အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်

 1133

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၇

အမေရိကန် သမ္မတအသစ်အဖြစ် ရွေးကောက်ခံရသော ထရမ့်သည် လက်ရှိအချိန်တွင် အမေရိကန်အစိုးရအဖွဲ့အသစ်တွင် ပါဝင်မည့်သူများကို ရွေးချယ်ရန် စတင်လုပ်ဆောင်နေကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကမ်မလာဟားရစ်သည် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ဝန်ခံပြောဆိုခဲ့ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲနိုင်ရန် ကူညီပေးမည်ဟု ကတိပြုခဲ့သည်။ ထရမ့်သည် အမေရိကန်နိုင်ငံသားများ ဘေးကင်းလုံခြုံစေရန် သာယာဝပြောစေရန်အတွက် ၄င်းသတ်မှတ်ထားသော မူဝါဒ နှင့် ကိုက်ညီသူများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ အာဏာလွဲပြောင်းရယူရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ထရမ့်သည် လာမည့်ရက်ပိုင်းအတွင်း ၄င်းဦးဆောင်မည့် အစိုးရအဖွဲ့တွင် ပါဝင်မည့်သူများကို ရွေးချယ်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ထရမ့်သည် အမေရိကန်သမ္မတအသစ်အဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုမှုများကို လာ မည့်နှစ် နှစ်ဆန်းပိုင်းတွင် လုပ်ဆောင်ဖွယ်ရှိနေသည်။ ထရမ်သည် အမေရိကန် ရွေး ကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံး၏ ဆန္ဒမဲ (၇၃)သန်းနီးပါးရခဲ့သလို သမ္မတရွေးချယ်ရေးအဖွဲ့၏ ဆန္ဒမဲပေါင်း (၃၀၀)နီးပါးရရှိခဲ့သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း ရာထူးမှမဆင်းခင် လာမည့်ရက်ပိုင်းအတွင်း နိုင်ငံတော်မိန့်ခွန်းပြောရန် စီစဥ်နေသည်။ အမေရိကန်သမ္မတသစ်ဖြစ်လာမည့် ထရမ့်ကို ကမ္ဘာတဝန်းရှိ နိုင်ငံ့ခေါင်းဆောင်များက ချီးကျူးဂုဏ်ပြုနေကြောင်း သိရသည်။

zawgyi version
အေမရိကန္အစိုးရအဖြဲ႕သစ္တြင္ ပါဝင္မည့္သူမ်ားကို ထရမ့္ ေ႐ြးခ်ယ္ေတာ့မည္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၇

အေမရိကန္ သမၼတအသစ္အျဖစ္ ေ႐ြးေကာက္ခံရေသာ ထရမ့္သည္ လက္ရွိအခ်ိန္တြင္ အေမရိကန္အစိုးရအဖြဲ႕အသစ္တြင္ ပါဝင္မည့္သူမ်ားကို ေ႐ြးခ်ယ္ရန္ စတင္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း ကမ္မလာဟားရစ္သည္ သမၼတေ႐ြးေကာက္ပြဲတြင္ ရႈံးနိမ့္ခဲ့ေၾကာင္း ႏိုဝင္ဘာ ၆ ရက္တြင္ ဝန္ခံေျပာဆိုခဲ့ၿပီး ၿငိမ္းခ်မ္းစြာ အာဏာလႊဲႏိုင္ရန္ ကူညီေပးမည္ဟု ကတိျပဳခဲ့သည္။ ထရမ့္သည္ အေမရိကန္ႏိုင္ငံသားမ်ား ေဘးကင္းလုံၿခဳံေစရန္ သာယာဝေျပာေစရန္အတြက္ ၄င္းသတ္မွတ္ထားေသာ မူဝါဒ ႏွင့္ ကိုက္ညီသူမ်ားကို ဦးစားေပး ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ အာဏာလြဲေျပာင္းရယူေရးအဖြဲ႕ တာဝန္ရွိသူတစ္ဦးကလည္း ထရမ့္သည္ လာမည့္ရက္ပိုင္းအတြင္း ၄င္းဦးေဆာင္မည့္ အစိုးရအဖြဲ႕တြင္ ပါဝင္မည့္သူမ်ားကို ေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း ေျပာဆိုသည္။

ထရမ့္သည္ အေမရိကန္သမၼတအသစ္အျဖစ္ တရားဝင္က်မ္းသစၥာက်ိန္ဆိုမႈမ်ားကို လာ မည့္ႏွစ္ ႏွစ္ဆန္းပိုင္းတြင္ လုပ္ေဆာင္ဖြယ္ရွိေနသည္။ ထရမ္သည္ အေမရိကန္ ေ႐ြး ေကာက္ပြဲတြင္ မဲေပးခြင့္ရွိသူအားလုံး၏ ဆႏၵမဲ (၇၃)သန္းနီးပါးရခဲ့သလို သမၼတေ႐ြးခ်ယ္ေရးအဖြဲ႕၏ ဆႏၵမဲေပါင္း (၃၀၀)နီးပါးရရွိခဲ့သည္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ကလည္း ရာထူးမွမဆင္းခင္ လာမည့္ရက္ပိုင္းအတြင္း ႏိုင္ငံေတာ္မိန္႔ခြန္းေျပာရန္ စီစဥ္ေနသည္။ အေမရိကန္သမၼတသစ္ျဖစ္လာမည့္ ထရမ့္ကို ကမာၻတဝန္းရွိ ႏိုင္ငံ့ေခါင္းေဆာင္မ်ားက ခ်ီးက်ဴးဂုဏ္ျပဳေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.