မြောက်ကိုရီးယားက ဂျီပီအက်စ်နှောင့်ယှက်မှုလုပ်ငန်းစဉ်တွေလုပ်ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက် ပြော
658
Pika (NP News) - နိုဝင်ဘာ ၉
မြောက်ကိုရီးယားဟာ နိုဝင်ဘာလ(၈)ရက် နဲ့ (၉)ရက်တို့မှာ ဂျီပီအက်စ်နှောင့်ယှက်မှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဂျီပီအက်စ် နှောင့်ယှက်မှုလုပ်ငန်းစဉ်တွေကြောင့် သင်္ဘောတွေနဲ့ ပုဂ္ဂလိကလေယာဉ်တွေရဲ့လုပ်ငန်းလည်ပတ်မှုတွေ ထိခိုက်ခဲ့ တယ်လို့ တောင်ကိုရီးယားစစ်တပ်ရဲ့ပြောကြားချက်တွေကို ကိုးကားပြီး Yonhap သတင်းအေဂျင်စီ က ရေးသား ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ဂျီပီအက်စ်အချက်ပြနှောင့်ယှက်မှုတွေကို သတိထားကြဖို့ အနောက်ပင်လယ်အတွင်းမှာ သွားလာနေတဲ့သင်္ဘောတွေနဲ့လေယာဉ်တွေကို တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS) က အကြံပြုပြောဆိုထား တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားကို ရန်စမှုတွေလုပ်ဆောင်နေတာရပ်တန့်ဖို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်များရုံးက တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ရန်စနေတာတွေကို မရပ်တန့်ဘူးဆိုရင် ၎င်းရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူရလိမ့်မယ် လို့လည်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက သတိပေးပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်(၂)ပတ်အတွင်း မြောက်ကိုရီးယားက လောင်စာဆီအခဲသုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်နဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြား ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားဟာ ပဲ့ထိန်း ဒုံးကျည်တစ်စင်းကို ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်း ကို စမ်းသပ်ပစ်လွှတ်ပြီးနောက် တစ်ရက်အကြာမှာ မြောက်ကိုရီးယားရဲ့ဂျီပီအက်စ်နှောင့်ယှက်မှုလုပ်ငန်းစဉ်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
Zawgyi Version;
ေျမာက္ကိုရီးယားက ဂ်ီပီအက္စ္ေႏွာင့္ယွက္မႈလုပ္ငန္းစဥ္ေတြလုပ္ေဆာင္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ဘက္ ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၉
ေျမာက္ကိုရီးယားဟာ ႏိုဝင္ဘာလ(၈)ရက္ နဲ႔ (၉)ရက္တို႔မွာ ဂ်ီပီအက္စ္ေႏွာင့္ယွက္မႈလုပ္ငန္းစဥ္ေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားရဲ႕ ဂ်ီပီအက္စ္ ေႏွာင့္ယွက္မႈလုပ္ငန္းစဥ္ေတြေၾကာင့္ သေဘၤာေတြနဲ႔ ပုဂၢလိကေလယာဥ္ေတြရဲ႕လုပ္ငန္းလည္ပတ္မႈေတြ ထိခိုက္ခဲ့ တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္ရဲ႕ေျပာၾကားခ်က္ေတြကို ကိုးကားၿပီး Yonhap သတင္းေအဂ်င္စီ က ေရးသား ေဖာ္ျပခဲ့ပါတယ္။
ေျမာက္ကိုရီးယားရဲ႕ဂ်ီပီအက္စ္အခ်က္ျပေႏွာင့္ယွက္မႈေတြကို သတိထားၾကဖို႔ အေနာက္ပင္လယ္အတြင္းမွာ သြားလာေနတဲ့သေဘၤာေတြနဲ႔ေလယာဥ္ေတြကို ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး(JCS) က အႀကံျပဳေျပာဆိုထား တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားကို ရန္စမႈေတြလုပ္ေဆာင္ေနတာရပ္တန႔္ဖို႔ ေတာင္ကိုရီးယား စစ္ဦးစီးခ်ဳပ္မ်ား႐ုံးက တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။
ေျမာက္ကိုရီးယားအေနနဲ႔ ရန္စေနတာေတြကို မရပ္တန႔္ဘူးဆိုရင္ ၎ရဲ႕လုပ္ရပ္ေတြအတြက္ တာဝန္ယူရလိမ့္မယ္ လို႔လည္း ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံးက သတိေပးေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္(၂)ပတ္အတြင္း ေျမာက္ကိုရီးယားက ေလာင္စာဆီအခဲသုံး တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္နဲ႔ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ားအျပား ကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ သိရပါတယ္။
ေျမာက္ကိုရီးယားရဲ႕ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ေတာင္ကိုရီးယားဟာ ပဲ့ထိန္း ဒုံးက်ည္တစ္စင္းကို ပင္လယ္ထဲကို ပစ္လႊတ္ခဲ့တယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယားက ပဲ့ထိန္းဒုံးက်ည္တစ္စင္း ကို စမ္းသပ္ပစ္လႊတ္ၿပီးေနာက္ တစ္ရက္အၾကာမွာ ေျမာက္ကိုရီးယားရဲ႕ဂ်ီပီအက္စ္ေႏွာင့္ယွက္မႈလုပ္ငန္းစဥ္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။