နိုင်ငံအချင်းချင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ဆန်းသစ်တီထွင်မှုကဏ္ဍ၌ ချိတ်ဆက်ပူးပေါင်းမှုကို မြှင့်တင်ရန် နစကဥက္ကဋ္ဌ ပြော
848
ချယ်ရီ (NP News) - နိုဝင်ဘာ ၇
နိုင်ငံအချင်းချင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ဆန်းသစ်တီထွင်မှုကဏ္ဍ၌ ချိတ်ဆက်ပူးပေါင်းမှုကို မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာ၌ ယနေ့( နိုဝင်ဘာ(၇)ရက်)၊နံနက်ပိုင်းက ကျင်းပခဲ့သော အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဥ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံအသီးသီးတွင် မူပိုင်ခွင့်ဥပဒေများ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများက ပြဋ္ဌာန်းထားပြီးဖြစ်ကြသည့်အတွက် နိုင်ငံအချင်းချင်းဖြစ်စေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကတစ်ဆင့် ဖြစ်စေ ဆန်းသစ်တီထွင်မှုကဏ္ဍတွင် ချိတ်ဆက်ပူး ပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ခြင်းအားဖြင့် ဂျီအမ်အက်စ်ဒေသခွဲအတွင်းရှိ အဖွဲ့ဝင် နိုင်ငံများအားလုံးအတွက် တိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း အဆိုပါအစည်းအဝေးတွင် နစကဥက္ကဋ္ဌက အသိပေးပြောကြားသည်။
ထို့ပြင် ဆန်းသစ်တီထွင်မှုကို ဖော်ဆောင်ရာတွင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာများ လက်ခံကျင့်သုံးမှု တိုးမြှင့်လာစေခြင်းတို့ဖြင့် ဂျီအမ်အက်စ်ဒေသတွင်း ဆန်းသစ်သော ကုန်စည်နှင့်ဝန်ဆောင်မှုများ စီးဆင်းမှုလွယ်ကူချော့မွေ့နိုင်ကြောင်း ပြောကြားသည်။ နိုင်ငံတစ်နိုင်ငံအတွက် ဆန်းသစ်တီထွင်မှုကို ဖော်ဆောင်ရာ၌ အုပ်ချုပ်မှုယန္တရားအဖြစ် လုပ်ငန်းအဖွဲ့၊ ဖိုရမ်စသည်ဖြင့် ဆောင်ရွက်မည့် အစီအမံများ စနစ်တကျရှိရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားသိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှုကောင်စီကို ဖွဲ့စည်းထားပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် ကမ္ဘာ့လူဦးရေသည် (၈ ဒသမ ၃) ဘီလျံရှိပြီး ၂၀၃၀ တွင် (၈ ဒသမ ၆) ဘီလျံနှင့် ၂၀၃၅ ခုနှစ်တွင် (၈ ဒသမ ၉) ဘီလျံရှိမည်ဟု ခန့်မှန်းထားရာ ရိက္ခာဖူလုံမှုပြဿနာသည် ပိုမိုကြီးမားလာဖွယ်ရှိကြောင်း ပြောသည်။ ထို့ကြောင့် စားနပ်ရိက္ခာ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဖြန့်ဖြူးမှုတို့မှာ နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်းသာ ဆောင်ရွက်နေရခြင်း မဟုတ်သည့်အတွက်ကြောင့် စားနပ်ရိက္ခာဖူလုံမှုအဖြစ် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပြီး စိုက်ပျိုးရေးကဏ္ဍတွင်လည်း ဆန်းသစ်တီထွင်မှုဆိုင်ရာ ဗဟုသုတများကို မျှဝေပြီး ဒေသတွင်း စားနပ်ရိက္ခာဈေးကွက် ဖော်ဆောင်ခြင်းများနှင့် နည်းပညာ လွှဲပြောင်းမှု အပါအဝင် ရင်းနှီးမြုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားကြရန် နစကဥက္ကဋ္ဌက တိုက်တွန်းထားသည်။
အဆိုပါ အစည်းအဝေးကို မြန်မာ အပါအဝင် တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့မှနိုင်ငံ့အကြီးအကဲများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
zawgyi version
ႏိုင္ငံအခ်င္းခ်င္း ႏွင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမွတစ္ဆင့္ ဆန္းသစ္တီထြင္မႈက႑၌ ခ်ိတ္ဆက္ပူးေပါင္းမႈကို ျမႇင့္တင္ရန္ နစကဥကၠ႒ ေျပာ
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၇
ႏိုင္ငံအခ်င္းခ်င္းႏွင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမွတစ္ဆင့္ ဆန္းသစ္တီထြင္မႈက႑၌ ခ်ိတ္ဆက္ပူးေပါင္းမႈကို ျမႇင့္တင္ရန္ နစက ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာ သည္။
တ႐ုတ္ႏိုင္ငံ၊ ကူမင္းၿမိဳ႕၊ ဟိုင္ဂန္ကြန္ဗင္းရွင္းစင္တာ၌ ယေန႔( ႏိုဝင္ဘာ(၇)ရက္)၊နံနက္ပိုင္းက က်င္းပခဲ့ေသာ အ႒မအႀကိမ္ မဟာမဲေခါင္ေဒသခြဲ ထိပ္သီးအစည္းအေဝးသို႔ တက္ေရာက္စဥ္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ႏိုင္ငံအသီးသီးတြင္ မူပိုင္ခြင့္ဥပေဒမ်ား၊ သက္ဆိုင္ရာက႑အလိုက္ ဥပေဒမ်ားက ျပ႒ာန္းထားၿပီးျဖစ္ၾကသည့္အတြက္ ႏိုင္ငံအခ်င္းခ်င္းျဖစ္ေစ၊ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကတစ္ဆင့္ ျဖစ္ေစ ဆန္းသစ္တီထြင္မႈက႑တြင္ ခ်ိတ္ဆက္ပူး ေပါင္းေဆာင္႐ြက္မႈမ်ားကိုျမႇင့္တင္ျခင္းအားျဖင့္ ဂ်ီအမ္အက္စ္ေဒသခြဲအတြင္းရွိ အဖြဲ႕ဝင္ ႏိုင္ငံမ်ားအားလုံးအတြက္ တိုးတက္မႈကို ေဖာ္ေဆာင္ႏိုင္မည္ဟု ယုံၾကည္ေၾကာင္း အဆိုပါအစည္းအေဝးတြင္ နစကဥကၠ႒က အသိေပးေျပာၾကားသည္။
ထို႔ျပင္ ဆန္းသစ္တီထြင္မႈကို ေဖာ္ေဆာင္ရာတြင္ ႏိုင္ငံမ်ားအၾကား ပူးေပါင္းေဆာင္႐ြက္ျခင္း၊ နည္းပညာမ်ား လက္ခံက်င့္သုံးမႈ တိုးျမႇင့္လာေစျခင္းတို႔ျဖင့္ ဂ်ီအမ္အက္စ္ေဒသတြင္း ဆန္းသစ္ေသာ ကုန္စည္ႏွင့္ဝန္ေဆာင္မႈမ်ား စီးဆင္းမႈလြယ္ကူေခ်ာ့ေမြ႕ႏိုင္ေၾကာင္း ေျပာၾကားသည္။ ႏိုင္ငံတစ္ႏိုင္ငံအတြက္ ဆန္းသစ္တီထြင္မႈကို ေဖာ္ေဆာင္ရာ၌ အုပ္ခ်ဳပ္မႈယႏၲရားအျဖစ္ လုပ္ငန္းအဖြဲ႕၊ ဖိုရမ္စသည္ျဖင့္ ေဆာင္႐ြက္မည့္ အစီအမံမ်ား စနစ္တက်ရွိရန္ လိုအပ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။
ျမန္မာႏိုင္ငံအေနျဖင့္ အမ်ိဳးသားသိပၸံ၊ နည္းပညာ ႏွင့္ ဆန္းသစ္တီထြင္မႈေကာင္စီကို ဖြဲ႕စည္းထားၿပီး ဆန္းသစ္တီထြင္မႈဆိုင္ရာလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။
လက္ရွိတြင္ ကမာၻ႔လူဦးေရသည္ (၈ ဒသမ ၃) ဘီလ်ံရွိၿပီး ၂၀၃၀ တြင္ (၈ ဒသမ ၆) ဘီလ်ံႏွင့္ ၂၀၃၅ ခုႏွစ္တြင္ (၈ ဒသမ ၉) ဘီလ်ံရွိမည္ဟု ခန႔္မွန္းထားရာ ရိကၡာဖူလုံမႈျပႆနာသည္ ပိုမိုႀကီးမားလာဖြယ္ရွိေၾကာင္း ေျပာသည္။ ထို႔ေၾကာင့္ စားနပ္ရိကၡာ ထုတ္လုပ္မႈ၊ ကုန္သြယ္မႈႏွင့္ ျဖန႔္ျဖဴးမႈတို႔မွာ ႏိုင္ငံတစ္ႏိုင္ငံ၏ နယ္နိမိတ္အတြင္းသာ ေဆာင္႐ြက္ေနရျခင္း မဟုတ္သည့္အတြက္ေၾကာင့္ စားနပ္ရိကၡာဖူလုံမႈအျဖစ္ ေဒသဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈသည္ အေရးႀကီးၿပီး စိုက္ပ်ိဳးေရးက႑တြင္လည္း ဆန္းသစ္တီထြင္မႈဆိုင္ရာ ဗဟုသုတမ်ားကို မွ်ေဝၿပီး ေဒသတြင္း စားနပ္ရိကၡာေဈးကြက္ ေဖာ္ေဆာင္ျခင္းမ်ားႏွင့္ နည္းပညာ လႊဲေျပာင္းမႈ အပါအဝင္ ရင္းႏွီးျမဳပ္ႏွံမႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္သြားၾကရန္ နစကဥကၠ႒က တိုက္တြန္းထားသည္။
အဆိုပါ အစည္းအေဝးကို ျမန္မာ အပါအဝင္ တ႐ုတ္ႏိုင္ငံ၊ ကေမာၻဒီးယားႏိုင္ငံ၊ လာအိုႏိုင္ငံ၊ ထိုင္းႏိုင္ငံ ႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔မွႏိုင္ငံ့အႀကီးအကဲမ်ား၊ သက္ဆိုင္ရာတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။