ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမှုမလုပ်ဆောင်ဖို့ အမိန့်ချမှတ်ထားတာမျိုးမရှိဘူးလို့ တောင်ကိုရီးယားသမ္မတပြော
447
Pika (NP News) - နိုဝင်ဘာ ၇
ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမှုမလုပ်ဆောင်ဖို့ အမိန့်ချမှတ်ထားတာမျိုးမရှိဘူးလို့ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်က နိုဝင်ဘာလ(၇)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် ၎င်းရဲ့စစ်သားတွေကို ရုရှားကိုပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ယွန်ဆက်ယိုလ်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားရဲ့ ပါဝင်ပတ်သက်မှုဟာ တောင်ကိုရီးယားအတွက် ခြိမ်းခြောက်မှုတစ်ခုလိုမျိုး ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာ ပါဝင်ပတ်သက်မှုနဲ့အတူ တိုက်ခိုက်ရေးအတွေ့ အကြုံတွေရယူနိုင်မယ့်အပြင် ရုရှားက မြောက်ကိုရီးယားကို အဆင့်မြင့်စစ်ရေးနည်းပညာတွေ လွှဲပြောင်းပေးနိုင်တာကြောင့် တောင်ကိုရီးယားဘက်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေမြင့်တက်နေတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ရုရှားကို မြောက်ကိုရီးယားစစ်သားတွေ ပေးပို့ခဲ့တယ်ဆိုတဲ့ အနောက်အုပ်စုရဲ့စွပ်စွဲပြောဆိုချက်တွေကို မြောက်ကိုရီးယားအစိုးရက ငြင်းဆိုတာမျိုး ဒါမှမဟုတ် အ တည်ပြုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ရုရှားမှာ မြောက်ကိုရီးယားစစ်သားတွေ ရောက်ရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့အတူ စောင့်ကြည့်မှုတွေလုပ်ဆောင်ဖို့အတွက် အဖွဲ့တစ်ဖွဲ့ကို ယူကရိန်းကို စေလွှတ်ဖို့ တောင်ကိုရီးယားအစိုးရက လိုလားနေတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့သီတင်းပတ်မှာ မြောက်ကိုရီးယားအစိုးရဟာ လောင်စာဆီအခဲသုံးတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် Hwasong-19 ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားရဲ့တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယား၊ အမေရိကန် နဲ့ ဂျပန်တို့ဟာ ကြီးမားတဲ့ဗုံးကြဲလေယာဉ်တစ်စင်း ပါဝင်တဲ့ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့နိုဝင်ဘာလ(၃)ရက်မှာ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြ ေထာက္ပံ့ေပးမႈမလုပ္ေဆာင္ဖို႔ အမိန႔္ခ်မွတ္ထားတာမ်ိဳးမရွိဘူးလို႔ ေတာင္ကိုရီးယားသမၼတေျပာ
Pika (NP News) - ႏိုဝင္ဘာ ၇
ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြ ေထာက္ပံ့ေပးမႈမလုပ္ေဆာင္ဖို႔ အမိန႔္ခ်မွတ္ထားတာမ်ိဳးမရွိဘူးလို႔ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္က ႏိုဝင္ဘာလ(၇)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ေျမာက္ကိုရီးယားဟာ ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့ စစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ၎ရဲ႕စစ္သားေတြကို ႐ုရွားကိုေပးပို႔ခဲ့တယ္ဆိုတဲ့ စြပ္စြဲေျပာဆိုခ်က္ေတြ ထြက္ေပၚလာၿပီးေနာက္ပိုင္း ယြန္ဆက္ယိုလ္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ယူကရိန္းစစ္ပြဲမွာ ေျမာက္ကိုရီးယားရဲ႕ ပါဝင္ပတ္သက္မႈဟာ ေတာင္ကိုရီးယားအတြက္ ၿခိမ္းေျခာက္မႈတစ္ခုလိုမ်ိဳး ျဖစ္လာေနတာလည္း ျဖစ္ပါတယ္။ ေျမာက္ကိုရီးယားစစ္သားေတြဟာ ႐ုရွား-ယူကရိန္းစစ္ပြဲမွာ ပါဝင္ပတ္သက္မႈနဲ႔အတူ တိုက္ခိုက္ေရးအေတြ႕ အႀကဳံေတြရယူႏိုင္မယ့္အျပင္ ႐ုရွားက ေျမာက္ကိုရီးယားကို အဆင့္ျမင့္စစ္ေရးနည္းပညာေတြ လႊဲေျပာင္းေပးႏိုင္တာေၾကာင့္ ေတာင္ကိုရီးယားဘက္က အဲဒီကိစၥနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြျမင့္တက္ေနတာလည္း ျဖစ္ပါတယ္။
ဒါေပမဲ့လည္း ႐ုရွားကို ေျမာက္ကိုရီးယားစစ္သားေတြ ေပးပို႔ခဲ့တယ္ဆိုတဲ့ အေနာက္အုပ္စုရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြကို ေျမာက္ကိုရီးယားအစိုးရက ျငင္းဆိုတာမ်ိဳး ဒါမွမဟုတ္ အ တည္ျပဳခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ႐ုရွားမွာ ေျမာက္ကိုရီးယားစစ္သားေတြ ေရာက္ရွိေနတယ္ဆိုတဲ့ စြပ္စြဲေျပာဆိုခ်က္ေတြနဲ႔အတူ ေစာင့္ၾကည့္မႈေတြလုပ္ေဆာင္ဖို႔အတြက္ အဖြဲ႕တစ္ဖြဲ႕ကို ယူကရိန္းကို ေစလႊတ္ဖို႔ ေတာင္ကိုရီးယားအစိုးရက လိုလားေနတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ေျမာက္ကိုရီးယားအစိုးရဟာ ေလာင္စာဆီအခဲသုံးတိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ Hwasong-19 ကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ေျမာက္ကိုရီးယားရဲ႕တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ေတာင္ကိုရီးယား၊ အေမရိကန္ နဲ႔ ဂ်ပန္တို႔ဟာ ႀကီးမားတဲ့ဗုံးႀကဲေလယာဥ္တစ္စင္း ပါဝင္တဲ့ ပူးတြဲေလေၾကာင္းစစ္ေရးေလ့က်င့္မႈေတြကို ၿပီးခဲ့တဲ့ႏိုဝင္ဘာလ(၃)ရက္မွာ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။