အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
544
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၇
အမေရိကန်နိုင်ငံတွင် သမ္မတ အပြောင်းအလဲဖြစ်လာပေမယ့် ထိုင်ဝမ်ကို မိတ်ဆွေပီသတဲ့ ချဥ်းကပ်မှုမျိုး ဆက်လက်လုပ်ဆောင်ဖွယ်ရှိတယ်လို့ ထိုင်ဝမ်အစိုးရ တာဝန်ရှိသူများက ပြောသည်။
ထိုင်ဝမ်သည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံ နှင့် ပိုင်နက်နယ်မြေ အငြင်းပွားနေပြီး တရုတ်လက်အောက်မှခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေး ရယူရန်လိုလားနေသည်။သမ္မတအသစ်အဖြစ် ရွေးချယ်ခံရသော ထရမ့်က ထိုင်ဝမ်သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး အမေရိကန်နိုင်ငံအတွင်းရှိ ဆီးမီးကွန်ဒက်တာ စီးပွားရေး လုပ်ငန်းရှင်များ၏ ငွေများကို ခိုးယူနေကြောင်း မဲဆွယ်စည်းရုံးရေး ကာလအတွင်း ပြောဆိုခဲ့ဖူးသည်။ သို့သော်လည်း ထိုင်ဝမ်အစိုးရတာဝန်ရှိသူက အမေရိကန်တွင် အစိုးရ အပြောင်းအလဲ ဖြစ်ခဲ့သော်လည်း ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ဟန့်တားမည့်မူဝါဒများဆက်ရှိမည်ဟု ယုံကြည်ကြောင်းပြောသည်။ ထိုင်ဝမ်သည် အမေရိကန်အစိုးရအဖွဲ့အပြောင်းအလဲ ဖြစ်လာချိန်ကာလအတွင်း တရုတ်နိုင်ငံမှ အခွင့်အရေးယူရန် ကြိုးပမ်းမှုများကို တားဆီးမည်ဖြစ်ကြောင်း အခက်အခဲပြဿနာဖြစ်လာစေရန် တရုတ်၏ ကြိုးပမ်းအားထုတ်မှုတွေကို တားဆီးမည်ဖြစ်ကြောင်း ပြောသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဦးဆောင်သော အမေရိကန်အစိုးရသည် ထိုင်ဝမ်ကို စစ်ရေး အကူအညီပေးခဲ့သော်လည်း သမ္မတအသစ်အဖြစ် ရွေးကောက်ခံရသော ထရမ့် လက်ထက်တွင် ထိုင်ဝမ်နှင့်ပတ်သက်သော မူဝါဒများ အပြောင်းအလဲ ရှိ မရှိကို လူစိတ်ဝင်စားမှု မြင့်တက်နေသည်။ အမေရိကန်သည် ထိုင်ဝမ် နှင့်ပတ်သက်ပြီး စစ်လက်နက်ပစ္စည်းများ အဓိက ကူညီပေးခဲ့သလို နိုင်ငံတကာမျက်နှာစာတွင်လည်း ပံပိုးကူညီပေးခဲ့ကြောင်းသိရသည်။
zawgyi version
အေမရိကန္က ထိုင္ဝမ္ကို မိတ္ေဆြပီသေသာခ်ဥ္းကပ္မႈ ဆက္လုပ္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၇
အေမရိကန္ႏိုင္ငံတြင္ သမၼတ အေျပာင္းအလဲျဖစ္လာေပမယ့္ ထိုင္ဝမ္ကို မိတ္ေဆြပီသတဲ့ ခ်ဥ္းကပ္မႈမ်ိဳး ဆက္လက္လုပ္ေဆာင္ဖြယ္ရွိတယ္လို႔ ထိုင္ဝမ္အစိုးရ တာဝန္ရွိသူမ်ားက ေျပာသည္။
ထိုင္ဝမ္သည္ လက္ရွိအခ်ိန္တြင္ တ႐ုတ္ႏိုင္ငံ ႏွင့္ ပိုင္နက္နယ္ေျမ အျငင္းပြားေနၿပီး တ႐ုတ္လက္ေအာက္မွခြဲထြက္ကာ ကိုယ္ပိုင္လြတ္လပ္ေရး ရယူရန္လိုလားေနသည္။သမၼတအသစ္အျဖစ္ ေ႐ြးခ်ယ္ခံရေသာ ထရမ့္က ထိုင္ဝမ္သည္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏိုင္ရန္ ႀကိဳးပမ္းရမည္ျဖစ္ၿပီး အေမရိကန္ႏိုင္ငံအတြင္းရွိ ဆီးမီးကြန္ဒက္တာ စီးပြားေရး လုပ္ငန္းရွင္မ်ား၏ ေငြမ်ားကို ခိုးယူေနေၾကာင္း မဲဆြယ္စည္း႐ုံးေရး ကာလအတြင္း ေျပာဆိုခဲ့ဖူးသည္။ သို႔ေသာ္လည္း ထိုင္ဝမ္အစိုးရတာဝန္ရွိသူက အေမရိကန္တြင္ အစိုးရ အေျပာင္းအလဲ ျဖစ္ခဲ့ေသာ္လည္း ထိုင္ဝမ္အေရးႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံကို ဟန္႔တားမည့္မူဝါဒမ်ားဆက္ရွိမည္ဟု ယုံၾကည္ေၾကာင္းေျပာသည္။ ထိုင္ဝမ္သည္ အေမရိကန္အစိုးရအဖြဲ႕အေျပာင္းအလဲ ျဖစ္လာခ်ိန္ကာလအတြင္း တ႐ုတ္ႏိုင္ငံမွ အခြင့္အေရးယူရန္ ႀကိဳးပမ္းမႈမ်ားကို တားဆီးမည္ျဖစ္ေၾကာင္း အခက္အခဲျပႆနာျဖစ္လာေစရန္ တ႐ုတ္၏ ႀကိဳးပမ္းအားထုတ္မႈေတြကို တားဆီးမည္ျဖစ္ေၾကာင္း ေျပာသည္။
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ ဦးေဆာင္ေသာ အေမရိကန္အစိုးရသည္ ထိုင္ဝမ္ကို စစ္ေရး အကူအညီေပးခဲ့ေသာ္လည္း သမၼတအသစ္အျဖစ္ ေ႐ြးေကာက္ခံရေသာ ထရမ့္ လက္ထက္တြင္ ထိုင္ဝမ္ႏွင့္ပတ္သက္ေသာ မူဝါဒမ်ား အေျပာင္းအလဲ ရွိ မရွိကို လူစိတ္ဝင္စားမႈ ျမင့္တက္ေနသည္။ အေမရိကန္သည္ ထိုင္ဝမ္ ႏွင့္ပတ္သက္ၿပီး စစ္လက္နက္ပစၥည္းမ်ား အဓိက ကူညီေပးခဲ့သလို ႏိုင္ငံတကာမ်က္ႏွာစာတြင္လည္း ပံပိုးကူညီေပးခဲ့ေၾကာင္းသိရသည္။