ္မွ ျဖစ္ႏိုင္ေျခဆန္းစစ္အတည္ျပဳထားၿပီးျဖစ္သည့္ ေရနံဆိပ္ကမ္းမ်ားႏွင့္ LNG terminal တည္ေဆာက္ရန္ ေနရာေကာင္းမ်ားလည္းရွိၿပီး လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ အခြင့္အလမ္းမ်ားစြာရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
အဆိုပါညီလာခံတြင္ အေရွ႕အလယ္ပိုင္းေဒသ ႏွင့္ အာဖရိကေဒသမ်ားမွ ႏိုင္ငံမ်ားလည္း တက္ေရာက္ေၾကာင္း သိရသည္။